၄၉ နှစ်မြောက် ( ၇ ) ဇူလိုင် အထိမ်းအမှတ် မြန်မာသံရုံးရှေ့ ကန့်ကွက်ဆန္ဒပြသပွဲ အခမ်းအနား (ကိုရီးယား)
တောင်ကိုရီးယား နိုင်ငံသူ နိုင်ငံသားများ၏ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံကြောင်း လက်မှတ်ကောက်ခံမှု
အခမ်းအနား ( ဟဲဟွာဘူတာ - ဆိုးလ်မြို့ )
လေးစားစွာဖြင့်
http://www.flyingpeacock.blogspot.com/








အမှန်က ဒီလိုများများလာလေ ကြိုက်လေပါ။ ဒါမှဒီလို ဆန္ဒပြပွဲ လုပ်လို့ ရမယ်လေ ဆန္ဒပြပွဲမှာ ဓါတ်ပုံလေးရိုက် အဲဒါနဲ့ ဂျပန်လူဝင်မူ ကြီးကြပ်ရေးမှာ Refugee လျှောက်၊ ဗီဇာမရှိလို့  ရဲဖမ်းမှာ မစိုးရိမ်ရ၊ ပေးထားတဲ့ ဓါတ်ပုံကိုင်၊ ရေးထားပေးတဲ့ စာရွက်ပေါ်က အတိုင်းအော်ပေးလိုက် ခေါင်းဆောင်ဆိုသူတွေ ပြောတဲ့မိန့် ခွန်းနားထောင်ပြီး ဝေလေလေ သံယောင်လိုက်ယုံဘဲ။ ပြီးရင် စုပြီး ခရီးသွားလိုက်ကျ နဲ့ ကံကောင်းရင် Refugee ရအုံးမှာ။ ဟီဟိ-
ReplyDeleteဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနတော့ မသိ။ လွန်ခဲ့သော ၁၅ နှစ်ခန့်  က မြန်မာလူမျိုးများ Refugee လျှောက်ထားခြင်းကို ကိုင်တွယ်တဲ့ ဂျပန်လူဝင်မူ ကြီးကြပ်ရေးဌာနက ၀န်ထမ်းတစ်ဦးဟာ အလုပ်ဒဏ် မခံနိုင်တော့လို့  ပန်းခြံတစ်ခုမှာ ကြိုးဆွဲချ သတ်သေတယ် ဆိုတဲ့ သတင်းကို အမှတ်ရမိပါတယ်။ အဲဒီတုံးက Refugee လျှောက်ခဲ့တဲ့ လူတော်တော်များများလဲ ဒီဓါတ်ပုံထဲမှာ မတွေ့ ရတော့ပါဘူး၊ အမေရိကား ရောက်ကုန်ကျပါပြီ။ အင်္ဂလိပ်လို သိပ်မတတ်တဲ့ လူလောက်ဘဲ ဒီမှာ ကျန်ပါတော့တယ်။
ReplyDeleteကိုရီးယားက သင်္ဘောနဲ့ ဂျပန်ကို ခိုးဝင်လာတဲ့သူတွေ ဓါတ်ပုံထဲမှာ တွေ့ လိုက်ပါတယ်။ ဂျပန်နိုင်ငံရဲ့  ဥပဒေကို ချိုးဖေါက်တာကို ဒေါ်အောင်ဆန်းစုကြည် ပုံကိုင် ဒီမိုကရေစီအော် အကာအကွယ်ယူပြီး နိုင်ငံရေးသမား ယောင်ယောင် လုပ်နေကြပါလား။
