အဆိုတော်အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့  မွန်မြတ်သောဒါန
သူငယ်ချင်းများအားလုံး မင်္ဂလာပါ....
ဒီကနေ့ (19th Sept ) မှာကျရောက်တဲ့ အဆိုတော် သံသာဝင်းနဲ့  အနဂ္ဂရဲ့ တူလေး အခရာ တို့ ရဲ့  မွေးနေ့  မှာကုသိုလ်ကောင်းမူ ပြုတဲ့အနေဖြင့် အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ)မှ ကလေးငယ်များ အားလုံး ကို ဗလာစာအုပ်နှင့် စာရေးကရိယာများ၊ အဟာရမုန့်နှင့် အအေးတို့ကို ကလေးတဦးချင်းစီအား ကိုယ်တိုင်ကိုယ်ကျ ကြင်နာစွာ လာရောက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အိမ်ပညာဒါန ကျောင်း ရံပုံငွေအဖြစ် အလှူငွေကျပ် (၁၀၀,၀၀၀) တစ်သိန်းကိုလည်းပေးအပ် လှူဒါန်းခဲ့ကြပါတယ်။
နိုင်ငံကျော် အနုပညာရှင်နှစ်ဦးတို့ရဲ့ ဖြူစင်တဲ့စေတနာနဲ့ ကျွေးမွေးလှူဒါန်းမူဟာ ကလေးငယ်များအတွက် ခန္ဒာကိုယ် အဟာရသာမက စိတ်ဓါတ် အင်အားတွေကိုပါ မြှင့်တင်ပေးရာ ရောက်စေတာမို့ အမေ့အိမ်ပညာရေး ကော်မတီမှ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါသည်။
ပကာဿနမပါ ဖြူစင်မွန်မြတ်သောဒါနမို့ အားလုံးသာဓုခေါ်နိုင်ရန်မျှဝေလိုက်ပါတယ်။
လေးစားစွာဖြင့်
ကိုငယ်(၀၉ ၅၁၆ ၂၀၆၀)
အမေ့အိမ် ပညာရေးကော်မတီ
အားလုံးနဲ့အတူဝမ်းသာပါတယ်။အခြားအနု့ပညာရှင်များကိုလည်းမျှော်လင့်ပါတယ်။
ReplyDeleteအနုပညာရှင်များအားလုံးခင်ဖျား.ဒီအလူတင်မကဘဲ.ကျူပ်တို့တိုင်းပြည်ရဲ့အထွတ်အမြတ်အမိဧရာဝတီမြစ်ကြီးကိုကါကွယ်ဖို့.စတင်ကန့်ကွက်ဖို့လိုပါပီ.အမြန်ဆုံးစတင်ပေးကြပါ..
ReplyDeleteဟုတ်ပါတယ်.အနုပညာရှင်များရဲ့.စွမ်းဆောင်မှု့အားဟာအများအရေးကြီးပါတယ်
ReplyDeleteအမြန်ဆုံးစတင်သင့်ပါပီ.