ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ဓါတ်ငွေ့တွေ တွေ့လာပြီး ထိုင်းနဲ့ ဒီဓါတ်ငွေတွေ စတင်ရောင်းပေးလို့မှ မကြာခင်မှာ နယ်စပ်မှာ နယ်မြေ အငြင်းပွားမှုလေး လုပ်ပြပါတယ်။ ဘာမသိညာမသိ စာရေးဆရာမကြီး (ဒေါက်တာမတင်ဝင်း)ကလည်း ထိုင်းဝေဖန်ရေးတွေရေးပြီး ခေတ်ထပြလိုက်ပါတယ်။ သူကလဲ သာရင်ဘက်ကူးရန် ၀န်မလေးသူလေ။ အဲဒီမတိုင်ခင်ကတော့ အမှတ်-၅၄-ဆိုလား ခြံထဲမှာ လာကျယ်ပြနေသေးတယ်။ ကျနော်က ထောင်ထဲမှာ ရီချင်နေတယ်။ ဘယ်လိုလုပ် ထိုင်းကိုတိုက်ရဲမှာလည်း.. ဓါတ်ငွေ့ကိစ္စ အတွက်ဟိုဘက်က တော်တော်လေး ပေးကမ်းထားတာ။ ဖေါ်လိုက်ရင် ဖင်စုတ်သွားပါမယ်။
အဲဒီလိုဘဲ... တိုင်းရင်သား ငြိမ်းအဖွဲ့တွေ အများစုကို ၁၉၉၁- ၉၂ တွေမှာ ငြိမ်းချမ်းရေးယူ အပြီးမှာ ကန်ထရိုက်တွေ ပေးပါတယ်။ ဥပမာ (ဥပမာပေါ့ - စတင်းဂန်းအဖွဲ့) ကိုပုဇွန် တန်၂၀၀- ပို့ခွင့်သစ်ကျွန်းတန်-၁၀၀၀-ပေါ့ ပေးပါတယ်။ ငြိမ်းအဖွဲ့တွေအတွက် လုံခြုံရေးဆိုပြီး ရန်ကုန်လာရင် ထောက်လှမ်းရေး- ၆ (လေဆိပ်အနီးမှာ နေကြရတာများတယ်)..။ အဲဒီကန်ထရိုက်ရထားတာကို ပွဲစားတွေဆီကို ထောက်လှမ်းကဘဲ တဆင့်ဆက်သွယ်ပေးတာပါ။ သူတို့ကို လုံခြုံရေးဆိုပြီး အကျယ်ချုပ်သဘောပါဘဲ။ ပွဲစားတွေ ကုန်သည်တွေက ငြိမ်းအဖွဲ့ တွေနဲ့  တွေ့ ချင်ရင် အဲဒီ ထောက်လှမ်းရေးဝင်းထဲ ၀င်တွေ့ ကြရတာ။ အပြင်မှာတွေ့ ကြရင်လည်း ထောက်လှမ်း တပ်ကြပ်ကြီး ၂-ယောက်လောက်အမြဲပါတယ်။
အဲဒီမှာ ဥပမာ ပုဇွန်တန်- ၁၂၀ -ကို ပါမစ်လေးတင် ကုန်သည်လက်ထဲအပ်ပေးလိုက်ရုံပါ။ ထားပါတော့ တစ်တန်ကို အမြတ် တစ်သိန်းရရင် တန်-၂၀၀ အတွက် အမြတ် သိန်း- ၂၀၀ လောက်ရတယ်ပေါ့။ အဲဒီမှာ ရန်ကုန်ရောက်နေသူ ငြိမ်းခေါင်းဆောင်တွေကို ခင်ဗျားက အမြတ်ထဲက သိန်း-၂၀-ယူ ခင်ဗျားက ၁၅.သိန်းယူနဲ့ ထောက်လှမ်းက ခွဲတမ်းလေးလုပ်ပြီး ကိုယ်ကျိုးရှာခိုင်းတယ်ပေါ့။ အဖွဲ့ကိုတော့ သိန်း-၅၀ လောက်ပဲ အမြတ်ပြတယ်။ အိမ်အတွက်ကားဝယ်ကြ ဘာကြပေါ့။ မြို့မရောက်တာကြာ တခါ ခပ်ကဲကဲ နာမည်ကြီးလေးတွေနဲ့ ချိတ်ပေးလိုက်တော့ တချို့သော သူပုန်ကြီးတွေကလည်း ကြီးမှ အကြောထခွင့် ကြုံကြရတော့ ထကြပေါ့။ ဆော်လေးတွေနဲ့ပွားဖို့ ငွေကပိုလိုလာရော။ အဖွဲ့ရံပုံငွေတွေ ကိုယ်ကျိုးရှာလာတော့ ငထောက်တွေ က အမြီးဖြတ်တာ ခံလိုက်ကြရပြီ။ အားလုံးတော့မဟုတ်... ဒါပေမယ့် အများကြီးရှိခဲ့တယ်။ ပိုင်းလုံးမင်းသမီးတဦးဆို အဖွဲ့တော်တော်များများ ခေါင်းဆောင်တွေနဲ့ တွဲခဲ့ ပိုင်းပြစ်ခဲ့တယ်။ န.အ.ဖ ကို အာခံဖို့တော့ စိတ်တောင်မကူးနဲ့။ ကိုယ်ကျိုးရှာထားတာတွေ ပွေထားတာတွေ ကိုဖွင့်ချလိုက်ရင်။ အဲဒီလိုခေါင်းဆောင်မျိုးတွေကတော့ သိတဲ့အတိုင်းပေါ့။ န.အ.ဖ. ကဆိုရင် မကတတ်လဲ ချိုမိုင်မိုင် လုပ်ပြကြရတော့တာပေါ့။
ဒီလိုပါဘဲ.... ဗိုလ်သန်းရွှေလည်း ထိုင်းနဲ့ စစ်ရေးဟန်ပြင်ပြနေတာပါ။ ဘယ်တိုက်ရဲမှာလည်း တိုက်ရင် ဓါတ်ငွေ့ပိုက်လိုင်းကို ဖျက်ရတော့မယ်။ ဖျက်ရရင် ဟိုကဖေါ်တော့မယ်လေ။ ကျနော်ကထောင်ထဲကနေ လောင်းကြေး ခေါ်နေတာ။ သိပ်သိပေါ့ အပြတ်ကို လောင်းကြေးခေါ် ပွဲလုပ်နေမိကြတယ်။ ဒါကို ဥပါယ်တမျှင် လို့ပြောမလား ပရိယာယ်လို့ ပြောမလား။ လူကြီးလူကောင်းလိမ်တာ ကိုခေါ်တာလေ။ အခုတရုတ် ပေးလိုက်ရတာကတော့ ရှင်းပါတယ်။ ဗွီတို အာဏာကြေးပေးလိုက်ရတာပါ။ ဒီထက်ပိုပြောရရင် အခြေအနေမကောင်းလို့ ဆွေမျိုးပေါက်ဖေါ်တို့ဆီ ပြေးရရင်လည်း ရှိသေးတယ်လေ။ တကယ်တော့ တရုတ်ကလည်း သန်းရွှေ လိုခပ်ညံ့ညံ့ လူကို ကျားကန်ပေးထားရတာ သိပ်အကြိုက်တွေ့ နေတယ်။ သူတို့ ရဲ့  ဗွီတိုကိုရောင်းစားလို့ ရတဲ့သူ ဖေါက်သယ်ကြီးတဦး အပိုင်ရထားတာပဲ။ ထာဝရ ဖေါက်သယ်ကြီးပေါ့။ ဗွီတို သုံးစရာပေါ်လေ (၀) ကြိုက်လေးပေါ့။ ရွှေရွှေမျက်ဖြူဆိုက်လေ ယီးဇင်းကြိုက်လေပေါ့။
အခုကြည့် တနေ့ ကဘဲ စာဆောင်တွေမှာ ၂၀၁၀ - နှစ်အတွက် မြန်မာနိုင်ငံက စွမ်းအင် လောင်စာအတွက် တင်သွင်းရတာ ဒေါ်လာအားဖြင့် (၁.၅)ဘီလျှံ ရှိတယ်ဆိုတာ။ ဒါလုပ်ငန်းတွေ တိုးလာရင် ဘီလျှံပေါင်း..၃-၄ ဘီလျှံ ဖြစ်လာပါမယ်။ မြန်မာပြည်ကထွက်တဲ့ ဓါတ်ငွေ့တွေ အကုန်ထုတ်ရောင်းပြီး ငါတို့ လုပ်ချင်သလိုလုပ်မယ် အချိုးအတွက် မကြာခင်နှစ်တွေမှာ သိလာရပါမယ်။ အခုနေ အနောက်နိုင်ငံတွေကနေ စီးပွားရေးပိတ်ထားတာ ဖွင်ပေးကြည့်ပါလား... လောင်စာဖိုးပိုလိုလာမယ်။ ဒီကြားထဲမှာ အတိုက်အခံတွေအနေနဲ့  အနောက်နိုင်ငံကြိးတွေံကို စီးပွားကို နေ့ စားခ အနိမ့်ဆုံး-တနေ့ ကို -၅- ဒေါ်လာပေးမှသာ လက်ခံပါလို့ အခြေအနေတခု သတ်မှတ်ထားပေးရန် တောင်းဆိုလိုက်ရင် ကြွဲပီ။ လုပ်အားခတိုးပေးဖို့ လောင်စာကုန်ကျမှုကို လျှော့ချရန် လုပ်ရပါတော့မယ်။ အခုဟာက မြန်မာစက်ရုံတွေက လောင်စာအတွက် ကုန်ကျနေရတာကများနေတယ်။
နေ့စားအလုပ်သမားခ တိုးပေးလိုက်ရရင် ၀န်ထမ်းလစာတွေ စစ်သည်တော်လစာတွေ ပင်စင်စားလစာတွေ တိုးပေးလာရပါတော့မယ်။ သမ္မတကြီးခမျ ဒီလိုမှန်းမသိလို့ သမ္မတလုပ်မိပါတယ် ထအော်ယူစေရပါမယ်။ သူ့အတွက် ရေခဲစက်ပါတဲ့ ခေါင်းပေါင်း တီထွင်ပေးရပါမယ်။ နောက်တခု အခုသမ္မတကြီး အကြံပေး အဖွဲ့ ကလည်း ဒီလောင်စာအတွက် ကုန်ကျမှုကို လျှော့ချဖို့ထက် ထပ်တိုးဖို့သာ စဉ်းစားရမှာပါ။ ဘတ်ဂျက်အတွက် မလွယ်ပါဘူး။ အဲဒါကြောင့် သမ္မတကြီးဟာ နိုင်ငံတော်ကို တိုးတက်စေချင်တယ်ဆိုရင် န.အ.ဖ ခေတ်ကလို ပါးစပ်ထဲက ပြောချင်ရာပြောလို့ ရတဲ့ခေတ် မဟုတ်တော့ဘူး။ တခုခု ပြတ်ပြတ်သားသား လုပ်ရပါတော့မယ်။ လောင်စာကိစ္စကို ရေရှည် စီမံကိန်းချမှတ်တာ မလုပ်ခဲ့ရင် စီးပွားရေးမှာ ကွဲပါတော့မယ်။ ဗိုလ်သန်းရွှေ ဓါတ်ငွေ့လက်မှတ်ထိုးတဲ့ ၉၅- တုန်းက.. ရေနံစိမ်းက တပေပါ မှ- ၁၅- ၁၇ ဒေါ်လာလောက် ရှိသေးတာ။ အဲဒီ ၁၇-ဒေါ်လာ ဈေးနှုန်းဟာ ၂၀၀၄ အထိ ဒီဈေးလောက်ဘဲ ရှိနေပြီး နောက်ပိုင်း ၂၀၀၆ နောက်ပိုင်းဈေး တက်တက်လာတာ..၂၀၀၇ -နှစ်မှာ ရေနံစိမ်းတစည်ကို ဒေါ်လာ-၇၀-ကျော်လာတော့ န.အ.ဖ .ဘတ်ဂျက်မကိုက်တော့ဘူး။ အဲဒီမှာ လစာကလည်း တိုးပေးထားရတယ် တိုင်းပြည်အတွက် ဈေးပေါပေါနဲ့ သုံးလို့ရတဲ့ဓါတ်ငွေ့ကို အတ္တစိတ်နဲ့ ထုတ်ရောင်းထားတာ လောင်စာဈေးတွေ တက်လာတော့ ဓါတ်ဆီဈေး ဒီဇယ်ဆီဈေးတွေ တင်လိုက်တာ နိုင်ငံရေးအုံကြွမှုကြိးနဲ့  ကြုံရတော့တာပါဘဲ။