ReplyDeleteအပေါ်က anonymous, ငါက စင်ကာပူမှ အလုပ်လုပ်တာကွ။ အခု ပြည်ပမှာ ဒုက္ခသည်ခံနေတဲ့ လူတွေရော၊ ငါတို့လိုလူတွေရောက မင်းတို့လို့ တိုင်းပြည်နဲ့ပြည်သူကို နှိပ်စက်ညှင်းပန်းနေတဲ့သူတွေကြောင့် မနေနိုင်လို့ ထွက်လာရတာ။ နားလည်လား။ ကိုယ့်နိုင်ငံ စောက်သုံးမကျလို့ သူများနိုင်ငံမှာ မိဝေးဖဝေး ချစ်ခင်သူဝေးပြီး ရုန်းကန်နေရတာ။ မင်းတို့ ဗိုလ်ပေါက်စ (၈၈၈၈ နောက်ပိုင်းမွေးတဲ့သူတွေ) အဖေအမေတွေ ပြန်မေးကြည့်လိုက်အုံး။ တချိန်က ဗမာပြည်ဆိုဘယ်လိုလဲလို့။ အခုမင်းတို့ခေါင်းဆောင်တွေလက်ထဲမှာ ဘယ်လောက်စုတ်ပြတ်နုံခြာသွားလဲလို့။ Refugee ခံကြတဲ့ သူတွေက အခွင့်အရေးသမားတွေပါနိုင်တယ်။ အေး သူတို့တွေက မင်းတို့တွေလောက်တော့ မယုတ်ညံ့သေးဘူးကွ။ မင်းတို့လို ကောင်တွေက ပြည်သူတွေ မသဒ္ဒါရေစာ စားပြီး ကိုယ့်ဖာသာကိုယ်သိပ်အထင်ကြီးမနေနဲ့။ စောက်ရှက်မရှိ စောက်ဆင့်မရှိတဲ့ ကောင်တွေ။
ReplyDelete(ငါတို့လိုလူတွေရောက မင်းတို့လို့ တိုင်းပြည်နဲ့ပြည်သူ ကို နှိပ်စက်ညှင်းပန်းနေတဲ့သူတွေကြောင့် မနေနိုင်လို့ ထွက်လာရတာ။)
ReplyDeleteတတ်ထားတဲ့ ပညာနဲ့ ဘာလုပ်စားရမှန်း မသိလို့  ကိုယ့်တိုင်းပြည်မှာ လခနဲလို့  စွန့် စားချင်လို့ ၊ သူများထက်ပိုပြီး ချမ်းသာချင်လို့  ဆိုရင် လက်ခံပါတယ်ကွာ။ ဂျပန်လာဖို့  သိန်းရာချီပြီး ရင်းလာတဲ့သူ အများကြီး အကြွေးယူထားတာ။ ဒီအကြွေးပြန်ဆပ်ဖို့  ဂျပန်မှာ ရတဲ့ အလုပ်လုပ်ရမယ်။ အလုပ်လုပ်ဖို့  အတွက် တရားဝင် ဗီဇာရှိရမယ်။ တရားဝင် ဗီဇာရှိဖို့  ပညာတတ်ရမယ်။ ဂျပန်လို ကျွမ်းကျင်ရမယ်။ ဂျပန်လိုလဲ မကျွမ်းကျင် ပညာလဲမတတ် နေဖို့ ဗီဇာလဲ မရှိရင် ဘယ်လိုလုပ်မလဲ နောက်ဆုံးထွက်ပေါက်က Refugee ခံဆိုတာ ဖြစ်ကုန်ရော တိုင်းပြည်အတွက် မပြောပါနဲ့ မိသားစု အတွက်ရော အသုံးကျရဲ့ လားလို့  ကိုယ့်ကိုကိုယ်ရော ပြန်မေးခွန်းထုတ်ကျ။
