Pages

Sunday, September 25, 2011

တရုတ် (CPI) ကုမ္ပဏီ၏ အစီအစဉ်ဖြင့် မြန်မာရေအား လျှပ်စစ်ဝန်ထမ်း (၂၀)ဦး ကူမင်းမြို့သို့ သင်တန်းတက်ရန်ရောက်ရှိ...

 စက်တင်ဘာလ ၁၉ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိလာတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနမှ ပထမအသုတ် သင်တန်းသား(၂၀) ဦးအား ကြိုဆိုသူများနှင့် အတူတွေ့ရစဉ်

မြန်မာနိုင်ငံ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနနှင့် တရုတ်China Power Investment Corporation (CPI) ကုမ္ပဏီတို့၏ နှစ်ဘက်သဘောတူ အစီအစဉ်အရ သင်တန်းသား (၂၀)ဦးပါ အဖွဲ့ဟာ စက်တင်ဘာလ ၁၉ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိလာပါတယ်..။  အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်ပညာရှင် သင်တန်းသား (၆၀)ဦးအား ရေအားလျှပ်စစ်၊ နည်းပညာဆိုင်ရာနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများအတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းများပေးရန် ခေါ်ယူမှာ ဖြစ်ပြီး ပထမအသုတ်အနေနဲ့ သင်တန်းသား (၂၀)ဦးအား စတင်ခေါ်ယူတာ ဖြစ်ပါတယ်...။

သင်တန်းကာလ ရက်(၁၀၀) ကြာမြင့်မယ့် အဆိုပါ သင်တန်းအတွင်း အသေးစား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာနဲ့ ပြုပြင်ထိန်းသိမ်းရေးတို့ အတွက်ဖြစ်ပြီး သီအိုရီနဲ့ လက်တွေ့ သင်ခန်းစာများအား ပေါင်းစပ် သင်ကြားပေးမှာ ဖြစ်ပါတယ်...။

သတင်း http://finance.sina.com.cn/roll/20110921/095910515787.shtmlအား
ကိုးကား တင်ပြပါသည်...။
မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ဆောက်လုပ်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းအား တရုတ် CPI ကုမ္ပဏီ၊ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနနဲ့ အေရှဝေါလ် ကုမ္ပဏီတို့မှ လက်ရှိပူပေါင်း ဆောက်လုပ်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့က တရားဝင်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်...။ မေခ၊ မလိခနဲ့ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းများအနက် မေခမြစ်ပေါ်မှ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းမှာ ၉၇ရာခိုင်နှုန်းကျော် ပြီးစီးလျှက်ရှိပြီး မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှာ ၁၀ရာခိုင်နှုန်းကျော်အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်..။ မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကြီးအား ဆည်ပိတ် ဆောက်လုပ်မည့် မြန်မာတမျိုးသားလုံးနှင့် သက်ဆိုင်သည့် အဆိုပါ မြစ်ဆုံရေကာတာ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ ဧရာဝတီကို ထာဝရရှင်သန်လိုသူများမှ  အမျိုးသားရေး တရပ်အနေနဲ့ ကန့်ကွက် လုပ်ဆာင်လျှက် ရှိပါတယ်...။
မြစ်ဆုံဆည် စီမံကိန်းအတွင်းမှာ အသုံးပြုနေတဲ့ တရုတ် CPI ကုမ္ပဏီပိုင် အသေးစား ရှပ်ပြေးယာဉ်
(ဓာတ်ပုံပေးပို့လာသူ ZSO အားကျေးဇူးတင်ပါသည်...)

အဆိုပါစီမံကိန်းတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသော သက်ဆိုင်ရာ မြန်မာအစိုးရ တာဝန်ရှိသူများမှ မြန်မာပညာရှင်များ၊ ထင်ပေါ် ကျော်ကြားတဲ့ ပုဂ္ဂိုလ်များနဲ့ ပြည်သူလူထုမှ ကန့်ကွက်နေသည့် ကြားမှ လျှပ်စစ်ဝန်ကြီးဆိုသူမှ မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း ရင့်ရင့်သီးသီး လေသံပစ်ပြစ်ခဲ့ပြီး ကန့်ကွက်နေသည့် ပြည်သူများအားလည်း ဧရာဝတီရောဂါနဲ့ အမှီလိုက်နေသူများဟု  စော်ကား ပြောဆိုခဲ့ပါတယ်...။