ရွှေဝါရောင်နဲ့ တွေ့ရတော့တာပါဘဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ အပြင်ပန်းကြည့်ရင် န.အ.ဖ.က နိုင်လိုက်တယ် ထင်ကြမှာပေါ့။ တလောက ဗိုလ်ရွှေ မ.ဆ.လ. လူကြီးတွေကို ဆုံပြီး သူမသိလိုက်ရပါဘူး ပြောရတယ်ဆိုကထဲက စဉ်းစားသာကြည့်။ အပေါ်ယံမှာ နိုင်တယ်.. တကယ်လည်း ဗိုလ်သန်းရွှေဟာ ရွှေဝါရောင် ဖြစ်တော့ သူ့လူယုံကို ကြိုပြောထားတယ်။ အစည်းအဝေးမှာကျတော့ သူခေါင်းမူးနေတယ် ပြောထားပြီး မပါသလိုနေပြတယ်။ သူ့လက်ရုံးက ဘယ်ဘုန်းကြီး ဘယ်ခေါင်းဆောင်ကို ဘယ်လိုပြစ် အကုန်သူ့ရှေ့မှာ ဆွေးနွေးကြရတာ။ သူက ပြစ်ခတ်တာ မလုပ်ခင်ကတည်းက တရက်မှာ တရားခံ မဖြစ်ရအောင် ဂွင်ဆင်ထားပြီးလုပ်တာ။ အဲဒီဟာကို မ.ဆ.လ. လူဟောင်းကြီးတွေကနေ တဆင့် ခေါင်းရှောင်ပြတာပဲ။ သူမသိလိုက်ရပါဘူးပေါ့။ ဘယ်သူနိုင်တယ်ဆိုတာ ဘယ်သူ ရှုံးမယ်ဆိုတာ သေနတ် မပစ်ခင်ကထဲက ..ပေါ်နေပါပြီ။ ဇူလိုင်-၇ ရက်နီးလာတော့ ၈၈၈၈- လုံးမှာ ကျောင်းသားသမဂ္ဂ ဗုံးခွဲမှုကို ဗိုလ်နေ၀င်း ခေါင်းရှောင်တာထက် ဆိုးနေပြီ။ သူက မလုပ်ခင်ကထဲက တရားခံ ကို အပ်ထားပြီးပြီ။
အခု ဗိုလ်သန်းရွှေက နိုင်ငံကထွက်သမျှ ဓါတ်ငွေ့တွေကို အကုန် ထုတ်ရောင်းစားထားတယ်။ အခု သမ္မတ အသစ်စက်စက်ကြီး အတွက် ပိုဒုက္ခရောက်လာမှာက ရေနံစိမ်းဈေးက တစ်ပေပါကို ဒေါ်လာ-၁၀၀- အထက်ရှိနေတာက များနေပြီ။ တခါ ပြည်တွင်းသုံးကလည်း ပိုများလာပြီ။ ဓါတ်ငွေ့ ရောင်းလို့ရတဲ့ငွေက တနှစ်ကို ၂- ဘီလျှံ ဆိုတာက ထိုင်းက ၀ယ်ယူတဲ့ပမာဏ။ အစိုးရက အဲဒီထဲက.. ၁၅- % ဘဲရတာ။ ကျန်တာက ပိုက်လိုင်းရင်းနှီးထားသူ။ ဓါတ်ငွေ့တွင်းကို ရင်းနှီး တူးဖေါ်ထားသူတွေက ပြန်ယူသွားတာ။ အခုရခိုင်က ရွှေဓါတ်ငွေ့တွင်းဆိုရင် ပိုဆိုးတယ်။ မြန်မာက ၁၅-% တောင်မရဘူး... ဒါကိုပြည်သူတွေ အကုန်လုံးက မသိတော့ အစိုးရလက်ထဲ တနှစ်ကို ငါးဘီလျှံလောက် ၀င်နေတယ်နဲ့ အတည်ပေါက် ဖိန့်နေတာ။ အခုထိုင်းရောင်းနေတဲ့ ၂.၈ ဘီလျှံထဲက မြန်မာအစိုးရ ရတာက ဒေါ်လာသန်း ၄၀၀- နီးနီးလောက်ဘဲရတာ။ အခု ကိုယ်က ရေနံပြန်ဝယ်ရတာက - ၁.၅.- ဘီလျှံ။ ဒီဝယ်ယူရတဲ့ ပမာဏက (စွမ်းအင် ပမာဏပေါ့) ကိုယ်ရောင်းထားတဲ့ ဓာတ်ငွေ့က ရမယ့် ပမာဏထက် အများကြီး နည်းနေပါတယ်။
အခုနေ နိုင်ငံရေးသမားတွေက အနောက်နိုင်ငံကြီးတွေက စီးပွားရေးပိတ်ထားတာကို နေ့စားခ ကို အနိမ့်ဆုံး..၄.၀/၅.၀-ဒေါ်လာ လောက်ပေးရင် လက်ခံပေးပါ။ ကုန်သွယ်ရေး လွတ်လွတ်လပ်လပ် ပေးလာတာ အပါအ၀င်ပေါ့ ကိုင်ပြီးတောင်းဆိုလိုက်ရင် အစိုးရကြွသွားပါမယ်။ စစ်တုရင် ကစားတော့ နယ်ရုပ်လေးတွေ တင်မက ရဲတိုက်တွေပါ ထိုးကျွေးတာမျိုး လုပ်တယ်ပေါ့။ မစားလို့ကမရ စားရင်လည်း နိုင်ငံရေး ကျိုးပေါက်ကွက်။ အခုဖြစ်နေတဲ့ ရေနံဈေးနဲ့ စီးပွားရေး တိုးချဲ့ကြည့်ပါလား....။ ရေနံစိမ်းတင်သွင်းဖို့ ငွေနဲ့တင် ကွဲသွားပါမယ်။ ရေနံစိမ်းဖိုးတင် ၃-- ၄ ဘီလျှံ ကုန်ကျပါမယ်။
အဲဒီလို တွေးကြည့်ကြပါ။ စီးပွားရေးပိတ်တယ် ဖွင့်မယ်ဆိုတာက နိုင်ငံရေးမှာ ဘွတ်ရှ်ဘရိမ်း BUSH'S BRAIN လို့ ပြောရပါမယ်။ ဘွတ်ရှ်ဘရိမ်းဘဲ သုံးပါမယ်။ အမေရိကန်သမ္မတကြီးမို့  ကျနော် သူ့အကြောင်းကို စကားထဲထည့် ပြောရင် ပြောနေကျ စကားတလုံး ဖြုတ်ထားလိုက်ပါတယ်။ အလယ်က စကားတလုံး မထည့်တော့ပါဘူး။ နိုင်ငံရေးမှာ ဒါက သူငယ်တန်း ဖတ်စာအဆင့်လို့တောင် ပြောသင့်ပါတယ်။ ကျနော်ကတော့ အမေရိကန်သမတကြိးဘွတ်ကို သိပ်အထင်မကြီးဘူး။ သူမတော်လို့ အီရတ်ကို စစ်သည် ၁၅၀-တောင်မသေဘဲ နိုင်ပြီး သူ့ဘော်ဒါကုမ္မဏီနဲ့ ၀င်အစားငမ်းလိုက်တာ အခု ၆၀၀၀-ကျော် သေရတော့တာဘဲ။ ကုန်လိုက်ရတာလဲ သောက်သောက်လဲ။ နောက်ဆုံးသူ မတော်လို့ စီးပွားရေးပါ ပြိုကွဲရတာပါဘဲ ။ ကြိုမြင်ထားရင် ကာကွယ်လို့ ကျားကန်ပေးထားလို့ ရတာပေါ့။
(ကျနော့်မိတ်ဆွေ သမီးတဦးနဲ့ မိတ်ဆွေ နောက်တဦးရဲ့သား တဦးတို့ ၂၀၀၇ - နှစ်လယ်လောက်က မြို့ပြအင်ဂျင်နီယာ တက်မယ် လုပ်တော့ ကျနော် အပြတ်တားပါတယ်။ အမေရိကန်မှာ ဆောက်လုပ်ရေးတွေ ကွဲပြီး စီးပွားပါပျက်တော့မယ်လို့။ နိုင်ငံတခုမှာ ဘဏ်ကြီးတွေ အကြောင်း သိသလောက်လေးပေါ့။ လူပြိန်းအသိပေါ့။ စီးပွားရေးပညာရှင် အသိတော့မဟုတ်ဘူးနော်။ ဘယ်လို ချိန်ထိုးကြည့်ရတယ် ဆိုတာလေး ကျနော် သိထားတာလေး တရက် မျှဝေပေးပါ ဦးမယ်)
မြန်မာနိုင်ငံကိုစီးပွားရေး ပိတ်ဆို့တယ်။ တရုတ်နဲ့ အိန္ဒိယ အာဆီယံတွေ မပါဘဲ အကောင်အထည် လက်တွေ့ ပေါ်လာနိုင်စရာမရှိတာကို ဇွတ်လုပ်ရဲတာ အံ့သြတယ်။ ကျနော်သာ သူ့နေရာမှာဆို မပိတ်ခင် ကုန်သွယ်ရေးလုပ်ငန်းတွေ တိုးလာအောင် အရင်လုပ်လိုက်မယ်။ ကုန်သွယ်မှု ပမာဏကြီး လာပြီဆိုမှ အဲဒါနဲ့ ကိုင်စကားပြောမယ်။ လုပ်ငန်းကြီးကြီးကို ထိုးရပ်အောင်လုပ်လိုက်ရင် တဖက်က ၀က်ဝက်ကွဲတာ မျိုးဖြစ်အောင် အရင်မွှေးရတာ။ အမေရိကန် မူဝါဒတွေက အဲဒီလို အပိုင်ကိုင်လို့ရတဲ့ အခြေအနေအထိ စိတ်ရှည်ရှည် ချီယူလာတတ်တာ။ ပြီးမှ အပိုင်ကိုင်လို့ ရပြီဆိုမှ လည်မျိုကိုညစ် စကားပြောတတ်ကြတာ။ သူ့ကျမှ ဖုတ်ပူမီးတိုက် ကောက်ခါငင်ခါ ထလုပ်ထဲ့တာ။ နောက်ဆုံး ၂၀၀၇- နိုဝင်ဘာ Australia / Sydney မြို့မှာ အင်ဒိုနီးရှားသမ္မတ မေးတာကို စီးပွားရေးပိတ်ဆို့တာ မအောင်မြင်ပါဘူး မဖြစ်နိုင်ပါဘူးဆိုပြီး ၀န်ခံသွားရှာပါတယ်။ ဒါကို အထဲက ပါတီကြီးတွေက ဟိုက ကျနော်လုပ်တာ မအောင်မြင်ပါဘူး ၀န်ခံထားတာကို ပိတ်ဆက်ပိတ် အော်နေတာ။
ဘယ်လိုဘဲဖြစ်ဖြစ် ရေနံစိမ်းဈေးဟာ ယခုအတိုင်း ၉၀-အထက်မှာ ကြာကြာဆက်ရှိနေရင် ဓါတ်ငွေ့ တင်သွင်းပြီး စွမ်းအင်ထုတ် သုံးနိုင်တဲ့ နိုင်ငံတွေ အနုမြူစွမ်းအင် အသုံးပြုနေတဲ့ နိုင်ငံတွေကို ကျနော်တို့ မြန်မာလုပ်ငန်းရှင်တွေ အချိန်တိုလေးအတွင်းမှာ လက်မြောက် အရှုံးပေးလာရပါတော့မယ်။ အဲ့ဒီမှာ အလုပ်လက်မဲ့တွေ စွတ်တိုးလာပြီး တနိုင်ငံလုံး ဘာဒီမိုကရေစီမှ မအော်နိုင်ဘဲ ဆန်ပေးပါ အော်လာကြပါတော့မယ် ။ ကနေ့လား နက်ဖန်လား။
အဲဒီလို အော်မလာအောင် အခုနိုင်ငံတော်ကို အုပ်ချုပ်နေသူတွေက တကယ် ဘဲတိုင်းပြည်မဆူအောင် အစွမ်းကုန် ဟန့်တားပါ့မလား။ နိုး- မဟန့်တားပါဘူး။ တကယ်ဟန့် တားမယ်ဆိုရင် သူတို့ ခိုးထားတာတွေ ဒီမှာပြန်ရင်းနှီးမှာပေါ့။ သူတို့က ပါးစပ်ကတော့ မဆူအောင်လုပ်မယ် လက်က ခိုးထားတာတွေ ကျစ်ကျစ်ပါအောင်ဆုပ် ပြည်ပထုတ်နေတာလေ။ ဆူလာပါမယ်.... သေချာပေါက်ဆူလာပါမယ်။ ဒီတခါဆူလာမှာက လူထုတရပ်လုံး ရှောင်လွှဲလို့ မရတော့တဲ့ ၀မ်းရေးပြသနာ။ ဆန် တောင်းပွဲ။ စားဖို့ ဆန် တောင်းတာကို ကျည်ဆံနဲ့ ဖြေရှင်းလိုက်ရင် ????