မင်းတို့ပြောတဲ့ထဲမှာမှန်တာတွေရှိနေနိုင်ပေမဲ့ မမှန်တာတွေလဲရှိနေပါတယ်။လွန်ခဲ့တဲ့ ၁၅ နှစ်ခန့် ကမြန်မာလူမျိုးတွေထဲ မှာ Refugee ခံလိုက်တာ ဂျပန်မှာ မင်းပြောသလောက် မရှိပါဘူး။ဂျပန် မှာ အင်္ဂလိပ်လို မတတ်တဲ့သူတွေ ပဲကျန်တယ် ဆိုတာ...Refugee ရတဲ့သူတိုင်း အမေရိကား ကိုလွယ်လွယ်နဲ့သွားလို့ရတယ်လို့ မင်းတို့ထင်ရင် မှားမှာပေါ့။ ပြည်ပ အကြောင်းပြောချင် ရင်ပြည်ပကို လေ့လာရတယ်ကွ။ကြားဘူးနားဝ နဲ့ပြောရင်တော့မင်း ဗဟုသုတ မရှိတဲ့သူ ဖြစ်နေလိမ့်မယ်။ပြီးတော့ မင်းတို့ oversea အတွေ့အကြုံက နိုင်ငံအကြီးတွေ မပါလောက်ပါဘူး။နိုင်ငံရဲ့ ဥပဒေ ကို photo ကိုင်ပြီး အကာကွယ်ယူတယ် ဆိုတာလဲ ယူချင်လွန်းလို့ ယူနေတယ်လို့ မင်းထင်နေလား။ကိုယ့်နိုင်ငံ ရဲ့ ဥပဒေ ကမှအကာကွယ်မပေးတာကိုး.....ဆက်ရေးနေရင်လဲ commet ထဲမှာ ရန်ဖြစ်နေသလို ဖြစ်နေမယ်။ဒီ အတွက်အချိန် မပေးနိုင်ဘူး....နှမြောတယ်။မင်းတို့ အတွက်အချိန်ပေါတယ်.....ငါတို့ အတွက်အချိန်ရှားတယ်......ငါတို့ ဘဝအတွက် လုပ်စရာများတယ် မင်းတို့အတွက်က လုပ်စရာက ဒီလောက်ပါပဲ.....
ReplyDeleteမြန်မာပြည်သူ ပြည်သားတွေ အတွက် ဂျပန်အစိုးရက ပေးမဲ့ အကူအညီကို မထိခိုက်စေချင်ပါ။
ReplyDeleteအေးပေါ့ကွာ မောင်ရင်ပြောသလို ဂျပန်အစိုးရက မြန်မာပြည် သူပြည်သားတွေကို ကူညီရာမရောက်ပဲ ထိပ်ပြောင်ကို ဂျိုတက်ပေလိုက်သလို ဖြစ်နေရင်တော စဉ်းစားကြပေါ...
ReplyDeleteဒါပေမဲ့ အပေါ်က မောင်ရင်လေး တစ်ယောက် ပြောသွားသလိုမျိုး ဒုတ်ခသည် လျှောက်ထားခြင်လို့ ဆန္ဒပြကြတာတော့ မပြောပါနှင့် ကိုရီးယား၊ဂျပန် နိုင်ငံသူ နိုင်ငံသား တစ်ချို့ပာာ ကိုယ့်နိုင်ငံကို ဒုတ်ခသည် လျှောက်ထားဖို့လိုလို့လား....
