ကိုယ်တော် ကရုဏာ
(ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)
ပြီးခဲ့သည့် ရက်ပိုင်းလောက်ကအမေရိကန်နိုင်ငံတွင် ခေတ္တရောက်ရှိနေကြသည့် ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသနှင့် ဆရာတော်ကြီးများထံသို့ သာသနဥသျှောင်အဖွဲ့နှင့် သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့် ပန်ကြားလွှာတစောင်တို့ကို ဆက်ကပ်ခဲ့ကြသည်ဟု ကြားသိခဲ့ရသည်။ ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသနှင့်အတူ မစိုးရိမ်ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ၊ ဓမ္မဘေရီဆရာတော်ကြီး ဦ၀ီရိယ အစရှိသည့် ဆရာတော်ကြီးများလည်း အဆိုပါအခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်အမည်မှာ “သံတိုင်နောက်ကမှတ်တမ်းများ” ဖြစ်ပြီး စစ်အစိုးရမှ ဖမ်းဆီးထောင်ချခြင်းကိုခံခဲ့ကြရပြီး နှိပ်စက်မှုများကို ခံခဲ့ကြရသော သံဃာတော်များ၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ် ဖြစ်သည်ဟုသိရသည်။ ပန်ကြားလွှာထဲတွင် နိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် အယူအဆမတူသူတို့ သင့်မြတ်စွာ လက်တွဲပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်၊ အယူအဆ ကွဲလွဲမှုများကြောင့် ဖမ်းဆီး ချူပ်နှောင်ခြင်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများနှင့် ရဟန်းသံဃာတော်များ လွတ်မြောက်စေရန် နိုင်ငံတော် အစိုးရသစ်ကို မေတ္တာရပ်ခံပေးပါရန် ဟူသည့် စာများပါဝင်သည်ဟု သိရသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်နှင့် ပန်ကြားလွှာများအရ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေနိုင်သည့် အပြုအမူမျိုး မပါဝင်သည့်အပြင် တိုင်းပြည်နှင့် လူမျိုးအကျိုး သာသနာအကျိုးတို့ကို ဦးစားပေးထားသည်ကို သတိထားမိသည်။
ယင်းကိစ္စများနှင့် ဆက်စပ်ပြီး ကြားသိရသူတို့အကြားတွင် လုပ်သင့်/ မလုပ်သင့် စသည့်ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့သည်။ လူတိုင်းကိုယ်စီတွင် ခံယူချက်အမျိုးမျိုး ယုံကြည့်ချက် အမျိုးမျိုးရှိကြသည်မို့ သဘောထား ကွဲလွဲပိုင်ခွင့် ရှိကြပေသည်။ သို့သော် သဘောထားကွဲလွဲပိုင်ခွင့်ရှိသည်ဆိုတိုင်း မိမိအယူအဆမှ အမှန်ဟု ဆုပ်ကိုင်ထား၍မရနိုင်ပေ။ အကြောင်းဟုတ်၏ မဟုတ်၏၊ ဖြစ်နိုင်၏ မဖြစ်နိုင်၏စသည်တို့ကို အရာရာထောက်ဆပြီး အမှန်လမ်းကြောင်းကို လျှောက်လှမ်းဖို့လိုအပ်လှပေသည်။ အထက်တွင်ဖော်ပြခဲ့သည့် လုပ်ရပ်အပေါ် ဘ၀င်မကျဖြစ်နေပုံပေါ်သည့် ဆောင်းပါးရှင်သီတလကဆိုလျှင် “တစ်ခုသတိပြုစေချင်တာက ဗန်းမော်ဆရာတော်ဘုရားကြီးဆိုတာဟာ ငယ်စဉ်ကာလကတည်းက စာပေပညာဘက်ကိုပဲ တစိုက်မတ်မတ်နဲ့ ကြိုးစားအားထုတ်ပြီးပရိယတ် ပဋိပတ်တွေထဲမှာပဲစိတ်ကို နှစ်မြုပ်ထားတဲ့ဆရာတော်ကြီး ဖြစ်တယ်ဆိုတာပါ။ အခြားထွေလီကာလီကိစ္စတွေမှာ စိတ်ပါဝင်စားခြင်း ရှိတော်မူတယ် လို့တော့ ကျွန်တော် မကြားမိပါဘူး” ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။ (http://www.demowaiyan.co.cc/2011/07/blog-post_2104.html)။
မှန်ပါသည်၊ ဆရာတော်ကြီး၏ သီလ သမာဓိ ပညာတို့မှာ အပြစ်ဆိုစရာ မရှိလောက်အောင်ပင် လေးစားဖွယ်ကောင်းလှပါသည်။ ထို့ကြောင့် ဆရာတော်ကြီး၏ ကိုယ်ကျင့်သိက္ခာ ဂုဏ်အရည်အချင်းတို့နဲ့ ပတ်သက်ပြီး မည်သို့မျှစောဒကမတက်လိုပေ။ သို့သော် ဆောင်းပါးရှင်၏ စာထဲတွင် အသုံးပြုထားသည့် ပရိယတ်နှင့် ပဋိပတ် ဆိုသည့်အချက်ကိုတော့ ကောင်းစွာနားလည် သဘောပေါက်ထားသင့်သည်ဟု ထင်သည်။ ပရိယတ်ဟူသည် သင်ကြားခြင်းဖြစ်ပြီး ဘုရာဟောပိဋကတ်တော်များကို သင်ကြားခြင်းဟု ယေဘုယျအားဖြင့် မှတ်ရပေလိမ့်မည်။ ကျင့်သုံးမှုမပါသည့် သင်ကြားမှုမျိုးသည် နွားကိုသာကျောင်းနေရပြီး နွားနို့အရသာကို မခံစားရသည့် နွားကျောင်းသားပမာ ဖြစ်သည်ဟု မြတ်စွာဘုရားရှင်ကလည်း ဟောကြားထားတော်မူခဲ့သည်။ ကျင့်သုံးမှုဆိုသည်မှာ ပဋိပတ်ပင်ဖြစ်လေသည်။ ထိုကြောင့် မည်သည့်အရာများကို ကျင့်သုံးရမည် ကျင့်သုံးထိုက်သည် စသည်တို့ကို သိနိုင်ကြရန် ဘုရားဟောကျမ်းဂန်များကို ရှေးဦးစွာလေ့လာဖို့ လိုအပ်လှပေသည်။
နောက်တစ်ခုဖော်ပြထားသည့် ဆောင်းပါးရှင်၏ စာထဲတွင် “ဒကာ ဒကာမတွေ ဖူးတွေ့ခွင့်ရတဲ့, သာသနာတော်မှာ ရတောင့်ရခဲ ဆရာတော်ဘုရားကြီးကို ဖူးတွေ့ရတုန်းမှာ နိုင်ငံရေးအရ အပူမကပ်ဘဲ သာသနာရေး ရှုထောင့် တစ်ခုတည်းကပဲချဉ်းကပ်ပြီး ကုသိုလ်ယူကြစေချင်ပါတယ်” ဟု ရေးထားသည်ကိုတွေ့ရပြီး နိဂုံးတွင် “သာသနာရေးသက်သက်ကိုသာ စူးစူးစိုက်စိုက် ဆောင်ရွက်တော်မူကြတဲ့ ဆရာတော်ဘုရားကြီးများကိုလည်း သာသနာရေး ရှုထောင့်အရ လေးစားကြည်ညိုကြရမှာ ဖြစ်ကြောင်းပါခင်ဗျား” ဟုဖတ်လိုက်ရသည်။
ဆောင်းပါးရှင်၏ ဆရာတော်ကြီးများနှင့် စာဖတ်သူတို့အပေါ်ထားသည့် ၄င်း၏စေတနာ မေတ္တာတို့ကိုတော့ အသိအမှတ်ပြု တန်ဖိုးထားရမည်ဖြစ်ပေသည်။ သို့သော် သူစကားထဲတွင် အသုံးပြုထားသော သာသနာဆိုသည့် စကား၏ အကျိုးထိရောက်မှုကို လည်းသိစေချင်သည်။ သာသနာဆိုသည်မှာ အများသိထားကြပြီးဖြစ်သည့်အတိုင်း မြတ်စွာဘုရား၏ အဆုံးအမစကားတော်များဖြစ်ပြီး သာသနာပြုခြင်းဟူသည်မှာ ၄င်းအဆုံးအမ တရားတော်များကို ကိုယ်တိုင်လည်းကျင့်သုံး လူအများကိုလည်း လိုက်နာကျင့်သုံးနိုင်အောင် ဆောင်ရွက်လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းအစဉ်အလာကို ဘုရားရှင်မှစ၍ ရှေးအစဉ်အဆက် ဆရာတော်ကြီးများလည်း