ပြီးခဲ့တဲ့ ဇူလိုင်လ (၂၉)ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့၌ ရောက်ရှိ သီတင်းသုံးနေတော်မူသည့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယက ဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်)ကြီး၏ ဒုတိယမြောက် တရားပွဲအား လာမည့် သြဂုတ်လ(၆)ရက်နေ့ စနေနေ့ နေ့လည် (၂)နာရီမှာ နာကအိတဘရှိမြို့မှာ တည်ရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်...။ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၁)ရက်နေ့က ဟောကြားခဲ့တဲ့ တရားတော်မှ ကျန်ရှိနေတဲ့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ လွတ်မြောက်ရေး တရားတော် နှစ်ပုဒ်အား လာမယ့် စနေ့နေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဆက်လက် တရားရေအေး တိုက်ကျွေးမှာ ဖြစ်ပါတယ်...။
ရွှေညဝါဆရာတော် ဘုရားကြီးသည် မိမိကိုယ်ကျိုးမဘက် တိုင်းပြည်နှင့်လူမျိုး အမျိုးဘာသာ သာသနာတော်၏ မျက်နှာကိုသာကြည့်ပြီး မိမိတို့၏ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဘဝတိုးတက် အောင်မြင်ရေးကို ရှေ့ရှုလျက် ရဲရဲဝံ့ဝံ့ တရားဓမ္မတော်များကို ဟောကြားပြသ ညွှန်ပြတော်မူလျက် ရှိနေသည်မှာ လူမျိုးဘာသာ သာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်အာင်ပင် ထူးချွန်အောင်မြင်လျက် ရှိနေပါသည်။
ဂျပန်နိုင်ငံမှာ သီတင်းရက်သတ္တပတ် (၂)ပတ်ခန့် ကြွရောက် သီတင်းသုံးနေတော်မူတဲ့ ရွှေညဝါဆရာတော် ဘုရားကြီးအား ဂျပန်နိုင်ငံ ရှေးဟောင်း မြို့တော် ကျိုတိုမြို့ တက္ကသိုလ် အသီးသီးမှာ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသားများမှလည်း လာမယ့် တနလာင်္နေ့မှာ ကျိုတိုမြို့သို့ ကြွရောက်ပြီး တရားရေအေးတိုက်ကြွေးရန် ပင့်ဖိတ်ထားပါတယ်..။ အင်္ဂါနေ့မှာတော့ ကျိုတိုမြို့၌ တရားရေအေး တိုက်ကျွေးမှာ ဖြစ်ပါတယ်...။ ကျိုတိုမြို့၌ တနလာင်္နေ့မှ ဗုဒ္ဓဟူးနေ့အထိ သီတင်းသုံး နေထိုင်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ တိုကျိုသို့ ပြန်လည်ကြွရောက်မှာ ဖြစ်ပါတယ်။ လာမယ့် ၁၂ရက်နေ့ သောကြာနေ့မှာတော့ ဒုတိယဝါဆိုအမှီ မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်မှာ ဖြစ်ပါတယ်..။
ဆရာတော်ရဲ့ တရားပွဲနှင့် ခရီးစဉ် ဆက်သွယ် မေးမြန်းလိုပါက...