ဂျပန်အစိုးရက မြန်မာပြည်သူ ပြည်သားတွေကို ပေးတဲ့ အကူအညီတွေကို ဂျပန်အစိုးရက ပေးပါတယ်ဆိုတာကို လူထုကို အသိပေး ပေးတဲ့အလှူရှင်လဲ ကျေနပ်မယ်။ ပိုပြီးပေးချင်တဲ့ စိတ်လဲပေါ်လာမယ်။
ReplyDelete၁၉၉၆ မှာ ဒေါ်စုတားဆီးခဲ့လို့  မြန်မာပြည်က ခလေးအတွက် ဂျပန်က ပေးတဲ့ မူလတန်းကျောင်း ၅၀၀ မရခဲ့ဘူး၊ အလွန် ၀မ်းနဲဖို့ ကောင်းတယ်။ ဂျပန်လူမျိုး ပညာတတ်တွေထဲ မှာ ဒီအဖြစ် အပျက်အတွက် ဒေါ်စု ကို မကြိုက်သူတွေ အများကြီး။ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို အထင်သေး သွားသူတွေ အများကြီး။ အမေ့အိမ့် ကျောင်းတစ်လုံးဆောက်ဖို့ အတွက် ဘယ်လောက် အလှူခံနေရလဲ ဆိုတာ သိကျမှာပေါ့။
ပေးတဲ့ အကူအညီတွေကို အလွဲသုံးစားလုပ်မယ် ဆိုရင် အားလုံးက ၀ိုင်းဖေါ် ထုတ်သင့်တယ်။ တားဆီးသင့်တယ်။ ဒီနေရာမှာ ဘယ်သူ့ကိုမှ မျက်နှာသာ မပေးနဲ့။
ပေးတောင် မပေး ရသေး ဘူး ပေးလိုက်ရင်တော့ နှစ်ဖက်စလုံးက ကိုယ်ကျိုးရှာ သမားတွေ နိုင်ငံရေးသမားတွေ က အလွဲသုံးစားလုပ်မှာဘဲ ခိုးမှာဘဲ ဆိုတဲ့ စကားလုံးတွေ သုံးပြီး မပေးအောင် လိုက်ပိတ် ပင်နေခဲ့တာ ကြာလှပြီ။ ODA ပေးတယ်ဆိုရင် ပေးတဲ့ ODA ကို အကောင် အထည်ဖေါ်ဖို့  ဂျပန် company တွေကိုဘဲ ပေးမှာဘဲ။ ထုံးစံဘဲ။
လိုက်ပိတ်ပင်တဲ့ လုပ်ရပ်တွေဟာ ပြည်သူလူထု အတွက် အလွန် နစ်နာပါတယ်။ ပြည်သူလူထု ရဲ့  မျက်နှာကိုသာ ကြည့်ပါ။
ဟိုအပေါ်က ANONYMOUS အကောင် မင်းသိထားဖို့က နိုင်ငံခြားထွက်လာယုံ သက်သက်နဲ့ ကိုယ်ကျိုးရှာတယ်ထင်မနေနဲ့ကွ မင်းတို့ကမှ မင်းတို့ဘာသာ ပြန်စဉ်းစား ဗိုလ်ဝင်လုပ်မယ်ဆိုကထဲက တိုင်းပြည်ကဟာ ခိုးမယ်ဆိုတဲ့ စောက်ကျင့်တွေနဲ့ ၀င်တဲ့ အကောင်တွေ ငါတို့က လူများတိုင်းပြည်မှာ ကိုယ်တက်တာနဲ့ကိုယ်လုပ်စားနေတာ သိပ်ပျော်နေလို့တော့မထင်နဲ့ ဒါပေမယ့် ငါတို့က ခိုးမစားဘူး လုမစားဘူး ကွ အဲဒါကိုတော့မင်းမြဲမြဲမှတ်ထား
ReplyDeleteမတူတဲ့ အယူအဆတွေ ဘယ်လိုဘဲ ရှိနေရှိနေ ဂျပန်မှာ အလုပ်လုပ်နေ ကျတဲ့ ညီအစ်ကို ညီအမ အားလုံး ရိုးရိုးသားသားနဲ့ ကြိုးကြိုး စားစားနဲ့ သန့် သန့် ရှင်းရှင်း အလုပ်လုပ်ကြရတယ် ဆိုတာ သိကြပါတယ်။ ရတဲ့ပိုက်ဆံ က သန့်ရှင်းပါတယ်။ ဒါ့အတွက်လေးစားပါတယ်။ ဂုဏ်ယူတယ်။
