"အဝေးမြေမှ ညီအစ်ကိုများသို့.."
ဆောင်းပါးရှင် (အောင်မျိုးထွန်း) အဝေးမြေမှ ညီအစ်ကိုတို့ရေ ပြန်လာချင်စိတ် ရှိခဲ့ရင်လည်း အောင့်အီးသည်းခံ နေပေးကြပါဦး။ မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ ရှိနေကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့ အချိန်ထိပေါ့။ ကျေးဇူးမမေ့ပါဘူး။”
ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ ၃ ရက်က ကျွန်တော်ရေးခဲ့တဲ့ စာသားလေးပါ။ နိုင်ငံရေးမှာ သံယောဇဉ်တို့၊ ခံစားမှုတို့ ဆိုတာ ရှိကိုရှိရမယ်လို့  ကျွန်တော်ခံယူထားပါတယ်။ ဦးနှောက်နဲ့ စဉ်းစားရမယ်၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ် ဆိုတဲ့ ကြွေးကြော်သံကို ကျွန်တော့်ဘ၀ တလျှောက်လုံး ငြင်းပယ်ထားပါတယ်။ ၁၉၈၈ ခု၊ စစ်အာဏာသိမ်းအစိုးရရဲ့ အသားလွတ်ရင့်သီးနှိပ်စက်မှုတွေကို ထိုက်သင့်သလောက် ကျွန်တော်ခံခဲ့ရပါတယ်။ ကျွန်တော့်ကို ဖမ်းမမိလို့ အဖေနဲ့ ကျွန်တော့်ဇနီးကို စမ်းချောင်းရဲစခန်း၊ အင်းစိန်အကျဉ်းထောင်တို့ကို ပို့ပြီး ယုတ်မာရက်စက်စွာ ဖမ်းဆီးထိန်းသိမ်း ထားခဲ့တာတွေကို ကျွန်တော် ဘယ်လို ဖျောက်ဖျက်ရပါ့မလဲ။ အဖေနဲ့ ဇနီးဟာ တစ်ချက်မှ မငြီးငြူခဲ့ပါဘူး။
အဲဒီလိုဖြစ်စဉ်မျိုးတွေ၊ တွေးလိုက်တိုင်း တနုံ့နုံ့ နာကျင်နေရတာမျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ ဒုနဲ့ဒေးပါ။ သား၊ သမီးတွေက နိုင်ငံရေးကြောင့် ထောင်ကျချိန်မှာ မိဘတွေက ကွယ်လွန်တိမ်းပါးသွားတာတွေ၊ မိဘတွေက အကျဉ်းထောင်ထဲရှိချိန်မှာ မိဝေးဘဝေးစွာနဲ့ ကြီးပြင်းခဲ့ရတဲ့ ရင်နှစ်သည်းချာတွေရဲ့ ဘ၀တွေ၊ နောက်ဆုံးထွက် သက်တွေကို မတွေ့လိုက် မမြင်လိုက်ရဘဲ ထာဝရဝေးကွာသွားခဲ့ကြတဲ့ နိုင်ငံရေးမိသားစုဝင်တွေ လမ်းတိုင်း ရပ်ကွက်တိုင်းမှာ မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး။ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုရအောင်လည်း ခက်လှပါတယ်။
“ယခုအချိန်သည် အချင်းချင်းငြင်းခုံ နေရမည့်အချိန်၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြစ်ရှာ၊ အပြစ်ပြောနေကြရမည့် အချိန်မဟုတ်တော့ကြောင်း....၊ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကိုလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သွားတာ မရှိဘူးဆိုရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားပေးမှာဖြစ်ပါတယ်”
သြဂုတ်လ (၁၇)ရက်နေ့က မြန်မာနိုင်ငံသမ္မတဦးသိန်းစိန် ပြောသွားတဲ့ အထက်ပါ စကားတချို့နဲ့ ပတ်သက်ပြီး ပြည်ပကိုရောက်နေကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့ အမြင်သဘောထားတွေကို မီဒီယာတွေမှာ ဆက်တိုက် တွေ့ လာရပါတယ်။ ၁၉၈၈ ခုနှစ်၊ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပြီးကတည်းက ဒီမိုကရေစီရေး တိုက်ပွဲအတွက် ပြည်ပကို ထွက်ခွာသွားကြတဲ့သူတွေထဲမှာ ကျွန်တော့်သူငယ်ချင်း မြောက်များစွာရှိပါတယ်။
