Pages

Monday, August 8, 2011

(၂၃)နှစ် ရှစ်လေးလုံးသွေးကြွေးများ (ကဗျာရှင် ထွန်းဝေ)


ရာသီစက်ဝန်း ဖြစ်ရပ်မျိုးစုံ အဖုံဖုံ ကို
မောင်ကျောင်းသားတို့  ခါးစီးခံခဲ့
အာဏာရှင်စနစ် ဘုံရန်သူအဖြစ် သတ်မှတ်ခဲ့၏။
ကျောက်စာပေစာ ပရပိုက်က
ဗမာ့သမိုင်းမှာ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားနိုင်လေပြီ။

ကျွန်တော့်ငယ်ချစ် ရှစ်ဆယ့်ရှစ် က
ကျောင်းသားရဲဘော် အများစုမှာ
သွေးကြွေးတွေကိုဆွေးနွေးချင်လို့ 
ရိုးရိုးသားသား ကြိုးစာပြီးတောင်းဆို
အာဏာရှင်စနစ်ဖြုတ်ချရေးက
အရေးကြီးတာမို့  မဆလ အား
လူထုအားဖြင့် ကြိုးဝိုင်းထဲမှာ
ဒိုင်ပွဲရပ်ဖြင့် အလဲထိုးအနိုင်ယူခဲ့ကြတယ်။
စစ်ဖိနပ်အောက် ဒူးမထောက်
လက်မမြှောက် ကြောက်စိတ်မပြေ

ကိုမင်းကိုနိုင် ကိုကိုကြီးတို့  ဒို့ ကျောင်းသားတွေ

ဟိန်းထ ထိန်းမရ မွေးလာခဲ့ကြတယ်။

သွေးနီနီရဲ ပြည်သူများ အလောင်းတွေပလူပျံ

ဦးနှောက် အလီလီခုန်ထွက် ပုံပျက်လှတဲ့ အနိဌာရုံ

ငရဲပြည်ထက်ဆိုးဝါး ဒို့ လိုတာက လူ့ အခွင့်အရေး
ဦးစားပေးတာ ဒီမိုကရေစီ ညီညီညာညာ ဟစ်ကြွေးနေတာ

စစ်အာဏာရှင်စနစ် ဖြုတ်ချရေး။

တချို့  က ရှစ်လေးလုံးကို အနုပညာဖြင့် ဂုဏ်ပြုမှတ်တမ်းရေးကြ

အခု ၂၃နှစ်ပြည့်ပြီ...

ရက်တစ်ရာ အစိုးရတဲ့ ဘာမှမပြောင်းလဲ

ပြောင်းလဲတာက ပြည်သူမွဲ
အစိုးရက မစစ် မရမကအတင်းဖြစ်

တစတစ လည်ပင်းညှစ် ညှစ်လို့ အားမရ
...အသားက အစ ...အရိုးအဆုံး

အကုန်လုံးသိမ်းကျုံး
လူလုံးမလှ အပူလုံးကြွ
သတ်လိုက်ကြ ထောင်ထဲထည့်ကြ ဒါလားအစိုးရ။ 

ထွန်းဝေ တိုကျို 7.8.2011

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။