Pages

Saturday, August 27, 2011

“အိမ်စုတ်ကြီး” ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်), “သူလားငါလားရွှေဒင်္ဂါး” ကဗျာရှင် နေစကြာနိုင်

အိမ်စုတ်ကြီး
 ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဆောက်တာကတော့ တိုက်အိမ်
ဖြစ်လာတာက ဝါးအိမ်
အခြေကမခိုင်ယိုင်နွဲ့နွဲ့ပေါ့
အမိုးအကာက ဓနိ
ကြာလာတော့ ဆွေးမြည့်
မဆွေးမြည့်တာက အတ္တမာမာန
သူပိုင်ငါပိုင်လုကြ
အချင်းချင်းချကြတော့
ဘေးအိမ်တွေက လက်ခုပ်တီးကြ
အားလုံးကြွကြတော့
ဒို့အမွေတွေသူတို့ရ
သူတို့တွေ စံမြန်းကြပေါ့…

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)


“သူလားငါလားရွှေဒင်္ဂါး”
ကဗျာရှင် နေစကြာနိုင်

သူတို့သူတို့ ငါတို့ဆိုရင်
ဒီမြေမှာနေ ဒီရေသောက်ပြီး
စိတ်ဝယ်ကွဲပြား သွေးပါခြားလို့
ကျောချင်းကပ်ကာ ဝေးသွားကြပြီ။

သူတို့ငါတို့ စိတ်မချို့ပဲ
သူကိုငါပြောင်း စိတ်ပေါင်းကြလို့
ငါတို့ ညီညွတ်ကြပါစို့။

အပ္ပမာဒေါ အမတံ ပဒံ

နေစကြာနိုင်
၂၆.၈.၁၁၊(နေ့လယ် ၁:၃၈)

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။