ILBC နှင့် အမေ့အိမ် ( မ/ဥက္ကလာ)
လူကြီးမင်းများ ခင်ဗျား.....
လူကြီးမင်းတို့၏ သားသမီးများ ILBC, TOTAL, MIS ကဲ့သို့ Int'l School များတွင် Air con ခန်းများ၌ အေးချမ်းစွာ ပညာ သင်ကြားနေကြသကဲ့သို့ ကျနော်တို့၏ သားသမီးများလည်း အမေ့အိမ်ကဲ့သို့ အခမဲ့ ပညာဒါန ကျောင်းလေးများတွင် အေးချမ်းစွာ ပညာသင်ကြားခွင့်ပြုပါ။
ကျနော်တို့၏ သားသမီးများသည် S'pore, Austria ကဲ့သို့ ပြည်ပနိုင်ငံများကိုလည်း သွားရောက်ပညာ မသင်ကြားနိုင်ပါ။ ILBC, TOTAL, MIS ကဲ့သို့ ပြည်တွင်းရှိ Int'l School များတွင်လည်း တက်ရောက် ပညာမသင်ကြားနိုင်ကြပါ။ နောက်ဆုံး မိမိတို့ မြို့နယ်အတွင်းရှိ နာမည်ကြီး အစိုးရကျောင်းသို့ပင် အပ်နှံရန် မတတ်နိုင်သော မိသားစုများမှ ကလေးများဖြစ်ကြပါသည်။ အချို့ကလေးများဆိုလျှင် ကျောင်းပင် မနေနိုင်ကြပါ။
လူကြီးမင်းတို့၏ သားသမီးတစ်ယောက် ILBC တွင် တစ်လ ပညာသင်စရိတ်သည် ကျနော်တို့ အမေ့အိမ်ကျောင်းမှ ကလေး အယောက် (၃၅၀) ကို တစ်လ ပညာသင်ကြား ပေးနိုင်ပါသည်။ ထိုကလေးများ၏ အနာဂတ်သည် ကျနော်တို့ တိုင်းပြည်အနာဂတ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သောကြောင့် ထိုကလေးများ အနာဂတ်လှပဖို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေသော အမေ့အိမ် ပညာဒါန အခမဲ့ကျောင်းလေးများကို ဖိအားပေးခြင်း ၊ပိတ်ပင်ခြင်းများ မပြုလုပ်သင့်ပါ။
မ/ဥက္ကလာပ အမေ့အိမ် အခမဲ့ပညာဒါန ကျောင်းလေးသည်.. မည်သူတစ်ဦး တစ်ယောက်မျှ မနေသည့် လမုတောကိုရှင်းပြီး ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။ မည်သူကိုမျှ ထိခိုက်နစ်နာခြင်းမရှိပါ။ အလွန်ဆင်းရဲနွမ်းပါးသော ကလေးများ ကိုပညာသင်ကြား ပေးနေခြင်းသာ ဖြစ်ပါသည်။
လူကြီးမင်းများ ကိုယ်တိုင်လာရောက် လေ့လာကြည့်စေချင် ပါသည်။ အမေ့အိမ် အခမဲ့ပညာဒါန ကျောင်းလေးများသည် တည်ဆဲဥပဒေနှင့် မညီညွတ်ဟု အကြောင်းပြ၍ လည်း မတားဆီးသင့်ပါ။ တာဝန်ရှိလူကြီးများ အပိုင်းမှ ကလေးများရဲ့ အနာဂတ် အရေးအတွက် အလေးအနက်ထားစဉ်းစားပြီး သင့်တော်မည့် နည်းလမ်းဖြစ် ကူညီပေးသင့်လှပါသည်။ ပညာရှိ လူကြီးလူကောင်းများပီသစွာ သားသမီးချင်း ကိုယ်ချင်းစာနာသော မေတ္တာ ဂရုဏာစိတ် ထားသင့်လှပေသည်။
