Pages

Tuesday, July 19, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ကျင်းပမယ့် (၆၄)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်များ...


အာဇာနည်နေ့ တေးသီချင်းများ... (မသီတာ DVB)

မနက်ဖန် အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် မနက် ၅ နာရီ အာရုံဆွမ်းကပ်လှူဒါန်းမည်။ နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း ကျင်းပပြုလုပ်မည့် လက်ရှိ အစိုးရ အစီအစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ကုန်းသို့ သွားရောက်ပြီး လွမ်းသူ့ပန်းခြင်း ပို့ဆောင်မည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အာဇာနည်နေ့ အခမ်းအနား ကို နံနက် ၁၁ နာရီတွင် စတင် ကျင်းပမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးတို့က အမှာစကား ပြောကြားမှာ ဖြစ်ပါသည်။ နိုင်ငံခြား သံတမန်များကိုလည်း အခမ်းအနားသို့ ဖိတ်ကြားထားပါသည်။ ရုံးတွင်လည်း ဆွမ်းကပ်လှူဒါန်းပွဲလည်း ပြုလုပ်မ​ည် ဖြစ်ပါသည်။ 

ရုံးချုပ်မှာ စုရပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူဦးရေ ၁၀၀ ဦးခန့်က အာဇာနည် ဗိမာန်ကို ချီတက် လွမ်းသူ့ပန်းခွေချမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအင်အားစုနဲ့ လူငယ်ကွန်ယက်တို့ တွဲပြီး၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ ၀ါရင့် နိုင်ငံရေးသမားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ လိုက်ပါကြမည်ဖြစ်ပါတယ်။ လူဦးရေ စာရင်းနဲ့ ပြည်ထဲရေးကို တင်ပြညှိနှိုင်းတာ ပြည်ထဲရေးက လူ ၁၀၀ ဦး လွမ်းသူ့ပန်းခွေ ကိုင်ဆောင်ပြီး အာဇာနည်ကုန်းသို့​ ချီတတ်ကြမည်ကို ခွင့်ပြုပေးသည်ဟု သိရပါသည်။ ဒါကြောင့် မနက်ဖြန် အာဇာနည်နေ့တွင် အေးချမ်းစွာဖြင့် အာဇာနည်ကြီးများကို ဂုဏ်ပြု ဦးညွတ်နိုင်လိမ့်မည် ဖြစ်ကြောင်း သိရပါသည်။

ပေးပို့သူ ကောင်းစုလင်းအား ကျေးဇူးတင်ပါသည်....။





သတိယပါတယ်... (ဝင်းဦး) 
ကိုသော်ကြီးခံစား တင်ပြသည်...။

2 comments:

  1. (လူဦးရေ စာရင်းနဲ့ ပြည်ထဲရေးကို တင်ပြညှိနှိုင်းတာ ပြည်ထဲရေးက လူ ၁၀၀ ဦး လွမ်းသူ့ပန်းခွေ ကိုင်ဆောင်ပြီး အာဇာနည်ကုန်းသို့​ ချီတတ်ကြမည်ကို ခွင့်ပြုပေးသည်ဟု သိရပါသည်။)

    အလွန်ဝမ်းသာစရာ သတင်းပါ။ တစ်ဦးနဲ့ တစ်ဦး နားလည်မူကို ဆက်လက် တည်ဆောက် နိုင်ပါစေလို့ ။

    ReplyDelete
  2. မိုင်တစ်ထောင်ခရီး၏ အစသည် ပထမဆုံးခြေလှမ်း ဟုဆိုကြပါသည်။ တိုင်းပြည်၏ အနာဂါတ်အတွက် လှမ်းသော ခြေလှမ်းဟူသရွေ့ ခလုပ်ကန်သင်း ကင်းကြပါစေ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။