Pages

Wednesday, September 7, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် (မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များ_ ၁) ယခုအပတ်ထုတ် ပြည်သူ့ခေတ် သတင်းဂျာနယ်တွင် ပထမဆုံးအကြိမ် ထည့်သွင်း ဖော်ပြခွင့်ရရှိ...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် (မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များ-၁-) ဆောင်းပါးကို ပြည်သူ့ခေတ် သတင်းဂျာနယ်တွင် ပထမဆုံးအကြိမ် ထည့်သွင်း ဖော်ပြခွင့်ရရှိခဲ့ပါသည်။ ယင်းဆောင်းပါးကို လွန်ခဲ့သည့် (၂)ပတ်ကျော်က ၎င်းပြည်သူ့ခေတ်ဂျာနယ်တွင် ဖော်ပြရန်အတွက် စာပေစိစစ်ရေးသို့ တင်ပြရာတွင် မူရင်းဆောင်းပါးမှ စာပိုဒ်အချို့အား စိစစ်ရေးမှ ဖြုတ်ပစ်ခဲ့သည့်အတွက် ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ကြောင်း သိရှိရပါသည်။ 


ယနေ့ ဖြန့်ချိလိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာလူငယ်များအပေါ် အမြင်သဘောထားများအား ပြည်တွင်းထုတ် Messenger ဂျာနယ်က မေးမြန်းထားသည့် အင်တာဗျူးဖော်ပြ ခွင့်ရခဲ့ပြီး၊ 7 days News၊ The voice၊ Weekly Eleven၊ လျှပ်တပြက်၊ ဗီးနပ်စ် စသည့် ပြည်တွင်း ဂျာနယ်များကလည်း ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ မေးမြန်းထားသည်များကိုလည်း ထည့်သွင်းဖော်ပြ ခဲ့ကြသည်ဟု သိရှိရသည်။ နိုင်ငံရေးသတင်း၊ ဆောင်းပါးများ အသားပေးဖေါ်ပြ ရေးသားပေးနေသည့် ပြည်သူ့ခေတ်ဂျာနယ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးသွား ဆောင်းပါးအား ပထမဆုံးအကြိမ် ဖော်ပြခွင့်ရသည့်အတွက်  ဂုဏ်ယူမိပါကြောင်း ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ ဆရာမောင်ဝံသက ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် (မြန်မာပြည်က ရေးတဲ့စာ အပန်းဖြေနားရက်များ) ဆောင်းပါးအား (၁၉.၇.၂၀၁၁) နေ့ထုတ် Mainichi ဂျပန်သတင်းစာတွင် ဂျပန်၊ အင်္ဂလိပ်နှစ်ဘာသာနှင့် ဖော်ပြခဲ့သေးကြောင်း သိရှိရပါသည်။

သတင်း၊ ဓာတ်ပုံ ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ

3 comments:

  1. မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ပြော

    08 September 2011 15:03


    ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် မီဒီယာလွတ်လပ်ခွင့် ရရှိရေး အဆိုကို ဖြေကြားရာတွင် ဘုရားအလောင်း ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို နာရီဝက်ကျော် ပြောဆို၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ကြောင်း သွယ်ဝိုက် ငြင်းဆိုသွားသည်။

    “ဆန္ဒန်ဆင်မင်းက သူရဲ့ မိဖုရားစူဠသုဘဒ္ဒါပေါ်ကို အင်ကြင်းပန်းတွေ ကျစေချင်လို့ လုပ်ခဲ့ပေမယ့် ခါချဉ်ကောင်တွေ ကျပြီး ခါချဉ်ကိုက်လို့ စူဠသုဘဒ္ဒါက ဆန္ဒန်ဆင်မင်းအပေါ်ကို ရန်ငြိုးဖွဲ့တယ်ဆိုတဲ့အကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ အင်ကြင်းပန်းကို ပေးချင်ပေမယ့် ခါချဉ်တွေကျလာရင် စေတနာက ဝေဒနာဖြစ်မယ် ဆိုတဲ့သဘော ပြောသွားတယ်” ဟု လွှတ်တော် တက်ရောက်နေသည့် ကိုယ်စားလှယ်က ပြောသည်။

    ဝန်ကြီးဦးကျော်ဆန်းက မီဒီယာလွတ်လပ်ခွင့်ကို ပေးချင်သော်လည်း ဝေဒနာဖြစ်မည်စိုးသောကြောင့် မပေးနိုင်သေးကြောင်းကို နာရီဝက်ကျော်ကြာအောင် သွယ်ဝိုက်ပြောဆိုသွားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

