ယခင်မြင်ကွင်း ဤသို့ခက်ခက်ခဲခဲ
အမေ့အိမ်ကျောင်းက မေတ္တာပတ်လမ်းကလေး။
ညီလေးတို့ ရေ...
မင်းတို့ရဲ့ချွေးနဲစာတွေနဲ့ စုပေါင်းလှူဒါန်းခဲ့ကြတဲ့ အမေ့အိမ်က ကျောင်းပတ်လမ်းကလေးဟာ ဒီနေ့ အားလုံးပြီးမြောက်ခဲ့ပါပြီ။ မင်းတို့ရဲ့ညီလေး ညီမလေးတွေဟာ အခုဆို ရွှံတွေ ဗွက်တွေကြားကနေ ခြောက်သွေ့သန့်ရှင်းတဲ့ ကျောင်းကလေးမှာ ပညာသင်ကြား နိုင်ကြတော့မှာပါ။ ညီလေးတို့ ၀မ်းသာရအောင်လို့  Before နဲ့  After ဓါတ်ပုံများကိုယှဉ်တွဲပြီးပို့ ပေးလိုက်ပါတယ်။
အင်မတန်မွန်မြတ်သန့် ရှင်းတဲ့ မေတ္တာ ဂရုဏာ ကိုယ်ချင်းစာစိတ်နဲ့ လှူဒါန်းခဲ့ကြတဲ့ မင်းတို့ရဲ့ စေတနာကို နတ်လူသာဓု ခေါ်ကြမှာ မလွဲပါဘူး။
S'pore မှာ ရောက်ရှိ နေကြပေမဲ့လည်း မြန်မာပြည် ကဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကိုယ့်ညီလေး ညီမလေးတွေလို ခံစားနားလည်ပေးနိုင်တဲ့မင်းတို့ရဲ့ စိတ်ဓါတ်ကို လေးစား ဂုဏ်ယူမိပါတယ်။ ဒီစိတ်ဓါတ်လေးဟာ ဒို့မြန်မာတွေရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ မျိုးချစ်စိတ်ဓါတ်ပဲပေါ့။ ဒီချစ်စရာကောင်းတဲ့ စိတ်ဓါတ်နဲ့ ဒို့ တတွေ့ ဒို့ ပြည်ကို ပြန်လည် တည်ဆောက်ကြပါစို့ ။
S'pore မှာ ရောက်ရှိ နေကြပေမဲ့လည်း မြန်မာပြည် ကဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကိုယ့်ညီလေး ညီမလေးတွေလို ခံစားနားလည်ပေးနိုင်တဲ့မင်းတို့ရဲ့ စိတ်ဓါတ်ကို လေးစား ဂုဏ်ယူမိပါတယ်။ ဒီစိတ်ဓါတ်လေးဟာ ဒို့မြန်မာတွေရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ မျိုးချစ်စိတ်ဓါတ်ပဲပေါ့။ ဒီချစ်စရာကောင်းတဲ့ စိတ်ဓါတ်နဲ့ ဒို့ တတွေ့ ဒို့ ပြည်ကို ပြန်လည် တည်ဆောက်ကြပါစို့ ။
S'pore မှ စေတနာရှင်သူငယ်ချင်းတစ်စုအား လေးစားဂုဏ်ပြုလျှက်။
ကိုငယ်(၀၉ ၅၁၆၂၀၆၀)
စင်ကာပူမှာ စေတနာရှင်များရဲ့ အလှူဒါနကြောင့် ယခု ဤသို့ တွေ့မြင်ရပြီ ဖြစ်ပါတယ်....
ဝမ်းသာတယ်...ဗျို့ .......မွန်မြတ်တဲ့ အလှူပါ...
ReplyDeleteဂျပန်က ဦးဆောင်နေတဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင်ကြီးများ ကိုယ့်အတွက် ကိုယ်ကြည့်ပြီး နိုင်ငံရေး ကြီးပဲလုပ်ချင်မနေကြပါနဲ့ဗျာ။
မြန်မာပြည် ထဲကလူမှုရေး လုပ်ငန်းလေးတွေ ကိုလဲလှမ်းလုပ်ကြပါအုံး...
လူမှုရေးနဲ့ ပက်သက်ပြီးလုပ်စရာ တွေအများကြီးရှိနေပါတယ်။မျှော်လင့်နေတဲ့
ကလေးငယ်တွေ အများကြီးရှိနေပါသေးတယ်။လှူလိုက်တဲ့ လုပ်ငန်းစဉ် တွေကိုလဲ ဒီလိုဓါတ်ပုံနဲ့တကွ ပြန်တင်ပေးတော့ လှူတဲ့သူတွေလဲ ဝမ်းသာပီတိ ဖြစ်ရတာပေါ့.....
စကာင်္ပူမှာတရားဝင်နေသူတိုင်းဟာ Work permit ဆို တစ်လ SGD 40,S Pass ဆိုရင် တစ်လ SGD 80, PR နဲ့ EP ဆိုရင် တစ်လ SGD 120 အခွန်ဆောင်ရပါတယ် ... (၃)ယောက်ပျမ်းမျှနဲ့ကြည့်ရင် တစ်လ SGD 80 လောက်တစ်ဦးချင်းဆီလို့ သတ်မှတ်လို့ရပါတယ်.. ဒီနေ့ငွေဈေးနဲ့ဆိုရင် (650x80) ကျပ်ငွေ 52000 လောက်ကျပါတယ် .. ဒါဆို စကာင်္ပူက မြန်မာတစ်ယောက်က အလယ်အလတ်အဆင့် မြန်မာအစိုးရ ဝန်ထမ်းတစ်ယောက်ကို လခပေးထားတယ်လို့ပြောလို့ရပါတယ် ... ဒီတော့ ကျွန်တော်တို့ စကာင်္ပူမှာ နေသူတွေဟာ တိုင်းပြည်တာဝန် ကျေပွန်တာလွန်နေပါပြီ ... ဒါအပြင်အခုလိုလှူနိုင်ကြသေးတာ တိုင်းပြည်ကို ချစ်သလား မချစ်ဘူးလားဆိုတာ မှန်းကြည့်ကြပါ၊ ဘယ်သူပိုချစ်သလဲလို့ပါ ...
ReplyDelete