မူအသစ်ဖြစ် ကျနော်တို့ တိုင်းပြည်အားပြန်လည် တည်ဆောက်နေသည့် ယခုလို အချိန်ကာလတွင် အတွေးအခေါ် အသစ်များ၊ အကျင့်အကြံ အသစ်များဖြစ် ပြည်သူအချင်းချင်း ရိုင်းပင်းကူညီ ပူးပေါင်း ဆောင်ရွက်ကြမှသာလျှင် ကျနော်တို့ အားလုံးမျှော်မှန်း သော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။
အားလုံးကို လေးစားစွာဖြင့်
ကိုငယ် ( ၀၉ ၅၁၆၂၀၆၀ )





ကိုငယ်ရေ...ဒီမိုကနေရေးလို့ စစ်အစိုးရလက်ဝေခံ.ကြံ့ဖွံ့အစိုးရကသိချင်မှသိမှာ..သိတောင်မှမသိချင်ယောင်ဆောင်နေမဲ့ကောင်တွေ..ကေါင်းတာကထိပ်ပြောင်ဆီတိုက်ရိုက်ရေးဖို့လိုလိမ့်မယ်..ဗမာပြည်လည်းဘာကြောင့်ဒီလူရုပ်မာတွေရှိနေရတာလဲ..ကွန်မြူနစစ်တပ်မတော်.ဖက်ဆစစ်နာဆီတပ်မတော်ဖြစ်နေပီ..သခင်သန်းထွန်းပီးတော့.သခင်သန်းရွှေ ကနေရာယူလိုက်တာဘဲ..
ReplyDeleteကောင်းတယ် ဗျာ
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ.(အမှန်တရားကိုဘယ်သူအနိုင်ရဖူးလဲ)
ဆွေးနွေးမှုက အကျိုးရှိတဲ့ ရလဒ်အဖြစ် အာဇာနည်နေ့ ဂါရဝပြုခွင့်ရတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားတောင် ပြောကြားခဲ့ပြီးပြီလေ။ အဲဒီလမ်းမှန်အတိုင်း လုပ်ရမှာပေါ့။ လူမူရေး အသင်းအဖွဲ့ လုပ်ချင်ရင်လဲ ပြည်ထဲရေးဝန်ကြီးဌာနကို လုပ်ထုံးလုပ်နည်းနဲ့ အညီလျှောက်ပါ။ ဥပဒေနှင့် အညီ ဆောင်ရွက်ပေးပါမည် ဆိုပြီး သတင်းစာထဲမှာတောင် ထည့်ထားသေးတာဘဲဗျာ- ဘာတွေ သိပ်ခက်နေလဲ။ ခလေးတွေ ပညာတတ်စေချင်တယ်။ လူကြီးတွေ မာန်တွေလျှော့ကျပါဗျာ-
ReplyDelete'ဥပဒေနှင့် အညီ ဆောင်ရွက်ပေးပါမည် ဆိုပြီး သတင်းစာထဲမှာတောင် ထည့်ထားသေးတာဘဲဗျာ- ဘာတွေ သိပ်ခက်နေလဲ။ ခလေးတွေ ပညာတတ်စေချင်တယ်။ လူကြီးတွေ မာန်တွေလျှော့ကျပါဗျာ-'
ReplyDeleteဥပဒေနှင့် အညီ ဆောင်ရွက်ရအောင်.မင်းအမေလင်ရုံးတွေက ပါးစပ်ပေါက်ဟပီး.တောင်ဖို့စောင့်နေတယ်လေ..ဆင်းဆင်းရဲရဲနဲ့လုပ်နေရတာတွေဘာတွေနားလည်တာမဟုတ်ဘူး.