နော်ဝေး၊ ထိုင်း၊ အမေရိကန်၊ကနေဒါ၊ အင်္ဂလန်၊ သြစတေးလျ စတဲ့နိုင်ငံတွေမှာ ရပ်တည်အခြေချပြီး မြန်မာပြည် ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန်နေကြသူများရဲ့  ခံစားချက်တွေကို ကိုယ်ချင်းစာနိုင်ကြဖို့ သိပ်အရေးကြီး ပါတယ်။ တယ်လီဖုန်း၊ အီးမေးလ်၊ ဖေ့စ်ဘွတ်တွေက တစ်ဆင့် သူတို့ရဲ့ အမြင်တွေ၊ ရှုထောင့်တွေ၊ ဆန္ဒတွေကို ကျွန်တော် သိခွင့်ရခဲ့ပါတယ်။ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ ကင်းကွာပြီး နိုင်ငံရပ်ခြားမှာ ဘ၀အခြေချ ရှင်သန်ဖို့ဆိုတာ ပြည်တွင်းမှာ ထိုင်နေပြီး “လွယ်ပါတယ်” လို့ လက်လွတ်စပယ် ငါ့စကားနွားရ ပြောလို့ မဖြစ်ပါဘူး။ သူတို့တတွေရဲ့ ရုန်းကန်မှုတွေ၊ ပင်ပန်းဆင်းရဲစွာ အံကြိတ်ကြိုးစားရတာတွေ၊ အနှိမ်ခံအပြောခံပြီး လက်စ မသတ်နိုင်သေးတဲ့ ပညာရေးကို ပြီးမြောက်အောင် လုံ့လစိုက်ထုတ်ရတာတွေ၊ တရိပ်ရိပ်တက်လာတဲ့ အိမ်အလွမ်းစိတ်တွေက မျက်ရည်စတွေနဲ့ ကြိတ်မှိတ် အနားသတ်လိုက်ရတာတွေ စသဖြင့် နေ့နေ့ညည ခံစားချက်တွေကို ကျွန်တော်တို့ နားလည် ပေးရပါလိမ့်မယ်။ သူတို့ မပျော်ကြဘူးလို့  ကျွန်တော် တစ်ထစ်ချ ယုံတယ်။
အမေက ထောင် (၆) နှစ်၊ ညီမက ထောင် (၆၅) နှစ်၊ နောက်ညီမ တစ်ယောက်က ထောင် (၁၁) နှစ်၊ ညီမ ခင်ပွန်းက ထောင် (၁၁) နှစ်၊ နောက်ညီမ ခင်ပွန်းသည်တစ်ယောက်က ထောင် (၁၄) နှစ်.. သူကိုယ်တိုင်က
၈၈ ခုနှစ်ကတည်းက မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်ပမှာ ရှင်သန်ရေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုညီညီအောင်ရဲ့ အိပ်မက်မျိုးတွေကို ဘယ်သူက ဝေမျှမက်ဘူးမှာလဲ။ ညီညီအောင်ရဲ့ မိတ်ရင်းဆွေရင်း တွေဖြစ်တဲ့ ဌေးကြွယ်၊ မင်းဇေယျ၊ လှမျိုးနောင်၊ အံ့ဘွယ်ကျော်၊ သော်ဇင်၊ ကြီးသန်းတို့ အားလုံးလည်း လက်ရှိအစိုးရရဲ့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေအဖြစ် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ပါ။ ကိုညီညီအောင်လို သံတူကြောင်းကွဲ ဘ၀မျိုးတွေနဲ့ ပြည်ပမှာ အခြေချနေရတဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်များရဲ့  ညီညာတဲ့အသံတွေကို ရင်းနှီးစွာ ဂရုပြု နားစွင့်သင့်ပါတယ်။