အခု သမ္မတကြီးရဲ့ အကြံပေးတွေ ဘာကို နံပတ်တစ် ဦးစားပေး တွေးတော နေကြပါသလဲတော့မသိ။ စီးပွားရေးတွေ ထိုးရပ်လာနိုင်စရာရှိနေပါပြီ။ အခုမြန်မာငွေဈေးက မာနေတယ်နော်။ အဲဒါ ကျနော် အကြိမ်ကြိမ်ပြောနေတဲ့ စတီးရွိုက် ဖြတ်လိုက်လို့ တက်လာတဲ့ ပြသနာ။ အထဲက အလွယ်တကူ ပေးချေနိုင်တဲ့ ငွေမရှိတော့လို့ (အသားလွတ် ၀ိုက်ထားတဲ့ ကျပ်ငွေတွေ ကုန်ခမ်းသွားလို့) မြန်မာငွေ ခိုင်မာသလိုလိုနော်။ မြန်မာငွေဟာ ဒီထက် ပိုမာလာနိုင်ပါမယ်။ အဲဒါကောင်းသော ခိုင်မာမှုမဟုတ်ဘူး။ ပြီး စီးပွားရေးတွေလဲ ထိုးရပ်ကော... အဲဒီလိုဖြစ်လိုက်တာနဲ့ လက်ထဲမြန်မာငွေ ကိုင်ထားသူတွေက ဒေါ်လာကို အလုအယက် ပြန်ဝယ်တာ လုပ်လာပါမယ်။ အဲဒီကျရင် မြန်မာငွေဈေး ပြန်ထိုးကျပြီး currency crash ဖြစ်လာနိုင်ပါတယ်။ ၉၇-က ထိုင်းငွေဈေးကျသလို အတော်လေးနီးစပ်နေပါပြီ။
မြန်မာပြည်မှာ ငွေဈေးကျတော့ ထိုင်းဖြစ်တုံး ကလို အာဆီယံတခုလုံးကို ဂယက်ကူးဆက်မှုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကျရင် အစိုးရက နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ကြီးကို ထောက်ပံ့ငွေ တောင်းရပါတော့မယ်။ အဲဒီကျရင် ပြင်မရအောင် လုပ်ထားပါတယ်ဆိုတဲ့ နာဂစ်ဥပဒေကြီး ..ဟဲဟဲ ကြည့်ကြသေးတာပေါ့။ ပြင်မရဘူးဆိုတာကြီး ဒူးထောက်သွားစေရပါမယ်။ ပြင်မရဘူး ပျက်သွားပါမယ်။ ၁၉၉၇- ခုနစ် အာရှငွေဈေးပြိုကွဲတော့ အာရှရဲ့ ကျားကြီး တကောင်အဖြစ် န.၀.တ. က ကိုးကားဖေါ်ပြခဲ့တဲ့ အင်ဒိုနီးရှား သမတကြီး ဆူဟာတိုဟာ ငွေကြေးပြိုကွဲလာတော့ နောက်ဆုံး ကမ္ဘာငွေကြေးရ့ပုံငွေအဖွဲ့  IMF (International Monetary Fund) အဖွဲ့ဆီကနေ ငွေကြေးထောက်ပံ့မှုကို လက်ခံခဲ့ရပါတယ်။ အဲဒီငွေကြေးအဖွဲ့ က ဒီလိုမဖြစ်ခင်က နိုင်ငံရေး စီးပွားရေး အကြံ ပြုဘူးပါတယ်။ လက်မခံခဲ့ပါဘူး။
သူ့ ငွေကြေးလဲ ပြိုကွဲရော IMF က ချမှတ်တဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြာင်းလဲရေး လုပ်ပါမယ်ဆိုတဲ့ မူကို အရင်လက်ခံရပါတယ်။ သူတို့ချမှတ်ပေးတာကို လက်မခံဘဲ ငွေထုတ်မချေးပါဘူး။ ဒီလိုထုတ်ချေးတာက အဲဒီလိုစီးပွားပျက်ချိန်ဆို ဘယ်သူကမှ မချေးတော့တဲ့အချိန်လေ။ ဟိုကချေးတာက ကူညီတဲ့အနေနဲ့ ချေးတာ။ အဲဒီတော့ အင်ဒိုနီးရှား သမ္မတကြီးဆူဟာတိုဟာ IMF ငွေကြေးအဖွဲ့ဥက္ကဌ (Michel Camdessus) ရဲ့ ရှေ့မှာ ဟိုက ကလေးတယောက် အပြစ်ရှိလို့ ဆုံးမ ထားသလို လက်ပိုက်ကြည့်နေတဲ့ မျက်လုံး မျက်နှာထားတင်းတင်း အောက်မှာ ကျုံကျုံလေးနဲ့ လက်မှတ်ထိုးနေခဲ့ရတဲ့ပုံ ကိုမျက်စေ့ထဲက မထွက်ပါဘူး။ ဟိုက မာမာပြောသလောက် မျက်နှာလေးကြို့ပြီး မျက်နှာချိုသွေး လက်ခံခဲ့ရတာပါ။ လက်မှတ်ထိုးပြီးတာနဲ့ ပြုပြင်ရေးထဲ ပါထားတဲ့ သဘောတူညီချက်အတိုင်း အာဏာ လက်လွှတ်ပေးလိုက်ရပါတယ်။
အဲဒီလက်မှတ်ထိုးတာကို ဒုတိယကမ္ဘာစစ်အပြီး ဂျပန်လက်နက်ချတော့ ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီးက မစ်ဇူရီ စစ်သင်္ဘောကြီးပေါ်မှာ အမေရိကန် ပစ္စိဖိတ် ရေတပ်စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ် မက်အာသာရဲ့ရှေ့မှာ ဂျပန်စစ်ဗိုလ်ချုပ်ကို အမေရိကန်ဗိုလ်ချုပ်က လူရာမသွင်းတဲ့ပုံစံနဲ့ (မင်းတို့လက်နက်ချတဲ့ စာချုပ်ပါအချက်တွေကို လက်ခံလား ..အဆင့်သင်ဖြစ်ပြီလား.) နဲ့အသံက ဟိန်းဟောက်သလိုနဲ့ မေးတယ်။ အမေရိကန်ဗိုလ်ချုပ်ကြီးက ဂျပန်တွေရဲ့မျက်နှာကို မကြည့်ဘူး။ လက်ကိုခါးမှာ ထောက်ထားပြီး အဆင့်သငြ့်ဖစ်ရင် လက်မှတ်ထိုး ဟိုကထိုးကြရပါတယ်။ ပြီးပြီလား ဆင်းတော့တဲ့။
ဆူဟာတို ဒူးမထောက်ရရုံတမယ် လက်မှတ်ထိုး ခဲ့ရတာကို ဂျပန် လက်နက်ချရတာနဲ့ တူနေတယ်လို့ မီဒီယာကြီးတွေက ခိုင်းနှိုင်းထားခဲ့ကြပါတယ်။ အခုကျနော်တို့ သမ္မတကြီးလဲ သမတလုပ်ရတာမှ လေးလ မရှိသေးဘူး IMFက ကိုင်တာခံရမယ့် ကိန်းဘက်ကို လှမ်းနေပါပြီ။ သမ္မတကြီး အစိုးရက လဲ အင်ဒိုနီးရှားကို ပုံတူကူးထားတာလေ။ လွှတ်တော်မှာ စစ်ဗိုလ် -၂၅-% ဆိုတာ အင်ဒိုနီးရှားက ပုံစံကိုယူထားတာ။ ကမ္ဘာမှ ဘယ်နိုင်ငံမှာမရှိတဲ့ စံနစ်လေ။ နောက် နောက်ခံထားတာကလည်း အင်ဒိုနီးရှားမှာက ဂေါ့်ခါး ပါတီ။ ဒီမှာက ကြံ့ခိုင်။ တနင်္လာနံ နှစ်လုံးပူးယူထားတာ.. ကြည့်ကြသေးတာပေါ့။ ၂၅- % နဲ့  တနင်္လာ နံပူး။
ဟိုကဒူးထောက်ရတော့ အစိုးရသက်တမ်းက နှစ်က ၃၂- နှစ်လောက်ရပြီ။ အာရှကျားကြီးလို့ သတ်မှတ် ခံလိုက်ရှာသေးတယ်။ ဒီက အခုမှ သုံးလသားလေး။ သုံးလသားဆိုတော့ လေးဘက်တောင် မမှောက်တတ်သေးဘူး။ ဒူးဘယ်လိုလုပ် ထောက်မလဲတော့မသိဘူး။ နို့ဘူးတန်းလန်းနဲ့။ တခါ IMF နဲ့တွေ့တော့ ဟိုက ဥက္ကဌ အသစ်စက်စက် ပူပူနွေးနွေးက ပြင်သစ်သူ အမျိုးသမီး။ ကြည့်ကောင်းပြီ။ မိန်းမအုပ်ချုပ် တိုင်းပြည်ပျက်မယ် ဆိုတဲ့သူတွေနဲ့ ပြင်သစ်မကြီးနဲ့။ တွေးကြည့်ရင် ဘယ်လောက် မျက်နှာငယ်ရှာရမလဲလို့။
သမ္မတကြီး အကြံပေးအဖွဲ့ ဝင်များလဲ စစ်ဖြစ်တဲ့နှစ်မှ စစ်ထဲဝင်မိသလို ဖြစ်နေကြပါတယ် နိုင်ငံကထွက်တဲ့ ဓါတ်ငွေ့ကို တိုင်းပြည်အတွက်ပြန် သုံးဖို့အခုချက်ချင်း (အရေးပေါ်) မလုပ်ရင် လူထုအုံကြွမှုကို ဖြေရှင်းဖို့ ၀ါးရင်းတုတ် သင်တန်းကိုအမြန် လေ့ကျင့်ထားပေတော့။ GAS ကိုပြည်တွင်းသုံးဖို့ အရေးပေါ် ပြန်မစီစဉ်ကြရင် GUARD ဂါတ်တဲထဲ လူတွေ ဖမ်းထဲ့ဖို့  ဂါတ်တဲတွေ အမြန်ဆောက်ကြပေတော့။
အချုပ်အနေနဲ့ ပြောရရင် သမ္မတကြီးဦးသိန်းစိန်ဟာ ဗိုလ်ရွှေ ပေါက်ကရလုပ်ခဲ့တဲ့ အရှုပ်ထုပ်ကြီး ဗြဗ္မာကြီးခေါင်းကို ကိုင်ထားရတဲ့ ဘ၀ကိုရောက်နေပါတယ်။ လွယ်ကူသောပြသနာ မဟုတ်ပါဘူး။ ပေါ့သေးသေး မထင်ကြပါနဲ့။ ဗိုလ်ရွှေ ရှုပ်ထားတဲ့ အရှုပ်ထုပ်ကို ခင်ဗျားတို့ရဲ့ ဆွေမျိုးပေါက်ဖေါ်ကရော တကယ် ခင်ဗျားတို့အပေါ် စိတ်ရင်းစေတနာ အမှန်ရှိတယ်ထင်နေလို့လား။ အခုမကြာခင် လောင်စာ အကြပ်အတည်းကြောင့် စီးပွားရေးတွေ ထိုးရပ်လာရင် သူကခင်ဗျားတို့ကို သူယူထားတဲ့ ဓါတ်ငွေ့ မျှသုံးကြတာပေါ့ လုပ်ပေး မျှပေးလာမယ် ထင်ပါသလား။ မိတ်ဆွေအစစ်လားဆိုတာ မကြာခင်ပေါ်လာပါမယ်။ ကြည့်ကြသေးတာပေါ့ဗျာ။
သူခိုးဓါးရိုးကမ်းတဲ့ သစ္စာဖေါက်မှုကြီး အပိုင်း(၁) ပြန်ဖတ်ချင်ရင် Click

ဒါကိုအခုအတိုက်အခံတွေက ပိတ်ဆို့ရေးတောင်းဆို ဆက်တင်းခံနေကြတာ ပြန်စဉ်းစားစေချင်ပါတယ်။ ကျနော်ပြောသလို ကန့်သတ်ချက်လေးတခုနဲ့ ပြန်ဆက်သွယ်တာလုပ်ရင် နိုင်ငံရေးအရ အစိုးရကွဲသွားပါမယ်။ (အသေအချာ) သေချာပေါက် ကွဲစေရပါမယ်။ ဘိလိယက် ထိုးသူတွေ အမြင်ပေါ့။ တခါတလေ တဖက်လူ အနီးကို ဘောလုံးထိုးပေးထားလိုက် သလိုမျိုးပေါ့။ တခါတလေ ကန်နင်ရိုက်ထိုးတာမျိုးလို နောက်ပြန်ထိုးတာကိုလည်း တွေးကြည့် ပုံဖေါ်ကြည့်ဖို့ လိုပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ရေနံစိမ်းဈေးဟာ ယခုအတိုင်း ၉၀-အထက်မှာ ကြာကြာဆက်ရှိနေရင် ဓါတ်ငွေ့ တင်သွင်းပြီး စွမ်းအင်ထုတ် သုံးနိုင်တဲ့ နိုင်ငံတွေ အနုမြူစွမ်းအင် အသုံးပြုနေတဲ့ နိုင်ငံတွေကို ကျနော်တို့ မြန်မာလုပ်ငန်းရှင်တွေ အချိန်တိုလေးအတွင်းမှာ လက်မြောက် အရှုံးပေးလာရပါတော့မယ်။ အဲ့ဒီမှာ အလုပ်လက်မဲ့တွေ စွတ်တိုးလာပြီး တနိုင်ငံလုံး ဘာဒီမိုကရေစီမှ မအော်နိုင်ဘဲ ဆန်ပေးပါ အော်လာကြပါတော့မယ် ။ ကနေ့လား နက်ဖန်လား။
အဲဒီလို အော်မလာအောင် အခုနိုင်ငံတော်ကို အုပ်ချုပ်နေသူတွေက တကယ် ဘဲတိုင်းပြည်မဆူအောင် အစွမ်းကုန် ဟန့်တားပါ့မလား။ နိုး- မဟန့်တားပါဘူး။ တကယ်ဟန့် တားမယ်ဆိုရင် သူတို့ ခိုးထားတာတွေ ဒီမှာပြန်ရင်းနှီးမှာပေါ့။ သူတို့က ပါးစပ်ကတော့ မဆူအောင်လုပ်မယ် လက်က ခိုးထားတာတွေ ကျစ်ကျစ်ပါအောင်ဆုပ် ပြည်ပထုတ်နေတာလေ။ ဆူလာပါမယ်.... သေချာပေါက်ဆူလာပါမယ်။ ဒီတခါဆူလာမှာက လူထုတရပ်လုံး ရှောင်လွှဲလို့ မရတော့တဲ့ ၀မ်းရေးပြသနာ။ ဆန် တောင်းပွဲ။ စားဖို့ ဆန် တောင်းတာကို ကျည်ဆံနဲ့ ဖြေရှင်းလိုက်ရင် ????
