ဓာတ်ပုံ News Eleven ဂျာနယ်...
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံသို့
ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းများမှ လုပ်သားပြည်သူများ၏ တိုင်ကြားစာ...
ရန်ကုန် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံက ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းများမှ တိုင်းရင်းသား လုပ်သားပြည်သူများရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံသို့ ၄ရက် ၄လ ၂၀၁၁နေ့စွဲနဲ့ တိုင်ကြားခဲ့တဲ့ စာပါ...။ စာပါအကြောင်းအရာများအရ ...
အဆိုပါစာအား (၁၈)ကြိမ်ခန့် သမ္မတဦးသိန်းစိန်နဲ့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနသို့ တိုင်ကြားခဲ့သော်လည်း လုံးဝပြန်လည် အကြောင်းပြန်ကြားချင်း မရှိဘူးလို့ ဆိုပါတယ်...။ စာပါအကြောင်းအရာများအရ ဆိုင်ခန်းပိုင်ရှင်များမှ ကိုယ်ထူကိုယ်ထ၊ ကိုယ့်စားရိတ်ကိုယ်စိုက် နှစ်စဉ်မွမ်းမံ ပြုပြင်ခဲ့တဲ့ ပြည်မြန်မာကုန်တိုက်အား နောက်ဆုံးမှာတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက AA medical productsကို လေလံတင် ရောင်းချလိုက်တာ ဖြစ်ပါတယ်...။
AA Medical Products Ltd. လိပ်စာကတော့...
* 408/410, 7th Flr, Maha Bandoola Rd., Corner of 35th St., Samsung Plaza, Ward (3)
* Phone: 249592~3, 391644~50
* Fax: 246896,
* Email: aa.medical@mptmail.net.mm
သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းနှင့်အညီ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းကို တားဆီးတာလား၊ အားပေးအားမြှောက် ပြုတာလား၊ လက်ဝါးချင်း ရိုက်စားတာလားဆိုတာ... အပြောကောင်းတဲ့ မိန့်ခွန်းရှင် သမ္မတကြီးပဲ သိပါလိမ့်မယ်...။ ဒီမိုကရေစီ အရပ်သား အစိုးရလား၊ ငတက်ပြား အစိုးရလားဆိုတာ ကွဲကွဲပြားပြား သိရအောင် ယခုကိစ္စအား နိုင်ငံတော်သမ္မတကြီးမှ အရေးယူ ဆောင်ရွက်ပေးပါရန်... မတရားအဖိနှိပ်ခံ ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းပိုင်ရှင်များနှင့် လုပ်သားပြည်သားများ ကိုယ်စား ထပ်မံတိုက်တွန်းလိုက်ရပါတယ်....။

ဆက်စပ်သတင်းများ
ကိုနစ်နေမန်း ဘလော့(ဂ်)
http://niknayman-niknayman.blogspot.com/2011/07/blog-post_8916.html
http://niknayman-niknayman.blogspot.com/2011/07/blog-post_12.html
News Eleven ဂျာနယ်ပါ..။
ဝေဒနာတွေ ကြားထဲက လှည်းတန်း

AA Medical Products Ltd. မှာ ဗိုလ်ချူပ်တွေရဲ့ရှယ်ယာတွေအများကြီးပါဘဲ..ဦးမြတ်သင်းအောင်ဟာဗိုလ်ချူပ်တွေအတွက်ငွေရှာပေးနေရတဲ့.သူဘဲ..ယခင်က ကါးပါမစ်တွေနဲ့ချမ်းသာလာတဲ့သူတယေါက်ဘဲ..
ReplyDeleteဘယ်လိုတိုင်းပြည်ပါလိမ့် ။ပြည်သူတွေဆီက အခွန်ကောက်၊ ပြည်သူတွေကိုဒုက္ခမျိုးစုံပေး ဒါလားဒီမိုကေ၇စီနိုင်ငံ၊ပြည်ူတွေ ဆီကအခွန်ကောက်ပြီဆိုကတည်းက ပြည်သူတွေ၇ဲ့ အကျိုးကို အစီုး၇ကတာဝန်ယူ၇မှာကို ပြည်သူတွေကိုသာ ဒုက္ခမျိုးစုံပေးနေမှတော့  (ဒုက္ခမျိုးစုံကေ၇စီနိုင်ငံ)လို့ သာ ခေါ်၇မလိုဖြစ်နေပြီဗျာ။
ReplyDeleteဟုတ်ပါ့..ဒုက္ခမျိုးစုံကရေစီနိုင်ငံဘဲ..ဒုက္ခကရေစီနိုင်ငံတော်သစ် ကြီးဆီသို့..စစ်ဗိုလ်ချူပ်တွေချီတက်နေပါပီ..ဘာမှအားမငယ်ကြပါနဲ့..တစ်တိုင်းတစ်ပြည်လုံး..မွဲပြာကျနေပါပီ..
ReplyDeleteအဲဒီ ပြည်မြန်မာကုန်တိုက် နေရာကလည်း ၁၉၈၈ အရေးအခင်းပြီး တုန်းက မူလပိုင်ရှင် လက်ထဲကနေ လုယူထားတာပါ။ မူလပိုင်ရှင်ကမြေနေရာ ပြန်လည်ရရှိရေး ပြန်လည် ကြိုးပန်းမှုမှာ မအောင်မြင်ခဲ့ပါလို့ သိရှိရပါတယ်
ReplyDeleteမူလပိုင်ရှင်ခမျာ တိုက်ခန်း ၂ခန်းလောက်နဲ့သာ ကျေနပ်ခဲ့ရပြီး ယခင်အစိုးရများရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရတယ်လို့ သိရှိရပါတယ်
ဒီမိုဝေယံအနေနဲ့ အဖြစ်မှန်ကို စုံစမ်းပေးလိုပါတယ်။