ReplyDeleteဂျပန်ဆီက အကူအညီ လိုချင်လွန်းလို့  မဟုတ်ပါ။ ဒါပေမဲ့ ကိုယ်ကိုတိုင်လဲ ကိုယ့်တိုင်းပြည် နဲ့ လူမျိုးကို မကူညီနိုင်သေးမဲ့ အတူတူ တိုင်းပြည်ထဲမှာ ရှိနေတဲ့ ဘယ်သူဘဲ ဖြစ်ဖြစ် ရစေချင်တယ်။
ကိုယ့်တိုင်းပြည် နဲ့ လူမျိုးကို ပေးမဲ့ အကူအညီကို မပေးပါနဲ့ဆိုတဲ့ စကားမျိုး မထွက်မိပါစေနဲ့ လို့ ။ မခိုးအောင်၊ အလွဲသုံးစားတွေ မလုပ်အောင် မလိမ်အောင် ၀ိုင်းထိန်းကျပါလို့ ။
ဘာမှမပြောနဲ့အနီးဆုံးအဖြစ်အပျက်အနေနဲ့နာဂစ်ကိုကြည့်မုန်တိုင်းကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုအကူအညီပေးတဲ့နိင်ငံတစ်ကာအကူအညီတွေကိုခိုးတယ်ကွာ၊ဈေးတွေမှာပြန်ရောင်းစားတယ်၊မိုးကာတဲကအစခိုးတယ်၊ဘယ်လောက်စောက်ရှက်ကင်းမဲ့လူစိတ်မရှိတဲ့ကောင်တွေလဲဂျပန်ကကျောင်းတွေအကူအညီပေးယင်နအဖတွေအချင်းချင်းဝေစုမတဲ့လို့ကိုက်နေကြမှာပွဲတော်ကြီးကိုဖြစ်နေမှာ
ReplyDeleteအပေါ် ဒုတိယမြောက်က လာပြီး ဆုံးမသလိုလိုနဲ့ ကြောင်ချီးလာလုပ်မနေနဲ့
ReplyDeleteကိုယ့်တိုင်းပြည် နဲ့ လူမျိုးကို ပေးမဲ့ အကူအညီကို မပေးပါနဲ့ဆိုတဲ့ စကားမျိုး မထွက်မိပါစေနဲ့တဲ့
ဆုံးမသလိုလိုနဲ့ လာဆရာမလုပ်နဲ့ မင်းပထွေး ဗိုလ်ချုပ်တွေအရင်သွားပြော အပေါ်က တစ်ယောက်ပြောတာမှန်တယ် နာဂစ်တောင် မချန်ခိုးတာ ဂျပန်အကူအညီ ထက် မင်ပထွေးတွေ ခိုးတာပိုများတယ်
နာဂစ်မှာ ဘာတွေ ခိုးသွားတယ် ဘယ်ဈေးမှာ ပြန်ရောင်းတယ်ဆိုတာ သက်သေ အထောက်အထား ဓါတ်ပုံနဲ့ဖော်ပြပါ လေသံကြား တရားမနာကြပါနဲ့..။
ReplyDeleteမောင်ရင်လေးတွေ ပြောနေကြတာ အားလုံးက မှန်နေလေတော အဘ လည်းဘယ်လို အကြံပြုရမှန်းတောင် မသိတောပါဘူ...အားလုံးက တိုင်ပြည်အတွက် ကောင်ရာကောင်ကြောင်း ဝေဖန်နေတာဆိုတော
ReplyDeleteအဘ မောင်ရင်လေးတွေကို လေးစားဂုဏ်ယူပါတယ်ကွယ်...သဘေားထား လေးတွေ အနည်းငယ် ကွဲလွဲနေကြရတာကတော....ကိုယ့်အစိုးရကို ကိုယ်မယုံရလေတော့ ဇနီးသည် ဖဲသမားကို ငွေမအပ်ရဲတဲ့ ခင်ပွန်းသည် လင်ယောင်္ကျား လိုဖြစ်နေပြီပေါ့...စာလုံးပေါင်း မှားရင်သိခံပါ အဘက မျက်စိကလည်းမှုံ လက်ရိုက်စက်ကိုပဲ ကျွမ်းကျင်တာပါ...