ထိုကဲ့သို့ ပြောဆိုပြီး မကြာမှီမှာပဲ အစိုးရ၏ ထောက်ခံမဲ အများစု ရရှိနိုင်မည့် လွှတ်တော်၏ အဆုံးအဖြတ် ခံယူမည်ဟု  ပြန်လည် ပြင်ဆင်ပြောဆိုကာ အချိန်ဆွဲရန် ကြံစည်လျှက်ရှိကြောင်း  သတင်းရရှိပါသည်...။ ပြည်တွင်းမှ ဂျာနယ်ပိုင်ရှင်တဦးမှ သုံးသပ် ပြောဆိုရာမှာတော့ ဗိုလ်မှုးအောင်လင်းထွဋ်ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၅)ရက်နေ့က ဧရာဝတီ သတင်းဋ္ဌာနမှာ ဖော်ပြပါရှိခဲ့တဲ့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ ခရစ္စတီးကျွန်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဆောင်းပါးပါ အချက်အလက်များဟာ ထိုစဉ်က စစ်ဗျူဟာမှူးအဖြစ် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အမိန့်ပေးခဲ့သူ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ အရှိုက်အား ထိုးနှက်စေခဲ့တဲ့အတွက်  ပြန်လည်ခေါင်းလျှိုသွားတာ ဖြစ်ကြောင်း ၎င်း၏ ထင်မြင်ချက်အား ပြောဆိုသွားပါတယ်...။

ယခုကဲ့သို့ အများပြည်သူ ကန့်ကွက်နေသည့် ကြားမှပင် လျှပ်စစ်ဝန်ကြီးဋ္ဌာနမှ မြစ်ဆုံဆည်စီမံကိန်း၌ အဓိက ရင်းနှီးမြုပ်နှံသူ တရုတ်(CPI)ကုမ္ပဏီ အစီအစဉ်ဖြင့် သင်တန်းသားများ လျှို့ဝှက်၊ စေလွှတ် နေခြင်းဟာလည်း သံသယပွားဖွယ် ဖြစ်နေကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်..။

ဒီမိုဝေယံ
မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ ပြန်ကြည့်လိုပါက
ပို့စ်အောက်ရှိ Labels  မြစ်ဆုံဆည်သတင်းများမှ တဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်...။

18 comments:

  1. ဘယ်လိုမှပြောမရဆိုမရ.ဘယ်သူမှလဲေ-ာက်ဂရုမစိုက်.ဘယ်လိုအမိရုတ်အဖရုတ်ကမွေးလွတ်လိုက်တဲ့.ကောင်တွေလဲမသိပါဘူးကွာ.လူကမွေးတဲ့ကောင်မဟုတ်ခွေးကမွေးတဲ့ဇော်မင်း.ခွေးသားဇော်မင်း...ရရင်ရ မရရင်ချကြဟေ့.
    ဘာမှကြောက်စရာမရှိ.သေတစ်နေ့မွေးတစ်နေ့ဘဲ.

    ReplyDelete
  2. ကိုသန့်(တိုကျို)September 25, 2011 at 10:49 AM

    ဘယ်သူရှုပ်ရှုပ်. ဒို့မဆုတ်
    အတင်းဆက်လုပ်မည်၊
    ဘယ်သူတောင်းတောင်း. ဒို့မပြောင်း(စီမံကိန်း)
    အကောင်း(တရုတ်ကြီး)နောက်လိုက်မည်၊
    ဘယ်သူပြောပြော. ဒို့မလော
    အတောမသတ်(တရစပ်ဆက်လုပ်)မည်၊
    ဘယ်သူတားတား. ဒို့မနား
    အစားမရပ်(ပွဲစားခ). ပြီ၊
    စီမံကိန်း. ကိုတော့. တစွတ်ထိုးဆက်လုပ်မှာ. သေချာတယ်၊
    ကိုယ့်ဘာသာကိုယ်ရေးတဲ့အခြခံဥပဒေ. နာဂစ်မုန်တိုင်းကြားမှာ
    အတင်းအကြပ်ထောက်ခံခိုင်း. ၂၀၁၀ မှာချိန်းခြောက်. ချောင်ပိတ်
    ပြီးကြိုတင်မဲရော. အထုပ်ကြီး. ဆိုတာတွေနဲ့. ကြီးတဲ့ဂဏန်းကို
    နှစ်ခါလျှောက်ခိုင်း. တောက်လျောက်. ကလိန်ကကျစ်တွေကြီး
    လုပ်ခဲ့တော့. နဲနဲလေးလိမ္မာလာပြီလို့. ထင်ယုံရှိသေး. ဇာတိ
    ကပြလာပါရောလား။. ။

    ReplyDelete
  3. ခွေးဖြစ်မယ့်တိုင်းပြည်
    Posted by ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား at 12:07 PM Friday, September 23, 2011

    အစိုးရလုပ်သမျှကန့်ကွက်မယ် ၊ ဖျက်လိုဖျက်ဆီးလုပ်မယ် ၊ တားမယ်၊ဆီးမယ် အစိုးရကဆက်လုပ်လို့ မှားသွားရင် ငါတို့အစောကြီးထဲကပြောသားပဲလို့ပြောမယ် ၊ မှန်သွားရင် ငြိမ်နေ လိုက်မယ် ဒီအချိုးမျိုးကလူတိုင်းချိုးတတ်တယ်။