အခု သမ္မတကြီးရဲ့ အကြံပေးတွေ ဘာကို နံပတ်တစ် ဦးစားပေး တွေးတော နေကြပါသလဲတော့မသိ။ စီးပွားရေးတွေ ထိုးရပ်လာနိုင်စရာရှိနေပါပြီ။ အခုမြန်မာငွေဈေးက မာနေတယ်နော်။ အဲဒါ ကျနော် အကြိမ်ကြိမ်ပြောနေတဲ့ စတီးရွိုက် ဖြတ်လိုက်လို့ တက်လာတဲ့ ပြသနာ။ အထဲက အလွယ်တကူ ပေးချေနိုင်တဲ့ ငွေမရှိတော့လို့ (အသားလွတ် ၀ိုက်ထားတဲ့ ကျပ်ငွေတွေ ကုန်ခမ်းသွားလို့) မြန်မာငွေ ခိုင်မာသလိုလိုနော်။ မြန်မာငွေဟာ ဒီထက် ပိုမာလာနိုင်ပါမယ်။ အဲဒါကောင်းသော ခိုင်မာမှုမဟုတ်ဘူး။ ပြီး စီးပွားရေးတွေလဲ ထိုးရပ်ကော... အဲဒီလိုဖြစ်လိုက်တာနဲ့ လက်ထဲမြန်မာငွေ ကိုင်ထားသူတွေက ဒေါ်လာကို အလုအယက် ပြန်ဝယ်တာ လုပ်လာပါမယ်။ အဲဒီကျရင် မြန်မာငွေဈေး ပြန်ထိုးကျပြီး currency crash ဖြစ်လာနိုင်ပါတယ်။ ၉၇-က ထိုင်းငွေဈေးကျသလို အတော်လေးနီးစပ်နေပါပြီ။
မြန်မာတွေ အခုနေတော့ မြန်မာငွေကိုကိုင်ထားကြပါ။ သတိတော့ လျှင်လျှင်သာထားကြပါ။ စီးပွားရေးတွေ တန့်လာတာနဲ့ မြန်မာငွေကို အမြန်ဆုံးသာထုတ်ကြပေတော့။ နောက်ကျတဲ့သူ နောက်ချေးနဲ့ သလဲဘဲ။ အခုတခေါက် မြန်မာငွေတန်ဖိုး ပြန်ကျရင်အိမ်တွေမှာ ရင်းနှီးထားသူတွေက ပိုနာပါမယ်။ အဲဒီမှာ အိမ်ဈေးက ထိုင်းမှာဖြစ်တာနဲ့ အခုအမေရိကန်မှာ ဖြစ်တာထက် ၃/၄ဆ ပြန်ပိုနာပါမယ်။ သူတို့နဲ့မတူတာက မြန်မာနိုင်ငံမှာ တာဆူနေတာ တခုရှိနေလို့ပါ။ အခုအမေရိကန်မှာ အိမ်ဈေးက ပြောရင်တောင် သိပ်ယုံရခက်အောင် ကျသွားပါပြီ။
မြန်မာပြည်မှာ ငွေဈေးကျတော့ ထိုင်းဖြစ်တုံး ကလို အာဆီယံတခုလုံးကို ဂယက်ကူးဆက်မှုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကျရင် အစိုးရက နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ကြီးကို ထောက်ပံ့ငွေ တောင်းရပါတော့မယ်။ အဲဒီကျရင် ပြင်မရအောင် လုပ်ထားပါတယ်ဆိုတဲ့ နာဂစ်ဥပဒေကြီး ..ဟဲဟဲ ကြည့်ကြသေးတာပေါ့။ ပြင်မရဘူးဆိုတာကြီး ဒူးထောက်သွားစေရပါမယ်။ ပြင်မရဘူး ပျက်သွားပါမယ်။ ၁၉၉၇- ခုနစ် အာရှငွေဈေးပြိုကွဲတော့ အာရှရဲ့ ကျားကြီး တကောင်အဖြစ် န.၀.တ. က ကိုးကားဖေါ်ပြခဲ့တဲ့ အင်ဒိုနီးရှား သမတကြီး ဆူဟာတိုဟာ ငွေကြေးပြိုကွဲလာတော့ နောက်ဆုံး ကမ္ဘာငွေကြေးရ့ပုံငွေအဖွဲ့  IMF (International Monetary Fund) အဖွဲ့ဆီကနေ ငွေကြေးထောက်ပံ့မှုကို လက်ခံခဲ့ရပါတယ်။ အဲဒီငွေကြေးအဖွဲ့ က ဒီလိုမဖြစ်ခင်က နိုင်ငံရေး စီးပွားရေး အကြံ ပြုဘူးပါတယ်။ လက်မခံခဲ့ပါဘူး။
သူ့ ငွေကြေးလဲ ပြိုကွဲရော IMF က ချမှတ်တဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြာင်းလဲရေး လုပ်ပါမယ်ဆိုတဲ့ မူကို အရင်လက်ခံရပါတယ်။ သူတို့ချမှတ်ပေးတာကို လက်မခံဘဲ ငွေထုတ်မချေးပါဘူး။ ဒီလိုထုတ်ချေးတာက အဲဒီလိုစီးပွားပျက်ချိန်ဆို ဘယ်သူကမှ မချေးတော့တဲ့အချိန်လေ။ ဟိုကချေးတာက ကူညီတဲ့အနေနဲ့ ချေးတာ။ အဲဒီတော့ အင်ဒိုနီးရှား သမ္မတကြီးဆူဟာတိုဟာ IMF ငွေကြေးအဖွဲ့ဥက္ကဌ (Michel Camdessus) ရဲ့ ရှေ့မှာ ဟိုက ကလေးတယောက် အပြစ်ရှိလို့ ဆုံးမ ထားသလို လက်ပိုက်ကြည့်နေတဲ့ မျက်လုံး မျက်နှာထားတင်းတင်း အောက်မှာ ကျုံကျုံလေးနဲ့ လက်မှတ်ထိုးနေခဲ့ရတဲ့ပုံ ကိုမျက်စေ့ထဲက မထွက်ပါဘူး။ ဟိုက မာမာပြောသလောက် မျက်နှာလေးကြို့ပြီး မျက်နှာချိုသွေး လက်ခံခဲ့ရတာပါ။ လက်မှတ်ထိုးပြီးတာနဲ့ ပြုပြင်ရေးထဲ ပါထားတဲ့ သဘောတူညီချက်အတိုင်း အာဏာ လက်လွှတ်ပေးလိုက်ရပါတယ်။
အဲဒီလက်မှတ်ထိုးတာကို ဒုတိယကမ္ဘာစစ်အပြီး ဂျပန်လက်နက်ချတော့ ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီးက မစ်ဇူရီ စစ်သင်္ဘောကြီးပေါ်မှာ အမေရိကန် ပစ္စိဖိတ် ရေတပ်စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ် မက်အာသာရဲ့ရှေ့မှာ ဂျပန်စစ်ဗိုလ်ချုပ်ကို အမေရိကန်ဗိုလ်ချုပ်က လူရာမသွင်းတဲ့ပုံစံနဲ့ (မင်းတို့လက်နက်ချတဲ့ စာချုပ်ပါအချက်တွေကို လက်ခံလား ..အဆင့်သင်ဖြစ်ပြီလား.) နဲ့အသံက ဟိန်းဟောက်သလိုနဲ့ မေးတယ်။ အမေရိကန်ဗိုလ်ချုပ်ကြီးက ဂျပန်တွေရဲ့မျက်နှာကို မကြည့်ဘူး။ လက်ကိုခါးမှာ ထောက်ထားပြီး အဆင့်သငြ့်ဖစ်ရင် လက်မှတ်ထိုး ဟိုကထိုးကြရပါတယ်။ ပြီးပြီလား ဆင်းတော့တဲ့။
ဆူဟာတို ဒူးမထောက်ရရုံတမယ် လက်မှတ်ထိုး ခဲ့ရတာကို ဂျပန် လက်နက်ချရတာနဲ့ တူနေတယ်လို့ မီဒီယာကြီးတွေက ခိုင်းနှိုင်းထားခဲ့ကြပါတယ်။ အခုကျနော်တို့ သမ္မတကြီးလဲ သမတလုပ်ရတာမှ လေးလ မရှိသေးဘူး IMFက ကိုင်တာခံရမယ့် ကိန်းဘက်ကို လှမ်းနေပါပြီ။ သမ္မတကြီး အစိုးရက လဲ အင်ဒိုနီးရှားကို ပုံတူကူးထားတာလေ။ လွှတ်တော်မှာ စစ်ဗိုလ် -၂၅-% ဆိုတာ အင်ဒိုနီးရှားက ပုံစံကိုယူထားတာ။ ကမ္ဘာမှ ဘယ်နိုင်ငံမှာမရှိတဲ့ စံနစ်လေ။ နောက် နောက်ခံထားတာကလည်း အင်ဒိုနီးရှားမှာက ဂေါ့်ခါး ပါတီ။ ဒီမှာက ကြံ့ခိုင်။ တနင်္လာနံ နှစ်လုံးပူးယူထားတာ.. ကြည့်ကြသေးတာပေါ့။ ၂၅- % နဲ့  တနင်္လာ နံပူး။
ဟိုကဒူးထောက်ရတော့ အစိုးရသက်တမ်းက နှစ်က ၃၂- နှစ်လောက်ရပြီ။ အာရှကျားကြီးလို့ သတ်မှတ် ခံလိုက်ရှာသေးတယ်။ ဒီက အခုမှ သုံးလသားလေး။ သုံးလသားဆိုတော့ လေးဘက်တောင် မမှောက်တတ်သေးဘူး။ ဒူးဘယ်လိုလုပ် ထောက်မလဲတော့မသိဘူး။ နို့ဘူးတန်းလန်းနဲ့။ တခါ IMF နဲ့တွေ့တော့ ဟိုက ဥက္ကဌ အသစ်စက်စက် ပူပူနွေးနွေးက ပြင်သစ်သူ အမျိုးသမီး။ ကြည့်ကောင်းပြီ။ မိန်းမအုပ်ချုပ် တိုင်းပြည်ပျက်မယ် ဆိုတဲ့သူတွေနဲ့ ပြင်သစ်မကြီးနဲ့။ တွေးကြည့်ရင် ဘယ်လောက် မျက်နှာငယ်ရှာရမလဲလို့။
သမ္မတကြီး အကြံပေးအဖွဲ့ ဝင်များလဲ စစ်ဖြစ်တဲ့နှစ်မှ စစ်ထဲဝင်မိသလို ဖြစ်နေကြပါတယ် နိုင်ငံကထွက်တဲ့ ဓါတ်ငွေ့ကို တိုင်းပြည်အတွက်ပြန် သုံးဖို့အခုချက်ချင်း (အရေးပေါ်) မလုပ်ရင် လူထုအုံကြွမှုကို ဖြေရှင်းဖို့ ၀ါးရင်းတုတ် သင်တန်းကိုအမြန် လေ့ကျင့်ထားပေတော့။ GAS ကိုပြည်တွင်းသုံးဖို့ အရေးပေါ် ပြန်မစီစဉ်ကြရင် GUARD ဂါတ်တဲထဲ လူတွေ ဖမ်းထဲ့ဖို့  ဂါတ်တဲတွေ အမြန်ဆောက်ကြပေတော့။
အချုပ်အနေနဲ့ ပြောရရင် သမ္မတကြီးဦးသိန်းစိန်ဟာ ဗိုလ်ရွှေ ပေါက်ကရလုပ်ခဲ့တဲ့ အရှုပ်ထုပ်ကြီး ဗြဗ္မာကြီးခေါင်းကို ကိုင်ထားရတဲ့ ဘ၀ကိုရောက်နေပါတယ်။ လွယ်ကူသောပြသနာ မဟုတ်ပါဘူး။ ပေါ့သေးသေး မထင်ကြပါနဲ့။ ဗိုလ်ရွှေ ရှုပ်ထားတဲ့ အရှုပ်ထုပ်ကို ခင်ဗျားတို့ရဲ့ ဆွေမျိုးပေါက်ဖေါ်ကရော တကယ် ခင်ဗျားတို့အပေါ် စိတ်ရင်းစေတနာ အမှန်ရှိတယ်ထင်နေလို့လား။ အခုမကြာခင် လောင်စာ အကြပ်အတည်းကြောင့် စီးပွားရေးတွေ ထိုးရပ်လာရင် သူကခင်ဗျားတို့ကို သူယူထားတဲ့ ဓါတ်ငွေ့ မျှသုံးကြတာပေါ့ လုပ်ပေး မျှပေးလာမယ် ထင်ပါသလား။ မိတ်ဆွေအစစ်လားဆိုတာ မကြာခင်ပေါ်လာပါမယ်။ ကြည့်ကြသေးတာပေါ့ဗျာ။
နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးကို ဟောကိန်းထုတ် ကြိုတင်ရေးရတာ အင်မတန် တာဝန်ကြီးပါတယ်။ ကျနော်ဆီမှာ အချက်အလက်ကလည်း ပြည့်ပြည့်စုံစုံမရှိပါ။ အခုမှန်းဆချက်က သိပ်ထင်သာ မြင်သာရှိလာနေလို့သာ ရေးရဲတာပါ။ တတ်လွန်းလို့ မဟုတ်ရပါဘူး။ ဆင်ကြီးလာနေတာ မမြင်ရသေးပေမယ့် မြေတုန်နေတာနဲ့ ခန့်မှန်းနိုင်ပါပြီ။ သစ်ပင်တွေကို ဆင်တိုးလို့ သစ်ပင်တွေ ကျိုးသံ ကိုနားထောင်တတ်ရင်လည်း ခန့် မှန်းနိုင်ပါတယ်။ အပေါ်က ငှက်တွေ ဆူညံနေသံတွေ လှိုင်နေပါပြီ။
ဆက်လက် တင်ပြပါဦးမယ်...
လှိုင်မြင့်

ကဲကဲ တိုင်းကျိုးပြည်ကျိုးလဲမဖြစ်ထွန်း ကိုယ့်အတွက်လဲအကျိုးမရှိ သူတပါးလဲအကျိုးမရှိ တောင်စဉ်ရေမရတွေအလကားလျှောက်ရေးနေကြမယ့်အစား ဒီလိုလူတွေကိုအတုယူပါလား http://oppositeyes.blogspot.com/2011/06/blog-post.html ဘာပဲဖြစ်ဖြစ်မင်းတို့ထက်တော့ အများကြီးအကျိုးပြုပါတယ် ဘဝမှန်ကိုနားလည်ပြီး လူငယ်များ (လူကြီးများပါ) ကျွတ်တမ်းဝင်ကြပါစေ
ReplyDeleteအနော်လဲ ဦးလှိုင်မြင့် နဲ့ အမျိုးတော်ပါတယ်-ဗျို့ ။
ReplyDeleteမြေနီကုန်းဝပ်ရှော့တန်း
ဆရာ(ဦး)လှိုင်မြင့်ရေးတာဖတ်ရတော့ နှမျောလိုက်တာ၊မြန်မာနိုင်ငံသားတွေ၊ ရှိရဲ့သားနဲ့ဆင်းရဲရတဲ့ဘ၀၊ခုဆိုရင် ပညာ ရေးကအစ ၊အာစီယံမှာနောက်ဆုံး၊ဘယ်နိုင်ငံကမှ အသိအမှတ်မပြု။အလကားရတဲ့ အင်တာနက်က သင်ခန်းစာ(နိုင်ငံရေးစာမဟုတ်)၊ဆေးပညာဘာသာတောင်
ReplyDeleteဖတ်လို့မရ။(ကြာလို့)ဘယ်တော့များမှ.............။။။
ဟိုးအရင်တုံးက ဒုဝန်ကြီးတယောက် မြန်မာ MBA သင်တန်းဆင်းပွဲမှာ ပြောတဲ့ မိန့်ခွန်းတခုဖတ်ရဘူးတယ်။ဆရာ(ဦး)လှိုင်မြင့်ရေးသလိုပါဘဲ။သူလဲနောက်တော့အငြိမ်းစားအပေးခံလိုက်ရတယ်။နောက်တခုကတော့
မြန်မာပြည်ကIndia-Asean Rally ၀င်ပြိုင် ဘူးတဲ့ အညာဘက်က လူတယောက်ပြောတာကိုတဆင့်စကားကြားဘူးတယ်။” လာအို၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊နိုင်ငံထဲ ဖြတ်မောင်းရမယ်ဆိုတော့ ဗီယက်နမ် စစ်ကားထဲက လို ကျွဲတွေကိုခမောက်ဆောင်းထားတဲ့သူတွေကမောင်းနေတဲ့
ကြားကမောင်းရမယ်ထင်တာတဲ့” ကောင်းလိုက်တဲ့လမ်းတွေတဲ့၊ အားကျစရာဘဲတဲ့။ ဟုတ်မယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်က ဈေးကွက်တွေထဲမှာ ဗီယက်နမ်စာလုံးနဲ့ ပစ္စည်းတွေ တွေ့နေရလိုပါဘဲ။ လျှပ်စစ်မီးမှမရှိရင်တော့ ဘာလုပ်လုပ်၊လုပ်ဖို့မလွယ်ပါ။အားလုံးကိုကျေးဇူးပါ။
ဦးလှိုင်မြင့် - မိသားစုအရေးဘဲ အောင်မြင်အောင် အရင်လုပ်ပြပါအုံး
ReplyDeleteတူးမောင်
//ကိုဒီမိုဝေယံရေ...auto-spam ထဲရောက်သွားလားမသိဘူး...ကွန်မင့်တင်လို့ မရဘူး...အဲဒါ...အားပေးထားတာလေး တင်ပေးပါဦး....
