ဆောင်းပါးရှင်(အောင်မျိုးထွန်း)
မနေ့က ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီပါတီအချို့နဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် အိုဟေးကင်တားနားတို့ တွေ့ဆုံပွဲမှာ “လက်ရှိအစိုးရအနေနဲ့ ထောင်ထဲကလူတွေ ပြန်ထွက်လာရင် ရရှိနေတဲ့ တည်ငြိမ်အေးချမ်းမှုတွေပျက်ပြားသွားမှာ စိုးရိမ်စိတ် အမှန်ဘဲ ရှိနေပုံရတယ်။ ခင်ဗျားတို့က အဲဒါကို အာမခံ ပေးလိုက်ပေါ့” လို့သူ့ကို ပြောပြတယ်လို့ ဦးသုဝေနဲ့ ရေဒီယိုမီဒီယာတစ်ခု အင်တာဗျူးမှာ ကြားလိုက်ရပါတယ်။
ဒီ “ပွိုင့်” ကို ကင်တားနားနဲ့ NLD အပါအ၀င် ပါတီတွေ စကား မပြောကြခင်ကတည်းက ကျွန်တော် ကြားဖူးပြီး သားဖြစ်ပါတယ်။ သိပ်တော့ မကြာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ နှစ်ယောက်တည်း စကားပြောကြတဲ့အခါ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စ၊ ပါမပါ ရှင်းရှင်းပြတ်ပြတ် မသိရပေမယ့်ဒေါ်စုဘက်က ဒီကိစ္စကို ပြောပြလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒေါ်စု လွတ်မြောက်ရေးကို အခု ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းမခံရခင်တုန်းက တစိုက်မတ်မတ် တောင်းဆို လာခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့လွတ်မြောက်ရေး အတွက် သေချာပေါက် ထည့်ပြောခဲ့လိမ့်မယ်လို့ ပြောနိုင်တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ မြန်မာစကားရှိပါတယ်။
နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် အာမခံရင် ပြန်လွှတ်ပေးမယ်လို့ ပြန်များပြောခဲ့ရင် ဆိုတဲ့ အတွေးတစ်ခုလည်း စဉ်းစားမိပါတယ်။ ကျွန်တော်တို့လည်း ဒီအပေါ်မှာ ဦးနှောက်မုန်တိုင်းဆင် ကြည့်ကြဖို့ ကောင်းပါတယ်။ ထောင်ထဲကသူတွေ အပြင်အမြန်ပြန်ရောက်ရေးဟာ အတိုက်အခံအတွက်ရော အစိုးရအတွက်ရော ကာယကံရှင်တွေအတွက်ရော အခုအချိန်မှာ ရှုထောင့်တစ်မျိုးစီက အရေးတကြီး ကိစ္စဖြစ်သလို ကျွန်တော်တို့ မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေးအတွက်ပါ သေရေးရှင်ရေးတမျှ အပူတပြင်း အရေးတော်ကြီးတစ်ခုပါ။
ဘယ်လိုတွေလုပ်ရင်၊ ဘာတွေလုပ်ရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ထောင်ထဲက ရဲဘော်များ အမြန်ဆုံးလွတ်မြောက်နိုင်မလဲ ဆိုတာ ခေါင်းမီးတောက်အောင် ကျွန်တော်တို့ စဉ်းစား ရှာဖွေနေရပါမယ်။ ကျွန်တော်တို့အတွက် တစ်နေကုန် လုပ်ချင်တဲ့ စီးပွားရေး၊ မိသားစုအရေး၊ ပါတီရေး၊ လူမှုရေး စတဲ့ နိစ္စဓူဝအလုပ်တွေကိုလုပ်ပြီး ညအိပ်ရာဝင်၊ မနက်ပြန်ထနဲ့ ပုံမှန်လှုပ်ရှားနေကြချိန်မှာ ထောင်ထဲကသူများ ပြစ်ဒဏ်တွေ နှစ်စေ့မှ ပြန်လွတ်လာရမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် အလိုလိုနေရင်း ပြစ်မှုတစ်ခုကို နေ့စဉ်နေ့တိုင်း ကျူးလွန်နေသလို ဖြစ်နေပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် နှစ်စေ့မှ၊ သူတို့အခေါ် ပြစ်ဒဏ် တိတိကျကျ ကျခံပြီးမှ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တာပါ။ အခု ထောင်ထဲကသူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးနီးသွေးရင်း တစ်ယောက်မှ မပါပေမယ့် ဗိုလ်ချုပ်စိတ်၊ ဗိုလ်ချုပ်သတ္တိမျိုးနဲ့ ဗိုလ်ချုပ်လို တိုင်းချစ်ပြည်ချစ်စိတ်ထောင်းထောင်းကြေနေတဲ့ သူတွေချည်းပါ။ တိုင်းပြည်ကို ချောက်ထဲ တွန်းချမယ့်သူ၊ လူထုကို ကျွန်ဖြစ်၊ နွံနစ်စေမယ့်သူ တစ်ကောင်တစ်မြှီးမှ မပါပါဘူး။ ထောင်ထဲမှာ တစ်ရက်ပိုနေရလေ အားလုံးအတွက် ဆယ်ရက်နစ်နာလေပါဘဲ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်အေးချမ်းဖို့ အတွက် ကိုယ်စွမ်းရှိသရွေ့  ကူညီဆောင်ရွက်
ပေးလိုပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်မျိုး၊ အလားတူပုံသဏ္ဍာန်မျိုး၊ ထိုကဲ့သို့ စေတနာမျိုးနဲ့ နိုင်ငံရေးအကျဉ်းသားများ အရေးကို ဒေါ်စုဘက်က ဆောင်ရွက်ပေးဖို့ ဖြစ်နိုင်စရာတွေ ရှိပါတယ်။ ထောင်ထဲက အကျဉ်းသားတွေဟာ လက်နက်ကိုင်၊ ကျည်ဆံဖောက် နေတဲ့သူတွေ လုံးဝမဟုတ်ပါဘူး။ လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအုပ်စုတွေ အပေါ်မှာတောင် စိတ်ရှည်ရှည် ထားပေးနိုင်တယ်ဆိုရင်၊ တရားဝင်ပါတီ မဟုတ်တော့တဲ့ နိုင်ငံရေးအဖွဲ့အစည်း တချို့အပေါ်မှာတောင် နားလည်မှုပေးပြီး ဖျောင်းဖျနားချမှုတွေ လုပ်နိုင်တယ် ဆိုရင် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ထောင်ထဲက အကျဉ်းသားတွေအရေးကို သဘောထား သိမ်မွေ့စွာ ထားနိုင်ဖို့သင့်ပါတယ်။
ပေးလိုပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်မျိုး၊ အလားတူပုံသဏ္ဍာန်မျိုး၊ ထိုကဲ့သို့ စေတနာမျိုးနဲ့ နိုင်ငံရေးအကျဉ်းသားများ အရေးကို ဒေါ်စုဘက်က ဆောင်ရွက်ပေးဖို့ ဖြစ်နိုင်စရာတွေ ရှိပါတယ်။ ထောင်ထဲက အကျဉ်းသားတွေဟာ လက်နက်ကိုင်၊ ကျည်ဆံဖောက် နေတဲ့သူတွေ လုံးဝမဟုတ်ပါဘူး။ လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအုပ်စုတွေ အပေါ်မှာတောင် စိတ်ရှည်ရှည် ထားပေးနိုင်တယ်ဆိုရင်၊ တရားဝင်ပါတီ မဟုတ်တော့တဲ့ နိုင်ငံရေးအဖွဲ့အစည်း တချို့အပေါ်မှာတောင် နားလည်မှုပေးပြီး ဖျောင်းဖျနားချမှုတွေ လုပ်နိုင်တယ် ဆိုရင် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ထောင်ထဲက အကျဉ်းသားတွေအရေးကို သဘောထား သိမ်မွေ့စွာ ထားနိုင်ဖို့သင့်ပါတယ်။
ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ “နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်းမျိုးကို မည်သည့် အစိုးရကမျှ ပြုလုပ်လိုမည် မဟုတ်ပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့်အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန် ရှိနိုင်ကြောင်း”ဆိုပြီး အမျိုးသားလွှတ်တော် ဥက္ကဌဦးခင်အောင်မြင့်က အိုဟေးကင်တားနားကို ရှင်းလင်း ဆွေးနွေးသွားခဲ့တာကို ဖော်ပြထားတာ ဖတ်ရပါတယ်။ ထို့အတူဘဲ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားကို ဖြေကြားရာမှာ “မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် နိုင်ငံတော် သမ္မတအနေဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးသွားရန် အလားအလာရှိပါကြောင်း” လို့ ထည့်သွင်း ပြောကြားသွားတာ တွေ့ ရပါတယ်။
“တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်” ဆိုတာကို ကျွန်တော်တို့ သိပ်စိတ်ဝင်စားပါတယ်။ အစိုးရအဖွဲ့ဘက်က ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အဲဒီအချိန်ကာလဟာ အခု မဟုတ်သေးဘူးလား။ ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံတို့ရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ အပေါ် နိုင်ငံရေးသဘောထား ဒိုင်မေးရှင်း ပြောင်းလဲလာတာတွေ၊ ပူးပေါင်း လုပ်ဆောင်လိုစိတ် ပြင်းပြလာတာတွေက တည်ငြိမ်အေးချမ်းမှု ကြီးစိုးလွှမ်းမိုးခြင်းစီ မျက်နှာပြုနေတာ မဟုတ်ဘူးလား။ အစိုးရပြောတဲ့ သေချာသည့်အချိန် ဆိုတာ ထိုင်စောင့်နေလို့ မရပါဘူး။ စောင့်ကြည့်နေ၊ မျှော်လင့်နေ၊ လွတ်လာပါလိမ့်မယ် ဆိုပြီး လတွေ နှစ်တွေ ချီပြီး ကြာညောင်း သွားနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ နောက်ဆုံးနေခဲ့ရတဲ့ ကာလတွေမှာ အရင် နအဖ အစိုးရရဲ့ ကိုယ်စားလှယ်တချို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုခြံထဲ အ၀င်အထွက်တွေလုပ်ပြီး လျှို့ဝှက်စွာ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်တာ၊ မအောင်မြင်တာ တစ်ပိုင်းပေါ့။ အဲဒီရဲ့ အကျိုးဆက်တွေကြောင့် အခုလို ဆက်ဆံရေး ပုံစံတိုးတက်မှုများ ဖြစ်လာရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် မှတ်ချက်ပြုသွားတာ ကြားရပါတယ်။ ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန် ငြိမ်းငြိမ်းချမ်းချမ်း စကားပြောကြတာ တွေ့မြင်ရတဲ့အခါ ပြည်သူတွေ စိတ်ချမ်းသာရတယ်၊ ပျော်ကြတယ်၊ သာဓုခေါ်ကြတယ်၊ ဘာဘဲဖြစ်ဖြစ် စစ်အရေခြုံအစိုးရကို အမှတ်ပေးကြတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လိပ်ခဲတည်းလည်း အစိုင်အခဲကြောင့် အမှတ်ရှည်ရှည် မပေးကြဘဲ တိုတိတိုနန့် အမှန်ခြစ်ကိုဘဲ ရရရှာတယ်။
အမှန်ခြစ် အမှတ်ရှည် ထင်ထင်ရှားရှားကြီး ရဖို့ဆိုရင် “သေချာသည့်အချိန်” ဆိုတာကို လည်ပင်းရှည်အောင် မစောင့်ကြဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ နှစ်ဦးနှစ်ဘက် လုပ်ကြရပါလိမ့်မယ်။ လုပ်လို့လည်း ရနိုင်ပါတယ်။ မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမား ခေါင်းဆောင်များနဲ့ တွေ့ဆုံ စကားပြော ရပါလိမ့်မယ်။ ဒီမိုကရေစီရေး ရဲဘော်ရဲဘက်တွေကို