သစ်ပုတ်မျိုးဆက်
တစ်ခါတုန်းက အမိတက္ကသိုလ်မှာ ချစ်သူရယ်၊ သူငယ်ချင်းတွေရယ်နဲ့ ပျော်ရွှင်ခဲ့တဲ့ ငြိမ်းချမ်းခဲ့တဲ့ ကမ္ဘာလေးတစ်ခုမှာ ကြီးပြင်းလာခဲ့ရတယ်။
ယခု အမိတက္ကသိုလ်ရဲ့ ရင်ခွင်ထဲကို ချစ်သူရယ်၊ သူငယ်ချင်းတွေရယ် မပါပဲ အထီးကျန် ပြန်ရောက်ခဲ့ ရတယ်။
ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသူ တစ်ဦးရဲ့ နောက်ဆုံးခရီးလမ်းတစ်ခုအတွက် ရောက်ခဲ့ရတာပါ။ အဲဒီ … အဲဒီအချိန်မှာ အမိကျောင်းတော်ကြီးအတွင်း အလွမ်းပြေ အမောပြေ လှည့်လည်ကြည့်ရှု ခံစားမိခဲ့စဉ် “သစ်ပုတ် မျိုးဆက်” ဟူသော စကားတစ်ခွန်း ရင်ထဲရောက်လာမိတော့တယ်။
သစ်ပုတ်မျိုးဆက်
ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း
ဖုန်တလောင်းလောင်း ထနေဆဲ။
ကျောင်းတော်ကြီးရဲ့ သံတံခါး
တွန့်လိမ် ကောက်ကွေး ပိတ်မရဆဲ။
ကျောင်းတော်ကြီးရဲ့ အမိုးသံပြား
နေမလုံ ရေမလုံ လွင့်ပျံနေဆဲ။
ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ
အော်ဟစ် ပေါက်ကွဲ ဖော်ထုတ်နေဆဲ။
ကျောင်းတော်ကြီးရဲ့ အထင်ကရ သစ်ပုတ်အိုကြီး
အရိုးအပြိုင်းပြိုင်းနဲ့
လက်သီးလက်မောင်း ထောင်ပြနေဆဲ။
ကျောင်းတော်ကြီးရဲ့ သစ်ပုတ်ပင်အောက်
သစ်ပုတ်မျိုးဆက်သစ်များ မာန်ကြွမာန်ထ
ကုန်းရုန်းထနေဆဲပါလား။ ။
ကျော်သူ


ကျော်သူ..........တဲ့ ခုတော့ ဦးကျော်သူပေါ့ လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦးပါ........မင်းသားကြီးတစ်ယောက်မို့ ကိုယ်ပိုင်ပုံစံ နဲ့ ရပ်တည်နေ တာ မပြောလိုပါ ဒါပေမယ့် သန့််သန့်ပြန့်ပြန့် နေသင့်သည်ဟုထင်ပါသည်
ReplyDeleteတိုင်းကျိုပြည်ကျိုးကိုကျရာနေရာကမတွန်.မဆုတ်ခြင်္သေ.စိတ်ဖြင်.နတ်လူသာဓုခေါ်မဆုံးအောင်ထမ်းဆောင်နိုင်သူ ထမ်းဆောင်နေသူ..လောကကောင်းကျိုးအတွက်သီလဖြူဖြူစင်စင်ဖြင်.ကိုယ်ကျိုးစွန်.ကာဆောင်ရွက်နေသူကိုမြင်.မြတ်သောသူတို.ရဲ.အလုပ်ကိုလုပ်ဆောင်နေသူ(သို.)ပါရမီရှင်လို.ခေါ်ပါတယ်။ဒီလိုသူတော်ကောင်းတွေကိုလူအများက အားကျ စံပြု အတုယူ ကြတာ လောကဓမ္မတာပါ။
ReplyDeleteသုခကျော်သူဟာကက်ကင်း။ကျော်သူသင်္ခြိုင်းဟာကက်ကင်းဆိုတာတွေကဗေဒင်အယူတွေပါ ဘုရားဟောမဟုတ်ပါ။
ဗုဒ္ဓကဗေဒင်ဆရာအစဉ်အဆက်တွေကိုအကန်းတွေတသီတတန်းကြီးစီတန်းထာတာနဲ.တူနေကြပုံနဲ.ခိုင်းနှိုင်းပြီရှုတ်ချဟောကြားထာတော်မူပါတယ်။
မင်းသိင်္ခကိုအားကျလို.အတုလိုက်တယ်ဆိုရင်ရတနာသုံးပါးရဲ.အပြင်ဖက်ရောက်ပြီးအနည်းဆုံးတော.သရဏဂုံငြိုးနွမ်းမယ်။
သူ.အတိုင်းလိုက်ကျင်.မိလို.ကတော.နိဗ္ဗာန်နဲ.ဆန်.ကျင်ဖက်ကိုပဲဦတည်နေပါမယ်။
ကိုကျော်သူရဲ.အဇ္ဈတ္ထကိုမြတ်နိုးလေးစားကြတဲ.လူအများကကိုကျော်သူရဲ.ဗဟိဒ္ဓအသွင်အပြင်အတိုင်းအားကျ စံပြု အတုလိုက် ဖြစ်သွားကြပြီဆိုရင်.....နောင်တခေတ်ရဲ.မျိုးဆက်သစ်များစုတ်ဖွားတွေချည်းဖြစ်ကုန်ကြမှာကိုမျှော်တွေးပြီး...ဆင်ခြင်ပေးပါရန် မြင်.မြတ်သည်.နှလုံးသားပိုင်ရှင်ကိုကျော်သူအားမေတ္တာများစွာဖြင်.ပန်ကြားအပ်ပါသည်။
ကျွန်တော် ဦးကျော်သူ အား အထူးပဲ လေးစားအားကျ မိပါတယ် ....လူငယ်တွေ အတွက် လေးစား အတုယူစရာဖြစ်အောင် ... သပ်သပ် ရပ်ရပ် သန့် သန့် ရှင်းရှင်း နေသင့် ပါ ကြောင်း အကြံပြုပါတယ်
ReplyDeleteလေးစားစွာဖြင့် ....ကျော်ကျော်
ကျွန်တော် ဦးကျော်သူ အား အထူးပဲ လေးစားအားကျ မိပါတယ် ....လူငယ်တွေ အတွက် လေးစား အတုယူစရာဖြစ်အောင် ... သပ်သပ် ရပ်ရပ် သန့် သန့် ရှင်းရှင်း နေသင့် ပါ ကြောင်း အကြံပြုပါတယ်
ReplyDeleteလေးစားစွာဖြင့် ....ကျော်ကျော်လိုဘဲနောက်တစ်ယောက်.