Pages

Thursday, September 29, 2011

ခရမ်းမြို့  အမေ့အရိပ် ပညာဒါနကျောင်းလေး ပြုပြင်ရန်အတွက် ပါဝင်လှူဒါန်းကြပါရန်....

ခရမ်းမြို့  အမေ့အရိပ် ပညာဒါနကျောင်းလေးပြုပြင်ရန်

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ...

(25.09.2011)က ခရမ်းမြို့  အမေ့အရိပ် ပညာဒါနကျောင်းလေးပြုပြင်ရန် စေတနာ ထက်သန်စွာ လှူဒါန်းခဲ့ကြတဲ့ အောက်ပါ အလှူရှင်များရဲ့ အလှူငွေများကို ခရမ်းမြို့ အမေ့အရိပ် ပညာဒါန ကျောင်းလေးထံ အမေ့အိမ် ပညာရေး ကော်မတီမှ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။

(၁) မသက်သက်ထွန်း( ကနေဒါ )....................... ၁၀၀,၀၀၀ ကျပ်
(၂) ကိုနောင်+ မစပါယ်( ရန်ကုန်)........................၁၀၀,၀၀၀ ကျပ်
(၃) ကိုဌေးဝင်း+ မဌေးဌေးဝင်း( ရန်ကုန် )...............၅၀,၀၀၀ ကျပ်

စုစုပေါင်း အလှူငွေ( ၂၅၀,၀၀၀ ) ကျပ် အပြင် အခြားစေတနာရှင်များလှူဒါန်းသော....

မုန့်၊ ကစားစရာ နှင့် အ၀တ်အစား(အဟောင်း) များကိုလည်း ကလေးများအား ကျွေးမွေး လှူဒါန်းခဲ့ကြပါတယ်။ အလှူရှင်များ နှင့် သူငယ်ချင်းများအားလုံး သာဓု ခေါ်နိုင်ရန် တင်ပြလိုက်ပါတယ်။

ခရမ်းမြို့ အမေ့အရိပ် ပညာဒါနကျောင်းလေးဟာ ပို၍ဆင်းရဲ နွမ်းပါးသောကြောင့် အစစအရာရာ လိုအပ်လျှက်ရှိနေပါသည်၊ မိတ်ဆွေတို့ထံမှ အသုံးမ၀င် ပိုလျှံနေသည့် ခလေးအင်္ကျီ အဟောင်းများ ကျောင်းဝတ်စုံ အဟောင်းများ၊ လွယ်အတ်အဟောင်းများကိုလည်း လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ် ပညာရေးကော်မတီ

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။