၈၈ ခုနှစ်ကတည်းက မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်ပမှာ ရှင်သန်ရေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုညီညီအောင်ရဲ့ အိပ်မက်မျိုးတွေကို ဘယ်သူက ဝေမျှမက်ဘူးမှာလဲ။ ညီညီအောင်ရဲ့ မိတ်ရင်းဆွေရင်း တွေဖြစ်တဲ့ ဌေးကြွယ်၊ မင်းဇေယျ၊ လှမျိုးနောင်၊ အံ့ဘွယ်ကျော်၊ သော်ဇင်၊ ကြီးသန်းတို့ အားလုံးလည်း လက်ရှိအစိုးရရဲ့ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေအဖြစ် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ပါ။ ကိုညီညီအောင်လို သံတူကြောင်းကွဲ ဘ၀မျိုးတွေနဲ့ ပြည်ပမှာ အခြေချနေရတဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်များရဲ့  ညီညာတဲ့အသံတွေကို ရင်းနှီးစွာ ဂရုပြု နားစွင့်သင့်ပါတယ်။
ဗီယက်နမ်အစိုးရက သူ့နိုင်ငံ စီးပွားရေးကို တရှိန်ထိုးဦးမော့လာအောင် စေတနာရှိရှိနဲ့ ဆောင်ရွက်ချင်တဲ့အခါ ပြည်ပရောက်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ထူးထူးကဲကဲ ဖိတ်ခေါ်မှုမရှိဘဲ “နေချင်ရင်လည်း ဆက်နေကြပါ။ ပြည်ပမှာ ရောက်နေတဲ့ သူ့နိုင်ငံသားတွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဗီယက်နမ်နိုင်ငံ အတွက်ပါဘဲ”လို့ ဗီယက်နမ် ကွန်မြူနစ် ခေါင်းဆောင်များက နားလည်မှုအပြည့်ခံယူပြီး တစ်ဘက်ကလည်း လက်တွေ့ လိုအပ်တဲ့ အမေရိကန်အစိုးရနဲ့ အပေးအယူမျှတစွာ ပူးပေါင်း ဆောင်ရွက်တဲ့အပြင် ပြည်ပရောက် သူ့နိုင်ငံသားတွေ အလိုလို ပြန်လာချင် စိတ်ပေါက်လာအောင် လိုက်လျောညီထွေတဲ့ ရေခံမြေခံကောင်းတွေကို မိန့်ခွန်းတွေပေး၊ ကြွေးကြော်ရေးတွေ မလုပ်ဘဲ ကမ္ဘာက အံ့သြသွားရတဲ့အထိ မှန်မှန်ကန်ကန်ုလုပ်ပြနိုင်ခဲ့ပါတယ်။ ဒီလို တစ်ပါတီစနစ်နဲ့ မောင်းနှင်တဲ့ အရှေ့တောင် အာရှနိုင်ငံငယ် တစ်ခုမှာတောင် ဆယ်စုနှစ်တစ်ခု စွန်းစွန်းအတွင်းမှာ ဖွံ့ဖြိုးမှုဆီ ရောက်ဖို့သွားကြရာမှာ ပြည်ပရောက် နိုင်ငံသားတွေအပေါ် ထားအပ်တဲ့ အစိုးရရဲ့ အမြင်ရှုထောင့်ကို လေ့လာကြည်သင့်ပါတယ်။
ကျွန်တော်တို့လို ပါတီစုံစနစ်နဲ့ ဒီမိုကရေစီနိုင်ငံကို မရောက် ရောက်အောင် ချီတက်ကြမယ်လို့ စိတ်ပိုင်းဖြတ် ထားတဲ့ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ကွန်မြူနစ် ဗီယက်နမ် အစိုးရထက် သာလွန် ကောင်းမွန်အောင် လုပ်ပြနိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ ဗီယက်နမ်နဲ့ နိုင်ငံရေးဘက် ဂရောင်းမတူဘူးလို့ အကြောင်းပြလို့ မရပါဘူး။ အစိုးရ ဆိုတာ ကျန်တဲ့ သဘာဝမတူတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတွေထက် လုပ်ပိုင်ခွင့် ပိုရှိသလို၊ ဖြစ်ပျက်ခဲ့မှု အားလုံးအပေါ် တာဝန်ခံမှုအပိုင်းမှာ အခရာ ပိုကျပါတယ်။ ဟိုးတုန်းက တန်းတူရှိခဲ့တဲ့နိုင်ငံတွေ၊ ကျွန်တော်တို့ထက် နောက်ကျခဲ့တဲ့ နိုင်ငံတွေဟာ ဒီကနေ့ ကျွန်တော်တို့ကို ကျော်ဖြတ်သွားရတဲ့ ၀မ်းနည်းနာကျည်းဖွယ် ဖြစ်အင်တွေ အပြီးသတ်ချင်တယ် ဆိုရင်ဖြင့်၊ သမ္မတကြီး မိန့်ခွန်းပါအတိုင်း အပြစ်မရှာပါနဲ့ ဆိုရင်ဖြင့် မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကိစ္စက ကြီးစွာသော သဘောကွဲလွဲမှုနဲ့ အစိုးရရဲ့ လုပ်ဆောင်မှု တွေအပေါ် မပြေးသော်ကန်ရာရှိ သံသယပွားစရာ ဖြစ်နေပါတယ်။ စိတ်ဝမ်းကွဲမှုရဲ့ ဇစ်မြစ်ဖြစ်နေပါတယ်။