    နေစမ်းပါဦး...မီးမလာတုန်းကလဲခင်ဗျားတို့ပဲအမျိုးမျိုး ပြောခဲ့ကြတာလေ...ဘာတဲ့

    - အစိုးရမှာလုံးဝတာဝန်ရှိတယ် ။ ဒေသတွင်းနိုင်ငံများနှင့်စာလျှင် အလွန်နည်းနေတယ်

    - မီးမလာလို့ မီးစက်တွေသုံးရ လို့စက်သုံးဆီကုန်တယ်၊ နားညီးတယ်၊ လေထု ညစ်ညမ်းတယ်

    - မီးခွက် ဖယောင်းတိုင်တွေသုံးရလို့ မီးဘေးအန္တရယ် စိုးရိမ်ရတယ်

    - ခလေးတွေ စာကောင်းကောင်းမကျက်ရ လို့ပညာရေး အတွက်ရင်လေးရတယ်

    - ကုန်ထုတ်လုပ်ရာမှာ မီးစက်တွေသုံးရ လို့ထုတ်လုပ်မှုစရိတ် ကြီးပြီးကုန်ဈေးနှုံးတွေတက်မယ်

    - မှောင်နေလို့ ဒုစရိုက်မှု များပိုလာမယ် ဆိုတာတွေလေ....မှတ်မိကြသေးလား

    ဒီတော့အစိုးရက အော်..ပြည်သူတွေတော့လျှပ်စစ်မီးတကယ်လိုနေပါလားဆိုပြီး ကမ္ဘာမှာအသုံးများနေတဲ့ ညူကလီယားကထုတ်မယ်ဆိုတော့လဲ အကြောင်းအမျိုးမျိုးပြပြီး ကန့်ကွက်တယ် ဒီတုန်းကလဲ ကန့်ကွက်တဲ့သူတွေ ပြန်ကြည့် ဒီလူတွေပဲ နောက်ဆုံး အစိုးရကအလျော့ပေးလိုက် ရတယ်...ခင်ဗျားတို့အော်ခဲ့တာတွေ မေ့ချင်ယောင်ဆောင်မနေနဲ့ ကျုပ်ပြန်ပြောပြမယ်

    - ဒါစစ် အစိုးရ အာဏာ တည်မြဲအောင်လုပ်နေတာ

    - လျှပ်စစ်ထုတ်တာ ဘန်းပြပြီး လက်နက်ထုတ်မလို့နေမှာ

    - မလုပ်တတ် မကိုင်တတ်နဲ့ ဓါတ်ငွေ့တွေ ယိုစိမ့်လာရင် လူထု ဒုက္ခရောက်မှာ

    - ဒီလိုနည်းနဲ့လင်းမဲ့ အစား အမှောင်ထဲမှာသာနေလိုက်ချင်တော့တာပဲ

    - ရုရှားကိုလဲ ပညာတော်သင်တွေ လွှတ်နေတယ်တဲ့ သေချာပါတယ်..ဒါလက်နက်လုပ်တော့မှာ...

    - ဒီလိုသာ လက်နက်တွေထုတ်မယ်ဆိုရင် ဒါ.. နိုင်ငံတကာ ဥပဒေတွေကို ချိုးဖေါက်တာပဲ

    - ဒေသတွင်းငြိမ်းချမ်းရေး ကိုထိခိုက်မယ်.... ဆိုတာတွေလေ..အတိတ်မေ့ကုန်ကြပြီလား......


    ဒီတော့အစိုးရလုပ်တဲ့သူက ရေအားကနေထုတ်တယ် ရေအားက ထုတ်ရင်တော့ ရေအရင်းအမြစ်တွေမှာ ဆည်တွေဆောက်ရ မှာပဲမဟုတ်ဘူးလား..ဒါဆိုရင် ဒီမြစ်ဆုံရဲ့တရားခံဟာ ခင်ဗျားတို့ပဲမဟုတ်ဘူးလား.. ဘာလို့ အစိုးရကိုလက်ညှိုးထိုးချင်နေရတာလဲ ဘာအခုမှ ဧရာဝတီကိုကယ်တင်ပါတွေ ဧရာဝတီကဖျားတာတွေ ၊ ငိုတာတွေလာလုပ်နေတာလဲ

    အလုပ်လုပ်နေတဲ့သူတွေကို ဘာမှမလုပ်တဲ့သူတွေ က အမျိုးမျိုးဝိုင်းကန့်ကွက်နေတဲ့တိုင်းပြည်မှ မဆင်းရဲရင် ဘယ်တိုင်းပြည်ဆင်းရဲမလဲ...ဒီတိုင်းပြည်မျိုးဒုက္ခမရောက်ရင် ဘယ်တိုင်းပြည်ဒုက္ခရောက်မလဲ မြန်မာမြန်မာ ချင်း မစည်းလုံးသ၍ ဘယ်အစိုးရတက်တက် ခွေးဖြစ်နေဦးမှာပဲ....