လိုက်နာကျင့်သုံးခဲ့ကြသည်ကို တွေ့ရှိရပေသည်။ ဤနေရာတွင် မြတ်စွာဘုရားရှင်၏ နိုင်ငံရေးကိစ္စများတွင် မည်မျှအတိုင်းအတာအထိ ပါဝင်ခဲ့သည် ဆိုသည်တို့ကို ဤဆောင်းပါးရှည်လျားမည်စိုး၍ ဖော်မပြလိုတော့ပေ။ ယင်းအစား မြန်မာနိုင်ငံတွင် ထင်ရှား ကျော်ကြားခဲ့ကြသည့် ဆရာတော်ကြီးများအနက် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသနှင့် ဝေဘူဆရာတော်ဘုရားကြီးတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသည့် ခံယူချက်အမြင်သဘောထား များစွာထဲမှ တစ်စိတ်တစ်ဒေသမျှကိုသာ တင်ပြလိုသည်။
ဆောင်းပါးရှင်၏ ဆရာတော်ကြီးများနှင့် စာဖတ်သူတို့အပေါ်ထားသည့် ၄င်း၏စေတနာ မေတ္တာတို့ကိုတော့ အသိအမှတ်ပြု တန်ဖိုးထားရမည်ဖြစ်ပေသည်။ သို့သော် သူစကားထဲတွင် အသုံးပြုထားသော သာသနာဆိုသည့် စကား၏ အကျိုးထိရောက်မှုကို လည်းသိစေချင်သည်။ သာသနာဆိုသည်မှာ အများသိထားကြပြီးဖြစ်သည့်အတိုင်း မြတ်စွာဘုရား၏ အဆုံးအမစကားတော်များဖြစ်ပြီး သာသနာပြုခြင်းဟူသည်မှာ ၄င်းအဆုံးအမ တရားတော်များကို ကိုယ်တိုင်လည်းကျင့်သုံး လူအများကိုလည်း လိုက်နာကျင့်သုံးနိုင်အောင် ဆောင်ရွက်လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းအစဉ်အလာကို ဘုရားရှင်မှစ၍ ရှေးအစဉ်အဆက် ဆရာတော်ကြီးများလည်း လိုက်နာကျင့်သုံးခဲ့ကြသည်ကို တွေ့ရှိရပေသည်။ ဤနေရာတွင် မြတ်စွာဘုရားရှင်၏ နိုင်ငံရေးကိစ္စများတွင် မည်မျှအတိုင်းအတာအထိ ပါဝင်ခဲ့သည် ဆိုသည်တို့ကို ဤဆောင်းပါးရှည်လျားမည်စိုး၍ ဖော်မပြလိုတော့ပေ။ ယင်းအစား မြန်မာနိုင်ငံတွင် ထင်ရှား ကျော်ကြားခဲ့ကြသည့် ဆရာတော်ကြီးများအနက် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသနှင့် ဝေဘူဆရာတော်ဘုရားကြီးတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသည့် ခံယူချက်အမြင်သဘောထား များစွာထဲမှ တစ်စိတ်တစ်ဒေသမျှကိုသာ တင်ပြလိုသည်။
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ သဘောထားရပ်တည်ချက်ကို ဆရာတော်ကြီး ကိုယ်တော်တိုင် ရေးထားခဲ့သည့် ထေရုပ္ပတ္တိတစ်နေရာတွင် အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။ “တပည့်တော်က သာသနာရေးစိတ်နဲ့ချည်း ကြိုးစားတာမဟုတ်ပါဘူး၊ နိုင်ငံရေးစိတ်နဲ့လည်း ကြိုးစားတာပါ။ ဗုဒ္ဓမြတ်စွာရဲ့ အမွေအနှစ်ဖြစ်တဲ့ သာသနာတော်ကြီးကိုလည်းကောင်း၊ သာသနာတော်ကို ကြည်ညိုထောက်ပံ့ကြတဲ့ ဒကာ ဒကာမတို့နေရာ နိုင်ငံတော်ကိုလည်းကောင်း အင်မတန် သာယာစေလိုတဲ့ ဆန္ဒ တပည့်တော်မှာ ပြင်းပြနေပါတယ်ဘုရား၊ ပြီးတော့လည်းသာသနာတော်ကို အကြောင်းပြပြီး နိုင်ငံပါ အေးချမ်းသာယာတယ်ဆိုတဲ့ ဂုဏ်ကိုအလွန်လိုချင်ပါတယ်”။ ယင်းစာပိုဒ်ကလေးကို ကြည့်ရုံမျှဖြင့် ဆရာတော်ဘုရားကြီး၏ နိုင်ငံနှင့် လူမျိုးချစ်စိတ် တာဝန်သိစိတ်တို့ကို သိရှိနိုင်ပေသည်။
