၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က ပြုလုပ်တဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းစတင်ခြင်း အခမ်းအနားတဲ့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က တရုတ်ဒုသမ္မတ ရှိကျင်ပင်း ကြပ်ပြေး နေပြည်တော်သို့ ရောက်ရှိလာစဉ်က နအဖဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ စာချုပ်ချုပ်တယ်.. နောက်တရက် ဒီမှာ အခမ်းအနားလုပ်တယ်..။
တရုတ် CPI (China Power Investment Corporation)၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဋ္ဌာနနဲ့ အေရှဝေါလ် ကုမ္ပဏီတို့ကလုပ်ကိုင် ဆောင်ရွက်မယ့် ကီလိုဝပ် ၇သန်းထုတ်လုပ်မယ့် အဆိုပါ စီမံကိန်းမှ ၂၀၁၇ခုနှစ်မှာ ပထမဦးဆုံး ယူနစ်ကို စတင်လည်ပတ်နိုင်မယ်လို့ ဆိုတယ်...။
ပုံမှာကြည့်ပါ ဘယ်သူတွေပါနေလဲ... ပျော်တပြုံးပြုံးနဲ့ ဘယ်သူတေတေ ငတေမှာပြီးရော အတ္တဝါဒီတွေက အမိဧရာဝတီကို ရောင်းစားနေတာလေ။ ပြန်ကြားရေးဝန်ကြီး ငိုကျော်ဆန်း ချုံးပွဲချငိုတာ ဘာကြောင့်လဲ။ မဖျက်ကြပါနဲ့ ကျွန်တော်တို့ လက်လွန်၊ ခြေလွန်နေပြီလို့ ဆိုလိုတာလား၊ မြိုးမြိုးမြက်မြက် ရသင့်တဲ့ပွဲမှာ သူမပါလိုက်ရလို့ ငိုတာလား..။ သေချာတာကတော့ အခြေအနေတွေက ကျွန်တော်တို့ ထင်တာထက် ခရီးတော်တော် ရောက်နေပါပြီ။
ကဲကျွန်တော်တို့ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်ကြရအောင်...။ အများသိအောင် မျှဝေပေးကြပါ...။ အမိဧရာဝတီကို ချစ်တဲ့၊ ထာဝရရှင်သန်လိုတဲ့ မြန်မာပြည်သူ၊ ပြည်သားအားလုံး လက်မှတ်ထိုး ကမ်ပိန်းတွေမှာလည်း ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြပါ...။

ရေကာတာ လက်စွဲစာအုပ်ဖိုင်အတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်...
KIA ထိန်းချုပ်ရာ နယ်မြေပြမြေပုံပါ...
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ပုံတူကားချပ်..
မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများ ပြန်ကြည့်လိုလျှင် Label မှ မြစ်ဆုံဆည်သတင်းများအား နှိပ်၍ပြန်လည် ကြည့်ရှုနိုင်ပါသည်..။

ကိုဒီမို- ရေ၊ ကျေးဇူးတင်လိုက်တာဗျာ။ ဒေါင်းလုဒ် လုပ်သွားတယ်။ လူထုသိအောင် ရသလောက် ဖြန့်ကြရအောင်။
ReplyDeleteကျွန်တော်တို့ဘိုးဘွားအစဉ်အဆက်ကျေးဇူးပြုခဲ့တဲ့အပြင်အမိမြေရဲ့အသက်သွေးကြောဧရာဝတီမြစ်ကိုတိုင်းပြည်နှင့်လူမျိုးမျက်နှာကိုမကြည့်ဘဲမိမိကောင်းစားရေး၊မိမိ မိသားစုကောင်းစားရေး၊မိမိအဖွဲ့အစည်းကောင်းစားရေးအတွက်တရုတ်လက်ထဲသို့ရောင်းစားလိုက်ခြင်းသည်အမျိုးသားရေးကိုသစ္စာဖေါက်ခြင်း၊ဒို့တာဝန်အရေးသုံးပါးကိုဖေါက်ဖျက်ခြင်း၊နိုင်ငံနှင့်လူမျိုးအပေါ်သစ္စာဖေါက်သည့်လုပ်ရပ်ဖြစ်ပါတယ်။တိုင်းရင်းသားပြည်သူတရပ်လုံးမိမိလုပ်နိုင်သည့်ဘက်မှညီညီညွတ်ညွတ်ဧရာဝတီကိုကာကွယ်ကြပါခင်ဗျာ။
ReplyDelete၅၅၆