    ဒေါက်တာဆိတ်ဖွား

    http://doctorsatephwar.blogspot.com

    ReplyDelete
  4. မောင်သန့် ။September 25, 2011 at 2:13 PM

    @ဒေါက်တာဆိတ်ဖွား။ စာများများဖတ်ပါ။ ကိုယ်ပိုင်ညာဏ်ဖြင့် ဆင်ခြင် သုံးသပ်ပါ။ root cause ကိုမြင်တတ်ပါစေ။
    (မြန်မာမြန်မာ ချင်း မစည်းလုံးသ၍ ဘယ်အစိုးရတက်တက် ခွေးဖြစ်နေဦးမှာပဲ....)ဒီတချက်တော့ လက်ခံလိုက်ပါတယ်။

    ReplyDelete
  5. မောင်ဆိတ်ဖွား ဖတ်ရန် မှတ်ရန်

    ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့သော သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကျင်းပ

    http://news-eleven.com/index.php?option=com_content&view=article&id=10243:2011-09-24-16-38-03&catid=42:2009-11-10-07-36-59&Itemid=112

    ReplyDelete
  6. ဒေါက်တာဆိတ်ဖွား တဲ့ ဘာဒေါက်တာ လဲ ။ သန်းရွှေ အမေ့လင် ရဲ့ ဒေါက်တာလား။ စောက်ပေါ။ မီးလာဘို့ ဆိုရင် အေရာဝတီကို ပိတ်ပြီး ဆည်ဆောက်မှ မီးရတာ မဟုတ်ဘူး ။ သဘာဝ ဓါတ်ငွေ့ ကထုတ်လဲ ရတယ်။ မင်း အမေ့လင် သန်းရွှေ က သူသဘောနဲ့ သူ ဒီမြစ်ကြီးကို လုပ်ချင်တိုင်း လုပ်လို့ မရဘူး ဆိုတာ မင်းသိထား။ တိုင်းပြည်ရဲ့ အဓိကမြစ်ကို တိုင်းတပါး ကို လက်ညိုးထိုး ရောင်းစားတာ မင်းမမြင်ဘူးလား။ ခွေးမျိုး သတောင်းစား။

    ReplyDelete
  7. ညီညီ(တိုကျို)September 25, 2011 at 4:32 PM

    ဒေါက်တာဆိတ်ဖွား!!ခင်ဗျာ!! ခင်ဗျားရဲ့နိုင်ငံကိုချစ်တဲ့စိတ်ကို. အသိအမှတ်
    ပြုပါတယ်၊. ကျုပ်ကလဲ. အစိုးရထက်. နိုင်ငံနဲ့ပြည်သူလူထုကို. ချစ်တယ်
    ကျုပ်တို့မညီညွတ်သရွေ့. ခွေးဖြစ်နေအုံးမယ်ဆိုတာလဲ. အပြည့်အဝလက်ခံ
    တယ်၊. ခင်ဗျားကအမိန့်နဲ့အသက်ရှင်. ခဲ့ရတဲ့လူဖြစ်ကောင်းဖြစ်လိမ္မယ်၊
    ကျုပ်က. တပြေးညီတဲ့တရားတဲ့ဥပဒေ. အောက်မှာအသက်ရှင်နေခဲ့
    တယ်၊. ကျုပ်ကဘယ်အစိုးရတက်တက်. နိုင်ငံနဲ့ပြည်သူ့အကျိုးယုတ်
    လာနိုင်မယ်ဆိုရင်. မကောင်းတဲ့ကိစ္စကို. ကန့်ကွက်ရပါလိမ္မယ်၊
    ဦးသိန်းစိန်အစိုးရဲ့ဖြစ်ပေါ်လာပုံ. မကောင်းခဲ့ပေမဲ့. လက်ရှိအနေအထား
    မှာ. ကောင်းတဲ့ဘက်ကိုဦးတည်. နေယုံနဲ့တင်ကျုပ်တို့ကဝမ်းပန်းတသာ
    နဲ့. ပြည်သူအများရဲ့ဆန္ဒပြည့်ဝတော့မယ်ဆိုပြီး. အားပေးခဲ့ပါတယ်၊
    နိုင်ငံတနိုင်ငံတိုးတက်တာ. ဆုတ်ယုတ်သွားတာ. အဲဒီနိုင်ငံကိုအုပ်ချုပ်
    တဲ့အစိုးရရဲ့. တာဝန်နဲ့အရည်အချင်း စံနစ်ကြောင့်ဘဲ။. ။ဥပမာ။. ။
    တောင်ကိုးရီးယားနဲ့မြောက်ကိုးရီးယားကိုယှဉ်ကြည့်။. ။ခင်ဗျားနဲ့ကျုပ်တူ
    တာရှိတယ်။