ဥပဒေနှင့်အညီဆောင်ရွက်ပေးပါမည် ဟုတ်စ ခင်ဗျား တို့ထုတ်ထားတဲ့ဥပဒေကို ၀န်ကြီးဋ္ဌာန၀န်ထမ်းတွေ ဘယ်လောက် လိုက်နာနေ သလဲဆိုတာ အရင်သွားစုံစမ်းလိုက်အုန်း ပြီးမှလာ Comment ပေး.။ကျောင်းမတက်နိုင်တဲ့ခလေးတွေ အတွက် ပညာဒါနဖွင့်ထားတာကို အတိုက်အခံတွေဘာလုပ်လုပ် အထက်လူကြီးတွေသဘောကျအောင် နှောက်ယှက်ရမယ် ဆိုတဲ့ခင်ဗျားတို့စိတ်ထားတွေ မပြင်မချင်း လူမှုရေးအသင်းအဖွဲ့လျှောက်ပြီးလဲ ခင်ဗျားတို့တွေ လိုက် နှောက်ယှက် နေအုန်းမှာပါပဲဗျာ..။
ReplyDeleteကိုဒီမိုရေ..
ReplyDeleteဖြစ်နိုင်ရင် ကဗ္ဘာ့ ကုလသမ္မဂ္ဂက လုံခြုံရေးကောင်စီကို တောင်းဆိုတတိုင်းပြည်လုံးထောက်ခံပြီး မြန်မာပြည်စစ်ခွေးတွေ တမျိုးလုံးပြုတ်အောင်လုပ်ချင်တယ်ဗျာ့......ဗမာပြည်က တိုင်းတပါး လက်အောင်ကျွှန်အဖြစ်နေရရင်တောင် နဲနဲခံသာဦးမယ် .....တို့ ဖခင် ဗိုလ်ချူပ်ရယူပေးခဲ့တာ အဲနွားတွေ အတွက်ဖြစ်နေပြီး
မြန်မာပြည်က အလွန်ဆင်းရဲနွမ်းပါးသော ကလေးများ အတွက် ဂျပန်အစိုးရက မူလတန်းကျောင်း ၅၀၀ ဆောက်ပေးမဲ့ အကူအညီပေးဖို့  ကမ်းလှမ်း အသိပေးခဲ့တုံးက ဒေါ်စု ကန့် ကွက်လို့  မရခဲ့ဘူးလေ။ ခလေးတွေဘဲ နစ်နာတာမလား။ ဂျပန်မှာရှိတဲ့ ဒီမိုကရေစီ လိုလားသူတို့  ပြန်တောင်းပေးကြလေ။
ReplyDeleteဂျပန်အကူအညိက သန်းရွေနဲ့  အပေါင်းအပါတွေ ခိုးတာရဲ့ခြေဖျားတောင် မမှိဘူး ငြင်းချင်လား
ReplyDeleteဂျပန်အကူအညိနဲ့ ဘာကျောင်းမှဆောက်နေစရာမလိုပါဘူး..မင်းတို့အမေလင်သန်းရွှေနဲ့သူခိုးစစ်ဗိုလ်တွေခိုးထားတဲ့ပြည်သူငွေတွေပြန်သိမ်းပီးဆောက်ရမှာကွ..
ReplyDeleteမင်းတို့အဘသန်းရွှေသမီး မင်္ဂလာဆောင်တုန်းက၀တ်တဲ့ စိန်တွေထဲက စိန်လေးတလုံးရောင်းပြီး မူလတန်းကျောင်း ၅၀၀ ဆောက်လို့ရတယ်ကွ.ဂျပန်တောင်လာလှူနေစရာမလိုဘူး..။
ReplyDeleteစိန်အလုံး ၅၀၀ ရှိနေပစေ စေတနာမရှိရင် စေတနာအကျိုး မခံစားရဖူးပေါ.။ ဂျပန်အစိုးရက မြန်မာပြည်က အလွန်ဆင်းရဲနွမ်းပါးသော ကလေးများ အတွက် မူလတန်းကျောင်း ၅၀၀ ဆောက်ပေးမဲ့ အကူအညီရဲ့  စေတနာကို လေးစားတုံ့ပြန်ပြီး လက်ခံပေးခဲ့ရမယ်။ အသိအမှတ်ပြုရမယ်။
ReplyDelete