ဒါကို မတူတဲ့ အရေးလို့ မှတ်ယူပြီး လောလောဆယ် ဘေးဖယ်ထုတ်ထားလို့ လုံးဝမဖြစ်နိုင်ပါဘူး။ လတ်တလော အရေတကြီး ဆောင်ရွက်ရမယ့် အထူးတလှယ်ကိစ္စလို့ မြင်ပါတယ်။ ဒါမှသာ လက်ရှိအစိုးရအနေနဲ့ အခြားတစ်ဘက်ကို အပြစ်ရှာ အပြစ်မပြော တော့ဘူးရယ်လို့ ကျွန်တော်တို့ ၀မ်းမြောက်စွာ ကောက်ချက်ချနိုင် ပါလိမ့်မယ်။ ရှစ်ဆယ့်ရှစ်ကို ခါးခါးသီသီး ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ အညှိုးအတေးစိတ်နဲ့ နာကျင်မှုတွေကို အထိုက်အလျောက် လျော့ပါးစေပါလိမ့်မယ်။ ဒီကမှ တစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံရေးဟာမိုနီပို ဖြစ်လာပါလိမ့်မယ်။ တိုင်းပြည်အတွက် ပြန်လည်သင့်မြတ်ရေး အပေါင်းလက္ခဏာတွေ အပြိုင်းအရိုင်း ပေါ်ထွက်လာပါလိမ့်မယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားတဲ့ အစိုးရဘက်က သဘောထားတွေ ပြောင်းလဲလာ သလိုမျိုး ထောင်ထဲက ရဲဘော်ရဲဘက်တွေအပေါ် သဘောထားတွေ မပြောင်းနိုင်တော့ဘူးလား။ တကယ်ဆိုရင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ထက် အချိန်ပို စောခဲ့ပါတယ်။ တချို့သူငယ်ချင်းတွေဆို ထောင်သက်ပိုကြာပြီး တချို့ဆို ကြေကွဲဖွယ်ရာ အသက်ကိုတောင် ပေးခဲ့ရပါတယ်။ ဒါတွေကို မေ့ပစ်လိုက်ချင်ပါတယ်။
အောင်မျိုးထွန်း
၂၀- ၈- ၂၀၁၁
အခုလည်းနိုင်ငံရေးအကျဉ်းသားတွေအတွက်ဦးစားပေးလုပ်နေတာပဲမဟုတ်လား...
ReplyDeleteဘာဖြစ်လို့ အပြစ်တင်စောရတာလဲ...
ရရင်အမြတ်..မရရင်အရင်းဘဲလေ...မြန်မာပြည်ကအစောကတည်းကဒီမိုကရေစီရနေ
ReplyDeleteလို့ လား
အခုလည်းနိုင်ငံရေးအကျဉ်းသားတွေအတွက်ဦးစားပေးလုပ်နေတာပဲမဟုတ်လား,,ဘာဖြစ်လို့ အပြစ်တင်စောရတာလဲ... Oh man already more than 20 years, you say still early???
ReplyDeleteအကောင်းမြင်ဖို့လိုမယ်ထင်တယ် ဒီနိုင်ငံရေးအကျင်းသားပြသာနာက အနှေးနဲ့အမြန်အဆင်ပြေသွားမယ်ထင်တယ် ဆောင်းပါးရှင်အောင်မျိုးထွန်းတို့ အပြင်ကနေဝေဖန်နေတာ သိပ်အကျိုးရှိလှတယ်မထင်ဘူးအစိုးရမှာလည်း ဖိအားတွေရှိပုံရတယ် ခုလိုတွေ့ဆုံနေတာ တော်တော်လာပြီလို့သုံသတ်ရမှာပဲ
ReplyDeleteဟာ အထက်ကလူတွေ အပြုသဘောလေးရေးလေ ဘာလို့ အဖျက်သဘောရေးချင်နေရတာလဲ ဘာပဲပြောပြော ဂွတိုက်မယ်ဆိုတဲ့စိတ်ပဲရှိလား အဲဒါဆို မရေးပါနဲ့ သူတစ်ပါးရဲ့ ရှေ့သွားမည့်ခြေလှမ်းကို နောက်က ဆွဲထားသလိုဖြစ်နေတယ် တော်တော်လဲ မကောင်းမြင်စိတ်ရှိကြတာပဲ ခက်ပါတယ်
ReplyDeleteTo
ReplyDeleteThe one commented at 1054AM on 21 Aug,
Please clarify. What do you mean by the govt might be under pressure? Who is above the govt to impose pressure on them?