(နာဂစ်မှာ ဘာတွေ ခိုးသွားတယ် ဘယ်ဈေးမှာ ပြန်ရောင်းတယ်ဆိုတာ သက်သေ အထောက်အထား ဓါတ်ပုံနဲ့ဖော်ပြပါ လေသံကြား တရားမနာကြပါနဲ့..။)
ReplyDeleteမောင်ရင်လေးရေ...မောင်ရင်က အစိုးရဘက်တော်သား မပာုတ်ဘူဆိုရင် တခြား မောင်ရင်လေးတွေရဲ့ ခံစားချက်ကို နားလည်ပေးပါလို့ အဘ မေတ္တာရပ်ခံပါတယ်ကွယ်...မောင်ရင်ပြောတဲ့ အချက်လက်တွေ ရဖို့ကတော့ မလွယ်လှပါဘူ...သူခိုးက ခိုးတယ်လို့ ဘယ်တော့မှ မပြောသလို ရောင်းတဲ့နေရာမှာလည်း လူသိအောင် ရောင်းမှာမပာုတ်ပါဘူး...သိခဲ့သည်ရှိစေဦးတော့ အဘတို့ရဲ့ နွမ်းပါးလှတဲ့ တိုင်းပြည်မှာ ကျေားမွဲလူတန်စားတွေအတွက် ကမတာ ဆိုတာ ဝေလာဝေး အိမ်မှာ ကြေးမှုံပြင်တောင် ကောင်းကောင်းမရှိပါဘူ မောင်ရင်ရယ်...
အပေါ်က ဘကြီးပြောတာကို ထောက်ခံပါတယ်
ReplyDeleteဘာ(နာဂစ်မှာ ဘာတွေ ခိုးသွားတယ် ဘယ်ဈေးမှာ ပြန်ရောင်းတယ်ဆိုတာ သက်သေ အထောက်အထား ဓါတ်ပုံနဲ့ဖော်ပြပါ လေသံကြား တရားမနာကြပါနဲ့..။) ဟုတ်လား။
ReplyDeleteဟေ့ကောင် ကြောင်ချီး ငါ ရန်ကုန်မှာနေတာ တရုတ်တန်းမှာ။
(၁) နာဂစ်ပြီးလို့ ၄ လ ၅ လလောက်အကြာမှာ energy biscuit တွေ၊ ရေသန့်တွေ၊ ဆေးစိမ်ခြင်ထောင်တွေ ပါကင်လိုက်ကို ညောင်ပင်လေးဈေးမှာလာရောင်းတယ်။ (နယ်က နဲနဲပါးပါး လက်လီစိတ် လာရောင်းတာမဟုတ်ဘူး။)အစကတော့ ဝယ်တယ် နောက်ပြီးပြန်လာသိမ်းတယ် ဝယ်ရင် အရေးယူမယ်တဲ့။ ဒါပေမယ့် ပိုက်ဆံ ပြန်မပေးသွားဘူး။ ပစ္စည်းလဲယူ ပိုက်ဆံလဲယူ မြို့ထဲမှာမလို့ နယ်မှာဆို လူ(ဆိုင်ရှင်)ပါယူမယ့်သဘော။
(၂) အင်ဒိုနီးရှား သဘက်စောင်တွေ၊ မိုးကာတွေ ကို အပေါ်လမ်းထဲက သံဈေး စစ်ပစ္စည်းတန်းမှာ လာသွင်းကြတယ်။ ဆိုင်နာမည်ကိုတော့ သေသေချာချာ မမှတ်မိတော့ဘူး ဒုတိယထပ်က။ (မင်္ဂလာဈေးမှာလဲ ခွဲသွင်းတယ်ကြားတာပဲ)
(၃) ဆေးပစ္စည်းတွေကတော့ ၁ နှစ်လောက်နေမှ လဟာပြင်ဈေးသစ်ထဲက အသိဆိုင်မှာလာသွင်းတယ်။
(၃) နောက် ၃၊ ၄ လလောက်ကြာတော့ ဆေးခြင်ထောင်၊ စောင် နဲ့ တခြား ပစ္စည်းတွေကို တရုတ်တန်းမှာ လမ်းဘေးမှာ နာဂစ် စောင် နာဂစ် ခြင်ထောင်ဆိုပြီး ပုံပြီးကို ချရောင်းတာ။ (၁၇ လမ်း ထိပ် သစ်သီးတန်းအရှေ့မှာ) တရုတ်တန်း တတန်းလုံးသိတယ်။