အပြင်လောကက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ အကြောင်းဂဃနဏ ခရေစေ့တွင်းကျ သိရှိနားလည်အောင် ပြောပြရပါမယ်။ သူတို့မှာလည်း ထောင်ဝင်စာလာတွေ့တဲ့အချိန်လေးသာ နားထောင်ကြရတာပါ၊ အစိုးရသတင်းစာထဲ ပါသလောက်ကိုသာ သိခွင့်ရတာပါ။ ဒေါ်စုကိုယ်တိုင် သူတို့ကို သွားရောက် တွေ့ဆုံခွင့်ရရင်၊ ရှင်းလင်း ပြောကြားခွင့်ရရင် အခြေအနေတွေ ကောင်းတဲ့ဘက်ကို ရွေ့လာနိုင်ပါတယ်။ အစိုးရဘက်က တာဝန်ရှိသူတွေ အနေနဲ့လည်း သူတို့နဲ့  တွေ့ဆုံ စကားပြောသင့်ပါတယ်။
ဆူဆူပူပူ အမြဲလုပ်သူတွေလို့ မမြင်ဘဲ တိုင်းကျိုးပြည်ပြု ငါ့နိုင်ငံသားတွေဘဲလို့ ခံယူပြီး တွေ့ဆုံရေးလမ်းစတစ်ခုကို စတင် ပျိုးယူထားသင့်ပါပြီ။ ဘာဘဲဖြစ်ဖြစ် မည်သည့်ဘက်ကမှ အရင်းမရှုံးနိုင်ပါဘူး။ ပုထုစဉ်လူသားတွေရဲ့ သဘာဝအတိုင်း ဘယ်သူဖြစ်ဖြစ် ဘယ်ဝါဖြစ်ဖြစ် အသိအမှတ်ပြုမှုကို ခံယူချင်ပါတယ်။ ပစ်ပယ်ထားတာတွေ၊ ၀ိုင်းကျဉ်ထားတာတွေ၊ မခေါ်မပြောနိုင် ဖြစ်ရတာတွေနဲ့ တိုင်းပြည်တစ်ပြည်ကို တိုးတက် အောင်မြင်အောင် တည်ဆောက်လို့ မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်တွင်းက ပုဂ္ဂိုလ်တချို့ နိုင်ငံခြားထွက်ပြီး မြန်မာနိုင်ငံကို ဆန့်ကျင် ပုန်ကန်နေသူတချို့နဲ့ သွားရောက်တွေ့ဆုံ စကားပြောကြ နိုင်သေးတာဘဲ။ နှစ်ဘက်စကား နှစ်ဘက်နားတွေနဲ့ ရင်းနှီးမှုတွေ ရယူထားနိုင် ကြသေးတာဘဲ။ အခုဟာက ရေခြားမြေခြား တိုင်းတစ်ပါးကို ခရီးရှည်ကြီး ဆန့်စရာ မလိုပါဘူး။ နီးနီးလေးနဲ့ ဝေ့နေကြတာပါ။
အောင်မျိုးထွန်း
၂၆- ၈- ၂၀၁၁

ကိုအောင်မျိုးထွန်းရဲ့ ဆောင်းပါးက အတော်ကောင်းတယ်ဗျာ။ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ချွင်းချက်မရှိ လွတ်မြောက်ပါစေ။ နောင်ဆိုရင်လည်း ဒီလိုအမည်းစက်ကြီးမျိုး မြန်မာ့သမိုင်းမှာ မရှိပါစေနဲ့တော့။
ReplyDeleteဦးသုဝေဆိုတာဘာကောင်ကြီးလဲဗျ
ReplyDeleteအမျိုးသားရေးစိတ်ဓါတ်စစ်စစ်နဲ့ကိုယ်ကျိုးမဖက်တဲ့သံမဏိစိတ်ဓါတ်ပိုင်ရှင်
တွေရဲ့စိတ်ဓါတ်ကိုအမှန်တရားစစ်စစ်တွေကသာအာမခံနိုင်ပါ။
သမိုင်းတရားခံတွေကအာမခံလို့မရပါဘူး။
နိုင်ငံတော်တည်ငြိမ်နေတယ်ပြောရအောင်တိုင်းရင်းဒေသတွေဆီကသေနပ်သံတွေအရင်ငြိမ်းအောင်လုပ်လိုက်အုံး
ဒီငါ--ိုးမသားအစိုးရ.ဘယ်လိုပြောပြော.ဘယ်သူပြောပြောခေါင်းမာနေတယ်..--ီးလိုဘဲ.မှတ်ကရော..
ReplyDeleteဒီလူတွေလွတ်လာရင် လူထုလှုပ်ရှားမူ ဖြစ်အောင် လှုံဆော်မယ်လို့  ရည်ရွယ်နေသရွေ့  ကာလပတ်လုံး လွှတ်မယ်လို့ မထင်။