နောက်ထပ် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားခဲ့သည့် ကျောက်ဆည်မြို့ ဝေဘူဆရာတော်ကြီးကတော့ တစ်ခုသောညနေခင်းမှာ မိမိကျောင်းသို့ ရောက်ရှိနေကြသည့် ဒကာ ဒကာမပရိသတ်တို့အား ထုံးစံအတိုင်း တရားမဟောမှီ သီလပေးအပြီး စကားအဆက်စပ်မရှိပဲ “ဒို့ကိုရှာပါ၊ ဖွေပါ၊ အကုန်ပြနိုင်တယ်၊ ဒို့များဟာ ဘုရားအဆုံးအမ အတိုင်းနေတဲ့ တောထဲက ရဟန်းတွေပါ” ဟု ပထမပြောပြီး ခဏအကြာတွင် “ယခု မင်းလုပ်နေတဲ့သူတွေဟာ တိုင်းသူပြည်သားတွေကို ဆင်းရဲအောင်လုပ်နေတယ်၊ ဒါကြောင့် ဘုရားရှင် သာသနာတော်လဲ ညှိုးနွမ်းရတယ်၊ တိုင်းသူပြည်သားတွေ ချမ်းသာရင် သာသနာလဲ ထွန်းတောက်မှာ အမှန်ပဲ”ဟု ရဲရဲတောက် မိန့်ခဲ့သည်ဟုသိရသည်။
ယင်းကဲ့သို့ပြောလိုက်ခြင်းမှာ ဆရာတော်ကြီးအနေဖြင့် နာမည်ကြီးခါစဖြစ်၍ ဆရာတော်၏နောက်သို့ လိုက်ပြီး စုံစမ်းထောက်လှမ်း သတင်းယူနေကြသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပရိသတ်အတွင်း ရှိနေသည်ကိုသိ၍ ယခုကဲ့သို့ ရဲရဲတောက် ပြောဆိုလိုက်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။ မည်သို့ပင်ဆိုစေ ဆရာတော်ကြီးများ အစဉ်ဆက်သည် အမျိုးဘာသာ သာသနာအတွက် ကြောင့်ကြမဲ့ မနေနိုင်ကြပဲ သတ္တ၀ါအများ ချမ်းသာရေးအတွက် စွမ်းအားရှိသမျှ ဆောင်ရွက်တော်မူကြရင်း မိမိတို့နှလုံးသားဝယ် ကိန်းအောင်းနေသည့် မေတ္တာ ကရုဏာတို့ကို ၀စီကံမြောက် ထုတ်ဖော် မြွက်ဟလိုက်ကြခြင်းဖြစ်သည်။ သတ္တ၀ါများအပေါ်ဝယ် ထားရှိသည့် ဆရာတော်ကြီးများ၏ (၀ါ) ကိုယ်တော်တို့၏ ကရုဏာကား စံပြုထိုက်လှပါပေစွ ။ ။
ယင်းကဲ့သို့ပြောလိုက်ခြင်းမှာ ဆရာတော်ကြီးအနေဖြင့် နာမည်ကြီးခါစဖြစ်၍ ဆရာတော်၏နောက်သို့ လိုက်ပြီး စုံစမ်းထောက်လှမ်း သတင်းယူနေကြသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပရိသတ်အတွင်း ရှိနေသည်ကိုသိ၍ ယခုကဲ့သို့ ရဲရဲတောက် ပြောဆိုလိုက်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။ မည်သို့ပင်ဆိုစေ ဆရာတော်ကြီးများ အစဉ်ဆက်သည် အမျိုးဘာသာ သာသနာအတွက် ကြောင့်ကြမဲ့ မနေနိုင်ကြပဲ သတ္တ၀ါအများ ချမ်းသာရေးအတွက် စွမ်းအားရှိသမျှ ဆောင်ရွက်တော်မူကြရင်း မိမိတို့နှလုံးသားဝယ် ကိန်းအောင်းနေသည့် မေတ္တာ ကရုဏာတို့ကို ၀စီကံမြောက် ထုတ်ဖော် မြွက်ဟလိုက်ကြခြင်းဖြစ်သည်။ သတ္တ၀ါများအပေါ်ဝယ် ထားရှိသည့် ဆရာတော်ကြီးများ၏ (၀ါ) ကိုယ်တော်တို့၏ ကရုဏာကား စံပြုထိုက်လှပါပေစွ ။ ။
အရှင်ဥက္ကဋ္ဌ

အလ္ဂန်မှန်ကန်ပါတယ်။
ReplyDeleteဒီစာသား များကို အုပ်ချုပ်ခ္ဂင့် ရယူထားသော လူကြီးဟုဆို သူများလည်း မှန်မှန်ကန်ကန် ဖတ်မိပြီး သိစေချင်ပါတယ်။