080-4171-9333 (ဦးသြဘာသ)
e-mail: mcwanmtba@gmail.com

03-3973-3348 (မြန်မာ ဘုန်းကြီးကျောင်း)
080-3859-7080 (ကိုစိုးနိုင်လင်း- ကျိုတိုတက္ကသိုလ်) (ကျိုတိုတရားပွဲ ဖြစ်မြောက်ရေး တာဝန်ခံ)(နဝမ)တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက
ဒေါက်တာ ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ
တရားပွဲအစီအစဉ်
တရားပွဲအစီအစဉ်
(နဝမ)တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက
စစ်ကိုင်း၊ မင်းကွန်း၊ ဓမ္မနာဒကျောင်းတိုက်နှင့်
တိပိဋကကျောင်းတိုက်ကြီး(Seattle, Washinton, USA)၏ ဦးစီးပဓာနနာယက၊
မင်းကွန်း၊ မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းတိုက်၊ ရန်ကုန်ပြင်ဦးလွင်အနီးစခန်းတို့ရှိတိပိဋကကျောင်းတော်တို့၏
စီမံအုပ်ချုပ်မှုမဟာနာယကတွဲဖက်အကျိုးတော်ဆောင်၊
ဂျပန်နိုင်ငံ နဂိုယာမြို့ ဗြဟ္မဝိဟာရကျောင်းတိုက်၏သြဝါဒါစရိယဆရာတော်
(နဝမ)တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာ လင်္ကာရမထေရ်သည် ၂၀၁၁-ခုနှစ် သြဂုတ်လ(၃)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ နာကအိတဘရှိရပ်ကွက်ရှိ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီးသို့ သာသနာပြု ခရီးကြွရောက်ကာ သီတင်းသုံးတော်မူမည်ဖြစ်ပါသည်။ ၂၀၁၁-ခုနှစ် သြဂုတ်လ(၇)ရက်နေ့တွင်လည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် တရားချစ်ခင် သူတော်စင်အပေါင်းတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို အောက်ပါအစီအစဉ်အတိုင်း ဟောကြားပေးမည်ဖြစ်ပါသောကြောင့် ကြုံတောင့်ကြုံခဲ မြတ်ဘုရားရဲ့သားတော် (နဝမ)တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိကဆရာတော်ကို ကြွရောက်ဖူးမြော်ကန်တော့ရင်း တရားဒေသနာတော်များကို နာယူမှတ်သားနိုင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။စစ်ကိုင်း၊ မင်းကွန်း၊ ဓမ္မနာဒကျောင်းတိုက်နှင့်
တိပိဋကကျောင်းတိုက်ကြီး(Seattle, Washinton, USA)၏ ဦးစီးပဓာနနာယက၊
မင်းကွန်း၊ မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းတိုက်၊ ရန်ကုန်ပြင်ဦးလွင်အနီးစခန်းတို့ရှိတိပိဋကကျောင်းတော်တို့၏
စီမံအုပ်ချုပ်မှုမဟာနာယကတွဲဖက်အကျိုးတော်ဆောင်၊
ဂျပန်နိုင်ငံ နဂိုယာမြို့ ဗြဟ္မဝိဟာရကျောင်းတိုက်၏သြဝါဒါစရိယဆရာတော်
တရားပွဲအစီအစဉ်
တရားပွဲနေ့ရက် ... ... ၂၀၁၁-ခုနှစ် သြဂုတ်လ(၇)ရက်နေ့
တရားပွဲအချိန် ... ... ညနေ ၆း၃၀ နာရီမှ ည ၉း၀၀ နာရီ အချိန်ထိ
တရားပွဲကျင်းပမည့်နေရာ... ... မြန်မာဘုန်းတော်ကြီးကျောင်းအနီး ရှိ နာကချော၊ ချိအိခိစင်တာခန်းမ
တရားပွဲဖြစ်မြောက်ရေးအဖွဲ့
ထေရဝါဒပရိယတ္တိကျောင်းတော်
(MTBA) ဥပဋ္ဌာကအဖွဲ့
ITABASHI-KU NAKACHO 39-1
Phone: +81-3-3973-3348
e-mail: mcwanmtba@gmail.com
နေ့ရက် - သြဂုတ်လ ရ ရက် (တနင်္ဂနွေနေ့)
တိုက်ရိုက်ထုတ်လွှင့်မည့်အစီအစဉ်
www.livedhamma.com (CHANNEL A)
ဂျပန်စံတော်ချိန်- 6:30 pm
စင်္ကာပူစံတော်ချိန် - 5:30 pm
နယူးယောက်စံတော်ချိန် - 5:30 am
ရုရှားစံတော်ချိန် - 1:30 pm
www.dhammaflavour.net နှင့် ယခုအင်တာနက် စာမျက်နှာတို့မှလည်း တိုက်ရိုက်နာယူပူဇော်နိုင်ကြပါ သည် ခင်ဗျာ။ (ဝိမုတ္တိသုခ)
အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် (အခမဲ့) ဂျပန်ဘာသာ စကားပြောသင်တန်း
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။