    ထို့အပြင် ၀န်ကြီးဦးကျော်ဆန်းက စာပေလွတ်လပ်ခွင့်ကို အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ရေစီးကြောင်းနှင့် နှိုင်းယှဉ်တင်ပြလိုက်ပြီး အရှိန်နှင့် စီးဆင်းနေသော မြစ်ရေချောင်းရေသည် မြစ်ချောင်းများ အတွင်း စီးဆင်းသွားပါက အကျိုးများမည် ဖြစ်သော်လည်း မြစ်ဘောင်ချောင်းဘောင်အတွင်း ရှိမနေဘဲ စည်းကမ်းမဲ့စွာ ပျံ့နှံ့စီးဆင်းသွားမည်ဆိုပါက လူသားတို့အတွက် အပြစ်ဆိုးကျိုးက ပိုမိုများပြားစေမည်ဟု ပြောသည်။

    (ဧရာဝတီ)


    http://www.bur.irrawaddy.org/index.php/news/7256-2011-09-08-08-07-30

    ReplyDelete
  2. "မီဒီယာကို ဦးကျော်ဆန်း မျက်ရည်နဲ့ ပြောင်းတိုက်ပြီလား"
    သတင်းဆောင်းပါးကို ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။

    http://www.irrawaddy.org/bur/index.php/articles/2-articles/7074-2011-08-16-10-44-07



    ဖျံကျရေး ဝံကြီး "ဂွတို ကျော်ဆန်း" ဟာ ဘီလူးက၊ မျောက်က များကို ကပြလေ့ရှိသူ အဖြစ် လူသိများနေရာမှ ငိုချင်းချတဲ့ ဇာတ်ကို ပြောင်းလဲ ကပြလာသူ ဖြစ်ပါတယ်။

    ဒါပေမယ့် ဇာတ်မနာနာအောင် မုသားစကား၊ ခံစားမှုအတု၊ မိကျောင်းမျက်ရည် နဲ့ မျက်ရည်ခံထိုးရင်း ငိုချင်းချတာက ဇာတ်မနာဘဲ ဟာသ ဖြစ်နေတော့ ပရိသတ်တွေအတွက် ငိုအားထက် ရယ်အားသန် ဖြစ်ရတော့တာပေါ့။

    လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်၊ သူခိုး ဗိုလ်ချုပ်တွေက ပြည်သူ့ ငွေတွေကို ဒေါ်လာ သန်းပေါင်း ထောင်ချီပြီး ခိုးယူထားပြီး ဘီလျံနာ ဖြစ်နေတာပါ။

    ဒါကို သူတော်ကောင်း ကြက်သူခိုး "ဂွတို ကျော်ဆန်း" က "ဗိုလ်ချုပ်တွေက တိုင်းပြည်အတွက် အနစ်နာခံနေပါတယ်" ဆိုပြီး ဗြောင်လိမ်ဗြောင်စား မုသားစကား ပြောလိုက်တာကတော့ အဆိုးဆုံး ပြက်လုံး ဖြစ်သွားတော့တာပဲ။

    "ဂွတို ကျော်ဆန်း" ဟာ အလွမ်းဇာတ်မှာ ငိုချင်းချပြီး မျက်ရည်ခံထိုးရင်း အရှက်ကွဲသွားပေမယ့် ဇွဲမလျှော့သေးဘဲ ဆဒ္ဒန်ဆင်မင်း ဇာတ်ကို ပြောင်းလဲ ကပြရာမှာလည်း " တော်ပါတော့၊ ဆင်းပါတော့" လို့ ရွှေမန်းက တားယူရတဲ့အထိ ပြောစမှတ် ဖြစ်ခဲ့ရပါတယ်။

    ReplyDelete
  3. တေးသံရှင် "အရိုး" ရဲ့ "ဥလုပွဲ" သီချင်းကို
    "ဂွတို ကျော်ဆန်း" ရဲ့ မျောက်က အပါအဝင် တေးသရုပ်ဖော် သရုပ်ဆောင်မှုများနဲ့ တွဲဘက် ရှုစားရန်
    ခေါင်းစဉ်ကို နှိပ်ပါ။

    http://www.youtube.com/watch?v=5zgvSUXYfGU



    "A War for an Egg"
    ("ဥလုပွဲ") သီချင်း

    တေးသံရှင် - အရိုး
    သရုပ်ဆောင် - ဂွတို ကျော်ဆန်း


    ဟိုဘက်ခြံက အကောင် ပုကွကွ
    စကားပြော ဘုကျကျ

    အတင်း ဝင်ကောက်တဲ့ ဟိုဘက်က ဂျပု
    မလွန်ခင် တူနဲ့ထု

    နှုတ်ခမ်းတွေ ကွဲလို့ ခေါင်းတွေဖု
    အငြိုးထားသွားတဲ့ ဂျပု

    လူပါးဝလွန်းတဲ့ ဂျပု မျက်ခွက်
    မျက်စေ့ထဲက မထွက်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။