ဝေဘူဆရာတော်ကြီး ရဲ့  အဆိုအမိန့် ကို နာခွင့်ရလို့ အထူးကျေးဇူးတင်ပါတယ်ဘုရား။
ReplyDeleteဗခစောမောင် ဟာ ရာဇူနံအနုပတ္တိတုံ ကို လိုသလို တပိုင်းတစ အနက်ပြန်ပီး သုံးသွားဘူးကြောင်းမှတ်သားမိပါတယ်။
ဆရာတော် ဦးဗုဒ် ၇ဲ့  --မင်းကျင့်တရားနှင့်ညီက ငါတို့ ဆုံးမရန်မလို။ မညီ က အ၀ီစိ၏ တာဝန်သာ ဖြစ်သည်--ဆိုတာလဲသတိရမိပါတယ်ဘုရား။
မင်းတုန်းမင်းလက်ထက် ဗန်းမော်ဆရာတော်ကြီးဟာလဲ မင်းလိုလိုက်၊မင်းကြိုက်မဆောင်ဘဲ တိုင်းသူပြည်သားများအတွက် ရဲ၇ဲ ရပ်တည်ဘူးတာ အများအသိပါ။
မြန်မာနိုင်ငံမယ် ယနေ့ဖြစ်ပျက်နေတာတွေ ရဲ့ ပြဿနာတွေ အများစုအပေါ်မယ် မဟန ဆရာတော် တွေဖြစ်တဲ့ သံဃာ့မဟာနာယက ဆရာတော်တွေအပေါ်မယ်လည်း အများကြီးတာဝန်ရှိပါတယ် သံဃာတော်တွေအပေါ်မယ် ငြင်းပန်းနှိပ်စက်နေတဲ့ အပေါ်မယ် ဆိုရင် ပိုပြီးတော့ တောင် ဒီဆရာတော်တွေအပေါ်မယ် တာဝန်ရှိပါတယ်..။
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ(အမှန်တရားကိုဘယ်သူအနိုင်ရဖူးလဲ)
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလက အစာအငတ်ခံဆန္ဒပြပြီး အသက်ကို စတေးသွားခဲ့တဲ့ ဆရာတော်ဦးဝိစာရဟာ ပခုက္ကူအလယ်တိုက်ကြီးက နိုင်ငံရေးလုပ်လို့ ထွက်ပေးခဲ့ရတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက လွတ်လပ်ရေးအတွက် အသက်ပေးခဲ့တဲ့ ဆရာတော်ဦးဝိစာရကို လေးစားကြည်ညိုရမှာ ဖြစ်သလို ပရိယတ်သာသနာတော်ကို အသက်ထက်ဆုံး ပြုစုစောင့်ရှောက်တော်မူသွားကြတဲ့ ပခုက္ကူဆရာတော်ကြီးများကိုလဲ လေးစားကြည်ညိုရမှာ ဖြစ်ပါတယ်။ ဆရာတော်ဦးဝိစာရလို အရှင်မြတ်ကို “နိုင်ငံရေး မလုပ်ပါနဲ့၊ ပရိယတ်ကိုပဲ ဇောက်ချပြီး သင်ယူပို့ချပါ”လို့ တိုက်တွန်းဖို့ မသင့်သလို ပခုက္ကူဆရာတော်ဘုရားကြီးများကိုလဲ “အရှင်ဘုရားတို့ စာတွေပဲ ပို့ချနေတယ်၊ လွတ်လပ်ရေးအတွက်တော့ ဘာမှ မကြိုးပမ်းကြဘူး၊ လွတ်လပ်ရေး အတွက် လှုပ်ရှားနေတဲ့ ဦးဝိစာရ ကိုတောင် အရှင်ဘုရားတို့တိုက်က လက်မခံဘူး၊ လွတ်လပ်ရေးအတွက် အားပေးဖော်လေးတောင် မရဘူး၊ခုဆို အရှင်ဘုရားတို့တိုက်ကထွက်သွားတဲ့ အရှင်ဘုရားတို့တပည့် ဦးဝိစာရဟာ ထောင်ထဲရောက်နေပြီ၊ ဦးဝိစာရကို ပြန်လွှတ်ပေးဖို့ ဗြိတိသျှအစိုးရကို အရှင်ဘုရားတို့ မေတ္တာရပ်ခံသင့်ပါတယ်။ တိုင်းပြည်လွတ်လပ်မှ သာသနာလဲ စည်ပင်ပြန့်ပွားနိုင်တာဖြစ်လို့ တိုင်းပြည်လွတ်လပ်အောင် တစ်ခန်း တစ်ကဏ္ဍက ပါဝင်တော်မူကြပါဦး” လို့ တိုက်တွန်းဖို့ မသင့်ပါဘူး။ သာသနာအတွက်ဖြစ်စေ၊ နိုင်ငံအတွက်ဖြစ်စေ အားသန်ရာ အားသန်ရာမှာ စူးစူးစိုက်စိုက် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်များကို အားမသန်တဲ့နေရာ ၀ါသနာအလေ့အလာ နည်းတဲ့နေရာမှာ လုပ်ဆောင်ဖို့ မတိုက်တွန်းသင့်ပါဘူး။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုးကို “ဆရာကြီး နိုင်ငံရေးပါတီထောင်၊ ဒါမှ မဟုတ်လဲ အတိုက်အခံ နိုင်ငံရေးပါတီ တစ်ခုခုထဲ ၀င်ပြီး ဒီမိုကရေစီ ရအောင် လှုပ်ရှားပေးပါလား” လို့ သွားတိုက်တွန်းရင် သင့်ပါ့မလား။ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ခေါင်းထဲမှာ နိုင်ငံရေးကိုပဲ တစ်ချိန်လုံးတွေးနေတာ(ဗိုလ်ချုပ်ရဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ စကားအတိုင်း ပြောရရင် -နိုင်ငံရေးသတ္တ၀ါ) ဖြစ်လေတော့ ဗိုလ်ချုပ်ရဲ့ ဖော်ဖော်ရွေရွေ မလုပ်တတ်တဲ့ လူမှုဆက်ဆံရေးအားနည်းချက်ကို ကြည့်ပြီး “ ဗိုလ်ချုပ် ဗိုလ်ချုပ်ဟာ လူတောသူတောထဲမှာ နေနေတာ၊ လူမှုဆက်ဆံရေးကောင်းဖို့လိုတယ်၊ တခြားနိုင်ငံရေးသမားတွေဖြစ်တဲ့ ဒေါက်တာဘမော်တို့လို လူမှုဆက်ဆံရေးကောင်းအောင် လုပ်ဦးဗျာ” လို့ တိုက်တွန်းသင့်ပါသလား။ အရာရာမှာ သူ့အပိုင်းနဲ့သူ သူ့နေရာနဲ့သူ ခွဲခြားနားလည်ပြီး လေစားတတ်ဖို့ ချဉ်းကပ်တတ်ဖို့ လိုပါတယ်။ အရှင်ဥက္ကဋ္ဌရဲ့ စာထဲမှာပါတဲ့ ဝေဘူဆရာတော်ကြီးတို့ အရှင်ဇနကာဘိဝံသဆရာတော်ကြီးတို့ ဆိုတာက သူတို့ရဲ့ ဆန္ဒတော်အတိုင်း ထုတ်ဖော်ပြောတာ၊ ရေးသားကြတာ ဖြစ်ပါတယ်။ ဘယ်ဒကာ ဒကာမကမှ၊ ဘယ်ဆရာတော်ကမှ ဒီလို ပြောအောင် ရေးအောင် တိုက်တွန်းလျှောက်ထားတာ မရှိပါဘူး။ ဒီဆရာတော်ကြီးနှစ်ပါးအကြောင်းနဲ့ ဗန်မော်ဆရာတော်ကြီးကို နိုင်ငံရေးအကျဉ်းကျသံဃာတွေ သီလရှင်တွေ လွှတ်ပေးအောင် အစိုးရသစ်ဆီမှာ ပြောပေးဖို့ လျှောက်ထားကြတဲ့ကိစ္စ ဘယ်လိုဆက်စပ်တယ် ဆိုတာ ကျနော်ဖြင့် မတွေးတတ်ဘူးဗျာ။ အထင်ပြောရရင် ဗန်မော်ဆရာတော်ကြီးကိုလဲ ဝေဘူဆရာတော်ကြီး အရှင်ဇနကာဘိဝံသဆရာတော်ကြီးတို့လို ပြောစေချင် ရေးစေချင်တာများဖြစ်လေမလား။ ဒါဆိုရင်တော့ …..
ReplyDeleteမြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလက အစာအငတ်ခံဆန္ဒပြပြီး အသက်ကို စတေးသွားခဲ့တဲ့ ဆရာတော်ဦးဝိစာရဟာ ပခုက္ကူအလယ်တိုက်ကြီးက နိုင်ငံရေးလုပ်လို့ ထွက်ပေးခဲ့ရတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက လွတ်လပ်ရေးအတွက် အသက်ပေးခဲ့တဲ့ ဆရာတော်ဦးဝိစာရကို လေးစားကြည်ညိုရမှာ ဖြစ်သလို ပရိယတ်သာသနာတော်ကို အသက်ထက်ဆုံး ပြုစုစောင့်ရှောက်တော်မူသွားကြတဲ့ ပခုက္ကူဆရာတော်ကြီးများကိုလဲ လေးစားကြည်ညိုရမှာ ဖြစ်ပါတယ်။ ဆရာတော်ဦးဝိစာရလို အရှင်မြတ်ကို “နိုင်ငံရေး မလုပ်ပါနဲ့၊ ပရိယတ်ကိုပဲ ဇောက်ချပြီး သင်ယူပို့ချပါ”လို့ တိုက်တွန်းဖို့ မသင့်သလို ပခုက္ကူဆရာတော်ဘုရားကြီးများကိုလဲ “အရှင်ဘုရားတို့ စာတွေပဲ ပို့ချနေတယ်၊ လွတ်လပ်ရေးအတွက်တော့ ဘာမှ မကြိုးပမ်းကြဘူး၊ လွတ်လပ်ရေး အတွက် လှုပ်ရှားနေတဲ့ ဦးဝိစာရ ကိုတောင် အရှင်ဘုရားတို့တိုက်က လက်မခံဘူး၊ လွတ်လပ်ရေးအတွက် အားပေးဖော်လေးတောင် မရဘူး၊ခုဆို အရှင်ဘုရားတို့တိုက်ကထွက်သွားတဲ့ အရှင်ဘုရားတို့တပည့် ဦးဝိစာရဟာ ထောင်ထဲရောက်နေပြီ၊ ဦးဝိစာရကို ပြန်လွှတ်ပေးဖို့ ဗြိတိသျှအစိုးရကို အရှင်ဘုရားတို့ မေတ္တာရပ်ခံသင့်ပါတယ်။ တိုင်းပြည်လွတ်လပ်မှ သာသနာလဲ စည်ပင်ပြန့်ပွားနိုင်တာဖြစ်လို့ တိုင်းပြည်လွတ်လပ်အောင် တစ်ခန်း တစ်ကဏ္ဍက ပါဝင်တော်မူကြပါဦး” လို့ တိုက်တွန်းဖို့ မသင့်ပါဘူး။ သာသနာအတွက်ဖြစ်စေ၊ နိုင်ငံအတွက်ဖြစ်စေ အားသန်ရာ အားသန်ရာမှာ စူးစူးစိုက်စိုက် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်များကို အားမသန်တဲ့နေရာ ၀ါသနာအလေ့အလာ နည်းတဲ့နေရာမှာ လုပ်ဆောင်ဖို့ မတိုက်တွန်းသင့်ပါဘူး။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုးကို “ဆရာကြီး နိုင်ငံရေးပါတီထောင်၊ ဒါမှ မဟုတ်လဲ အတိုက်အခံ နိုင်ငံရေးပါတီ တစ်ခုခုထဲ ၀င်ပြီး ဒီမိုကရေစီ ရအောင် လှုပ်ရှားပေးပါလား” လို့ သွားတိုက်တွန်းရင် သင့်ပါ့မလား။ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ခေါင်းထဲမှာ နိုင်ငံရေးကိုပဲ တစ်ချိန်လုံးတွေးနေတာ(ဗိုလ်ချုပ်ရဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ စကားအတိုင်း ပြောရရင် -နိုင်ငံရေးသတ္တ၀ါ) ဖြစ်လေတော့ ဗိုလ်ချုပ်ရဲ့ ဖော်ဖော်ရွေရွေ မလုပ်တတ်တဲ့ လူမှုဆက်ဆံရေးအားနည်းချက်ကို ကြည့်ပြီး “ ဗိုလ်ချုပ် ဗိုလ်ချုပ်ဟာ လူတောသူတောထဲမှာ နေနေတာ၊ လူမှုဆက်ဆံရေးကောင်းဖို့လိုတယ်၊ တခြားနိုင်ငံရေးသမားတွေဖြစ်တဲ့ ဒေါက်တာဘမော်တို့လို လူမှုဆက်ဆံရေးကောင်းအောင် လုပ်ဦးဗျာ” လို့ တိုက်တွန်းသင့်ပါသလား။ အရာရာမှာ သူ့အပိုင်းနဲ့သူ သူ့နေရာနဲ့သူ ခွဲခြားနားလည်ပြီး လေစားတတ်ဖို့ ချဉ်းကပ်တတ်ဖို့ လိုပါတယ်။ အရှင်ဥက္ကဋ္ဌရဲ့ စာထဲမှာပါတဲ့ ဝေဘူဆရာတော်ကြီးတို့ အရှင်ဇနကာဘိဝံသဆရာတော်ကြီးတို့ ဆိုတာက သူတို့ရဲ့ ဆန္ဒတော်အတိုင်း ထုတ်ဖော်ပြောတာ၊ ရေးသားကြတာ ဖြစ်ပါတယ်။ ဘယ်ဒကာ ဒကာမကမှ၊ ဘယ်ဆရာတော်ကမှ ဒီလို ပြောအောင် ရေးအောင် တိုက်တွန်းလျှောက်ထားတာ မရှိပါဘူး။ ဒီဆရာတော်ကြီးနှစ်ပါးအကြောင်းနဲ့ ဗန်မော်ဆရာတော်ကြီးကို နိုင်ငံရေးအကျဉ်းကျသံဃာတွေ သီလရှင်တွေ လွှတ်ပေးအောင် အစိုးရသစ်ဆီမှာ ပြောပေးဖို့ လျှောက်ထားကြတဲ့ကိစ္စ ဘယ်လိုဆက်စပ်တယ် ဆိုတာ ကျနော်ဖြင့် မတွေးတတ်ဘူးဗျာ။ အထင်ပြောရရင် ဗန်မော်ဆရာတော်ကြီးကိုလဲ ဝေဘူဆရာတော်ကြီး အရှင်ဇနကာဘိဝံသဆရာတော်ကြီးတို့လို ပြောစေချင် ရေးစေချင်တာ များဖြစ်လေမလား။ ဒါဆိုရင်တော့ …..