    ReplyDelete
  8. တိုင်းပြည်ဖွံဖြိုး ဘို့  လျှပ်စစ်လိုတယ်ဆိုတာလူတိုင်း လက်ခံပါတယ်။ ရေ အားလျှပ်စစ်၊ သဘာဝဓါတ်ငွေ့ ၊ နယူကလီး ယား နည်း များထဲက တခုမဟုတ်တခုသုံး ရ မှာပါဘဲ။ အကျိုး အပြစ် ကိုယ်စီရှိကြမှာဘဲဖြစ်ပါတယ်။ဒါပေမဲ့ မြစ်ဆုံလို ယဉ်ကျေးမှု အရ ၊ အရေးပါတဲ့ နေရာကို ၁၀၀% မိမိဝေစု ရ ရင်တောင်မလုပ်သင့် ပါ ။ မြန်မာနိုင်ငံအနေဖြင့် ရေအားထုတ်စရာ နေရာအများ အပြား ရှိတဲ့ အတွက် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု နဲ ပါး ပြီး ရေစီး အားကောင်းတဲ့ တခြား မြစ်တွေ ကိုရွေးချယ်ဆောက်လုပ်ရင်ပိုကောင်းမှာပါ။ နောက်တခုက ထွက်လာမဲ့ လျှပ်စစ်ခွဲတမ်းကလည်း ၁၀%ဆိုတော့ စုစုပေါင်း စီမံကိန်း ၈ ခုပြီးမှ ၁၈၀၀ မက်ဂါဝပ်ပဲ ရမှာမို့  မိမိပိုင်ငွေနဲ့  ဘဲ ရဲရွာလို စီမံကိန်း တွေ အကောင်အထည်ဖော်တာ ပိုကောင်းမယ်ထင်ပါတယ်။ နောက်ပိုင်း တိုင်းပြည်စီးပွားရေး ၊ အတတ်ပညာကောင်း လာမှ အကြီးစားတွေဆောက်ကြပေါ့။

