ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ(၃)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
အခုဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဘယ်လိုစာတမ်းတွေ ထွက်လာမယ်ဆိုတာ မသိရသေးပါဘူး။ ဆွေးနွေးပွဲရဲ့ စာတမ်းတွေ အပြန်အလှန် ဆွေးနွေးချက်တွေ မထွက်လာသေးပါဘူး။ ဒါကိုနိုင်ငံတော် တာဝန်ရှိသူတွေက ဘယ်လို လက်ခံတယ်ဆိုတာတွေ မထွက်လာသေးပါဘူး။ ကျနော်တို့ အမြင်လေးတွေကို ကြိုပြောနေရတာတော့ သိပ်မဟုတ်လှပေမဲ့ ပြောဖို့တော့ လိုနေလို့ ပြောနေရတာပါ။ ငါပြောတာမှ အမှန်ဆိုတာ မဟုတ်ရပါဘူးဆိုတာကို နံမည်မခံရဲသူတွေက ဝေန်စောနေပါတယ်။ ရှင်းနေတာဘဲ။ ပြည်သူလူထုရဲ့ ဆန္ဒတစက်လေးမှ မပါခဲ့တဲ့ ၂၀၀၈- အပြီး တတိုင်းတပြည်လုံး လူပေါင်း နှစ်သိန်းခွဲလောက်သေကြရ လူပေါင်းနှစ်သန်းခွဲလောက် စားရမဲ့သောက်ရမဲ့ အိုးအိမ်တွေ ပျက်စီးနေကြရချိန် နေစရာမရှိ ဖြစ်နေချိန်မှာကို ၉၂.၄၈ % ထောက်ခံထားပါတယ်ဆိုတဲ့ နာဂစ်ဥပဒေကြီး အခုကမ္ဘာနဲ့အာဆီယံက လက်ခံဖို့ ခက်နေတယ်။ အာဆီယံကို နိုင်ငံရေးပါတီကြီးတွေက ဒီအခြေခံဥပဒေကြီးကို အာဆီယံအဖွဲ့ အကဲဖြတ် ပုဂ္ဂိုလ်တွေလာရောက်ပြီး အကဲဖြတ်ခွင့်ပြုမှ အာဆီယံအနေနဲ့ အသိအမှတ်ပြုပါလို့ တင်ပြသင့်ပါတယ်။
ဆင်းရဲမှုကို တကယ်တိုက်ဖျက်ချင်ရင် ဒီဆင်းရဲမှုကိုဖြစ်အောင် လုပ်ခဲ့သူ တဦးတည်း စိတ်ကြိုက်ရေးထားတယ် စိတ်ကြိုက်လူရွေးခေါ်ပြီး ဟန်ပြလုပ်လက်မှတ်ထိုးခိုင်း ထားတဲ့ အခြေခံအဆောက်အအုံကြီးကို ပြန်သုံးသပ်ရပါမယ်။ နောက်ဆုံးဗျာ ကြပ်ပြေးမှာ မြို့တော် တည်ထားတဲ့အတွက် (နေပြည်တော်လို့ ကျနော်မသုံးနိုင်ပါ။ ဘုရင်မရှိဘဲ လိုက်မသုံးနိုင်ဘူး။ အဲဒီလို လိုက်ပြောနေသူတွေဟာ မမှန်တာကို ထောက်ခံနေကြတာဘဲ) နိုင်ငံတော်စီပွားရေးမှာ အပိုကုန်ကျမှုတွေ ဘယ်လောက်အထိ အလဟသ ပိုကုန်မယ်။ ကုမ္မဏီတွေဆိုရင် နေပြည်တော်ကို လွှတ်ဖို့ အပိုစားရိတ်တွေ ၀န်ထမ်းအပိုတွေ ခန့်ထားရတာတွေကို တင်ပြကြပါ။ အချိန်တွေ ဘယ်လောက်ဖင့် နေရပါတယ် ဆိုတာကိုတင်ပြကြပါ။ မကြောက်ကြပါနဲ့။
၉၅- ခုနစ်မှာ ဂဏန်း/ကျောက်ပုဇွန်အရှင်တွေ တင်ပို့တော့ဌာန အဆင့်ဆင့် လက်မှတ်ထိုးရတယ်။ လေယာဉ်တင်ဖို့ လုပ်ရတယ်။ မလွယ်ဘူး။ အစည်းဝေးမှာ ကျနော်ဇွတ်အတင်း ထချဲတာပေါ့။ ခင်ဗျားတို့က လုပ်ငန်းတွေ သွက်လက်မြန်ဆန်အောင် လုပ်ပေးနိုင်တယ်။ မလုပ်ပေးချင်တာလား မလုပ်ချင်တာဖြစ်နေပြီ ကောထဲ့တာ။ တပတ်အတွင်း အားလုံးလေယာဉ်ကွင်းမှာ အစအဆုံး လုပ်ပေးလာပါတယ်။ သူတို့က ရုံးမှာလုပ်ပေးချင်တယ်။ အချိန်ဆွဲထားချင်တယ်။ မြန်အောင် လာဘ်ထိုးရတယ်။ မပြီးရင် အိမ်အထိ လိုက်ရပါတယ်။ ထိုးပေးတော့ လက်မှတ် တစောင်ကို ကုန်အပေါ်လိုက်ပြီး ၅၀၀၀-ကျပ် (ဒေါ်လာ-၄၀-) ကနေ ၁၀၀၀၀- (ဒေါ်လာ-၈၀)။ ကိုယ်လိုသူလို စောင့်နေသူတွေကလဲ ၁၅-ယောက်မကဘူး။ တွက်သာကြည့်။ ဒါညွှန်မှုးအဆင့် ရှိသေးတယ်။ ဌာန တခုဘဲရှိသေးတယ်။ ကိုယ်ကလာဘ်ထိုးမှ သူတို့က လက်မှတ် ထိုးပေးတာလေ။ လာဘ်ပေးတာတောင် (မင်းတို့က လခွီးမှ လချေးဆဲဆိုပြီးမှ အလုပ်ပြီးတာတောင် ကောင်းကောင်းမနားရဘူး ဆဲဆိုတာ ခံရသေးတယ်)။ ဒါကို ဗိုလ်ချုပ်ထွန်းကြည့်ကို ပြောပြတော့ ခင်ဗျား သက်သေမခိုင်မာဘဲ လျှောက်ပြောနေရင် အရေးယူခံရမယ်ပေါ့။ ပြန်ပြောလိုက်ပါတယ်။ အသံဖမ်းစက်နဲ့ ဖမ်းပေးမယ်။ အခုခင်ဗျားငွေစက္ကူ မှတ်ထားပြီး ကျနော့်ကိုပေးလိုက်ပါ။ ခင်ဗျားလူတွေ ဘယ်လောက်စားနေတာ အခိုင်အမာပြမယ် ပြန်ပြော ထည့်လိုက်ပါတယ်။ ဗိုလ်ချုပ်မင်းသိန်းပါ အတူရှိနေပါတယ်။ ငြိမ်သွားပါတယ်။
ဆရာဦးမြင့်တို့ကလဲ ဒါတွေကိုပါ ပြုစုပေးစေချင်ပါတယ်။ စာရင်းတိတိကျကျနဲ့ အစိုးရကို အရှိကို အရှိအတိုင်း တင်ပြကြရပါမယ်။ နောင်လာမယ့် ၁၀-နှစ်နဲ့ အနှစ်-၂၀ မှာ ပိုပြီးကုန်ကျလာမဲ့ စားရိတ်တွေကို တင်ပြကြရပါမယ်။ အခုဆိုမြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ထားဝယ်နဲ့ မြိတ်ကျွန်းစုတွေကို ဗဟိုပြုတဲ့ အင်အားဖြစ်လာပါပြီ။ (ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကြီးဟာ ကျနော်စဉ်းစား ဖေါ်ထုတ်ထားတဲ့ စီမံကိန်းကြီးပါ)။ (စကားချပ် .. ယခင် ဆရာရေးထားတဲ့ ဆောင်းပါးများမှာ ထားဝယ် ရေနက်ဆိပ်ကမ်း အကြောင်း ပြန်ကြည့်နိုင်ပါတယ်...) ဒီလောက်ကြီးမားပြီး နိုင်ငံရဲ့စီးပွားရေးကို ဦးမော့စေမဲ့ စီမံကိန်းကို ကြံဆောင်ပေးထားတာကို လူပုဂ္ဂိုလ်ရေးဝေဖန်လိုသူတွေ ပြောကြပါဦး။ ကျနော်ရဲ့ BRAINCHILD PROJECT မဟုတ်ပါဘူး ငြင်းချင်သေးလား။ လောင်းကြေး ကြိုက်သလောက် ထပ်ထားလိုက်ပါ။ ဒီလောက် နိုင်ငံတော် စီးပွားရေးကို ဦးမော့စေမယ့် စီမံကန်းကြီးကို ဖေါ်ပေးထားတာကို နိုင်ငံတော်က လိုက်လုပ်နေပါပြီ။ ကျနော်ကို အပြုသဘော ဆောင်တာလေး ရေးပါ ပြောချင်သူတွေ။ ဒါထက်ကြီးမားတဲ့ စီမံကိန်းကိုလည်း အခုပြောနေပါတယ်။ ဒီရေကနေ ထုတ်တဲ့ ရေအားလျှပ်စစ် ။
ထိုင်းကုမ္မဏီ ဥက္ကဌကြီးကို အင်တာဗျူးတခုမှာ သန်းရွှေက လုပ်မှာလား မေးတော့ ချက်ချင်း လက်မှတ် ထိုးလိုက်တယ်။ အင်တာဗျူးမှာ မေးတော့ ဆယ်စက္ကန့်တောင် မစဉ်းစားနိုင်ဘူးတဲ့။ ချက်ချင်းကို လက်ခံလိုက်တာပါတဲ့။ သူ့တသက်မှာ ဒီလောက် သေချာပေါက်အောင်မြင်မဲ့ စီမံကိန်းမျိုး မကြုံဘူးသေးပါဘူးတဲ့။ တခြားစီမံကိန်းတိုင်းကို အပေါင်းအနုတ် အသေအချာ တွက်ဆပြီး၊ အသေးစိတ် စဉ်းစားပြီးမှ ချီတုံချတုံ ဆုံးဖြတ်ရတာပါတဲ့။ ဒီစီမံကိန်းက စဉ်းစားနေလို့ သူများကို ကမ်းလှမ်းလိုက်မှာလဲ စိုးရိမ၊် သေချာပေါက် အောင်မြင်မှာမို့ ချက်ချင်း လက်ခံလိုက်ရတာပါတဲ့။ လက်မှတ်ထိုးပြီးတာနဲ့ သူ့ကုမ္မဏီရဲ့  စတောက်ရှယ်ယာဈေးတွေ ထောင်တက် သွားပါတော့တယ်။
