လောကမှာလူထု အကျိုးကို သယ်ပိုး၊ အများအကျိုးကို ထမ်းပိုး ဆောင်ရွက်နေသူ၊ အနစ်နာခံ ဆောင်ရွက်နေသူတွေကို ပြည်သူလူထုက အားကိုး ယုံကြည် လေးစားကြပါတယ်...။ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်တဲ့ လူမျိုးအပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ အနစ်နာခံတဲ့ စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်း ပီသတဲ့ စိတ်ဓာတ်တွေကြောင့် ရောက်လေရာမှာ အုတ်အော်သောင်းသဲ ပြည်သူမေတ္တာ၊ ပြည်သူ့ချစ်ခင်မှုကို အပြည့်အဝ ရရှိခံစားနေရတာပါ...။ ဒါဟာ ပြည်သူက ကျွန်တော်တို့ ခေါင်းဆောင်အပေါ်ထားတဲ့ မေတ္တာ၊ လေးစားယုံကြည်မှု၊ မိမိတို့ အနာဂတ်ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆီးပေးမယ့်သူ အဖြစ် အားကိုးယုံကြည်မှုပါပဲ...။ ပြည်သူတွေရဲ့ ရင်ထဲကလာတဲ့ မေတ္တာပါ လုပ်ယူထားတဲ့ အရာတွေ မဟုတ်ပါဘူး၊
ဒီပုံကတော့ ၂၀၀၃ခုနှစ်က ဇန္နဝါရီလ ၁၅ရက်နေ့က ဗိုလ်သန်းရွှေတို့ တရုတ်ပြည်ခရီးစဉ်မှာ ဒေါ်ကြိုင်ကြိုင် မိသားစုနဲ့ ဗိုလ်ခင်ညွန့် ဇနီး ဒေါ်ခင်ဝင်းရွှေ တို့အား ပန်ဒါ ဝက်ဝံလေးတွေရဲ့ ပန်းခြံမှာ တွေ့ရတဲ့ မြင်ကွင်းပါ...။ ပန်ဒါဝက်ဝံတွေဆိုတာ အင်မတန်မှ ချစ်ဖို့ကောင်းတဲ့ တရုတ်ပြည်မှာပဲ တွေ့ရတဲ့ ဝက်ဝံအမျိုးအစားပါ။ သို့ပေတည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေကြားမှာ ပန်ဒါဝက်ဝံခင်ဗျာလည်း အရောင်မှိန်ခဲ့ရပါတယ်..။ (လျှက်တပြက် အယ်ဒ်ီတာချုပ်ကြီးများ ဒီပုံကိုရရှိရင် ပုံထဲက ပန်ဒါဝက်ဝံကို ဖျောက်ထားပေးမလားပဲ)။ ဟန်ဆောင်အပြုံးတွေ၊ မာန်မာနတွေ မျက်နှာမှာ ထင်ဟပ်နေတဲ့ ပုံရိပ်တွေပါ...။ တကယ်ချစ်ခင်မှုနဲ့ ရွံကြောက် အနေအထားတွေ ကွာပါတယ်..။ မိမိကိုယ်ကိုယ် အနိုင်ရရှိပြီလို့ ထင်ထားတဲ့ သူတွေရဲ့ လူတောတိုးမတိုးဝံ့၊ လူထုကြားထဲ ရဲရဲဝံ့ဝံ့ မသွားဝံ့တဲ့ လူမသေခင်ကတည်းက နာမည်သေနေကြပြီ ဖြစ်တဲ့ တဘဝစံတွေပါ...။ နောက်ဆုံးအချိန်မှာ ဘယ်လိုများ ဇာတ်သိမ်းကြမယ်ဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက် ကြည့်ရှုကြတာပေါ့ဗျာ....
ဓာတ်ပုံတွေက ပြောတဲ့ ကွာခြားချက်လေးတွေကို အားလုံးအတွက် တင်ပြလိုက်ပါတယ်...။
ဒီမိုဝေယံ
ဓာတ်ပုံတွေက ပြောတဲ့ ကွာခြားချက်လေးတွေကို အားလုံးအတွက် တင်ပြလိုက်ပါတယ်...။
ဒီမိုဝေယံ
စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း။
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့။
လက်ဝဲသုန္ဒရ


Demo, Greeting. It will not be 2006 and will be earlier than 2006. Khin Win Shwe is there. Please check it. Cheers.
ReplyDeleteညာအစွန်က မိန်းမက သွားလေသူ ဘိုခင်ညွန့် မိန်းမ ဒေါ်ခင်ဝင်းရွှေ ပါ။ ဘိုခင်ညွန့် မပြုတ်ခင် ကာလ ဖြစ်ပါလိမ့်မယ်။
ReplyDelete၂၀၀၃ခုနှစ်က ဇန္နဝါရီလ ၁၅ရက်နေ့က ဖြစ်ပါတယ် ။ လာရောက် ထောက်ပြ ပြောဆိုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...
ReplyDeleteဒီမို