    ReplyDelete
  9. မောင်မောင်(နေပြည်တော်)September 26, 2011 at 1:19 AM

    အပေါ်ကပုဂ္ဂိုလ်ပြောတာမှန်ပါတယ်။. ။ဒေါက်တာဆိတ်ဖွား. ရမ်းသန်း
    ပြောထားတာကြည့်ပြီး. စိတ်မကောင်းဖြစ်ရပါတယ်။. ကမ္ဘာပေါ်မှာ
    လျှပ်စစ်ဓါတ်ထုတ်ဘို့. အသုံးများတဲ့နျူးကရီးယားလို့. ဆိုထားတယ်။
    နျူးကရီးယားကနေ. လျှပ်စစ်ဓါတ်ထုတ်နိုင်တဲ့. တိုင်းပြည်ဟာ
    အင်မတန်နဲပါတယ်။. ဒေါကတာဆိတ်ဖွားဟာ. တိုင်းပြည်နဲ့လူမျိုး
    ကိုတော့ချစ်မဲ့ပုံဘဲ။. လေးစားပါတယ်။. အထက်ဆရာသမားကိုလဲ
    မျက်စေ့မှတ်ပြီးယုံကြည်လေးစားမဲ့ပုံပါဘဲ။. ဒါပေမဲ့အကြားအမြင်
    ဗဟုသုတတွေပိုပြီး. တိုးပွားလာအောင်. မြန်မာပြည်စာပေစိစစ်ရေး
    ကထုတ်တဲ့စာအုပ်အပြင်. နိုင်ငံခြားမှာရှိတဲ့. စာအုပ်တွေလဲဖတ်ပြီး
    ကိုယ်ပိုင်ဦးနှောက်နဲ့စဉ်းစားတွေးခေါ်. လိုက်ရင်အရမ်းကိုကောင်း
    လာမှာသေချာတယ်၊. နျူးကရီးယားရဲ့. မတော်တဆ. ဖြစ်တတ်
    တဲ့ဆိုးကျိုးနဲ့တင်. သားစဉ်မြေးဆက်. ဒုက္ခိတလေးတွေ. မွေးဖွားပါတယ်၊
    ဥပမာ၊. ၊ယ္ခင်ဆိုဗီယက်ယူနီယံ. တိုင်းပြည်တုံးက. ချာနိုဘိုင်းနျူးကရီး
    ယားဓါတ်အားပေးစက်ရုံပေါက်ခဲ့တာ. နှစ်ပေါင်း၃၀ကျော်ပြီ. အချင်းဝက်မိုင်၃၀
    အတွင်းလူနေလို့မရတာခုထိဘဲ။. အချင်းမိုင်၆၀ရှိတဲ့. မြို့ရဲ့တန်ဘိုးကို
    တွက်ပြပေးပါလား. ဒေါက်တာဆိတ်ဖွား? ဒါတင်ဘယ်ဟုတ်မလဲ
    ဖြစ်ဖြစ်ချင်းမှာ. ပိုပြီးကြီးကြီးကျယ်ကျယ်ပေါက်ကွဲမှုမဖြစ်အောင်
    အခုခေတ်လို. စက်ရုပ်မရှိသေးတော့. ဝန်ထမ်းတွေက. အသေခံ
    ပြီးစက်ကိုဝင်ပိတ်ခဲ့ရတယ်. အဲဒီမျိုးဆက်မှာ. ခန္ဓာကိုယ်ချို့ယွင်း
    တဲ့လူ. တစ်သိန်းနီးပါးမွေးဖွားခဲ့ပြီး. အခုဒုတိယ. မျိုးဆက်မှာ
    တစ်သိန်းထပ်မွေးပြီးနေပြီ၊. အဲဒီမြေဇာပင်ဖြစ်ခဲ့ရတဲ့. ခလေး
    လေးတွေဟာ. ဘာအပြစ်မှမရှိတဲ့. အနာဂတ်ရဲ့သာကောင်း
    ရတနာလေးတွေမဟုတ်ဘူးလား??အခု. မတ်လ. ၁၁. ရက်နေ့က
    ဂျပန်မှာလှုပ်တဲ့ငလျင်ရဲ့. နောက်ဆက်တွဲ. ဆူနာမိရေလှိုင်းကြောင့်
    ဖူကုရှိမား. မှာရှိတဲ့နျူးကရီးယား. ဓါတ်အားပေးစက်ရုံ. မတော်တဆ
    ပေါက်ကွဲမှုဖြစ်တယ်. အချင်းဝက်ကီလိုမီတာ. ၃၀. အတွင်းမှာရှိတဲ့
    လူတွေ. ချက်ချင်းပြောင်းပေးရတယ်၊. တိုကျိုလျှပ်စစ်ဓါတ်အား
    ကုမ္ပဏီရဲ့. နှစ်ပေါင်း. ၃၀. မြတ်ခဲ့တဲ့အမြတ်ဟာ. ဂျပန်ယန်းငွေ
    နဲ့. ၁၂၀၀. ဘီလျံလောက်ရှိတယ်လို့ဆိုတယ်၊. အခုလောလောဆယ်
    လျော်ပေးရမဲ့ငွေက. ဂျပန်ယန်းငွေနဲ့. အကြမ်းဖျင်း. ၃၀၀၀. ဘီလျံကျော်
    တဲ့အတွက်. တိုကျိုလျှပ်စစ်ကုမ္ပဏီက. မလျော်နိုင်လို့. အစိုးရကစိုက်
    လျော်ပေးရပါမယ်။. အဲဒီနေရာကလူတွေ. ဘယ်တော့များမှနေရပ်
    ပြန်ရမလဲဆိုတာ. မသိသေးဘူး။. အခုနောက်ဆုံး. ဂျာမဏီနိုင်ငံက
    လာမဲ့. ၂၀၂၅. ခုနှစ်နောက်ဆုံး. နျူးကရီးယားဓါတ်ပေါင်းဖိုတွေကို
    ပိတ်ဘို့လုပ်နေပြီ။. ။ဒေါက်တာဆိတ်ဖွား. သဘောပေါက်ပါသလား????

    ReplyDelete
  10. ကိုမြသိန်း(တိုကျို)September 26, 2011 at 2:40 AM

    ဒေါက်တာဆိတ်ဖွားခင်ဗျား!!!! ခင်ဗျားပြောတဲ့ဧရာဝတီ. တရားခံဟာခင်ဗျားတို့ဘဲဆိုတဲ့
    သူခိုးလူဟစ်တဲ့ပုံစံကို. မြင်ယောင်မိပြီး. တခုကိုသွားသတိယမိတယ်၊. ဗိုလ်ချုပ်ခင်ညွန့်
    ခေတ်ကောင်းစဉ်အချိန်က. စစ်တပ်ကအာဏာမလွှဲပေးချင်တော့. အတိုက်အခံတွေကို
    လက်ညှိုးငေါက်ငေါက်ထိုးပြီး. အကြောင်းအရာအမျိုးမျိုးနဲ့. စွပ်စွဲပုတ်ခတ်ခဲ့တာ. အခုတော့
    မမှန်တဲ့သူက. သဘာဝတရားရဲ့. ဒဏ်ခတ်မှုကိုတော့. ခံလိုက်ရပါပြီ၊. ဒေါက်တာဆိတ်
    ဖွားရဲ့အလှည့်ရော. ဘယ်တော့လဲမသိဘူးနော်? နောက်တခုက. ဥပမာလေးနဲ့ပြောရရင်
    ဒေါက်တာဆိတ်ဖွားဟာ. အိမ်ထောင်ရှိရဲ့သားနဲ့. မုဒိမ်းမှုကျူးလွန်ပြီး. တရားစွဲခံရတဲ့အခါ. ကျွန်တော့မှာအပြစ်မရှိပါဘူး. အပြစ်ရှိတာကျွန်တော့
    မိန်းမပါ၊. သူကကျွှန်တော်နဲ့မအိပ်လို့. ကျွန်တော့ပစ္စည်းကိုဆက်လက်
    မထိန်းသိမ်းနိုင်တာကြောင့်. လူလဲလစ်နေတာမို့. မုဒိမ်းမှုဖြစ်သွားတာပါ၊
    ဒါကြောင့်. ကျွှန်တော့မှာအပြစ်မရှိပါ၊. အပြစ်ရှိတာ. ကျွန်တော့မိန်းမပါ။
    အဲဒီလို. အဓိပ္ပါယ်ပေါက်နေတယ်ဗျ ။. ။

    ReplyDelete
  11. ဒေါက်တာဆိတ်ဖွား ဆိုတဲ့ခွေးမသားကိုအားလုံးဝိုင်း fuck ကြဟေ့.ဟေ့......

    ReplyDelete
  12. ဘဘသန်းကို(ပျဉ်းမနား)September 26, 2011 at 3:28 PM

    အဲဒီလိုတော့. ဒေါက်တာဆိတ်ဖွားကို. တရားလက်လွတ်. ဝိုင်းပြီးအနိုင်မကျင့်
    ကြပါနဲ့၊. သူလဲတိုင်းပြည်နဲ့လူမျိုးကို. ချစ်မှာပါ၊. လောလောဆယ်. အထက်
    ကိုပိုချစ်နေရတော့. နီးရာဓါး. ကြောက်တာလဲပါမှာပေါ့၊. သူတို့အတွက်. အမိန့်
    ဆိုတာ. မှန်သည်မှားသည်ကိုဝေဖန်. ဆန်းစစ်အဖြေထုတ်ရန်မဟုတ်၊
    ဆင်ခြေမတက်ဘဲ. ပြီးဆုံးအောင်ဆောင်ရွက်. ရန်သာဖြစ်သည်၊". ဆိုတဲ့
    အဓိပ္ပါယ်ပေါက်နေခဲ့တာကိုး၊. ဒါကြောင့်စစ်တပ်ဆိုတာ. အိမ်ကြီးကိုကာကွယ်
    ရမဲ့. ဒရဝမ်အစောင့်နေရာမှာ. နေရမဲ့ဟာ. အိမ်ဦးခန်းတက်ပြီး. ငါသာအမိ
    ငါသာအဖ. ဆိုပြီးကိုယ့်ကိုယ်ကိုကြွေးကြော်လို့. အိမ်ရှင်တွေကို. စော်ကား
    မော်ကား. ပြောတာကြာလာတော့. နောက်ပေါက်ဒရဝမ်တွေလဲ. သွေးနထင်
    ရောက်ပြီး. သူ့ဆရာကဘဲ. အိမ်ပိုင်ရှင်လိုလို. အထင်ရောက်အောင်
    ဝိုင်းမြှောက်နေတော့တာပါဘဲလား။. ။. ဒူးနေရာဒူး. တော်နေရာတော်။. ။

    ReplyDelete
  13. ဒီတော့အစိုးရလုပ်တဲ့သူက ရေအားကနေထုတ်တယ် ရေအားက ထုတ်ရင်တော့ ရေအရင်းအမြစ်တွေမှာ ဆည်တွေဆောက်ရ မှာပဲမဟုတ်ဘူးလား..ဒါဆိုရင် ဒီမြစ်ဆုံရဲ့တရားခံဟာ ခင်ဗျားတို့ပဲမဟုတ်ဘူးလား.. ဘာလို့ အစိုးရကိုလက်ညှိုးထိုးချင်နေရတာလဲ ဘာအခုမှ ဧရာဝတီကိုကယ်တင်ပါတွေ ဧရာဝတီကဖျားတာတွေ ၊ ငိုတာတွေလာလုပ်နေတာလဲ
    ဆိတ်ဖွားဆိုတဲ့ကောင်၊မင်းမအေလင်တွေဆည်ဆောက်တာ၊မင်းပထွေးတွေအကျိုးအတွက်ဘဲ၊မင်းမအေလင်တွေသာတိုင်းပြည်အကျိုးကြည့်တတ်ရင်
    ဒီလိုဖွတ်တိုင်းပြည်ဖြစ်နေမှာမဟုတ်ဘူး။