ဓါတ်ပုံ အထောက်အထား ဟုတ်လား။ နာဂစ်မှာ ကန်ဂျီးနာဂါအိ ဘယ်လိုဖြစ်သွားလဲ မင်းနားမလည်ဘူးလား။ Burma VJ မကြည့်ဖူးဘူးလား။ Aljazeera ရဲ့ Inside Myanmar: The Crackdown documentary မကြည့်ဖူးဘူးလား။ မင်းတို့အဘတွေက သေနတ်နဲ့ချိန်ပြီးမှ သက်သေ ဓါတ်ပုံရှိလားဆိုတော့ ဟားဟားဟား မင်းစောက်ရူးပဲကွ။ မင်းတကယ် သက်သေလိုချင်ရင်
တကယ် အရေးယူပါမယ် သက်သေထွက်တဲ့ လူတွေရဲ့လုံခြုံရေးကို အာမခံပါတယ်လို့ မင်းပထွေး သိန်းစိန်ကို ကြေငြာချက်ထုတ်ခိုင်းလိုက်။
အလကား စစ်ခွေး အောက်ဆွဲတွေ ဒီလောက်လူတွေ ဝိုင်းပြောတာတောင် ကိုယ်မှားတာကိုပြင်မယ်မရှိဘူး။
မင်းတို့သင်ထားတဲ့ ပညာတွေက ပြည်သူတွေ ပေးတဲ့ ပိုက်ဆံတွေနဲ့ကွ မင်းပထွေးပိုက်ဆံတွေ မဟုတ်ဘူး နားလည်လား။
ဂျောက်ဂျက်ပြောသလို မင်းတို့ ချီးစားကြီးတာလား xxx စားကြီးတာလား ဒီလောက် အသိဥာဏ်မဲ့ရအောင်။
မြန်မာပြည်မှာမွေး ပြန်မာပြည်က လေကိုရှူ မြန်မာပြည်က ရေကိုသောက် မြန်မာပြည်က ဆန်ကိုစား မြန်မာလူမျိုးတွေကြားထဲမှာ နေပြီး မြန်မာလူမျိုး တစ်ဦးဖြစ်လျက်နဲ့ ကိုယ့်တိုင်းပြည် နဲ့ လူမျိုး (မြန်မာအစိုးရကို ဆန့် ကျင့်နေသော သူများ အပါအ၀င်) ကို ပေးမဲ့ အကူအညီကို မပေးပါနဲ့ ဆိုတဲ့ စကားမျိုး မထွက်မိပါစေနဲ့ လို့  ထပ်မံပြောလိုပါတယ်။
ReplyDeleteမောင်ရင်လေးက တယ်လည်း စိတ်ကြီးသဂို(မြန်မာပြည်မှာမွေး ပြန်မာပြည်က လေကိုရှူ မြန်မာပြည်က ရေကိုသောက် မြန်မာပြည်က ဆန်ကိုစား မြန်မာလူမျိုးတွေကြားထဲမှာ နေပြီး မြန်မာလူမျိုး တစ်ဦးဖြစ်လျက်နဲ့ ကိုယ့်တိုင်းပြည် နဲ့ လူမျိုး (မြန်မာအစိုးရကို ဆန့် ကျင့်နေသော သူများ အပါအ၀င်) ကို ပေးမဲ့ အကူအညီကို မပေးပါနဲ့ ဆိုတဲ့ စကားမျိုး မထွက်မိပါစေနဲ့ လို့  ထပ်မံပြောလိုပါတယ်)မောင်ရင်လေးကို အဘက အငိုတိတ်အောင်လို့ အချိုကြွေးပြီး ချော့သိတ်နေတာပါ မောင်ရင်က စူပါမှစူပါ ဆိုတော့လဲ အဘက မျက်စိမှုံမှုံနဲ့ပဲ ထပ်ရေးရ ပေဦးမပေါ့...ခေါင်ကမှ မိုးမလုံရင် တန်းစပ်မြိတ်က ရေယိုပြီပေါ့ ဒီတော့ စဥ့်အိုးထဲကို ဘယ်လိုရောက်နိုင်ပါ့မလဲ...မောင်ရင်လေးလဲ ပညာတက် တစ်ယောက် ဖြစ်မည်ထင်ပါတယ် ဒီလောက်ဆို သဘေားပေါက်သင့်ပြီပေါ့...