အဲဒီတော့ နောင်ဆိုရင် သေချာပေါက် မြန်မာ့စီးပွားရေး အချက်အချာက တောင်ပိုင်းမှာပေါ်နေပြီ။ အဓိကပို့ကုန် ဆန်စပါးကလဲ တောင်ပိုင်းမှာ။ မြို့တော်က အထက်မှာ။ အပိုတွေကုန်ကျမှာ အခုကထဲက ရပ်ကြရပါမယ်။ သန်းရွှေစီမံထားတာကို ဘယ်သူမှ သဘောမတူကြပါဘူး။ နောက်ဆုံးဗျာ ဗိုလ်ချုပ်မောင်အေးတို့ကအစ သဘောမတူကြပါဘူး။ မတတ်သာလို့ ငြိမ်ခံကြရတာပါ။ ဒါကိုအစိုးရသစ်က ငြိမ်ခံနေစရာ မလိုပါဘူး။ အပိုကုန်ကျတာတွေ ထောက်ပြ ဆွေးနွေးကြရပါမယ်။ ဒါကို သန်းရွှေက အေးအေးမနေဘဲ အာဏာပြနေသေးရင် ဘာတတ်နိုင်မလဲ နိုင်ငံတကာ ခုံရုံးကိုသာ ပို့ပေးလိုက်တော့။ ဒီပဲယင်းကိစ္စက အခိုင်အမာစွဲလို့ ရပါတယ်။ အာနေတာမဟုတ်ဘူး။ ICC ကိုပို့ဖို့ ဆိုတာဘာမှ မခက်ခဲလှပါဘူး။ ပို့ဖို့ မလွယ်ဘူးပြောသူ နိုင်ငံရေးစကား မပြောနဲ့တော့။ ငတုံးဘဲပြောလိုက်မယ်။
ဒီ ICC ကိစ္စက ဗိုလ်သန်းရွှေ တော်တော်လေးကို လန့်နေတယ်။ အခု အတိုက်အခံတွေထဲက သူတို့ မြုပ်ထားတဲ့သူတွေနဲ့ (ဥက္ကဌတွေ..၊ အတွင်းရေးမှုးတွေပေါ့) ပေါင်းပြီး အချင်းချင်း ရန်တိုက်ပေးရေး ပြည်တော်ပြန်လာအောင် သွေးဆောင် အလုပ်တွေနဲ့ ဖျားယောင်းရေးလုပ်နေပါပြီ။ သြဂုတ်လ-၃-ရက်နေ့က အထူးတံခါးပိတ် အစည်းအဝေးလုပ်ပါတယ်။ သမ္မတကြီးရယ် ဒု-သမ္မတရယ် တပ်ချုပ်ကြီး အသစ်စက်စက်ရယ် ရဲချုပ်ခင်ရီရယ်။ အဲဒီကနေ ပြည်တော်ပြန်ခေါ်ရေး ဆွယ်ရေးဆုံးဖြတ်တာပါ။ ပြန်ချင်သူတွေ ပြန်ကြည့်ကြ။ ဘာမှ မဖြစ်သူ များကတော့ သူတို့လူ။ ယုံလို့ တခြားနိုင်ငံသား ခံထားတာ စွန့်ပြီး ပြန်ချင်ရင်ပြန်ကြ။ ကျုပ်က သြဂုတ်လ- ၃-ရက်နေ့ ညနေကထဲက သတင်းအတိအကျ ရထားပြီးပြီ။
အဲဒီမတိုင်ခင် ထူးထူးဟန်တို့ အုပ်စုတွေ ICC လမ်းလွှဲရေး စီမံချက်အတွက် ထအော်ပေးတာပါဘဲ။ သတင်းရထားတယ်။ ထူးထူးဟန်အော်တာနဲ့ ချက်ချင်းမေးကြည့်တယ်။ ငါးယောက် အော်မယ်တဲ့။ တယောက် လိုနေသေးတယ်။ မကြာခင် အင်္ဂလန်ကလဲ ထအော်ဖို့ အစီအစဉ် ဆွဲထားသေးတယ်။ သြဇီက အော်တာ ဘယ်လိုရှိသလဲ စောင့်ကြည့်နေတာ။ ရည်ရွယ်ချက်က ICC ကိစ္စ ဖေါရှောဖြစ်အောင် ကန့်လန့် ၀င်ရှုပ်ပြနေတာ။ ရှင်းတယ်။ ICC ကို ကြောက်နေတယ် ။
အခုဒါတွေရေးနေတာ ပွဲဆူအောင် ရေးနေတာမဟုတ်ဘူး။ အထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီတွေ သိဖို့လိုလို့ရေးနေတာ။ ကျုပ်အတွက် အန္တရယ်ရှိတယ်။ ဒါပေမဲ့ ကျုပ်ကလဲ ကိုယ်ခံပညာ အပိုင်ရှိထားတယ်။ ကျုပ်ကိုသတ်ကြည့်။ ကျုပ်သေရင်သူတို့လဲ လည်ပင်းကြိုးကွင်းဘဲ။ ကိုယ်မှာ ပိုင်မရှိဘဲ ကျုပ်လည်း ထုတ်မရှိုးရဲဘူး။ မပိုင်ရင် နံမည်ဝှက်နဲ့ အော်လို့ရတာဘဲ။ သူတို့လက်တံက ရှည်တယ်။ အခု ICC လုပ်နေသူတွေက တကယ်ဘဲ ရိုးရိုးသားသား မစွမ်းဆောင်နိုင်ကြတာလား။ ကိုယ့်လူ သူ့ဘက်သားတွေလား။ ခေါင်းဆောင်နေရာ ယူထားပြီး ချတော့ မယောင်ယောင် အယောင်ပြ အချိန်ဆွဲနေကြတာလား။ ရထားခေါင်းတွဲကြီးကိုစီးထားပြီး မီးပေါင်ကျတယ်ဆိုပြီး အချိန်ဆွဲနေကြတာလား။ (မီးပေါင်ကျတယ်) ဆိုတာ အခုခေတ် လူလတ်ပိုင်းတွေတောင် နားလည်ဖို့ ခက်နေပါမယ်။ ၁၉၇၀-ခေတ်တွေအထိ ကျောက်မီးသွေး ခေါင်းတွဲကြီးတွေနဲ့ မောင်းရတော့ ကျောက်မီးသွေးထိုးရ ရေတွေအများကြီး ဖြည့်ရပါတယ်။ ရေတွေဖြည့်ရင် ရေနွေးငွေ့ ပေါင်ချိန်ကျသွားတော့ ရေနွေးတွေ ပြန်ဆူအောင် အချိန်နာရီဝက် တနာရီ စောင့်နေကြရပါတယ်။ ဒါကိုတချို့ အရပ်မှာ မီးပေါင်ကျတယ်။ တချို့ အရပ်မှာ မီးပေါင် ကျိုးတယ်ခေါ်တာပါ။
ကဲ ပြန်ဆက်ကြရအောင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို ကျနော်ဆီက မိတော့ စစ်ဗိုလ်ချုပ်တွေက ဒါအမေရိကန်နဲ့ ထိုင်းပူးတွဲပြီး ထားဝယ်အောက်ပိုင်းကို ပြန်သိမ်းဖို့ စီမံနေတဲ့ စစ်ရေးစီမံကိန်းလို့ ထင်ပြီးမတရားစွပ်စွဲလို့ လူလည်းတော်တော် ညှင်းပန်းတာခံလိုက်ရတယ်။ ပြီးအထက်က ဒါကို စီးပွားရေးစီမံကိန်းပါလို့ အရှိအတိုင်း လက်ခံတော့လဲ ကျနော့်ကိုစစ်တဲ့ ဗိုလ်ကြီးရဲ့ သဘောထားလားတော့ မသိဘူး။ ခင်ဗျားတို့ နိုင်ငံရေးသမားတွေက လူကြီးက ကျောက်ဖြူရေနက် စီမံကိန်းလုပ်လာလို့ လူကြီးတွေကိုဆန့်ကျင်ဖို့ ရေးဆွဲလာတာ ဒါစိတ်ကူးယဉ်စီမံကိန်း ဘာညာ ပြောသေးတယ်။ နိုင်ငံတော်အရေး (စီးပွားရေးပေါ့) ကျနော်မြင်ထားတာတွေ တင်ပြတယ်။ နိုင်ငံအရေး တကယ် အလေးထားသူတွေလဲ ၀ိုင်းစဉ်းစားကြပါလို့ ပန်ကြားပါတယ်။ ၀န်ကြီးတွေ ညွှန်ကြားရေးမှုးတွေမှာ တကယ်တော့ ထမင်းစား ရေချိုးတာတောင် အချိန်ကို အနိုင်နိုင် လုလုပ်နေကြရတာပါ။ သူတို့မှာစဉ်းစားဖို့ နေနေသာသာ အလုပ်တွေအကြွေးမကျန်အောင် ဖုတ်ပူမီးတိုက် လုပ်နေကြရတာပါ ။
ကျနော် ဥပမာတခုပေးမယ်။ ၁၉၉၅-ခုနှစ်ကပေါ့။ ကနေဒါ / သြစတြေးလျနဲ့ ဟောင်ကောင်က ငွေကြေး အဖွဲအစည်းကြီးတခုက ချီလီနိုင်ငံမှာ လုပ်မဲ့ ငွေးကြေးဈေးကွက်ကြီးကို လုပ်နေတယ်။ ချီလီရဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်တော့ မြန်မာနိုင်ငံကို ယူလာတယ်။ အခုသမ္မတကြီးရဲ့ နိုင်ငံရေးအကြံပေး ဒေါက်တာနေဇင်လတ်က ဘဏ္ဍာရေးဝန်ကြီး ဗိုလ်ချုပ်ဝမ်းတင် ဆီကိုတင်ပြထားတယ်။ စာတမ်းက စာမျက်နာ ၄၀-လောက်ရှိတဲ့ စာရင်းဇယားကြီးနဲ့ စာအုပ်ကြီး။ ၀န်ကြီးတွေခမျာ ဗိုလ်ချုပ်ထွန်းကြည် ပြောသလိုပါဘဲ မိတ်ကပ်လိမ်းတဲ့ စစ်သားက တခါလာ ဒို့တာဝန်အရေး ၃-ပါး ပြောပြောနေတာကိုပြေး နားထောင်ရတာက တလုပ်။ ပြီးအစည်းအဝေး ဘာညစာကတမျိုး၊ အားရတယ်ကို မရှိတော့ အဲဒီစာတမ်း (စာအုပ်ကြီး)ကို မဖတ်အားဘူး။ ခြောက်လလောက် ကြာလာတော့ အဲဒီအဆက်တွေက ကျနော်ကို လာပြီး အကူအညီ တောင်းတယ်။ ကျနော်ဖတ်ကြည့်တယ်။ ပိုနားလည်အောင် အသေအချာ ရှင်းပြခိုင်းတယ်။ ပြီးစာအုပ်အပေါ်ကနေ စာမျက်နှာနှစ်မျက်နှာ မြန်မာလို အနှစ်ချုပ်ရေးပြီး ၀န်ကြီးဆီထပ်တင် ပေးလိုက်တယ်။ ၀န်ကြီးက အင်္ဂလိပ်စာကို ကျနော်တို့ထက် အများကြီးပိုပြီး တကယ်ကျွမ်းကျင်သူပါ။ နောက်တနေ့ ၀န်ကြီးကဖုံးဆက် မေးလာတယ်။ ပြီးဗဟိုဘဏ်ဥက္ကဌ ဦးကြည်အေးကို သွားရှင်းပြရတယ်။ နောက်နေ့ ၀န်ကြီးက လက်ခံတွေ့ဆုံပါတယ်။ ၀န်ကြီးပြောတာက အစကထဲက အခုလို အနှစ်ချုပ်လေး ရေးပေးရင် ပြီးသွားတာကြာပြီတဲ့။ ငါတို့မှာ အချိန်မရှိဘူးတဲ့။
ချက်ချင်းဝန်ကြီးက အဲဒီအဖွဲ့ကို ပြည်ဝင်ခွင့်ပေးဖို့ လက်မှတ်ထိုးပေးပါတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးက အဖွဲ့ခေါင်းဆောင်က ယခင် နိုင်ငံရေးသမားဟောင်း (မဟုတ်ပါ) ဆိုတာနဲ့ ယခုစီမံချက် တင်ပြလာသူ-ကျနော်ကလဲ နိုင်ငံရေးသမားမို့ မရိုးသားဘူးဆိုပြီး ထောက်လှမ်းရေးက စင်ကာပူသံရုံးကို လှမ်းပိတ်လိုက်တော့ ဟိုလူတွေ မလာဖြစ်တော့ပါဘူး။ စင်ကာပူကနေ ပြန်လှဲ့ ပြန်သွားကြရပါတယ်။ သူတို့ ပရောဂျက်က ဒေါ်လာသန်း-၇၀၀- ပါလာမယ်။ ပြီးမြန်မာဘဏ်နဲ့ စာချုပ်ပြီး ငွေစုလက်မှတ်တွေ ကမ္ဘာ့ဈေးကွက်မှာ ထပ်တိုးဖေါက်ရောင်းပေးမယ်။ တနည်း စတော့ရှယ်ယာ ပုံစံဖေါ်ပေးဖို့ပါ။ တဦးတယောက်က ကြားက ဖျက်လိုက်တော့ တိုင်းပြည်အတွက် အကျိုးရှိနိုင်တာလေး ပျက်သွားပါတယ်။
အဓိကပြောလိုတာကတော့ လူကြီးတွေမှာ စဉ်းစားဖို့ အကြံဥာဏ် ထုတ်နိုင်ဖို့ နေနေသာသာပါ။ တိုင်းသူပြည်သားတွေ ပညာရှင်တွေက ငါငါ ငါ့အရေးတွေ ခေတ္တခဏ ဘေးချိတ် တိုင်းပြည်အတွက် ဘက်ပေါင်းစုံကနေ ၀ိုင်းဝန်းတွေးတော ကြံဆပေးဖို့လိုနေပါတယ်။ ဧရာဝတီကို သွားကြည့်ကြပါ။ သွားပြီးဘာဝယ်ရ ကောင်းမလဲ မတွေးပါနဲ့။ ငါလာတာ စွမ်းအင်ထုတ်လို့ ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလားဆိုတာ နှစ်မြုပ်ပြီးစဉ်းစားပါ။ ကျနော်တို့ အခုလျှပ်စစ်မှာ သုံးနေတဲ့မီးအား အခေါ်အဝေါ် WATT ဆိုတာဟာ လွန်ခဲ့တဲ့ နှစ်-၂၀၀-ကျော်က JAMES WATT ကိုဂုဏ်ပြု ခေါ်ဆိုထားတာပါ။ ရေနွေးအိုးလေး ရေဆူလာတော့ ရေနွေးအိုးအဖုံးလေး ကြွကြွတက်နေတာ စွမ်းအင်လို့ မြင်ပြီး ရေနွေးငွေ့စက်ကို တီထွင်ခဲ့တာပါ။ အခုဧရာဝတီ ဒီရေစွမ်းအင်ကို ကျနော်မြင်တာက ဂျိမ်းဝပ်တီထွင်တာရဲ့ အမြင်ရဲ့ အပုံတရာပုံတပုံ မခက်ပါဘူး။ မရှုပ်ထွေးပါဘူး။ အခုရေးပြလိုက်ရင် ဟာဟုတ်သားဘဲလို့ လူဆယ်ယောက်မှာ နှစ်ယောက်မြင်စေရပါမယ်။ အခုလူအများစု နားလည်နေတာက ၀န်ကြီးတွေက အသိပညာရှင်ကြီးတွေ ထင်နေကြတာဟာ တက်တက်စင်လွဲနေပါတယ်။ သူတို့နေရာနေကြည့်ပါ။ အားတောင် မအားကြရှာပါဘူး။
အပိုင်း(၄) ဆက်လက်ဖော်ပြပါမည်...