    ReplyDelete
  14. ပေါက်ဖော်(ပီကင်း)September 27, 2011 at 12:03 AM

    “ဝ". လဲပဲ. ဆိတ်ဖွားကို. တီရုတ်လိုဆဲလိုက်မီလော်၊. က. နိ. နာ. ဘို့
    ဟောက်. ကနဲစီ. ကြာစိုက်၊. ၁၉၅၈. ခုနှစ်လောက်ကတဲက. စစ်သား
    တွေ. စောက်အလုပ်ပြောင်းပြီး. နိုင်ငံဖျက်ဆီးရေး. လုပ်လိုက်တာ
    ဒီနေ့အထိဘဲ၊. မင်းတို့ကြီးဘဲ. အုပ်ချုပ်ဖျက်ဆီး. ခဲ့ပြီးတော့. ဘယ်သူ့ကို
    တရားခံအဖြစ်. လက်ညှိုးထိုးမလို့လဲ. ယောင်္ကျားဘဲကွာ. ကိုယ်လုပ်ခဲ့တာ
    ကိုယ်တာဝန်ယူပေါ့။. ။

    ReplyDelete
  15. “ဝ". လဲပဲ. ဆိတ်ဖွားကို. တီရုတ်လိုဆဲလိုက်မယ် ဝ ကတော့ဘာတရုတ်လဲတော့မသိဘူး မျိုးမစစ်တရုတ်လားဘာလားပဲ.

    လန်ကျောက်.ကျီပိုက်.ကန်းနီနား..

    ReplyDelete
  16. ခင်ဗျားတို့မျက်စေ့လည်နေကြတယ်ကြားကပွဲစားကဘယ်သူဆိုတာဖေါ်ထုတ်ခိုင်း၇ပါမယ်သန်းရွှေနဲ့ပါတ်သက်သူတွေကနှစ်ပေါင်းများစွာရွှေပုံပေါ်ထိုင်စီမံကိန်းချလိုက်တာဖြစ်မယ်တိုင်းပြည်အတွက်ဆိုတာကြားကောင်းအောင်ပြောတာလုပ်စားလာတာကြာပြီဆိတ်ဖွားနှမ-ိုးတတုံးစားတောင်ချီးမှန်းမသိတဲံ့က်ာင်ကိုအဖက်လုပ်မနေကြပါနဲ့အခုစီမံကိန်းနဲ့အတူသူတို့တွေကပိုက်ဆံဒေါ်လာအများကြီးအိတ်ပကပ်ထဲဝင်သွားပီဆည်မြော်ငးကလုပ်စားလာတာတွေလည်းပြန်ဖေါ်ထုတ်ကြည့်ကြပါဆည်သာမအောင်မြင်သာငွေထုတ်ကတော့ပိုက်သွားကြ၇အောင်အကြ့အဖန်လုပ်နေကြတာပါသန်းရွှေတို့ပိုက်ဆံမရပဲစီမံကိန်းဆိုတာမပေါ်လာဘူးယုံကြည်စ၇ာမရှီဘူးလျပ်စစ်ကပိုနေလို့ေ၇ာင်းစားနေ၇တယ်ဆိုတာဆိတ်ဖွားလိုကောင်ကချီူးစားလို့မသိတာလားဓါတ်ငွေ့တေါဘယ်မှာလည်းအဲဒီရောင်းတဲ့ပိုက်ဆံတွေဘယ်မှာလည်းတရုတ်ပြည်မှာအိမ်ဝယ်တဲ့ဒေါ်လာလိုသူတို့အိတ်ထဲမှာပဲဆိတ်ဖွားရဲ့နှမတွေကိုတော့ပေးမယ်ထင်ပါတယ်-ခံ၇င်ဒါပါပဲစိတ်ရှိတိုင်းပြော၇ယင်မကောင်းတော့ဘူး

    ReplyDelete
  17. ကိုလေး(မုံရွာ)September 27, 2011 at 11:16 AM

    ဟုတ်တယ်ဗျာ၊. ၊ဆိတ်ဖွားလိမ္မာလာ. ပြီးရင်လဲသူ့နောက်မှာ. ခွေးဖွားတို့.
    နွားဖွားတို့၊. ကြက်ဖွားတို့၊. ဝက်ဖွားတို့. ကဆက်မိုက်ရိုင်းဘို့တန်းစီ
    နေပြီးသား။. ဆိတ်ဖွားရေ. ခွေးတွေကြီး. အုပ်ချုပ်ခဲ့တော့. တိုင်းပြည်
    ခွေးဖြစ်ရင်တောင်. မဆန်းပါဘူး၊

    ReplyDelete
  18. ဆန်မရှိ ပဲကြားပြုတ်၊ ဉာဏ်မရှိ စစ်သားလုပ်တဲ့ ဆိတ်ဖွားရေ...။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။