I don't understand.
I personally understand the Ko Aung Myo Tun's sentiment very well. And also I keep the point that Thein Sein deserve benefit of the doubt at this point (but not for too long/ indefinie time) in my mind.
Having said that, this is definitely not the time to celebrate but to be prepared for the worst scenario.
Thank you.
Oh man already more than 20 years, you say still early??? ( What can you do for those people either? I am a pro democracy that I think doing something is better than nothing to do. Seeing is beliving. We have to prepare what we will do if outcome is not good. You guys critize before nothing is done.
ReplyDeleteပြည်ပ အတိုက်အခံတွေ ဘယ်လိုဖြစ်နေကြတာလဲ။ အစိုးရက လေလည်ပြတာနဲ့ အမြှီးယမ်းမနေနဲ့။ အခုအချိန်နဲ့ စကားတွေချည်းပဲရှိသေးတယ်။ လက်တွေ့ဘာမှမလာသေးဘူး။ ဒါနဲ့များတိုင်းပြည်ချစ်လှချည်ရဲ့ ဆိုပါလား။ ဟားဟားဟား။ အစိုးရနဲ့လက်ဝါးရိုက် ပါမစ်ယူဖို့စဉ်းစားနေပြီလား။ စိတ်ကူးယဉ် အိပ်မက်မက်နေပြီလား။ တကယ်လုံခြုံတဲ့ မိသားစုဘဝ ပြန်ရမယ်လို့ ခင်ဗျားတို့ထင်နေလား။ ခင်ဗျားတို့နားလည်ရမှာက အမေစုက ခင်ဗျားတို့ကို ပြန်လာခဲ့ဖို့ပြောပြီလား။ တကယ်သာ ခင်ဗျားတို့ပြန်လာသင့်ပြီဆိုရင် သူရဲကောင်းတွေ ပြန်လာတဲ့အခါ ကျနော်တို့ ပြည်သူတွေကိုယ်တိုင် လေဆိပ်မှာ သူရဲကောင်းတွေပြန်လာသလို လာကြိုမယ်။ အဲ့လောက် ငတ်ပြတ်ပြမနေနဲ့။ အစိုးရဖက်က ဘာမှလုပ်ရှားမှုမရှိသေးဘူး။ ခင်ဗျားတို့လို အားယားရွထနေနဲ့ ကိုယ်ကျိုးရှာ အတ္တသမားတွေကြောင့် ပြည်ပ အတိုက်အခံတွေ သူများရီစရာဖြစ်နေတယ်။ နားမလည်သေးဘူးလား။ ကိုမင်းကိုနိုင်တို့ နဲ့နိုင်ငံရေးသမားတွေ အရှေ့မှာ အများကြီး ခင်များတို့ထက် အရေးကြီးတယ်။ သူတို့တောင် မထွက်လာသေးဘူး ခင်ဗျားတို့က ကော့ကော့လေး ဝင်လာလို့ရမယ် ထင်နေတာလား။ ခေါင်းလေးသုံးအုံး။
ReplyDeleteအပြုသဘောနဲ့ သုံးသပ်တယ်ဆိုတာ ခိုင်မာတဲ့ လက်တွေ့အခြေအနေ ရှိဖို့လိုသေးတယ်ဆိုတာမမေ့နဲ့။ အခုအခြေအနေက အပြုသဘော တကယ်ရွှေ့လျားနေလား စဉ်းစားအုံးလေ။ ၂၀၀၈ အခြေခံဥပဒေကို မေ့သွားပြီလား။ ဟားဟားဟား ခင်ဗျားတို့ လည်ပင်းမှာစွပ်မယ့် ကြိုးကွင်း အဆင်သင့်။ အရင်ဆုံးပြန်ဝင်ပြီး ဘာမှမဖြစ်ဘူးဆိုရင် အဲ့ဒီသူက သူလျှိုပဲ။ နောက်တချက်က အခုအစိုးရက အတိုက်အခံအင်အားထဲ သပ်တချောင်း လျိုထည့်လိုက်တယ်ဆိုတာ မမြင်လောက်အောက် ဒေါ်လာတွေ အတော်စုမိနေပြီလား။ ပြည်တွင်းက ၈၈၈၈ မျိုးဆက်တွေ၊ ရွှေဝါရောင်တွေ မျိုးဆက်တွေရဲ့သွေးတွေနဲ့ ခင်ဗျားတို့ရှာထားတဲ့ sponsor တွေကို ခင်ဗျားတို့ ကိုယ်ပိုင်လုပ်ချင်တယ်ဆိုရင်တော့ စစ်အာဏာရှင်တွေ ကိုယ်ကျိုးရှာသူတွေနဲ့ ဘာထူးအုံးမှာလဲ။
ReplyDeletehttp://hittai.net/?show=rm&fileid=67&t=home13&id=20
ReplyDeleteကိုအောင်မျိုးထွန်းခင်ဗျား..