အားလုံးကို လေးစားလျှက်....
ဒေါက်တာလှိုင်မြင့်
ယခင်ဆောင်းပါးများ ပြန်ဖတ်ချင်ရင် အောက်က Labels က ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ အားနှိပ်ပြီး ပြန်လည် ဖတ်ရှုနိုင်ပါတယ်...။

အခုဆိုမြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ထားဝယ်နဲ့ မြိတ်ကျွန်းစုတွေကို ဗဟိုပြုတဲ့ အင်အားဖြစ်လာပါပြီ။ (ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကြီးဟာ ကျနော်စဉ်းစား ဖေါ်ထုတ်ထားတဲ့ စီမံကိန်းကြီးပါ)။ (စကားချပ် .. ယခင် ဆရာရေးထားတဲ့ ဆောင်းပါးများမှာ ထားဝယ် ရေနက်ဆိပ်ကမ်း အကြောင်း ပြန်ကြည့်နိုင်ပါတယ်...) ဒီလောက်ကြီးမားပြီး နိုင်ငံရဲ့စီးပွားရေးကို ဦးမော့စေမဲ့ စီမံကိန်းကို ကြံဆောင်ပေးထားတာကို လူပုဂ္ဂိုလ်ရေးဝေဖန်လိုသူတွေ ပြောကြပါဦး။ ကျနော်ရဲ့ BRAINCHILD PROJECT မဟုတ်ပါဘူး ငြင်းချင်သေးလား။ လောင်းကြေး ကြိုက်သလောက် ထပ်ထားလိုက်ပါ။
ReplyDeleteဒီ အကြံအစည်ဟာ ဒေါက်တာလှိုင်မြင့် ရဲ့  မူပိုင်ပါဆိုတဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့စာ ကြည့်ချင်ပါတယ် ခင်ဗျား။
(ကျနော်ရဲ့ BRAINCHILD PROJECT မဟုတ်ပါဘူး ငြင်းချင်သေးလား။ လောင်းကြေး ကြိုက်သလောက် ထပ်ထားလိုက်ပါ။)
ReplyDeleteရွှေမန်းတင်မောင်ရဲ့  မပေးပေးပေးပေး ငါ့ရွှေခွက်ပေးကို သတိရလိုက်တာ
လှခင် (မြေနီကုန်း)
fuck out chee brains,Dr,hlaing myint is all taking fuck connection ur mothers.fuck u russian,s slaves .