ReplyDeleteအဆုံးတော့...ဆရာလှိုင်မြင့်လည်း...
ကမ္ဘာပျက်ကိန်းဟောတဲ့ဗေဒင်ဆရာတွေလိုပါပဲလား...။
အတွင်းရေးလေးတွေပါတော့ ဖတ်ရတာစိတ်ဝင်စားစရာကောင်းပေမယ့် အချက်အလက်ပိုင်းမှာ ခိုင်ခိုင်လုံလုံမရှိလှဘူးဗျ။ အထူးသဖြင့် Asian Financial Crisis ကို ဂယနဏ လေ့လာထားခြင်းရှိဟန်မတူပါဘူး။ မြန်မာက အင်ဒိုရဲ့ နိုင်ငံရေးပုံစံကို လိုက်တော့ ဆူဟာတိုလိုပဲ ဒုက္ခရောက်ရပြီး ကယ်တင်ရှင် IMF ကြီးရှေ့ မှောက် ဒူးထာက်ရမယ်ပေါ့။ အဆိုးဆုံးကNeoliberalism policies တွေနဲ့  ငပွကြီး IMF ကိုကယ်တင်ရှင်ကြီးလိုပုံဖေါ်ထားတာပဲ...။ အမှန်မှာက ဈေးကွက်မရင့်ကျက်ခင် အတင်းဖွင့်ခိုင်း၊ မြီရှင်နိုင်ငံတွေရဲ့ အကျိုးကို ကာကွယ်ထားတဲ့ IMF ရဲ့ ချေးငှားခြင်းဆိုင်ရာ ပေါ်လစီတွေကြောင့် ထိုင်းမှာ Financial Speculation လုပ်တာခံလိုက်ရပြီး ဈေးကွက်ပြိုလဲသွားတာ။ အာရှတိုက်တခုလုံး ကူးစက်သွားတာ။
ဒီကြားထဲက IMF ကိုအာခံတဲ့ မလေးရှားက
သိပ်မထိခိုက်လိုက်လို့  မဟာသီ "လက်မ" ထောင်နိုင်တာကိုကြတော့ ခင်ဗျားက မသိဘဲကိုးဗျ။
ပြီးတော့ ခင်ဗျားရဲ့ "စတီးရွိုက်ဖြတ်" ငွေကြေးကလိမ်ကျမှု ဆိုတာ မြန်မာငွေကြေးခိုင်မာမှုရဲ့ အကြောင်းခြင်းများစွာထဲက တစ်ခုလောက်မျှပဲဖြစ်မှာပါ။ အားလုံးသော ဒီဟွန်ဒီလွှဲတဲ့လုပ်ငန်းတွေအကုန်လုံးက ဦးတေဇလူတွေ ချည်းပဲဆိုတာ တပ်အပ်ဘယ်လိုသိနိုင်တာတုန်း။
ဟုတ်ဦးတော့...ပမာဏက မြန်မာလို ဂက်စတွေရောင်းနေတဲ့တိုင်းပြည်ရဲ့  GDP ရဲ့ သေးငယ်တဲ့ အချိုးအစားပဲနေမှာပါ။ တဖက်မှာလည်း ကုန်ဈေးနှုန်းက သိသိသာသာကျမသွားပေမယ့် ဆင်းရဲမွဲတေမှု လျော့ကျသွားတာ
UN ကတောင်ထုတ်ပြန်ထားတာအမှန်ပဲလေ။
ဦးခင်မောင်ညို၊ ဦးမော်သန်း၊ ရှောင်တာနားတို့ ရေးတဲ့ သုံးသပ်ချက်တွေကို ဖတ်ကြည့်စေချင်တယ်ဗျ။
ပြီးတော့ ဂက်စ်တွေရောင်းနေပြီး ရေနံပြန်သွင်းနေရတယ်ဆိုတာက ဘယ်လောက်အတိုင်းအတာထိ
မှန်သလဲဆိုတာသံသယဖြစ်မိတယ်။
ဒီနေရာမှာ ဂက်စ်ရောင်းတာကိုရပ်ပြီး ပြည်တွင်းအတွက်ပဲ
သုံးသင့်တယ်ဆိုတာကို သဘောတူတယ်ဗျ။
ခင်ဗျား ဟောကိန်းထုတ်တဲ့ လူတွေဆန်ဖိုးတောင်းကြတဲ့ တော်လှန်ရေးကြီးဖြစ်လာ
မှာကြောင့်မဟုတ်ဘူးဗျ။ စွမ်းအင်ကဏ္တမှာ economic efficiency ရှိမှ စီးပွားရေးဖွံ့ ဖြိုးမှုရမှာမို့ ..။အထူးသဖြင့် တဘ၀လုံးလုပ်လာတဲ့ ရှိတာထုတ်ရောင်း...ကုန်ကြမ်းရောင်းနိုင်ငံတွေရဲ့ resource curse ကနေရုန်းထွက်ဖို့ က စွမ်းအင်ကိုအမှီပြုတဲ့ စက်မှုကန္တ ကို ထူထောင်မှရမှာမို့ ပဲ..။
Mr Socretes, you say you are just student only, Which grade student? May be Phd student, Bcz you can write Ba Ka Pa, Economic crisis,... any way we get the knowledge..
ReplyDelete(အထူးသဖြင့် Asian Financial Crisis ကို ဂယနဏ လေ့လာထားခြင်းရှိဟန်မတူပါဘူး။ မြန်မာက အင်ဒိုရဲ့ နိုင်ငံရေး ပုံစံကို လိုက်တော့ ဆူဟာတိုလိုပဲ ဒုက္ခရောက်ရပြီး ကယ်တင်ရှင် IMF ကြီးရှေ့ မှောက် ဒူးထာက်ရမယ်ပေါ့။ အဆိုးဆုံးက Neoliberalism policies တွေနဲ့  ငပွကြီး IMF ကို ကယ်တင်ရှင်ကြီး လိုပုံဖေါ်ထားတာပဲ...။ အမှန်မှာက ဈေးကွက်မရင့်ကျက်ခင် အတင်း ဖွင့်ခိုင်း၊ မြီရှင်နိုင်ငံတွေရဲ့ အကျိုးကို ကာကွယ်ထားတဲ့ IMF ရဲ့ ချေးငှားခြင်းဆိုင်ရာ ပေါ်လစီတွေကြောင့် ထိုင်းမှာ Financial Speculation လုပ်တာခံလိုက်ရပြီး ဈေးကွက်ပြိုလဲသွားတာ။ အာရှတိုက်တခုလုံး ကူးစက်သွားတာ။ ဒီကြားထဲက IMF ကိုအာခံတဲ့ မလေးရှားက သိပ်မထိခိုက်လိုက်လို့  မဟာသီ "လက်မ" ထောင်နိုင်တာကိုကြတော့ ခင်ဗျားက မသိဘဲကိုးဗျ။ )
ReplyDeleteSocretes ရှင်းပြလိုက်တာ အလွန်ကောင်းပါတယ်။ ဒါနဲ့ ဆက်နွယ် တာက မြန်မာ အာဆီယံ မ၀င်ခင် အချိန်မှာပါ ထုံးစံအတိုင်း ၀င်ခွင့် မပေးဖို့  ၀ိုင်းကန့် ကွက်တဲ့ အချိန်ပါ။ အင်ဒိုနီးရှားမှာ တောမီးကြီးလောင်တယ်။ ထွက်လာတဲ့ မီးခိုးတွေက မလေးရှား စင်္ကာပူကို မှောင်ကျသွားစေတယ်။ အဲဒီမီးခိုးတွေကြောင့် အင်ဒိုနီးရှားမှာ ခရီးသည်တင် လေယာဉ် တစ်စင်းပျက်ကျပြီး အားလုံးသေတယ်။ စင်္ကာပူမှာ ရပ်ထားတဲ့ ရေနံတင် သင်္ဘောကြီး ဗိုက်ပေါက်တယ်။ ထူးထူးခြားခြား ဖြစ်စဉ်တွေပါ။ အဲဒီအချိန်က IMF ကိုအာခံတဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီ ရဲ့  စီးပွားရေး အကြံပေးဖြစ်ခဲ့သူ ဂျပန်လူမျိုး ပရော်ဖက်ဆာ အိုမိုရေးဟာ မြန်မာနိုင်ငံကို ဆန့် ကျင်တဲ့ အဖွဲ့ တွေကို ထောက်ပံ့နေတဲ့ သူဌေးကြီး ဂျော့ဆိုရိုစ်ကို တွေ့ ဆုံတဲ့ အခါမှာ မြန်မာနိုင်ငံဖက်က ကာကွယ် ပြောဆိုခဲ့သူပါ။ အောက်ကဆောင်းပါးကို ဖတ်ကြည့်ရင် ဘယ်လိုတွေ ဆက်စပ်နေတယ်ဆိုတာ ပေါ်လာပါလိမ့်မယ်။
Will Dope, Inc. lose control of the Golden triangle?
http://www.scribd.com/doc/59338240/Dope
very much looking into it for..
