Pages

Sunday, July 24, 2011

ဗုဒ္ဓဘာသာကောင်း တစ်ယောက်၏ စွမ်းအား.. (ရွှေညဝါဆရာတော်)

Shwe Nya War Sayartaw by demowaiyan

ဗုဒ္ဓဘာသာကောင်း တစ်ယောက်၏ စွမ်းအား.. (ရွှေညဝါဆရာတော်) (အသံဖိုင်)
အဆုံးအမသြဝါဒပေးသူကို မသူတော်တွေများ မုန်းတီး၍ ရှုံချ၍ ဟန့်တား၍ ပိတ်ပင်၍ နှောင့်ယှက်၍တဲ့။  မုန်းတီးတယ် ဆိုတဲ့စကားလုံးကိုချဲ့ရင် မုန်းတီး၍ ရှုံချ၍ ဟန့်တား၍ ပိတ်ပင်၍ လို့ အဓိပ္ပါယ်ရတယ်...။ မသူတော်များက မုန်းတီးတာကိုမှ တို့က ကြံ့ကြံ့ခံ၍ ကြိုးစားအားထုတ်ကြတယ်..။

ဘာသာရေးတွင် ရဟန်းသည် ခေါင်းဆောင်ဖြစ်၏တဲ့..။ ခေါင်းဆောင်သည် မှန်ကန်တဲ့ဖက်က ခေါင်းထောင်ခွင့် မရှိဘူးတဲ့။ ငါမှန်တယ် ငါဟုတ်တယ် တရားမျှတတယ်ဆိုပြီး နည်းနည်းလေးမှ ခေါင်းသွားမထောင်နဲ့ ထောင်ခွင့် မရှိဘူး..။ ခေါင်းဆောင်ဆိုပြီး ခေါင်းငုံနေခဲ့ရတဲ့ အခါမျိုးတွေ မနည်းဘူး။ ခေါင်းထောင်ခွင့်မရတဲ့ ခေါင်းဆောင်ပါတဲ့။ အဲ့ဒီတော့ ရဟန်းသည် ဘာသာရေးတွင် ခေါင်းဆောင်ဖြစ်၏ဆိုတာ ဒီကနေ့တော့ အပြည့်အဝ မမှန်သေးဘူး... နောင်သောအခါ ဘယ်အချိန်မှများ မှန်လာမလဲဆိုတာ မပြောတတ်သေးဘူး....။(တရားအသံဖိုင်ပါ ဟောကြားချက်လေးပါ)

အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်...

တရားအသံဖိုင်အတွက် ဦးဥာဏ်၊ ကိုမောင်ဦးတို့အား ကျေးဇူးတင်ပါသည်..။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။