ReplyDeleteလှခင် (သဂျိုင်းကုန်း) ဆိုပြီး မင်းပထွေးတွေ ရေးခိုင်းတာ လာရေးမနေနဲ့ ဖွတ်ရေ
ReplyDeleteသူတို့နေရာနေကြည့်ပါ။ အားတောင် မအားကြရှာပါဘူး။
ReplyDeleteစက်တင်ဘာ ဦးနေမိန္ဒ
ပြည်ပ အတိုက်အခံတွေထဲကလဲ တိုင်းသိပြည်သိ ကမ္ဘာသိ ကြွေးကျော်ပြီး တယောက်လောက် စမ်းပြီး ပြန်လာကြည့်ကြပါလား။ ဖမ်းမဖမ်း သိရတာပေါ့။ ဒီလောက်လေးတောင် မစွန့်စားရဲရင်တော့ ဗမာပြည်နဲ့ ဒီမိုကရေစီ ဝေးသေးပေါ့။
ReplyDeleteအစိုးရ မကောင်းတာက ထားတော့။ ပြည်ပ ပြည်တွင်းက အတိုက်အခံတွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကတော့ အများကြီး လိုသေးတယ်နော။ 88 မျိုးဆက်ကို မလွှတ်ရဲတာ ဒါကြောင့် ပေါ့။ သူတို့သွေးက ရဲတယ်လေ။
လစ်ဗျားကတော့ စံနမူနာပြ လုပ်ပြသွားပြီ။ သေတော့သေမှာပေါ့ဗျာ။ နာဂစ်သေတာရဲ့ 1/4 မသေနိုင်ပါဘူး။ ဒီအစိုးရ ဆက်ရှိနေရင် နာဂစ်ပေါင်းမြောက်များစွာ ကြုံတာထက် ဆိုးဦးမှာလေ။
နှစ်ပေါင်းမြောက်များစွာ အမြစ်တွယ်နေတဲ့ ရောဂါဆိုးကို အမြစ်ပြတ်ကုတာပဲ အမေစုရာ၊ နဲနဲတော့ နာမှာပေါ့။ စတေးခံဟာ သူလဲဖြစ်နိုင်တယ်၊ ကိုယ်လဲဖြစ်နိုင်တယ်။ ဘယ်သူဖြစ်ဖြစ် " နောက်မျိုးဆက် အတွက်ပဲ" ဆိုပြီး ရင်ကော့ ခေါင်းမော့ပြီး ကြိုးစားကြည့်ရအောင်ပါ။
သေချာတာ တခုကတော့ ၀ံပုလွေဟာ ၀ံပုလွေပါပဲ။ စိတ်ကောင်းဝင်လာတဲ့ အထိ စောင့်လို့ကတော့ သိုးခြံတခြံလုံးသာ ကုန်သွားမယ်။ ဖြစ်လာမှာ မဟုတ်ဘူး။
ဧရာဝတီကယ်တင်ရေး/ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေး ပွဲ/ ဆင်းရဲသါးပပျောက်ရေး/ ရေ ဘေး ။လေဘေး။ စစ်ပြေး ဒုက္ခသည် ကယ်တင်ရေး/ တိုင်းရင်းသါးတွေရဲ. ဖယ်ဒရယ် /
ReplyDeleteငါကိုယ်တိုင်ဘါမှ မကယ် နိုင် လို.ပါ။ ငါ.ကု လဲ ကယ် ပါအုံး။ နေ ပြည် တေါ် မြို.တေါ်ဝန် ဆီ က တဆင်.လါတဲ. အမိန်.တွေ ဖတ် ပြနေ ရ တါ ပါ ။ သနားကြပါခင်ညာ
ငါ လဲ ဧရာဝတီ ကို သနားပါတယ်။ ဒါပေမဲ. လဒ်ယူထါးပြိးသါးလူ က ဖိအါးပေးနေတေါ. ငါ နှလုံးထဲ က pace maker device ရပ် သွားပါတေါ.မည်။ ကျော်ဆန်း ငို သလို ငို မယ်။
ဦးသိန်းဂိန်
ကိုလှိုင်မြင့်ရေ ကျနော်နဲ့သဘောထပ်တူတာတွေတွေ့ရပါတယ် နအဖဘက်ကတော့ လူတိုင်းသိမို့မပြောတော့ပါဘူး အခုကိုယ့်ကိုကိုယ်ဒီမိုသမားပါဆိုသူတွေက လည်လှပြီထင်ပြီး အချင်းချင်းခွက်စောင်းခုတ်နေကြပေမယ့် နအဖအသွင်ပြောင်းအဖွဲ့ရဲ့ လှိုင်းကိုတော့ လိုက်စီးနေကြတာ အံ့သြစရာပါ ဒီလူတွေမှာ အကြံဥာဏ်မရှိ အော်ဆဲဖို့ပဲတတ်လို့ မအောင်မြင်တာအဓိကပါ ရှေ့ရေးကြိုမမြင်တတ်တဲ့ ဒီမိုတွေက နိုင်ငံရေးလုပ်ချင်နေတာက ပိုအန္တရာယ်ကြီးပါတယ် ဒေါ်စုနဲ့အမေးအဖြေမှာလည်း ကိုယ့်နာမည်ထင်ပေါ်အောင် လုပ်ယူတဲ့ ဒီမိုတွေတွေ့ခဲ့ရတာ အံချင်စရာကောင်းတယ် လုပ်စားတွေကြားထဲက စိတ်ဓါတ်ရှိရှိရေးနေတဲ့ ကိုလှိုင်မြင့်ကို အထူးပဲထောက်ခံပါတယ်
ReplyDeleteအပေါ်ဆုံးက ရေးတဲ့အကောင် ။ဗမာပြည်မှာ မူပိုင်ဆိုတာ (အမှတ်တံဆိပ်)ကိုဘဲရတယ်။သီချင်းအခွေတွေတောင်အခွေပမိုးရှင်းရောင်းပွဲလုပ်နေတဲ့နေရာရှေ့ မှာခိုးကူးအခွေတွေကိုဗြောင်လာထိုင်ရောင်းပြရဲတာ ကမ္ဘာမှာ န.အ.ဖ. လက်ထက်မှာဘဲရှိတာသိတယ်နော်။