ReplyDeleteနိုင်ငံတခုမှာ ဘဏ်ကြီးတွေ အကြောင်း သိသလောက်လေးပေါ့။ လူပြိန်းအသိပေါ့။ စီးပွားရေးပညာရှင် အသိတော့မဟုတ်ဘူးနော်။ ဘယ်လို ချိန်ထိုးကြည့်ရတယ် ဆိုတာလေး ကျနော် သိထားတာလေး တရက် မျှဝေပေးပါ ဦးမ
ှဆရာ့ဆောင်းပါးတစ်ခုမှာတွေ့ဘူးသလားလို့။ Sanction ကိစ္စ အစိုးရက စတာမို့ အစိုးရက ပထမ (အရင်ဆုံး) ပြန်ရုပ်သိမ်းပေးရမယ်။ ဒါကိုတရားဝင်လည်း ကြေညာပေးရမယ်လို့ ရေးထားတာ ဖတ်ဘူးသလား လို့ပါ။ ခုဒီဆောင်းပါးကျ အမေရိကန်ကိုယ်၌က မအောင်မြင်ပါဘူး ဝန်ခံထားတာကို ပါတီကြီးတွေက ဆက်ပိတ်လို့အော်နေတယ်၊ အတိုက်အခံတွေက ပိတ်ဆို့ရေးတောင်းဆို ဆက်တင်းခံနေကြတာ ပြန်စဉ်းစားသင့်တယ်လို့ တွေ့ရတော့ နည်းနည်း လည်သွားသလားလို့။ အားလုံးသိကြတဲ့အတိုင်း ပြည်တွင်းက လွှတ်တော်လိုင်း ပါတီတွေအားလုံး (အစိုးရရော အတိုက်အခံတွေကပါ) sanction ကိုရုပ်သိမ်းပေးဘို့ တစာစာ အော်နေကြပြီး လွှတ်တော် ပြင်ပအတိုက်အခံ (အဓိက NLD) တွေကသာ targeted sanction ဆက်ရှိသင့်တယ်လို့ ခံယူရပ်တည်ခဲ့ကြတာပါ။ ဒီလိုရပ်တည်ကြတဲ့ ပါတီတွေဟာလည်း လက်ရှိအစိုးရနဲ့ သူတို့အခြေခံဥပဒေအရ controversial status မှာမို့ အချိန်မရွေး မျိုးဖြုတ် ခံရနိုင်တဲ့ အနေအထားပါ။ ခုဘဲ ခြေလှမ်းတွေစနေကြပါပြီ။
ReplyDeleteဒီလိုအချိန်မျိုးမှာ ဆရာတို့လို ပုဂ္ဂိုလ်မျိုးရဲ့ တည်တံ့တဲ့ သဘောထားအမြင် နဲ့ ရှင်းလင်းဖွင့်ဆိုမှုဟာ ပြည်သူတွေ မှန်ကန်စွာ ရပ်တည်နိုင်ရေးအတွက် လွန်စွာအထောက်အကူ ဖြစ်စေမယ်လို့ ယုံပါတယ်။
ဆရာအပန်းမကြီးရင် နည်းနည်းလောက် တိတိကျကျလေး ထပ်ရှင်းပေးပါလား။
//ကိုဒီမိုဝေယံရေ အရင်တင်ထားရာမှာ spam ကြောင့်တင်မရတာနဲ့ ကျန်ခဲ့တဲ့အပိုင်းကို ပြန်တင်လိုက်ပါတယ်…ထပ်တင်ပေးပါဦး…//
ReplyDelete-ဖတ်မိသူတွေ တလွဲအတွေးချော်သွားနိုင်တဲ့ ဆရာလှိုင်မြင့်ရဲ့ အောက်ကစာပိုဒ်ကို ဆွေးနွေးချင်လို့ ပါ။
“”””မြန်မာပြည်မှာ ငွေဈေးကျတော့ ထိုင်းဖြစ်တုံး ကလို အာဆီယံတခုလုံးကို ဂယက်ကူးဆက်မှုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကျရင် အစိုးရက နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ကြီးကို ထောက်ပံ့ငွေ တောင်းရပါတော့မယ်။ အဲဒီကျရင် ပြင်မရအောင် လုပ်ထားပါတယ်ဆိုတဲ့ နာဂစ်ဥပဒေကြီး ..ဟဲဟဲ ကြည့်ကြသေးတာပေါ့။ ပြင်မရဘူးဆိုတာကြီး ဒူးထောက်သွားစေရပါမယ်။ ပြင်မရဘူး ပျက်သွားပါမယ်။ ၁၉၉၇- ခုနစ် အာရှငွေဈေးပြိုကွဲတော့ အာရှရဲ့ ကျားကြီး တကောင်အဖြစ် န.၀.တ. က ကိုးကားဖေါ်ပြခဲ့တဲ့ အင်ဒိုနီးရှား သမတကြီး ဆူဟာတိုဟာ ငွေကြေးပြိုကွဲလာတော့ နောက်ဆုံး ကမ္ဘာငွေကြေးရ့ပုံငွေအဖွဲ့  IMF (International Monetary Fund) အဖွဲ့ဆီကနေ ငွေကြေးထောက်ပံ့မှုကို လက်ခံခဲ့ရပါတယ်။ အဲဒီငွေကြေးအဖွဲ့ က ဒီလိုမဖြစ်ခင်က နိုင်ငံရေး စီးပွားရေး အကြံ ပြုဘူးပါတယ်။ လက်မခံခဲ့ပါဘူး။””””
-ဒါက ဘာကိုပြတုန်းဆိုတော့ စစ်အစိုးရကို တိုက်ခိုက်ချင်ဇောနဲ့  IMF ရဲ့ လုပ်နည်းလုပ်ဟန်ကို အပေါ်ယံကြောနားလည်ပြီး အားလုံးရောသမမွှေလိုက်တဲ့ အာသီသပါ။ ထောက်ပြချင်တာတွေက-
၁) IMF နဲ့ World Bank တို့ ဟာ Brettonwood Institutions များဖြစ်တဲ့အတွက် ဖွ့ံဖြိုးဆဲနိုင်ငံများကို ကူညီဖို့ ရည်ရွှယ်ချက်နဲ့ စစ်ပြီးခေတ်မှာ အမေရိကန်က ဦးဆောင် မတည်ထားတာပါ။ ဒါကြောင့် အဖွဲ့ ဝင်နိုင်ငံများစွာရဲ့ ထည့်ဝင်ငွေများနဲ့ ဖွဲ့ စည်းထားသောငြား အနောက်နိုင်ငံတွေရဲ့ အြဇာလွှမ်းပါတယ်။ ၁ ဒေါ်လာ ၁ မဲဆိုတဲ့စံနစ်နဲ့ ငွေချေးဖို့ သင့်မသင့်ဆုံးဖြတ်ကြပါတယ်။ (ခုခါ တရုပ်ကြီးချမ်းသာလာတဲ့အတွက် ဒီအဖွဲ့ အစည်းတွေမှာ ရှယ်ယာများစွာထည့်ဝင်လာနိုင်တဲ့အတွက် အနောက်လွှမ်းမိုးမှုကို ထိန်းညှိနိုင်တဲ့ လမ်းစအဖြစ်မြင်ကြပါတယ်။ တလောက ရွေးကောက်လို့ ဖြစ်လာတဲ့ ပြင်သစ်မကြီးကို ကန့် ကွက်ကြတဲ့ အဓိကအကြောင်းရင်းတစ်ခုက ဖွံ့ ဖြိုးပြီး ဥရောပသူတစ်ယောက်ဖြစ်နေလို့ ဆိုတာမမေ့ဖို့ ပါပဲ။) ။ မြန်မာဟာ မဆလ လက်ထက်ကအကြွေးတွေလည်းမဆပ်နိုင်၊ နောက်ထပ်ထပ်ချေးဖို့ ရာလည်း သတ်မှတ်ချက်မလိုက်နာနိုင်သေးတဲ့နိုင်ငံပါ။ ဒီနေရာမှာ “လူ့ အခွင့်အရေး” ကိစ္စနဲ့ အမေရိကန်ဟာ အတားအဆီးဖြစ်ကောင်းဖြစ်ဖွယ်ရှိနေပါတယ်။ ဦးမြင့်တို့ ရဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အစီအစဉ်မှာ ဒီအဖွဲ့ အစည်းတွေမှ ချေးငှားဖို့ မကြားရသေးပါ။ အခြားသောနိုင်ငံတွေမှာ သူတို့ ဆီကငွေပင်ငွေရင်းကို အတိုးနဲ့ ယူပြီးလုပ်ကြရစမြဲပါ။
//ကိုဒီမိုဝေယံရေ အရင်တင်ထားရာမှာ spam ကြောင့်တင်မရတာနဲ့ ကျန်ခဲ့တဲ့အပိုင်းကို ပြန်တင်လိုက်ပါတယ်…ထပ်တင်ပေးပါဦး…//
ReplyDelete၂) IMF ရဲ့ လုပ်ဆောင်နိုင်ခွင့်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံဥပဒေကို ပြင်ဆင်နိုင်လောက်အောင် အစွမ်းမရှိပါ။ စီးပွားရေးပြုပြင်ပြောင်းလဲမှုမျှကိုသာ တောင်းဆိုနိုင်တာပါ။ ဒီအဖွဲ့ တွေက ငွေချေးဖို့ ဆိုလျှင် သူတို့ တောင်းဆိုတဲ့ အချက်တွေက
• Cutting expenditures, also known as Austerity.
• Focusing economic output on direct export and resource extraction,
• Devaluation of currencies,
• Trade liberalization, or lifting import and export restrictions,
• Increasing the stability of investment (by supplementing foreign direct investment with the opening of domestic stock markets),
• Balancing budgets and not overspending,
• Removing price controls and state subsidies,
• Privatization, or divestiture of all or part of state-owned enterprises,
• Enhancing the rights of foreign investors vis-a-vis national laws,
• Improving governance and fighting corruption.
ဒီအချက်တွေထဲမှာ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံဥပဒေကို ထိပါးနိုင်တဲ့တောင်းဆိုချက်မျိုးတစ်ခုမှတွေ့ ရမှာမဟုတ်ပါဘူး။ စီးပွားရေးချွတ်ခြုံကြလာရင် နိုင်ငံရေးမတည်ငြိမ်ဖြစ်ပြီး အစိုးရတွေပြုတ်ကျလို့ အခြေခံဥပဒေကိုဖျက်သိမ်းလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးဆိုလျှင်ပြောလို့ ရပါတယ်။ ဥပမာ…၈၈အရေးအခင်းလိုမျိုး (ဒါပေမယ့်…အင်ဒိုမှာ ဆူဟာတိုပြုတ်ကျသွားပေမယ့် အခြေခံဥပဒေမပျက်ဘူး)။
အထက်ကကြိုတင်သတ်မှတ်ချက်တွေကို Structural Adjustment (သို့ ) Structural Reform လို့ ခေါ်ပါတယ်။ Macro-economic reform ကိုမျှသာတောင်းဆိုနိုင်တာပါ။ Neoliberalism အားလုံးဖွင့်ဝါဒပါ။ စီးပွားရေးမှာ အစိုးရရဲ့ ကန္တကို မပါသလောက် လျှော့ချဖို့ တောင်းဆိုတာပါ။ သူတို့ အရင်းရှင်နိုင်ငံတွေလိုပေါ့။ ဒါသည်ပင်လျှင် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်လို့  ဝေဖန်ခံနေရတာပါ။ ဒါပမယ့် ဒီပေါ်လစီတွေဟာ ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ မအောင်မြင်လှပါ။ နေပြည်တော်ကဖိတ်လို့ လာသွားတဲ့ နိုဘယ်ဆုရ ဆရာကြီး Stiglitz ဒီပေါ်လစီတွေကိုကောင်းကောင်းဝေဖန်ထားတဲ့ စာအုပ်တွေရှိပါတယ်။ မလေးရှား၊ စင်္ကာပူ..အစရှိတဲ့ နိုင်ငံတွေဟာ ဒီမူတွေနဲ့ ဆန့် ကျင်ပြီး အစိုးရကနေရာတကာပါ၊ ၀င်ထိန်း၊ စီးပွားရေးသမားတွေကိုလွှတ်ပေးမထားပဲ နိုင်နိုင်နင်းနင်းကိုင်ပြီး ရှေ့ တန်းရောက်လာကြလို့ ဒီအာရှကျားတွေကို ASIAN MIRACLE ဆိုပြီး သူတို့ တအံ့တအြလုပ်ကြပါတယ်။ ဆူဟာတိုကြီးက အကြောင်းမဲ့ အာခံနေခဲ့တာမဟုတ်ပါဘူး။ သူ့ ရေမြေနဲ့ မကိုက်လို့ ..။
၂) အခြေခံဥပဒေ ကိုပြင်ဆင်ရန်လွယ်ကူခြင်း (သို့ ) ခက်ခဲခြင်းဖြင့် ကောင်းသည်ဆိုးသည် မပြောအပ်ပါ။ အထူးသဖြင့် ဖက်ဒရယ်ကိုဦးတည်သော ဖွဲ့ စည်းပုံများဟာ (ဖက်ဒရယ် စစ်စစ်ဖြစ်သည်ဖြစ်စေ၊ မစစ်သည်ဖြစ်စေ) ပြင်ဆင်ရန်ခက်ခဲဖို့ လုပ်ထားခြင်းသည်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဥပမာ..အမေရိကန်နိုင်ငံဖွဲ့ စည်းပုံဥပဒေမှာ သမိုင်းတလျှောက် အကြိမ် ၂၀ ကျော်မျှသာ ပြင်ဆင်ရပါသေးတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံကဲ့သို့ ပြင်ဆင်ရန်မလွယ်ကူသော ဥပဒေပါ။ အခြားသော အကြောင်းအရာများဖြင့်သာ ကောင်းမကောင်းဆုံးဖြတ်အပ်ပါတယ်။ ကောင်းခြင်း၊ဆိုးခြင်းသည် သက်ဆိုင်ရာ နိုင်ငံနှင့်လူမျိုးတို့ ၏ သဘောသဘာဝနဲ့ အပ်စပ်မှုရှိမရှိ နဲ့ ရေခံမြေခံပေါ်မူတည်ပါတယ်။
Sanction နဲ့ပတ်သက်လို့ မြင်ကြားလာတာ တချို့လဲ ပြောပါရစေ။ တလောက ပြည်ပမီဒီယာတစ်ခုနဲ့ သီးသန့် စီစဉ် တွေ့ဆုံခန်းတစ်ခုမှာ မြန်မာပြည်ရဲ့ အကျော်ကြားဆုံး သူဌေးက သူ့ကြွယ်ဝမှု တွေကိုဝါကြွားရင်းနဲ့ “ဒင်းတို့ sanction ငါမကြောက် ဆေးတံကြီးနဲ့ ခေါက်” လို့ ငေါက်သွားတာ အားလုံးသိပြီး ဖြစ်ကြမှာပါ။ ဒိအရင် မရှေးမနှောင်းလေးကဘဲ သူဌေးရဲ့ဇနီးဖြစ်သူ ဥရောပနိုင်ငံတစ်ခု ရောက်သွားတာကို မီဒီယာသတင်းတစ်ရပ်အရ သိခဲ့ရပါတယ် သမီးဆေးကုဘို့လို့ဆိုပါတယ်။ စိတ်ဝင်စားဘို့ ကောင်းတာက အမေရိကန်ကသူ့သူငယ်ချင်းဆီကို သူဌေးကတော် ဖုံးဆက်တော့ ဆေးကုဘို့လာတဲ့နိုင်ငံကမဟုတ်ဘဲ တခြားဥရောပနိုင်ငံ တခုကနေ ဆက်တယ်ဆိုတာပါ။ အဲသည်နိုင်ငံဟာ မြန်မာအပေါ် EU Sanction ရုပ်သိမ်းရေးမှာ အားတက်သရော အရှိဆုံးနိုင်ငံ ဖြစ်နေတာကရော တိုက်ဆိုင်မှုတစ်ရပ်သက်သက်မျှသာဟုတ်ပါလား။ တခါဒီသူဌေးရဲ့ သြရဿက သူ့နာမည် Sanction List ထဲပါနေရကောင်းလားဆိုပြီး ICJ အထိစိမ်တက်ခေါ်ခဲ့ဘူးတာ ရှိနေတော့ စဉ်းစားစရာ ဖြစ်လာတာက စန်ရှင်(sanction)အတွက် ရတက်မအေးနိုင်ကြတာ ဘယ်သူတွေလဲ ဘာကြောင့်လဲဆိုတာတွေပါ။ ပြည်သူတွေ ဆင်းရဲမွဲတေနေကြတာ အထင်အရှားပါ။ ဘာကြောင့်မွဲပြီး ဘယ်သူ့မှာတာဝန်ရှိတယ် ဆိုတာလဲ အတော့်ကိုထင်သာမြင်သာ ရှိတဲ့ကိစ္စပါ။ ဒီလိုအခင်းအကျင်းမှာမှ စန်ရှင်မဲ့ကင်း ပြည်ခပင်း ဆင်းရဲလက်ငင်းပျောက်လတ္တံ့ လို့အော်ချင်တာ၊ အော်စေချင်ကြတာဟာ နှဲကြိုးဆရာတော်ရဲ့