ReplyDelete“အချိန်မရွေးပြန်လာနိုင်ဘို့” ဆိုတဲ့ မြန်မာသမ္မတရဲ့စကားဟာ “နေချင်ရင်လည်း ဆက်နေကြပါ” ဆိုတဲ့ ဗီယက်နမ်ကွန်မြူနစ် ခေါင်းဆောင်တွေရဲ့စကားနဲ့ ဘာများကွာနေလို့တုံးလို့ မေးခွင့်ရှိရင် ကျွန်တော်မေးပါရစေ။ ဟိုက စေတနာပိုပါတယ်လို့ ခင်ဗျားမထင်ဘူး ဆိုရင်တော့ ကွာခြားချက်က သူတို့က တပါတီ (အာဏာရှင်) အစိုးရ၊ ဒီမှာက အဖျင်းဆုံး ရှောမွေးသာသာ ဒီမိုကရေစီ အစိုးရ၊ ဒါပါဘဲ။ ဒီရှောမွေးကို ဗာရာဏသီချဲ့ နေကြမဲ့ အစား ရှောမွေးကနေ ကြပ်ပြည့်မတ်ပြည့် ဒီမိုကရေစီ ဖြစ်အောင် ဝိုင်းဝန်းကြိုးပန်းဘို့ လိုတယ်လို့ ကျွန်တော်တော့ မြင်တာဘဲ။ NLD အပါအဝင် ပြည်တွင်းပြည်ပက အာဏာရှင်ဒဏ် ခါးစည်းခံခဲ့ရ ခံနေကြရတဲ့ (ကိုအောင်မျိုးထွန်းတို့လို၊ သူငယ်ချင်းရောင်းရင်းတွေ တို့လို) ပြည်သူတွေ အခုကြိုးပန်းနေ ကြတာဟာ ဒီအတွက်ဖြစ်တာနဲ့အမျှ၊ ပန်းတိုင်ရောက်သညိအထိ အားလုံးဥမကွဲ သိုက်မပျက်ကြဘို့ ဆိုတာဟာလဲ အဓိကမဟာဗျူဟာ တရပ်လို့ ရိုးသားစွာ ကျွန်တော်ယုံပါတယ်။
နှစ်ထောင်ကျော်သော နိုင်ငံရေးအကျဉ်းသား မိသားစုတွေကအစ၊ လှိုင်သာယာက သမီးလေး ဝင်းမော်ဦးရဲ့ မိဘတွေလို ကျန်ရစ်သူ မိသားစုတွေ အလယ်၊ မဲဆောက်အမှိုက်ပုံမှာ အနာဂါတ်မဲ့နေကြတဲ့ အပစ်မဲ့ မိသားစုတွေအဆုံး အားလုံးသော ပြည်သူတွေ ခံစားနေကြရ သမျှဟာ နှစ်ကြာကြာ မှားယွင်းခဲ့တဲ့ စနစ်တခုရဲ့ ဆိုးကျိုးတွေဖြစ်ကြပြီး ဒါတွေချုပ်ငြိမ်းစေဘို့ ပြည်သူအားလုံး အသိသတိ မြဲမြံစွာနဲ့ ကြိုးပန်းသင့် တယ်လို့ ပြောလိုပါတယ်။ ဒီအတွက် တပိုင်တနိုင်ဘဲဖြစ်ဖြစ် ပြည်သူတွေကို လမ်းပြ သတင်းပေး ရှေ့ဆောင်သူတွေရဲ့ အခန်းကဏ္ဍ ဟာလဲ အင်မတန် သိမ်မွေ့ပြီး အရေးပါလှပါတယ်။