ReplyDeleteသူတို.လာရင်ကော ဘာဖြစ်လာမှာလဲ???
ReplyDeleteမလာရင်ကော???
၂၀၁၀ ရွေးကောက်ပွဲမှာ ၁၀ နေရာနဲ့ အထက် အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေး ပါတီ ၆ ခုက အသက် ၃၅ နှစ်အောက် ပါတီဝင် လူငယ် ၂၀ ဟာ ပထမဆုံး ပြည်ပ လေ့လာရေး ခရီးစဉ် အဖြစ် ဂျပန်နိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပြီ လို့ သိရပါတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ၁၀ ဦး ပါဝင်ပြီး ကျန်ပါတီတွေ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီနဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီတွေက ၂ ဦးစီ လိုက်ပါ သွားခဲ့ကြတယ်လို့ သိရပါတယ်။ ဂျပန် အစိုးရက အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ ဦးဆောင်ဦးရွက် ပြုကြမယ့် လူငယ် လူရွယ်တွေကို အတွေ့အကြုံ ရရှိအောင် ရည်ရွယ်ပြီး ဒီလေ့လာရေး အစီအစဉ်ကို အကောင်အထည် ဖော်တာ လို့သိရပါတယ်။
ReplyDeleteဂျပန်အစိုးရ ဖိတ်ခေါ်သည့် လေ့လာရေးခရီးစဉ်များ၌ ၉၀ ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ် များနှင့် တိုင်းရင်းသားခေါင်းဆောင်များပါ ထည့်သွင်းခေါ်ယူသွားရန် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဟု ဂျပန်အမတ်များ သမဂ္ဂက အင်္ဂါနေ့ ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြောင်း ဗမာပြည်ကွန်မြူနစ် ပါတီက အလင်းဝင် တစ်ဦးဖြစ်တဲ့ တိုကျိုအခြေစိုက် မြန်မာ့ရေးရာရုံး အတွင်းရေးမှူး ဒေါက်တာမင်းညိုက ပြောတယ် လို့သိရပါတယ်။
မြန်မာပြည်ဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ ဂျပန်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပနိုင်သည်ကို ပြောင်းလဲမှုအဖြစ် ရှုမြင်ထားသောကြောင့် မြန်မာအစိုးရသစ်နှင့် ပူးပေါင်းလုပ်ကိုင်မည့် အကြောင်း ဂျပန်နိုင်ငံခြားရေး ဌာနက ပွင့်ပွင့် လင်းလင်း ပြတ်ပြတ်သားသား ပြောကြားခဲ့ လို့သိရပါတယ်။ ဂျပန် ပါလီမန် နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko Kikuta ဇွန်လကုန်ပိုင်းက မြန်မာပြည်သို့ သွားရောက်ခဲ့အပြီး ဂျပန်-မြန်မာ ဆက်ဆံရေးမှာ မျက်နှာသစ် ဖွင့်လိုက်ကြောင်း ပြောဆိုခဲ့တာကို လဲ မြန်မာပြည်ထုတ် သတင်းစာများမှာ ဖေါ်ပြခဲ့ပါတယ်။