Pages

Saturday, July 2, 2011

အယူသီးမှုတိုက်ဖျက်ရေး (၂)

အယူသီးမှုတိုက်ဖျက်ရေး (၂)

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ပေးဆပ်မှုများအား အများပြည်သူ အလှူရှင်တို့ သိရှိမုဒိတာပွားစေရန် ဟူသော ရည်ရွယ်ချက်တစ်ခုတည်းနှင့် အလှူရှင်များအား (ကန့်သတ်) အနေဖြင့် ပြန်လည်၍ လက်ဆောင်ပေးအပ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “တစ်နေ့တာပေးဆပ်မှုများ” နှင့် “ဂီတလူမှုရေးသူရဲကောင်းများ Vol:1” ဟူသော DVD အချပ်များကို ဖန်တီး ပေးဆပ်ခဲ့ပြီးဖြစ်သည်။ ယင်းအခွေများတွင် ဂီတလောကမှ လူမှုရေးစိတ်ဓါတ်ရှိသော ဂီတပညာရှင်များတို့သည် တစ်တတ်တစ်အား ပါဝင်ကူညီသီဆိုခဲ့ပြီးဖြစ်သည်။ ပထမဆုံးသော “တစ်နေ့တာပေးဆပ်မှု” DVD အခွေတွင် ဂီတပညာရှင် အနဂ္ဃနှင့် Hip Hop အဆိုတော် (၁၀) ဦးတို့က အယူသီးမှု တိုက်ဖျက်ရေး ခံစားမှုသံစဉ် “လက်ကမ်းလိုက်” ဟူသောသီချင်းတစ်ပုဒ်ကို ပေးဆပ်သီဆိုပေးပြီးဖြစ်ရာ ယခုထပ်မံ ဖန်တီးမည့် ဂီတလူမှုရေး သူရဲကောင်းများ Vol:2 အတွက် အဆိုတော် အနဂ္ဂမှ ၂.၇.၂၀၁၁ (စနေ) နေ့တွင် ဒုတိယခြေလှမ်းအဖြစ် ထပ်မံ၍ ရေးစပ်သီဆိုထားသော အယူသီးမှုတိုက်ဖျက်ရေး သီချင်း သစ်အား Home Studio တစ်ခု၌ စိတ်ဓါတ်ထက်သန် ပြင်းပြစွာဖြင့် သီချင်းသွင်းရန် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း အလှူရှင်များ၊ လူမှုရေးသမားများ၊ လူမှုရေးဂီတပညာရှင်များအား သတင်းကောင်းပါး လိုက်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။