ReplyDeleteနိုးလေးချက်ဥပမာထဲကလို “သိုက်စာဖတ်ရာ နားထောင်ပါ ဥစ္စာရနိုးနိုး” ဆိုတာထက်မပိုပါလို့ အားလုံးကို သိစေချင်တယ်။ ကျွန်တော်တို့ ပြည်သူတွေ နိုးနိုး သံသရာက လွတ်စေချင်ပါပြီ။ လွတ်လဲလွတ်သင့်ပါပြီ။ ဆရာ ဘယ်လိုမြင်ပါသလဲ။
ကိုလှိုင်မြင့်ခင်ဗျာ
ReplyDeleteခင်ဗျား မယားညီအကို ဆိုတဲ့ ဗမခ ကျော်သိန်း သမီးတွေ နယူးဇီလန်မှာရယ် စင်္ကာပူမှာရယ် ရှိနေတာလေးတွေပါဆောင်းပါးရေးသင့်တယ်လို့မထင်ဘူးလား။ သူခိုးကြီးသူအဖေပိုက်ဆံတွေကို သုံးပြီး နိုင်ငံခြားမှာရပ်တည်နေတယ်ဆိုလေးတွေပါ ရေးသင့်တာပေါ့နော်
ကိုလှိုင်မြင့်က သေချာသိမှာပါ
စောင့်မျှော်လျှက်
ကိုလောကပါလ မေးထားတဲ့ အဖြေ ဆရာပြန်ပို့ပေးထားတာ ရှိပါတယ်.. ဆောင်းပါးတစ်ပုဒ် အနေနဲ့ ကျွန်တော် ပြန်တင်ပေးပါမယ်...။
ReplyDeleteဥရောပ ၁၅ နိုင်ငံက၊ အ၀င် Visa တခုဘဲလိုပါတယ်။ တနိုင်ငံ နဲ့ တနိုင်ငံ ကူး ရင် မည်သည့် ICA မှမရှိပါ။ဥပမာ အီတလီက ၀င်ရင် အ၀င်မှာတံဆိပ် တုံးတခုဘဲရှိပါမယ်။ ပြန်အထွက် တံဆိပ်တုံးတခုရှိပါမယ်။ Visa သက်တမ်းအတွင်း ရထားစီးပြီး တနိုင်ငံနဲ့တနိုင်ငံကူးနေရင်ရပါတယ်။ ရထားပေါ်မှာ ရထားလက်မှတ်ဘဲစစ်ပါတယ်။ အဲဒါကြောင့်ပါ။
ReplyDeleteကျေးဇူးပါ။ EU ၂၇ နိုင်ငံ အနက် ၁၇ နိုင်ငံမှာ ဘုံငွေကြေး သုံးစွဲကြတာ၊ ၂၂ နိုင်ငံမှာ frontier or border control မရှိတာ ဒါကြောင့် သူတို့အချင်းချင်း Passport ပင်မလိုအပ်ပဲ သွားလာ နိုင်ပြီး non-EU citizens အတွက် ဗီဇာ တမျိုးတည်းဖြင့် ဝင်ထွက်နိုင်သည် ဆိုသော ဗဟုသုတလောက်တော့ ကျွန်တော့် တွင်ရှိပါသည်။ ထိုအချက်အလက်ထက်ပို၍ စဉ်းစားမိခြင်းသာ ရှိပါသည်။ အတွေးခေါင်တာ ဖြစ်ကောင်းဖြစ်ပါမည်။ လျော်ကန်သော
ReplyDeleteကြောင်းကျိုးမြင်က ဝေဖန်ထောက် ပြစေလိုပါသည်။
ဆိုခေ၇တီးကပညာ၇ပ်အမြင်နဲ့ဗဟုသုတတခုအပေါ်အခြေခံဝေဖန်မှုပေးတာလို့တွေ့သလိုနအဖလုပ်၇ပ်အပေါ်ဇောင်းပေးေ၇းသားချင်ပုံ၇ပါတယ်ဒါကိုမပေါ်လွင်အောင်နှစ်ဘက်မျှအမြင်လိုပြန်ချေထားပါတယ်သို့သော်ဗဟုသုတတော့၇ပါတယ်တကယ့်အခြေအနေမှန်ကိုတော့ ကိုလှိုင်မြင့်လို မမြင်နိုင်တဲ့သူပါ သူဟာနအဖဝန်ထမ်းတဦးဖြစ်ဖို့များပါတယ်အဲဒီအမြင်မျိုးကတော့စာပေဆန်ပေမယ့် အသုံးချမ၇တဲ့ ဝေဖန်မှုမျိုးပါဗျာ
ReplyDeleteစာပေလေ့လာမှုအားတခုအားကိုးနဲ့လုပ်တတ်တဲ့ပညာရှင်တွေရဲ့ဝေဖန်အကြံပြုမှုတွေဟာ ပညာရှင်ဆိုတဲ့စာပေမာနလေးနဲ့စင်ပေါ်တက်ပြချင်နေကြတာပါကိုလှိုင်မြင့်လက်တွေ့နယ်ပယ်မှာ သူံးမရတာတွေအများကြီးကြုံရဖူးပါတယ်လက်တွေ့ကျတော့အရမ်းလျော်တယ်စော်ကားတာမဟုတ်ဘူးနော်ပညာရှင်ပါဆိုပြီးအထင်တကြီးနဲ့နောက်လိုက်ယင်းလူတွေအတွေးအခေါ်လွဲမှာမျိုးတော့လက်မခံနိုင်ဘူးပညာအမြင်နဲ့သုံးသပ်ချက်ကိုတော့လက်ခံပါတယ်ငါ့သုံးသပ်ချက်ကအမှန်ငါပြောတာလက်ခံရမယ်လို့socretes ရဲ့အပြုသဘောမဆောင်တာကိုလည်းကန့်ကွက်ချင်တယ်
ReplyDelete//ကိုဒီမိုဝေယံရေ...တင်ရမရတော့မသိဘူး...ကျပ်ငွေတန်ဖိုးတက်ခြင်းနှင့်ပတ်သက်၍ ချင့်ချိန်နိုင်ဖို့  တင်ပေးလိုက်တာပါ….ဝေဖန်ဖို့ နဲ့ ဆင်ခြင်ဖို့ ဝေမျှလိုက်တာပါ..ပျော်ပျော်ပါးပါးပေါ့…//
ReplyDeleteဒီဆောင်းပါးမှာလတ်တလော ပုဂ္ဂလိကပိုင်ဆိုင်မှုပြုခြင်းနှင့်၊ ရင်းနှီးမြှုပ်နှံမှုကြောင့်တဲ့.. ပြည်တွင်းပြည်ပ ပညာရှင်တွေပြောကြဆိုကြတာတွေကို တွေ့ နိုင်တယ်….
http://www.myanmar-business.org/2011/06/experts-split-on-kyats-appreciation.html
ဒီဆောင်းပါးမှာတော့ မူးယစ်ဆေးထုတ်လုပ်မှုတိုးတက်လာခြင်းကို အကြောင်းရင်းတစ်ရပ်အနေနဲ့ ထောက်ပြထားပြန်သေးတယ်….ဖြစ်နိုင်ချေများတယ်လို့ မြင်မိရဲ့ …. http://burmadigest.info/2011/06/08/burma-related-news-june-08-2011/
အေရာဝတီမှာပါတဲ့….ဟောဒီဆောင်းပါးကတော့…..ဆရာလှိုင်မြင့်နဲ့ ပြောင်းပြန် “စတီးရွိုက်” ပြန်ကျွေးမလို့ သမ္မတအမိန့် စောင့်နေတယ်ဆိုပဲ…မေခလာ IMF ရင်ခွင်ထက် inflation ဘက်ကိုရွေးမယ့်ပုံ….
http://www.irrawaddy.org/article.php?art_id=21439#comment
//ကိုင်း….တင်လို့ ရမရမသေချာပေမယ့်… စီးပွားရေးပိတ်ဆို့ မှုနဲ့ ပတ်သက်ပြီး သိစရာလေးတွေမို့  ဆရာလှိုင်မြင့်ကိုအားပေးလိုက်ပါတယ်…ထင်တာမြင်တာလေးလည်း ဝေဖန်လိုက်ပါတယ်…စဉ်းစားဖို့ နဲ့ ဆင်ခြင်ဖို့ ပါ..ပျော်ပျော်ပါးပါးပေါ့…//
ReplyDelete-ဒါကတော့…ထပ်ပြီးပိတ်ဆို့ နိုင်တဲ့နည်းလမ်းတွေတဲ့….ဗမာငွေစာရင်းတွေ တရုပ်ဘဏ်တွေမှာရှိတာသေချာတယ်တဲ့… http://www.fas.org/sgp/crs/row/RS22737.pdf
-ဒါကတော့ … (targeted sanction) ပစ်မှတ်ထားပို့ ဆို့ မှုကိုထောက်ခံတယ်တဲ့… //(Altesean-Burma) ကဘာအဖွဲ့ လည်းမသိပါ… //http://democracyforburma.wordpress.com/2011/06/07/targeted-economic-sanctions-press-release-video-young-women-from-burma-support-targeted-economic-sanctions/
http://www.irrawaddy.org/opinion_story.php?art_id=20665
-ဒါကတော့ အာလုံးခြုံပိတ်ဆို့ မှု (blanket sanction) ဟာကနေဒါ တစ်နိုင်ငံတည်းလုပ်တာပါလို့ ပြောသွားတဲ့ BBC Reith Lecture ကဒေါ်စုရဲ့ ပိတ်ဆို့ မှုနဲ့ ပတ်သက်ပြီးရှင်းလင်းချက်… http://www.bbc.co.uk/podcasts/series/reith
-“ပိတ်ဆို့ မှုက အထည်ချုပ်ကို ထိခိုက်တာမှန်ပါတယ်…သို့ သော်မပြာပလောက်ပါ” လို့ ဝန်ခံပြီး IMF အလိုအရ ….ဆင်းရဲမွဲတေရခြင်းမှာ… ပိတ်ဆို့ မှုဟာ သိသာတဲ့အကြောင်းချက်လက်မဟုတ်တဲ့အတွက်…ဆက်ထားဖို့ နဲ့ …..ဒီကိစ္စတွေဟာ နိုင်ငံရေးအာရုံလွှဲဖို့ သက်သက်အတွက်လုပ်တာပါလို့  NLD နဲ့ ဒေါ်စုကပြော… http://www.zimbio.com/Aung+San+Suu+Kyi/articles/2LKZ_0ud8Fo/not+lift+economic+sanctions+NLD
-အာဆီယံမပါဘဲ စီးပွားရေးပိတ်ဆို့ မှု (unilateral sanction) ဟာ…မထိရောက်..တရုပ်ကြီးအမြတ်ထွက်တာပေါ့တဲ့.....
ReplyDeletehttp://edition.cnn.com/2009/WORLD/asiapcf/07/02/myanmar.sanctions/
-အာဆီယံက စီးပွားရေးပိတ်ဆို့ မှုဖယ်ရှားဖို့ တောင်းဆိုနေပြန်ပေါ့… http://www.voanews.com/english/news/asia/ASEAN-Meeting-Urges-Lifting-of-Burma-Economic-Sanctions--113871469.html
-ဒါက အရှေ့ တီမောနိုင်ငံလေးက(တီမောသမ္မတဟာ ဒေါ်စုကိုလှိုက်လှိုက်လဲလဲထောက်ခံသူပါ) မြန်မာအပေါ် ပိတ်ဆို့ မှုဖယ်ရှားပေးဖို့ တောင်းဆိုတာ… http://www.earthtimes.org/articles/news/249908,east-timor-president-opposes-international-sanctions-on-myanmar.html
-အမေရိကန်ပိတ်ဆို့ မှုဟာ စစ်မျက်နှာတိုင်းမှာ ကျရှုံးနေ…မြန်မာပြည်မှာလူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးလည်းတိုးတက်မှုမရှိ၊ မြန်မာပြည်သူတွေရဲ့ လူမှုဖူလုံရေးကိုထိခိုက်တဲ့…. http://www.cato.org/pubs/trade/tpa-001.html
-ပိတ်ဆို့ မှုကတိုက်ရိုက်ရောသွယ်ဝိုက်ရော တတိုင်းပြည်လုံးရဲ့ စီးပွားရေးစွမ်းဆောင်ရည်အပေါ်မှာ ကန္တအလိုက် ပြင်းပြင်းထန်ထန်သက်ရောက်စေတယ်တဲ့… NFTC (National Foreing Trade Council) က Massachusetts state law ဟာ အမေရိကန်အခြေခံဥပဒေနဲ့ ဆန့် ကျင်တယ်ဆိုပဲ…http://www1.american.edu/ted/burma.htm
***ဒီစီးပွားရေးပိတ်ဆို့ မှုနဲ့ ပတ်သက်လို့ ပြောနိုင်တာတစ်ခုကတော့…အစိုးရရော NLD ရော ကိုယ်ပြောခဲ့တဲ့စကားကို ကိုယ်တာဝန်မယူရဲကြတာမှာတော့ အတူတူပါပဲ…
“စီးပွားရေးပိတ်ဆို့ တာ ဒို့ မမှုပါ” အော်ခဲ့တဲ့အစိုးရ အခု “ဖွင့်ပါ” ”ဖွင့်ပါ ” လို့ တစာစာအော်နေပြီ။
“နိုင်ငံခြားခရီးသည်တွေ မြန်မာပြည်ကို လာဖို့ ဆိုတာပြန်စဉ်းစားကြပါ” တဲ့ 1996 Visist Myanmar Year မှာဒေါ်စု ကိုယ်တိုင် BBC မှာပြောခဲ့တာ….Davos Economic Forum မှာ ဂျာမဏီက ပျော့ပျောင်းသလိုရှိလာတော့..”What kind of reward? For what ?”တဲ့မိန့် ခွန်းအဆုံးမှာ ထဲ့ပြောသွားတယ်…။ အခုကြတော့… “စီးပွားရေးပိတ်ဆို့ တာဟာ သက်ဆိုင်ရာ နိုင်ငံများရဲ့ သဘောထားပါ” တဲ..။
ကဲ….အရပ်ကတို့ ရေ….ဒီမိုး၊ဒီလေ၊ ဒီလူတွေနဲ့ …အဆုံးတော့..မြန်မာပြည်ရဲ့ သားတရားစီရင်ခန်းဟာ …. တရားသူကြီးပေါင်ချိန်က လာဘ်စား၊ သားသည်မအေ လို့ ဆိုကြတဲ့ ၂ ယောက်စလုံးက ပြည်သူအပေါ်စာနာမှုလုံးလုံး..ကင်းမဲ့ကြလေဟန်ပါပဲ…။
နိုင်ငံရေးမှာလူထုထောက်ခံမှုရတိုင်း အာဏာမရတတ်။ ဗျူဟာမရှိ၊ပရိရယ် မသိတဲ့ NLD “အသံကြောင့်ဖါးသေ” (ဦးကြည်မောင် ကိစ္စ) လုပ်ခဲ့တဲ့ကိစ္စကို သင်္ခန်းစာမယူ။ ခုတခါလည်း ပိတ်ဆို့ မှုကိစ္စကို အော်ကြီးဟစ်ကျယ်လုပ်။..ကျားငစဉ်းလဲကြီးတွေရဲ့ ဝင်္ကန္တ ထောင်ချောက်ထဲ ၀င်တိုးပြန်တယ်လို့ ထင်မြင်မိပါကြောင်းခင်ဗျာ….
