မြန်မာအစိုးရသစ်၏ ဖိတ်ကြားချက်အရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၁၁ ခု၊ ဇူလိုင်လ(၂၅)ရက် နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် ပြည်တွင်းပြည်ပ သတင်းဌာနများသို့ ပြည်ထောင်စု ၀န်ကြီးဦးအောင်ကြည်မှ (ပြည်သူလူထုများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဦးနှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ အခွင့်အလမ်းများရရှိနိုင်မှု၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ အများပြည်သူ အကျိုးစီးပွါး ဖြစ်ထွန်းစေရေး ကိစ္စနှင့် သင့်တော်သော နေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံပါဦးမည်) ဟုပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ (ဘယ်သူတွေနဲ့ ဘယ်လိုကိစ္စပဲပြောပြော ကျမတို့ရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံနဲ့ တိုင်းပြည်သူ ပြည်သားများ အကျိုးပြုဖို့ အတွက်ကိုပဲ ရည်ရွယ်ပါတယ်)ဟု ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ခဲ့သော စစ်အစိုးရလက်ထက်တွင် မြန်မာ့ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်ဆံရေး ဝန်ကြီးအဖြစ် ၂ဝဝ၇ အောက်တိုဘာလတွင် စတင်တာဝန်ပေးအပ်ခြင်း ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် (၉)ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ယခုသမ္မတဦးသိန်းစိန်၏ အစိုးရသစ် တက်ရောက်လာသည့် အချိန်တွင် အစိုးရသစ်နှင့် ပထမဆုံးအကြိမ် စတင်တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်ဟု သိရှိရပါသည်။
သတင်း... ဓာတ်ပုံ၊ ဒီမိုကောင်းကင်...
သတင်း... ဓာတ်ပုံ၊ ဒီမိုကောင်းကင်...



နှစ်တွေ လဲ အတော်ကြာ နေ ပါ ဘီ ၊ တိုင်းပြည် လဲ ဖွတ်ဖွတ် ညက်ညက် ကြေ နေ ပါ ဘီ။
ReplyDeleteကမ္ဘာ မှာ ပြည်သူ ပြည်သား အားလုံး အတွက် ၊ ရှက် စ ရာ က လဲ အတော် ကောင်း နေ ပါ ဘီ။
အားလုံး ၊ အားလုံး ၊ စေ တ နာ ၊ စိတ် က လေး ၊ အမှန် ရှိ ပေး ကြ ပါ ပ ဗျား ။
ထူးမခြားနား
ReplyDeleteထူးမခြားနား
ReplyDeleteဘာမှထူးခြားမူ့ရမှာမဟုတ်...Ms Clinton ကအာဆီယံအစည်အဝေးမှာ..ပြောသွားလို့ဟန်ပြလုပ်ပြတာပါ..ဒီအကွက်တွေကရိုးနေပီ..သန်းရွှေနဲ့.သိန်းစိန်ရေ.. မိမ္မကျင့်မိမ္မကြံ..လုပ်ကွက်တွေ..စစ်ဗိုလ်ချူပ်တွေလုပ်ပီး..ထမီဝတ်ထားကြ..စောက်ရှက်မရှိတဲ့ကောင်တွေ..
ReplyDeleteအပြန်အလှန်ဆွေးနွေးခြင်းဖြင့် ယဉ်ကျေးသော ရင့်ကျက်သည့် လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်နိုင်ဖို့ဖြစ်နိုင်ပါသည်..။
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ (အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)
အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ယဉ်ကျေးသော ရင့်ကျက်သည့် လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်နိုင်ဖို့ဖြစ်နိုင်ပါသည်..။
ReplyDeleteလုံးဝမထင်ပါ..ဘယ်လိုအကေါက်ကြံဦးမလဲဆိုတာစောင့်ကြည့်ရမှာပဲ..ဘယ်တုံးကမှသမိုင်းမှာ.ဘာတခုမှလူထုအထွက်ထည့်စဉ်းစားခဲ့တာမရှီပါဘူး..ဖိအားပေးတာတွေလျော့သွာအောင်.ဟန်ပြလုပ်ပြတာပါ...ဓမြတိုက်စားနေကြလူဟာ..ဓမြစိတ်ဘယ်တော့မှမပျောက်ပါဘူး..။
ပြည်သူ့အကျိုးအတွက် နှလုံးသားထဲမှာ တကယ်ရှိတယ်ဆိုရင် စာရွက်ကိုင်ပြီး ရွတ်ပြနေစရာ မလိုပါဘူး။ (ဘယ်သူက စာကြည့် ဖတ်ပြနေရတယ်ဆိုမှာ ပုံမှာ အသိသာကြီးပါ။)
ReplyDeleteဒီလိုနဲ့ဘဲနောက်ထပ်နှစ်(၂၀)
ReplyDeleteနောက်ထပ် အနှစ် နှစ်ဆယ် မဖြစ်အောင် အားလုးံ ကျိုးစားကြရမှာပေါ့ .။
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ ( ဆုပ်ကိုင်ထားလို့မရပါဘူး)
အောင်ကြည်ရုပ်က အောင်ခိုင်(လူကြမ်းမင်သား) ရုပ်နဲ့အတော်တူပါလား..
ReplyDeleteအောင်ကြည်ရုပ်ကြည့်ရတာ.သန်းရွှေရေးပေးလိုက်တဲ့စာ.ဖတ်ပြနေတဲ့ရုပ်ဘဲ..လူလိမ်လူကောက်ရုပ်...
ReplyDelete