ReplyDeleteအေး.၁၉၇၀-၀န်းကျင်က မြန်မာပြည်မှာပထမဦးဆုံးသော အော်တိုဂီယာကားကြီးတွေစီး ထိပ်ဆိုတဲ့ကျူရှင်တွေ(ဦးအောင်ဖေညွှန့် သင်္ချာဦးသာ မြန်မာစာဦးသိန်းနိုင်တို့ တက်ပြီးဆယ်တန်းမအောင်ခဲ့သူကများ။
အခုရောမြေးတွေရနေပြီးမအေကြီးဆီတောင်းစားနေတုံး ။ ခွက်ကိုင်မှ သူတောင်းစားလို့ ခေါ်တာမဟုတ်ဘူးကွ။ သူထက်ကိုယ်ကသာတယ်ထင်ရင်ရေးလေ။ ညီမအရင်းတွေ တ၀မ်းကွဲတွေကတောင် ငါသေမလာနဲ့  နင်သေလဲမလာဘူး အပြောခံထားရသူပါ။မင်းညီမတွေရဲ့ ဖေ့ဘွတ်မှာမင်းပုံတင်တာမြင်ချင်ပါတယ်မောင်။
လစ်ဗျားကတော့ စံနမူနာပြ လုပ်ပြသွားပြီ။ သေတော့သေမှာပေါ့ဗျာ။ နာဂစ်သေတာရဲ့ 1/4 မသေနိုင်ပါဘူး။ ဒီအစိုးရ ဆက်ရှိနေရင် နာဂစ်ပေါင်းမြောက်များစွာ ကြုံတာထက် ဆိုးဦးမှာလေ။
ReplyDeleteလို့ ရေးသွားတဲ့ ကိုအိုးဝေနဲ့ ကျွန်တော်သဘောထား တစ်ထပ်တည်းကျပါတယ်...နာဂစ်မုန်တိုင်းကြီးပြီးကထဲက ..ဒီအတွေး ကျွန်တော့်မှာ ရှိနေတာပါ...ကျွန်တော်နဲ့ နီးစပ်ရာအသိုင်းအဝိုင်းကိုလဲ ဒီ အယူအဆ ကျွန်တော်အမြဲ ထုတ်ဖော်ပြောလေ့ရှိပါတယ်..သူတို့ က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆိုပြီး ပြည်သူတွေကို မှိုင်းတိုက်ထား တာကိုး ..ဒေါက်တာလှိုင်မြင့် ခင်ဗျား..ဆရာကို အလွန်လေးစားပါတယ်..ဆရာရဲ့ ဖောက်ထွက် တဲ့ အတွေး အခေါ်တွေကိုလဲ အရမ်းကို အားကိုးယုံကြည်ပါတယ်..ဆရာဆောင်းပါးတွေမပြတ်ဖတ်ပြီးလေ့လာ မှတ်သား ခွန်အားယူလျက်ပါ..မကြာသောကာလမှာ ဖြစ်ပေါ်လာမဲ့.. ဒီမိုကရေစီစစ်စစ်နိုင်ငံတော်ကြီးမှာ ..ဆရာရဲ့ လက်ကို ကျွန်တော်နုတ်ဆက်...လက်ဆွဲခွင့် ရချင်ပါသေးတယ်...
"ကြပ်ပြေးမှာ မြို့တော် တည်ထားတဲ့အတွက် (နေပြည်တော်လို့ ကျနော်မသုံးနိုင်ပါ။ ဘုရင်မရှိဘဲ လိုက်မသုံးနိုင်ဘူး။ အဲဒီလို လိုက်ပြောနေသူတွေဟာ မမှန်တာကို ထောက်ခံနေကြတာဘဲ)"
ReplyDeleteဒီအချက်ကတော့ အမှန်ဆုံးဘဲ..သန်းရွှေဟာဘုရင်ရူး ရူးနေတဲ့ကောင်ဘဲ..စောက်ရှက်မရှိနေပြည်တော်တဲ့..ခွေးမသားရေးသာရေးပါ..ကိုလှိုင်မြင့် ကိုလှိုင်မြင့်ကို အထူးပဲထောက်ခံပါတယ်
Tuesday, 06 September 2011 16:38
ReplyDeleteလွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။
ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။
ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။
(ရန်ပိုင်၊ ဧရာဝတီ)
http://www.bur.irrawaddy.org/index.php/news/7235-2011-09-06-09-41-23
ပြန်မယ့်သူတွေ သတိထားနော်
ReplyDeleteမန်းငြိမ်းမောင်နဲ့ ဦးစိန်ကျော်လှိုင်ကို စစ်ကြောရေးမှာ ထုထောင်းနေပြီတဲ့။
မိုက်ပါ့ မောင်သိန်းစိန် ဦးစိန်ကျော်လှိုင်ဟာ အချိန်တန်ပြန်လွှတ်ပေးရမဲ့လူဆိုတာကိုသိသိကြီးနဲ့ အာဏာပြထုထောင်းတယ်လို့ ။သူ့ ကိုဖမ်းလိုက်တာ အာဆီယံဥက္ကဌ မယူတော့ဘူးငြင်းလိုက်တယ်လို့ သာ မှတ်ပေတော့။ ဒီလောက်ဦးဏှောက်နဲရတယ်လို့  ။
ReplyDeleteတော်တော်မိုက်တဲ့အကောင်တွေဘဲ။ သေတာသေလိုက်တော့ ။