ReplyDelete"ဒီလူတွေလွတ်လာရင် လူထုလှုပ်ရှားမူ ဖြစ်အောင် လှုံဆော်မယ်လို့  ရည်ရွယ်နေသရွေ့  ကာလပတ်လုံး လွှတ်မယ်လို့ မထင်။" လို့ မှတ်ချက်ပြုခဲ့တဲ့ မိတ်ဆွေခင်ဗျား။ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ ၈၈၈၈ လူထုလှုပ်ရှားမှုပြီးကတည်းက တိုးလာခဲ့တာ။ အဲ့ဒါတွေက အစိုးရဖိနှိပ်မှုတွေတိုးလာလို့ တခုတည်းကြောင့်လို့ ထင်ပါသလား။ မိတ်ဆွေကြည့်ရတာ အဖိနှိပ်ခံဖူးပုံမပေါ်ဘူး။ ပြည်သူတွေရဲ့စိတ်ထဲမှာ လက်ရှိ အစိုးရကို စစ်အာဏာရှင်တွေလို့ပဲမြင်နေပါသေးတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ အမုန်းတွေက မလျော့ကျသေးသမျှ ကာလပတ်လုံး မကျေနပ်မှုတွေ ဖော်ပြနေရအုံးမှာပဲ ဆိုတာ သိစေချင်တယ်။တကယ်သာ ပြုပြင်ပြောင်းလဲဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ အရင်ဆုံးလွှတ်ဖို့လိုပါတယ်။ ပြည်တွင်းစစ်ကို တတိုင်းပြည်လုံးအတိုင်းအတာနဲ့ရပ်ဆဲဖို့လိုပါတယ်။ နောက်ထပ် ပြည်သူတွေရဲ့အခက်အခဲကို အားလုံးပူးပေါင်း ပါဝင် ဖြေရှင်းပေးဖို့လိုပါတယ်။ မဟုတ်ရင် မိတ်ဆွေပြောတဲ့ လူထုလှုပ်ရှားမူဆိုတာ ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။ လှုံ့ဆော်တိုင်း အုံကြွရအောင် ပြည်သူတွေက သူများပြောသမျှယုံနေခေါင်းညိမ့်နေတဲ့ အဖွဲ့အစည်းဝင်တွေမဟုတ်ဘူး။ အားလုံးခံစားမှုရှိတဲ့ စဉ်းစားတတ်တဲ့ လူတွေဆိုတာ သဘောပေါက်စေချင်တယ်။ ခင်ဗျားစာ တိုတိုလေးတကြောင်းကို ဒီလောက်အများကြီး ပြန်ပြောနေရတာ ခင်ဗျားကို ကန့်လန့်တိုက်ချင်လို့ မကျေနပ်လို့ မြူတမှုန်မှမပါဘူး။ ကျနော်နားလည်ထားတဲ့ အခြေအနေတခုကို ပြန်လည်ဆွေးနွေးတဲ့ သဘောသာဖြစ်တယ်။
ReplyDeleteပြည်ပ အတိုက်အခံတွေထဲကလဲ တိုင်းသိပြည်သိ ကမ္ဘာသိ ကြွေးကျော်ပြီး တယောက်လောက် စမ်းပြီး ပြန်လာကြည့်ကြပါလား။ ဖမ်းမဖမ်း သိရတာပေါ့။ ဒီလောက်လေးတောင် မစွန့်စားရဲရင်တော့ ဗမာပြည်နဲ့ ဒီမိုကရေစီ ဝေးသေးပေါ့။
ReplyDeleteအစိုးရ မကောင်းတာက ထားတော့။ ပြည်ပ ပြည်တွင်းက အတိုက်အခံတွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကတော့ အများကြီး လိုသေးတယ်နော။ 88 မျိုးဆက်ကို မလွှတ်ရဲတာ ဒါကြောင့် ပေါ့။ သူတို့သွေးက ရဲတယ်လေ။
လစ်ဗျားကတော့ စံနမူနာပြ လုပ်ပြသွားပြီ။ သေတော့သေမှာပေါ့ဗျာ။ နာဂစ်သေတာရဲ့ 1/4 မသေနိုင်ပါဘူး။ ဒီအစိုးရ ဆက်ရှိနေရင် နာဂစ်ပေါင်းမြောက်များစွာ ကြုံတာထက် ဆိုးဦးမှာလေ။
နှစ်ပေါင်းမြောက်များစွာ အမြစ်တွယ်နေတဲ့ ရောဂါဆိုးကို အမြစ်ပြတ်ကုတာပဲ အမေစုရာ၊ နဲနဲတော့ နာမှာပေါ့။ စတေးခံဟာ သူလဲဖြစ်နိုင်တယ်၊ ကိုယ်လဲဖြစ်နိုင်တယ်။ ဘယ်သူဖြစ်ဖြစ် " နောက်မျိုးဆက် အတွက်ပဲ" ဆိုပြီး ရင်ကော့ ခေါင်းမော့ပြီး ကြိုးစားကြည့်ရအောင်ပါ။
သေချာတာ တခုကတော့ ၀ံပုလွေဟာ ၀ံပုလွေပါပဲ။ စိတ်ကောင်းဝင်လာတဲ့ အထိ စောင့်လို့ကတော့ သိုးခြံတခြံလုံးသာ ကုန်သွားမယ်။ ဖြစ်လာမှာ မဟုတ်ဘူး။
Tuesday, 06 September 2011 16:38
ReplyDeleteလွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။
ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။
ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။
(ရန်ပိုင်၊ ဧရာဝတီ)
http://www.bur.irrawaddy.org/index.php/news/7235-2011-09-06-09-41-23