ကော့သောင်းပင်လယ်အတွင်းမှ သဲများကို လာရောက် သယ်ယူနေသည့် စင်ကာပူ သဲစုပ်ရေယာဉ်တစ်စီး
သဲတင်ဗောယာပေါ်မှ မြန်မာ့သဲများ စင်ကာပူသို့ ပိုဆောင်ရန် အဆင့်သင့်ဖြစ်နေပုံ..
သဲတင်ဗောယာပေါ်မှ မြန်မာ့သဲများ စင်ကာပူသို့ ပိုဆောင်ရန် အဆင့်သင့်ဖြစ်နေပုံ..
မြန်မာစစ်အာဏာရှင်တွေရဲ့ တိုင်းပြည်ရဲ့ မြေပေါ်၊ မြေအောက် သယံဇာတ သဘာဝအရင်း အမြစ်တွေကို တိုင်းတပါးသို့ လက်ညှိုးထိုး ရောင်းစားနေတာကတော့ မြန်မာပြည် မြောက်ဖျားမှသည် တောင်ဘက် အစွန်း ကော့သောင်းထိတိုင်အောင် နေရာမလပ် အဘက်ဘက်က လစ်ဟာမှု မရှိအောင်ပါပဲ။
မနှစ်က စင်ကာပူ ခေတ္တရောက်ရှိချိန်က စင်ကာပူရဲ့ နာမည်ကျော် Sentosa ကျွန်းကို ရောက်ရှိခဲ့ပါတယ်...။ အဆိုပါ လူလုပ်ကျွန်းရဲ့ သဲသောင် ဖြူဖြူဖွေးဖွေးပေါ် ထိုင်မိချိန်မှာတော့ နယ်ခံမိတ်ဆွေက ဒါမြန်မာပြည်က သယ်လာတဲ့ သဲတွေတဲ့... မြန်မာပြည်က ဝယ်တာတဲ့...။ သြော်မြန်မာပြည်ရဲ့ အာဏာရှင်တွေဟာ သဲတောင်မချန်အောင် တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား နေကြတာပါလားလို့ ..။ ယနေ့ ကော့သောင်းမြို့ အနီးပတ်ဝန်းကျင် မြန်မာ့ပင်လယ်ပြင်မှာတော့ စင်ကာပူက သဲတင်သဘောင်္တွေ နေ့စဉ်နဲ့အမျှ သဲစုပ်၊ သဲတင်နဲ့ လူးလားခေါက်ပြန် အလုပ်ရှုပ်နေကြတာ တွေ့မြင်နေရပါတယ်...။
ကော့သောင်းမြို့သူ မြို့သားတွေရဲ့ ပြောဆိုချက်ကတော့ ထိုကဲ့သို့ မြန်မာ့ပင်လယ်ပြင်မှ သဲတွေကို လာရောက်စုပ်ယူ၊ သယ်ယူနေတဲ့အတွက် ကော့သောင်းမြို့ကြီးဟာ တဖြည်းဖြည်းနဲ့ နိမ့်ကျလာတော့မယ်လို့ စိုးရိမ်တကြီး ပြောဆိုသံတွေ ထွက်ပေါ်လာနေပါတယ်...။ နေ့စဉ် မည်၍မည်မျှ ထုတ်လုပ် သယ်ယူ ရောင်းစားနေတယ်ဆိုတာ ထုတ်ဖော်သင့်ပါတယ်..။ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များမှ ဒီကိစ္စအပေါ် လေ့လာ ဝေဖန်သုံးသပ်စေချင်ပါတယ်...။ ရေအောက် သဘာဝ သယံဇာတ ဂေဟစံနစ်တွေ ပျက်ဆီးမှုရှိမရှိ၊ စတဲ့ဆိုးကျိုးတွေကိုလည်း စုံစမ်းဖော်ထုတ်ဖို့လိုပါတယ်...။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အမိ ဧရာဝတီမြစ်ကြီးဟာ နိုင်ငံရဲ့ အလယ်တည့်တည့်ကနေ မြောက်မှ တောင်သို့ စီးဆင်းနေတဲ့ မြန်မာပြည်ဘွား ကိုယ်ပိုင်မြစ်ကြီးပါ...။ ကမ္ဘာ့နိုင်ငံအသီးသီးက မြစ်ကြီးတွေမှာ စက်ရုံအလုပ်ရုံတွေက စွန့်ပစ်ပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းမှုတွေ ကြုံတွေ့နေရတဲ့ အချိန်မှာ ကျွန်တော်တို့ မြစ်ကြီး ဧရာဝတီကတော့ ခေတ်အဆက်ဆက် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အတွက် အလုပ်အကြွေးပြု ပေးဆပ်နေခဲ့တဲ့ မြစ်ကြီးဧရာပါ...။ နှစ်စဉ် ပင်လယ်ဝမှာ နှုန်းတင်မြေနဲ့ သဲသောင်တွေ ပို့ချပေးပြီး မြန်မာပြည်ရဲ့ အကျယ်အဝန်း ဧရိယာကို ချဲ့ထွင်ပေးနေတာတဲ့ အကျိုးပြုမြစ်ကြီး တစ်ခုပါပဲ..။
