Pages

Wednesday, September 7, 2011

ပုသိမ်ခရိုင် ငွေဆောင်မြို့နယ် အတွင်း ယုဇနကုမ္ပဏီနှင့် ရွှေမိသားစုကုမ္ပဏီတို့မှ ကုမ္ပဏီမြေအဖြစ် အတင်းဓမ္မသိမ်းယူနေခြင်း အပေါ် H.R.W.D.N သို့ တိုင်ကြားစာ..

မြေအဓမ္မ သိမ်းယူနေတဲ့ ကုမ္ပဏီပိုင်ရှင်တွေကတော့ ကြံ့ဖွတ်အစိုးရမှာ အမတ်တွေ ဖြစ်လိုဖြစ်၊ ဘိန်းဘုရင် ဖြစ်ခဲ့သူတွေကလည်း အုပ်ချုပ်သူတွေနဲ့ ထိုင်ခုံအတူတူထိုင်၊ စားဖော်စားဖက်၊ လုဖော်လုဖက်၊ အကျိုးတူ ပူးပေါင်းဆောင်ရွက် သူတွေဖြစ်လိုဖြစ်ပေါ့..။

ဆက်လက်ကြည့်ရှုပါရန်

1 comment:

  1. မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ပြော

    08 September 2011 15:03


    ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် မီဒီယာလွတ်လပ်ခွင့် ရရှိရေး အဆိုကို ဖြေကြားရာတွင် ဘုရားအလောင်း ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို နာရီဝက်ကျော် ပြောဆို၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ကြောင်း သွယ်ဝိုက် ငြင်းဆိုသွားသည်။

    “ဆန္ဒန်ဆင်မင်းက သူရဲ့ မိဖုရားစူဠသုဘဒ္ဒါပေါ်ကို အင်ကြင်းပန်းတွေ ကျစေချင်လို့ လုပ်ခဲ့ပေမယ့် ခါချဉ်ကောင်တွေ ကျပြီး ခါချဉ်ကိုက်လို့ စူဠသုဘဒ္ဒါက ဆန္ဒန်ဆင်မင်းအပေါ်ကို ရန်ငြိုးဖွဲ့တယ်ဆိုတဲ့အကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ အင်ကြင်းပန်းကို ပေးချင်ပေမယ့် ခါချဉ်တွေကျလာရင် စေတနာက ဝေဒနာဖြစ်မယ် ဆိုတဲ့သဘော ပြောသွားတယ်” ဟု လွှတ်တော် တက်ရောက်နေသည့် ကိုယ်စားလှယ်က ပြောသည်။

    ဝန်ကြီးဦးကျော်ဆန်းက မီဒီယာလွတ်လပ်ခွင့်ကို ပေးချင်သော်လည်း ဝေဒနာဖြစ်မည်စိုးသောကြောင့် မပေးနိုင်သေးကြောင်းကို နာရီဝက်ကျော်ကြာအောင် သွယ်ဝိုက်ပြောဆိုသွားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

    ထို့အပြင် ၀န်ကြီးဦးကျော်ဆန်းက စာပေလွတ်လပ်ခွင့်ကို အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ရေစီးကြောင်းနှင့် နှိုင်းယှဉ်တင်ပြလိုက်ပြီး အရှိန်နှင့် စီးဆင်းနေသော မြစ်ရေချောင်းရေသည် မြစ်ချောင်းများ အတွင်း စီးဆင်းသွားပါက အကျိုးများမည် ဖြစ်သော်လည်း မြစ်ဘောင်ချောင်းဘောင်အတွင်း ရှိမနေဘဲ စည်းကမ်းမဲ့စွာ ပျံ့နှံ့စီးဆင်းသွားမည်ဆိုပါက လူသားတို့အတွက် အပြစ်ဆိုးကျိုးက ပိုမိုများပြားစေမည်ဟု ပြောသည်။

    (ဧရာဝတီ)


    http://www.bur.irrawaddy.org/index.php/news/7256-2011-09-08-08-07-30

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။