မောင်ဆိုကရေးတီးရေ
ReplyDeleteမောင်ရင့်ဟာက နင်မဟုတ်ရင် နင့်အမေဆိုတာမျိုး ဇွတ်ကြီးပါလား။ ပိတောက်လဲ ကောင်းပါတယ် ကျွန်းလဲကောင်းပါတယ်၊ သစ်ယာလဲကောင်းပါတယ် ကျွန်းလဲကောင်းပါတယ်၊ ဆိုတဲ့ ရာဇဝင်ထဲက ပျော်တော်ဆက်ထုံးနှလုံးမူပြီး အစိုးရလဲချာပါတယ်၊ ဒေါ်စုလည်းချာပါတယ်၊ NLD လဲချာပါတယ်၊ ဒေါ်စုလည်းချာပါတယ် လုပ်လာပြန်တာ သိသာလွန်းသလားလို့။ ကွန်မြူနစ်ထမိန်ခြုံရင်း ဠင်းတ ဖြစ်မလာတော့ ဘယ်လိုဆယ့်နှစ်ကြိုးတွေများသုံးပြီး ဟေ့ ဒီမှာကြည့် ဠင်းတလောက်တော့ ငှက်တိုင်းလှသဗျ လုပ်ချင်သေးလို့ပါလိမ့်။ အာဃာတ ကလဲကြီးပါ့ မောင်ကျောင်းသားရယ်။
ကျုပ်နားလည်ပြီး ဖြစ်ပေမယ့် အများကိုလည်း စဉ်းစားဝေဖန် စေချင်သေးတာမို့ မေးချင်တယ်။
မောင်ရင်ကပျာကယာ ဆွဲထုတ် ပြလာတဲ့ umpteen reference တွေခဏဘေးဖယ်ထား၊ မောင်ရင့်ကိုယ်ပိုင် သဘောတရားက ဘာများပါလိမ့် ဆိုတဲ့မေးခွန်းပါ။ နောက်ပြီး မောင်ရင်ခိုင်းနှိုင်းတဲ့ (တကယ်တော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ခိုင်းနှိုင်းခဲ့ပြီးသားကို မောင်ရင် ပြန်လည်ဆန်းသစ်လာတဲ့)
မြန်မာပြည် သားတရား စီရင်ခန်းမှာ ဘယ်သူက သားသည်အမေ ဖြစ်ပြီး ဘယ်သူက ဘီလူးမ ဖြစ်မယ်လို့မောင် ယုံကြည်လဲ။ ဒါ့အပြင် အကယ်၍ မောင်သာမဟော်သဓါ ဖြစ်ခဲ့ရင် (ပေါင်ချိန်လက်တော့ မအပ်ပါရစေနဲ့ မောင်ရင်ရယ်၊ ရှိသမျှမြေပေါ်မြေအောက် သယံဇာတအပြင် တရားစီရင်ရေးကိုပါ တရုတ်လက် အပ်စေချင်သေးလို့လား) ဘာကိုကြည့် ဘယ်လိုဆုံးဖြတ်ပြီး ဘယ်သူ့ကို အနိုင်ပေးမှာလဲ။ အားလုံးသိအောင်ဖြေကြည့်ပေးလှည့်ပါလို့ ကျုပ်ကပဲမေတ္တာရပ်ပါရစေ။ ပြည်သူတွေအကျိုးငှါမေးရခြင်းပါ။ ပြီးတော့ အထောက်အထား အရှာအဖွေ ဇွဲကောင်းပြီး အချိန်လဲပေါပုံရတဲ့ မောင်ရင်နဲ့လည်းသင့်မယ်ထင်လို့ပါ။ ပြီးတော့မှ အားလုံးဝိုင်းဝန်း အဖြေညှိကြတာပါ့။ ဖြစ်ပါတယ်နော်။
Socretes ဆိုတဲ့ စစ်ကျွန်က စာဖတ်သူတွေကို နားလှည့်ပြီး ပါးရိုက်မလို့ ကြိုးစားနေတာပါ..
ReplyDeleteSocretes လို စစ်အစိုးရရဲ့ ဒေါက်တိုင်တွေကြောင့် စစ်အစိုးရ သက်ဆိုးရှည်နေတာပါ..
//အော်...ဒီလောက်ရှင်းနေတာကို..ဖြစ်မှဖြစ်ရလေ..။ဆင်ကြီးတွေ့ နေတာ.."ဆင်ခြေရာဘယ်မလဲ" တဲ့...//
ReplyDeleteပညာရပ်ဆိုင်ရာနဲ့ ပတ်သက်ရင် ပညာရှင်လိုရှင်းလင်းရတယ်။ ငြင်းချက်ထုတ်ရတယ်။ ခိုင်မာတဲ့အကိုးအကားကိုပေးရတယ်။ သက်သေပြချက်မပါ "ငါ့စကားနွားရ" လုပ်လို့ မရပါ။ အတင်းအဖျင်းနဲ့ ပညာရပ်ကိုခွဲခြားနားလည်ပါစေ။ ကိုယ်ယုံကြည်ရာကို ခုခံလိုလျှင် ကျိုးကြောင်းခိုင်လုံတင်ပြလေ။ ပေးထားတဲ့ လင့်ခ်တွေဟာ "ဘယ်သူနဲ့ အမျိုးတော်လို့ " "မယုံရင် ဘယ်သူ့ ကိုသွားမေး" တခုမှမပါပါ...။အားလုံးဟာသုတေသန စမ်းစစ်ချက်စာတမ်းတွေနဲ့ သတင်းမီဒီယာထုတ်ပြန်ချက်တွေပါ။ နိုင်ငံတကာအဖွဲ့ အစည်းတွေက ထုတ်ပြန်ထားတာပါ။ ဒါကိုသေချာစေချင်လို့ လင့်ခ်ကိုပါတင်ပေးလိုက်တာဖြစ်တယ်။ မိမိကိုယ်မိမိသတ္တိရှိရှိပြန်ကြည့်ရဲဖို့ တော့လိုပေမပေါ့။ "အဆိပ်သောက်ကြေး၊ ဆိုင်ယာနိုဒ်သောက်ကြေး" စိန်ခေါ်စရာမရှိပါဘူး။ တင်ပြတဲ့အကိုးအကားအချက်အလက်တွေကို ဘာကြောင့်မှားယွင်းကြောင်း၊ ဘယ်နေရာမှာ အံချော်နေကြောင်း ခိုင်ခိုင်လုံလုံတင်ပြစေချင်တယ်။ ဒီလိုပြောလိုက်လို့ ဆရာလှိုင်မြင့်ရဲ့ ပုဂ္ဂလိကအတွေ့ အကြုံကို ရာနှုန်းပြည့် မှားတယ်လို့ မဆိုသလို မှန်တယ်လို့ လဲမဟုတ်ပါ။ အကြာင်းချင်းများစွာတွေထဲက တချို့ သောအကြောင်းတွေမျှသာဖြစ်တယ်ဆိုတာကို ဆင်ခြင်နိုင်ဖို့ ပါပဲ။...ဒီလိုပညာရပ်ဆိုင်ရာကိစ္စမျိုးကို အရပ်ပြောနဲ့ အချိန်မကုန်ချင်လို့ ပါပဲ။ ဒါသာလျှင် ဒီမိုကရေစီ ကျင့်စဉ်ဖြစ်တယ်။ကိုယ်နဲ့ အလိုတူလျှင်ပြောသမျှလက်ခုပ်တီး၊ မတူလျှင် ဆိုသမျှ ရန်လိုတဲ့အကျင့်တွေဟာ အာဏာရှင်ကိုမွေးထုတ်တဲ့ အကျင့်တွေပါပဲ။
***...ဆင်ခြင်ဖို့ နဲ့ စဉ်းစားဖို့ ဝေငှလိုက်တာပါ...ပျော်ပျော်ပါးပါးပေါ့.....။ အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ဆရာလှိုင်မြင့်ဆောင်းပါးများကို မျှော်လင့်လျှက်...ကျိုးကြောင်းခိုင်လုံသောတင်ပြချက်များ၊ ငြင်းဆိုချက်များကို ကြိုဆိုလျှက်...
//ကိုဒီမိုဝေယံရေ...မအားလပ်အောင်ကွန်မင့်တွေတင်ချင်တဲ့ဝါသနာကြောင့်...လာပြန်ပြီဗျို့ ...စိတ်ရှည်လက်ရှည်နဲ့ တင်ပေးတာ...ကျေးဇူး။ ဆရာလှိုင်မြင့် ပြီးအောင်ရေးတာစောင့်ဖတ်ပါရစေဦး....ပြီးမှ ဝေဖန်လေကန်ဦးမယ်...ခုလိုပဲ စိတ်ရှည် သည်းခံလိမ့်မယ်လို့ ထင်ပါတယ်ဗျာ...ဝေဖန်ဖို့ နဲ့ ဆင်ခြင်ဖို့ ပါ...ပျော်ပျော်ပါးပါးပေါ့..။//
ReplyDeleteတကိုယ်တော်ပိတ်ဆို့ ခြင်းဟာ အမေရိကားအဖို့  ရန်သူထက် မိမိကိုယ်မိမိ ပြန်အထိနာစေတယ်တဲ့…အမေရိကန်ပို့ ကုန်လုပ်ငန်းကို ထိခုက်စေလို့ တဲ့…(မြန်မာပြည်လို နိုင်ငံအတွက်တော့မှန်မယ်မထင်…) http://www.cato.org/pub_display.php?pub_id=10888
-ဒီစာတမ်းကတော့…ဒေါ်စုရဲ့ ”ကြောက်ရွံ့ ခြင်း” နဲ့ ပတ်သက်တဲ့ ရေးသားချက်နဲ့ ဖွင့်ထားပြီး…အီးယူရဲ့ ပိတ်ဆို့ မှုဟာ WTO ရဲ့ ဥပဒေရေးရာနဲ့ ညီညွန်မှုရှိမရှိ ဆန်းစစ်ထားတယ်။ ပိတ်ဆို့ မှုတွေကိုပြင်းပြင်းထန်ထန်တိုးမြှင့်လိုက်ခြင်းဟာ EU အတွက် Articles I, III, and XI, of the GATT ကိုချိုးဖောက်ရာရောက်စေနိုင်ပေမယ့် ချွင်းခြက်အဖြစ်ထားတဲ့ “အများပြည်သူဆိုင်ရာကျင့်ဝတ်များကိုကာကွယ်ခြင်းပုဒ်မ “Article XX(a) နဲ့ တော့ညီညွန်မှုရှိလေရဲ့ တဲ့…http://students.law.umich.edu/mjil/uploads/articles/v29n2-howse-genser.pdf
-ဒေါ်စု လွတ်မြောက်လာမှုဟာ EU ပိတ်ဆို့ မှုကိုဖယ်ရှားနိုင်မှာမဟုတ်ပေမယ့် EU အဖွဲ့ ဝင်တွေကြား စိတ်ဝမ်းကွဲမှုကို ဖြစ်စေတယ်တဲ့…အီးယူကုမ္မဏီတွေက ဒါကိုအမြတ်ထုတ်ဖို့ ကြိုးစားလာနေတယ်တဲ့..ဒီသတင်းကဆိုလေရဲ့ 
http://burmacentredelhi.org/publication/articles/558-european-firms-seize-on-suu-kyi-release-to-hunt-profit-in-burma.html
အီးယူပိတ်ဆို့ မှုဟာ “ဗိုလ်ချုပ်တွေကို ပိုချမ်းသာသွားစေပြီးတော့ ပြည်သူပိုဆင်းရဲလာစေတယ် “ ဆိုတဲ့ ရန်ကုန်မြို့ ခံတစ်ဦးရဲ့ ဖြေဆိုချက်ကို ကိုးကားသွားတဲ့ ဒီသတင်းမှာ… EU ဟာ မြန်မာနိုင်ငံကို “တရုပ်ပြည်နယ်တစ်ခုဖြစ်စေဖို့ မဟုတ်၊ မြန်မာမိန်းကလေးတွေ ပြည့်တန်ဆာဘ၀ ရောက်စေဖို့ မဟုတ် “ လို့ သူထင်တယ်တဲ့…ပိတ်ဆို့ မှုဟာ ကျောက်ခေတ်လက်နက်မဖြစ်သင့်၊ ပြုလွယ်ပြင်လွယ်တဲ့ နိုင်ငံရေးလက်နက် တစ်ခုဖြစ်ဖို့ သင့်တယ်…EU ပေါ်လစီအပြောင်းအလဲတစ်ခုလုပ်ဖို့ ….မြန်မာပြည်တွင်းက အားလုံးသော အုပ်စုတွေနဲ့ ဆွေးနွေးဖို့ လိုတယ်တဲ့…(ဆက်စပ်ပြီး ဂျာမန် သံအမတ်ကြီးဟောင်းက ဦးမြင့်ရဲ့ စာတမ်းကို အသုံးမကျ…စီးပွားရေးပိတ်ဆို့ မှုတန်းလန်းနဲ့ ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်မလဲ လို့ ဝေဖန်ထားတာကိုလည်းတွေးမိရဲ့ )
http://www.burmanet.org/news/2011/06/21/financial-times-uk-it-is-time-to-fine-tune-sanctions-on-burma-%E2%80%93-markus-loening/
-ဒါကတော့ …တလောက EU ကပိတ်ဆို့ မှုကိုအတော်အသင့်လျော့ပေါ့ပေးလိုက်တဲ့ သတင်းပါ http://www.voanews.com/english/news/asia/EU-Eases-Sanctions-Against-Burmese-Government-119709069.html