ReplyDeleteဂျက်ရန်ကုန်
အကြောင်း အကျိုး ညီညွတ်လှပြီး လူတိုင်းဖတ်သင့်သည့် သိပ်ကောင်းတဲ့ ဆောင်းပါးကောင်းဟု ထင်မြင်မိပါသည်ဘုရား...။
ReplyDeleteဒီနေ့ရာမှာ အခြေခံကျတဲ့ အမြင်ကို မမြင်မိကြဘူးလို့ထင်ပါတယ်။ သံဃာ့မဟာနာယကဆိုတာ သံဃာတွေအားလုံးရဲ့ အကြီးအမှူး(နာယက)တွေပါ။ ဒီအဖွဲ့က သံဃာတွေရဲ့ အကျိုးစီးပွားကို တာဝန်ယူလုပ်ဆောင်ပေးရပါတယ်။ အဖွဲ့ဝင်ဖြစ်လာပြီ၊ နေရာယူလာပြီဆိုရင် ပရိယတ်သမားပဲဖြစ်ဖြစ်၊ ပဋိပတ်သမားပဲဖြစ်ဖြစ်၊ အများအကျိုးကို စိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ သံဃာတွေနဲ့ ဆက်စပ်တဲ့ကိစ္စမှန်သမျှကို တာဝန်ယူဖြေရှင်းရပါမယ်။ ဒီကိစ္စတွေကို စိတ်မဝင်စားဘူး၊ မလုပ်နိုင်ဘူးဆိုရင် ဒီတာဝန်နဲ့ နေရာကို မယူယုံပါဘဲ။ သံဃာ့အကျိုးကို စိတ်ဝင်စားသူ၊ လုပ်ချင်သူတွေကို နေရာပေးနိုင်ရပါမယ်။ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် နေရာယူပြီးရင်တော့ တာဝန်ဆိုတာ နောက်ကတွဲပါလာပါတယ်။ ပညာတတ်မို့လို့ မကျွမ်းကျင် စိတ်မဝင်စားလို့မို့လို့ ဆိုတဲ့ ဆင်ခြေတွေ ပေးလို့မရတော့ပါဘူး။
ReplyDeleteဆောင်းပါးလေးလဲ ကောင်းတယ်။ အောက်ဆုံးက Anonymous ရဲ့ မှတ်ချက်လေးကိုလဲ သဘောတူတယ်။
ReplyDeleteရိုးရိုးရှင်းရှင်းဘဲမြင်ပါတယ်ဗျား......ကြီးကျယ်ခန်းနားတဲ့ သံဃာအဖွဲ့စည်း
ReplyDeleteရဲ့ခေါင်းဆောင်ဆိုတဲ့ တာဝန်ဟာ နဲတဲ့ အရည်းအချင်းကြောင့်ဖြစ်လာချင်းမ
ဟုတ်ပါ၊ အကိုးကွယ်ခံ အပူဇော်ခံ သံဃာတော်များအနေနဲ့ အုပ်ချုပ်သူတွေ
ဘက်ကဖြစ်စေ၊ ပြည်သူတွေဘက်ကဖြစ်စေ ဘက်မှု့ကင်းရှင်းစွာ အမှန်တရား
ဘက်က ရပ်တည်ပြီး အမှန်တိုင်းမိန်းကြားရဲဖို့ ကျင့်ဝတ်သည် ခေါင်းဆောင်
တစ်ယောက် ခေါင်းဆောင်းတစ်ပါးရဲ့တာဝန်ဖြစ်ပါသည်၊ မြန်မာနိင်ငံ ရှေးရိုးစွဲဝါဒီ လက်ခံထားကြသော လူတစ်စုတို့သည် လူမှု့ရေး နှင့်သာသနာရေးကို ခွဲခြား၍ မြင်တတ်ကြသည်၊ ကမ္ဘာအလည်မှာ ယှဉ်ပြိုင်ကြည်ပါ၊ မြန်မာနိင်ငံရဲ့ သံဃာတော်များရဲ့အခန်းကဏ္ဍမှာ မရှိသလောက်နည်းပါးနေတာကို အထင်ရှားတွေနေရသည်၊ လူမှုရေးနှင့်သာသနာရေး ခွဲခြားပြီး မရှု့မြင်သင့်ပေ၊ သာသနာရေးနှင့် လူမှု့ရေးကို ခွဲခြားပြီးဆက်ဆံပြောဆိုမှု့များငေ့် မြန်မာနိင်ငံရဲ့ သာသနာရေးရှု့ဒေါင့် နိင်ငံရေးရှု့ဒေါင့်တွေမှာ ဘုန်းကြီးမှာ ရဲ့ အခန်းကဏ္ဍများမှာ ပိုမို မျေးမှိန်လာသည်ကိုတွေမြင်ရသည်။ တိုင်းပြည် လူထုတရပ်လုးံ အတိဒုက္ခရောက်နေသည် လက္ခဏာ ၃ပါးတင်ပြီး ရှု့နေမှာလား၊ ငါတို့နှင့်မဆိုင်ဘူးဆိုပြီး နုတ်ပိတ်နေမှာလား.......အမှန်တကယ် အပွင့်လင်းဆုးံ ဝန်ခံရမယ်ဆိုရင်.........သာသနာရေးဆိုပြီးစကားလုးံလှလှသုးံကာ အကြောက်တရား ရင်ဝမှာ အတိရှိနေခြင်းကြောင့်ဖြစ်ပါသည်။
စာအုပ် ဒေါင်ယူ ချင်ပါတယ်ခင်ဗျာ
ReplyDelete