ဒေါ်စုကို လူထုခေါင်းဆောင်ပါလို့ (မလွှဲသာတဲ့သဘောမျိုးမဟုတ်ဘဲ) သတ်မှတ်တယ်ဆိုရင် ဒေါ်စုလုပ်သမျှ လူထုအတွက် လို့ မမြင်သင့် မခံယူသင့် ကြဘူးလား။ ကျွန်တော်တော့ မြင်မိသလို ခုချိန်ထိ သံသယဝင်စရာလဲ မတွေ့သေးပါဘူး။ ဒါကြောင့် ဒေါ်စုကို လက်ရှိသမ္မတကြီး တွေ့ဆုံတာဟာ လူထုနဲ့ လက်ရှိသမ္မတကြီး တွေ့ဆုံခြင်းလို့ ပြောရင်မှားမလားဗျာ။ ပြီးတော့ ဒါပဌမဆုံး အကြိမ်။ ဒီလောက်လွယ်လွယ် ဖြစ်ပါ့မလားဆိုတဲ့ သံသယ တွေကြားက ရလဒ်တခု။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ထက် ပိုစောခဲ့တယ် ဆိုတဲ့စကားတော့ မပြောပါနဲ့လားဗျာ။ ရင်းနှီးစွာတောင်းဆိုပါရစေ။ တခြားဘာအကြောင်းမှ မရှိဘူးဆိုရင်တောင်မှ ဒီစကားက အင်မတန် လူကြားမကောင်းလွန်းလို့ပါ။ ဘယ်ဘုန်းကြီး ဆွမ်းခံစောတယ် ဆိုတာထက် မွန်းမတိမ်းမီ ဆွမ်းစားနိုင်ကြဘို့က ပိုအဓိကကျတယ် မဟုတ်ဘူးလား။ ခုတောင် နေမြင့်လှပြီလေ။ အကျဉ်းစံ သူငယ်ချင်းတွေ အတွက် မချင့်မရဲဖြစ်နေလို့ပါဆိုရင်လဲ နားလည်စွာနဲ့ ဒီနေ့မနက် RFA နဲ့ ဘဘဦးတင်ဦး အမေးအဖြေလေး ကိုနားထောင်ကြည့်ဘို့ လက်တို့ပါရစေ။ ဘဘဦးတင်ဦးဟာ သမာသမတ်ရှိပြီး ဒေါ်စုနဲ့ (သေတွင်းထဲမှာတောင်) အနီးကပ် အမြဲရှိခဲ့သူ၊ ရှိနေသူတဦးဆိုတာ ယုံမှားဘွယ် မရှိလောက်ပါဘူးနော်။ ဒါတွေ ပြောလို့ကျွန်တော့ကို NLD အမာခံလို့ အနွတ္တ ပြုလိုကြရင်လဲ သဘောပါ။ ကိုယ့်သမိုင်းကိုယ်ရေးခြင်း အယူအဆ ကိုင်စွဲထားတဲ့ ကျွန်တော်ဟာ ဒီနေ့ထိ NLD ဘက်ကို ခြေဦးမလှည့်ဘူးပါ ဆိုတာတော့ (လိုလိုမယ်မယ်) မှတ်တမ်းတင် ထားပါရစေ။
ကိုအောင်မျိုးထွန်းရေ..
ကျွန်တော့် comment ကို ဂန္ဒီကြီးရဲ့ စကားတခွန်းနဲ့ အဆုံးသတ်ပါမယ်။
"We must become the change we want to see."