မဆလခေတ် လက်ထက်က တရုတ်ပြည်က ကျူးကျော်လာတဲ့ အခါမှာ ခံစစ်အနေအထားနဲ့ ခုခံနိုင်ဖို့ သဘာဝ ကာဆီးပေးထားတဲ့ ဧရာဝတီမြစ်ကြီးရဲ့ အနောက်ဘက်ခြမ်းမှာ စီမံကိန်းတွေ ပြုလုပ်ခဲ့ပါတယ်...။ ကာကွယ်ရေး ပစ္စည်းစက်ရုံတွေ၊ ပုသိမ်၊ မုံရွာကားလမ်းစီမံကိန်းတွေ စတဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း စီမံကိန်းတွေ လုပ်ဆောင်ခဲ့ပြီး ပြည်ပတရုတ်ရန်အတွက် ကြိုတင်လုပ်ဆောင် ခဲ့ကြပါတယ်..။ စီမံကိန်းတွေ အောင်မြင်တာ မအောင်မြင်တာကတော့ တပိုင်းပေါ့ဗျာ...။ ခုခေတ် အာဏာရှင်တွေ လက်ထက်မှာတော့ တရုတ်နဲ့ လုပ်ဆောင်မယ့် မြစ်ဆုံဆည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေထဲက တစ်ခုအနေနဲ့ကတော့ အကယ်၍များ တရုတ်နိုင်ငံက ကျူးကျော်စစ် ဆင်နွှဲ လာခဲ့သည်ရှိသော် သဘာဝက ကာဆီးပေးထားတဲ့ ဧရာဝတီမြစ်ကြီးကို ခက်ခဲ ကူးဖြတ်လာစရာမလိုပဲ.. လမ်းလျှောက် ကူးပြီး အလွယ်တကူ သိမ်းနိုင်အောင် စစ်အာဏာရှင်တွေက လုပ်ဆောင်ပေးနေပါတယ်။
စင်ကာပူ Sentosa လူလုပ်ကျွန်းမှ မြန်မာ့သဲများ..
သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးကျော်ဆန်းရဲ့ ဧရာဝတီနဲ့ ပတ်သက်တဲ့ မေးခွန်းကို အတိအကျ မဖြေနိုင်လို့ မျက်ရည်ခံထိုး၊ ဧရင့်ကျူးသွားတာ အဖြေတခုမဟုတ်ပါ..။ အမိဧရာဝတီ အသက်ဆက် ရှင်သန်နိုင်ဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်...။ တိုင်းပြည်မှာ ရှိသမျှလည်းကုန်ပါပြီ။ ပြည်သူတွေရဲ့ ဘဝကတော့ ဒုံရင်းက ဒုံရင်းပါပဲ...။ ၂၃နှစ်အတွင်း တောတွေပြောင် တောင်တွေကတုံးဖြစ်၊ မြစ်တွေ၊ အင်းတွေခန်း၊ နောက်ဆုံး ပင်လယ်က သဲပါမကျန် ရောင်းစားတာခံနေရပါပြီ။ အထက်ဖော်ပြပါ အဖြစ်အပျက်များကို ကြည့်ချင်းအားဖြင့် အာဏာရှင်နဲ့ အပေါင်းအပါတစ်စုဟာ အထက်မြန်မာပြည် မြောက်ဖျား မေခ၊ မလိခ မြစ်ဆုံမှသည်.. မြန်ပြည်တောင်စွန်း ကော့သောင်းထိ တိုင်အောင်.. မြေပေါ်၊ မြေအောက် ရေပေါ်၊ ရေအောက် တိုင်းပြည်ပိုင် သယံဇာတတွေကို သဲပါမကျန် လက်ညိုးထိုး ရောင်းစားနေတဲ့ မြန်မာပြည်ရဲ့ သူခိုး၊ ဓားပြထက် ဆိုးတဲ့ ရန်သူများအကြောင်း ရေးသားတင်ပြလိုက်ရပါတယ်..။
ဒီမိုဝေယံ..






Than Shwe/Thein Sein led lot in Naypyidaw is SELLING BURMA'S NATURAL RESOURCES and their SOULS as well to the communists in Beijing and Chinese in Singapore no less as well and POCKETING THE PROCEEDS no doubt.
ReplyDeleteHence, each and every one born and bred in Burma has the OBLIGATION and DUTY BOUND to EJECT the lot at Naypyidaw in order to save the IRRAWADDY and BURMA as a whole.
So LET'S DO IT NOW I say!
ကျေးဇူးတင်ပါတယ် ဒီမိုဝေယံရယ်
ReplyDeleteတခုတော့ပြောချင်သေးတယ်
သဲတွေကို ရောင်းစားနေတာ တော်ပါသေးရဲ့လို့
တိုင်းပြည်ကို ကိုတရုတ်ဆီရောင်းနေတာတော့ ကုန်ပြီဗျို့
အကြွင်းအကျန်းလေးများ ရမလားလို့ အမိုက်တော်ဝယ်နေတာကတော့ အိန္ဒိယ
ကုလားတွေ ဆိုတော့ မြန်မာနိုင်ငံမှာ ဘာကျန်အုံးမှာလဲ ၊ အင်း ဗိုလ်ချုပ်ပြောသလိုဆိုယင် ဖာ ပဲ ကျန်တော့မှာကွ၊
let me share this post,thank u so much.
ReplyDelete