ကျွန်တော်တို့အားလုံး အူလှိုက်သည်းလှိုက် မြင်ချင်ကြတဲ့ အပြောင်းအလဲ တခုမှာ ခုကတည်းက တသားတည်း ဖြစ်ကြရအောင်လားဗျာ။
လေးစားစွာ
ပါလ
Very Good Mr PARLA <<<<
ReplyDeleteသူတို့ကတော့ဆက်လိမ်နေကြအုံန်းမှာပါဘဲ လိမ်မှန်းသိရက်နဲ့အလိမ်ခံကြ ၇င် အလိမ်ခံကြရတဲ့သူတွေအပြစ်ပါ တော်လှန်ရေးမှာ ရန်သူနဲ့ငါ၂ခုဘဲရှိတယ် ဒူးထောက်သူတွေ ပူးပေါင်းတယ်လို့မအော်ကြနဲ့အချောင်သမားတွေကအရှက် တရားကင်းတယ် ဒို့ဒူးမထောက်တာတောင်သူတို့ကြောက်နေကြတာ ဂုဏ်သိခ္တါလေးနဲ့ဘဲဆက်တိုက်ပေးကြပါ ဒို့ညီအကိုမောင်နမတွေလွတ်ဖို့တွက်ဒို့တိုက်မှရမှာ
ReplyDeleteဈေးဆစ်မနေကြနဲ့ လွတ်မြောက်နယ်မြေကသူတွေ နည်းပေါင်းစုံနဲ့ဆက်တိုက်ပွဲဝင်ကြ။
(ဒို့ညီအကိုမောင်နမတွေလွတ်ဖို့တွက်ဒို့တိုက်မှရမှာဈေးဆစ် မနေကြနဲ့ လွတ်မြောက်နယ်မြေကသူတွေ နည်းပေါင်းစုံနဲ့ ဆက်တိုက်ပွဲဝင်ကြ။)
ReplyDeleteတိုက်တိုက် နိုင်ငံခြားက အိုးတွေ ပန်းကန်တွေ ပြောင်အောင် ဆက်တိုက်ကြ။
တိုက်နေတာလဲ အနှစ်၂၀ရှိပီအခုထိကောဘာဖစ်သေးလို့လဲ.....လွတ်မြောက်နယ်မြေကသူတွေတောင်း
ReplyDeleteွှ စားပြီးဘာမှမလုပ်တာလူတိုင်းသိတယ်....တကယ်လုပ်ရင်ဒီမိုကရေစီရနေတာကြာပြီ...
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင် (၁၀) နှစ် ချလိုက်ပြီ။
ReplyDeleteပြောင်ကြီးရဲ့ မူဝါဒ မပြောင်းလဲသေး။
ပြန်လာမဲ့ မြန်မာတွေအတွက် ထောင်တံခါးတွေ ဖွင့်ထားတယ်။
ပြည်ပ အတိုက်အခံတွေထဲကလဲ တိုင်းသိပြည်သိ ကမ္ဘာသိ ကြွေးကျော်ပြီး တယောက်လောက် စမ်းပြီး ပြန်လာကြည့်ကြပါလား။ ဖမ်းမဖမ်း သိရတာပေါ့။ ဒီလောက်လေးတောင် မစွန့်စားရဲရင်တော့ ဗမာပြည်နဲ့ ဒီမိုကရေစီ ဝေးသေးပေါ့။
ReplyDeleteအစိုးရ မကောင်းတာက ထားတော့။ ပြည်ပ ပြည်တွင်းက အတိုက်အခံတွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကတော့ အများကြီး လိုသေးတယ်နော။ 88 မျိုးဆက်ကို မလွှတ်ရဲတာ ဒါကြောင့် ပေါ့။ သူတို့သွေးက ရဲတယ်လေ။
လစ်ဗျားကတော့ စံနမူနာပြ လုပ်ပြသွားပြီ။ သေတော့သေမှာပေါ့ဗျာ။ နာဂစ်သေတာရဲ့ 1/4 မသေနိုင်ပါဘူး။ ဒီအစိုးရ ဆက်ရှိနေရင် နာဂစ်ပေါင်းမြောက်များစွာ ကြုံတာထက် ဆိုးဦးမှာလေ။
နှစ်ပေါင်းမြောက်များစွာ အမြစ်တွယ်နေတဲ့ ရောဂါဆိုးကို အမြစ်ပြတ်ကုတာပဲ အမေစုရာ၊ နဲနဲတော့ နာမှာပေါ့။ စတေးခံဟာ သူလဲဖြစ်နိုင်တယ်၊ ကိုယ်လဲဖြစ်နိုင်တယ်။ ဘယ်သူဖြစ်ဖြစ် " နောက်မျိုးဆက် အတွက်ပဲ" ဆိုပြီး ရင်ကော့ ခေါင်းမော့ပြီး ကြိုးစားကြည့်ရအောင်ပါ။
သေချာတာ တခုကတော့ ၀ံပုလွေဟာ ၀ံပုလွေပါပဲ။ စိတ်ကောင်းဝင်လာတဲ့ အထိ စောင့်လို့ကတော့ သိုးခြံတခြံလုံးသာ ကုန်သွားမယ်။ ဖြစ်လာမှာ မဟုတ်ဘူး။