Pages

Friday, September 9, 2011

တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau 11Co;Ltd အထိ ဆန္ဒန်ဆင်မင်းဇာတ် သွားရောက်ကပြခဲ့တဲ့ ငိုချုပ်ဆင်ကျော်ဆန်းနဲ့အဖွဲ့ရဲ့ ရိုက်ချက်....

Sinohydro Bureau 11Co;Ltdရဲ့ မြစ်ဆုံစီမံကိန်း မြင်ကွင်းတခု..
တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau 11Co;Ltdမှ "fierce battle Myitkyina" ရုပ်သံဖိုင်ပါလင့်ခ်အား ဖျက်သိမ်းလိုက်ခြင်း...

ပြီးခဲ့တဲ့ သြဂုတ်လ (၂၄)ရက်နေ့က ကျွန်တော့်ဘလော့(ဂ်)မှာ တရုတ် ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau 11Co;Ltd "fierce battle Myitkyina"ဆိုတဲ့ ရုပ်သံဖိုင်ကို အများသိအောင် ထုတ်ဖော်တင်ပြခဲ့ပါတယ်...။ အဆိုပါ Sinohydro Bureau 11Co;Ltdရဲ့ မြစ်ဆုံဆည်စီမံကိန်း ရုပ်သံဖိုင်ကို ကူးယူဖော်ပြခဲ့သလို ကုမ္ပဏီလိပ်စာနဲ့ တကွ ထိုစဉ်က ဤကဲ့သို့ အများသိစေရန် ဖော်ပြခဲ့ပါတယ်...။ 

(ကုမ္ပဏီလိပ်စာ http://www.cwb11.com/index.html ဒီမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။...။ http://www.cwb11.com/modelinfo/detail_3_104_40.html ပြည်တွင်းမှ ဒေါင်းလုပ်လုပ်ချင်ရင်...

ကျွန်တော် Youtubeမှာ တင်မရဖြစ်နေတဲ့ အဆိုပါရုပ်သံဖိုင်ကို   Freedom Burmaမှ ကိုရဲမင်းထွန်းတို့မှ အများသိစေရန် Youtubeမှာ ပြန်လည် ဖော်ပြပေးခဲ့ပြီး ရယူတဲ့လင့်ခ်ကိုပါ ဖော်ပြပေးခဲ့တဲ့အတွက် ကျေးဇူး အထူးတင်ခဲ့ရပါတယ်.။ http://www.freedomburma.org/2011/08/blog-post_24.html 
၂၀၁၀ ရှန်ဟိုင်း EXPOသို့ ရောက်ရှိစဉ်က
တချို့လည်း အဆိုပါကုမ္ပဏီရဲ့ မြစ်ဆုံဆည်သတင်း၊ ဓာတ်ပုံ တင်ပြီးချိန်မှာ နည်းပညာအကူအညီနဲ့ ဗီဒီယိုဖိုင်ကို ရယူသွားကြသလို၊ အဆိုပါရုပ်သံဖိုင်ဟာ ဖေ့စ်ဘွတ်နဲ့ အီးမေးလ်များသို့ ပြန့်နှံသွားခဲ့ပါတယ်။ တချို့သတင်းဋ္ဌာနများမှ မြန်မာ၊ အင်္ဂလိပ် (၂)ဘာသာနဲ့ ပြန်ဆို ဖြန့်ချီ၊ ထုတ်လုပ်ခဲ့ကြပြီး အင်တာနက်မှာ အများပြည်သူမှ လက်ရှိကြံ့ဖွံ့အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေ မည်သို့မည်ပုံ ကြိတ်ကြံစည် နေကြတယ်ဆိုတာကို အများသိခွင့်ရအောင် ဖော်ပြပေးခဲ့တဲ့ အတွက် ကိုယ်ကိုယ်တိုင်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်..။
 ဒီမှတ်တမ်းတွေဟာ  လက်လှမ်းမှီ ရိုက်ကူးတင်ပြဖို့ အင်မတန်ခက်ခဲတဲ့ အတွက် စီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာကုမ္ပဏီတွေမှတပါး.. အဆိုပါဒေသမှာ ရှိတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ ရိုက်ကူး မှတ်တမ်းတင်ဖို့ အင်မတန် ခက်ခဲပါတယ်...။ ယနေ့မှာတော့ အဆိုပါ ရုပ်သံမှတ်တမ်းကို ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Sinohydro Bureau 11Co;Ltdရဲ့  ယခင်ဖော်ပြခဲ့တဲ့ http://www.cwb11.com/modelinfo/detail_3_104_40.html ရုပ်သံသတင်း နေရာမှာ မြန်မာပြည်မှ စာပေစိစစ်ရေးတွေ ကြောင့်လား ဒါမှမဟုတ် မီဒီယာကို မသမာနည်းနဲ့ ကိုက်ပြီး ဆင်ကြံကြံနေတဲ့ ပြန်ကြားရေးဝန်ကြီး ငိုချုပ်၊ ဆင်ကျော်ဆန်းကြောင့်ပဲလား မသိ ဗီဒီယို ဖိုင်ပါတဲ့ လင့်ခ် ပျောက်ခြင်းမလှ ပျောက်ဆုံးနေပြီး ဖျက်သိမ်း ထားတာကို တွေ့ရပါတယ်..။

အဆိုပါ တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီဟာလည်း မြန်မာဝက်ဆိုဒ်တွေနဲ့ သတင်းဋ္ဌာနတွေမှာ အဆိုပါ သတင်းရုပ်သံတွေ ဖော်ပြပါရှိနေတယ်ဆိုတာ မြန်မာဘက်က အသိမပေးရင် တရုတ်ကုမ္ပဏီဘက်က သိနိုင်စရာ အကြောင်းမရှိပါဘူး...။ ပြီးခဲတဲ့ လေး၊ ငါးရက်ခန့်က အဆိုပါ တရုတ်ကုမ္ပဏီဝက်ဆိုဒ်မှ အဆိုပါ မြစ်ဆုံသတင်းရုပ်သံအား သွားရောက်ကြည့်ရှုသူ ၂ထောင်ကျော် ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်...။ ယနေ့သတင်းတွေမှာ ဖော်ပြပါရှိတဲ့ မီဒီယာကို လွတ်လပ်ခွင့် မပေးနိုင်သေးပါဘူးဆိုတဲ့ ငိုချုပ်ဆင်ကျော်ဆန်းနဲ့အဖွဲ့မှ ဆန္ဒန်ဆင်မင်းဇာတ်ကို တရုတ်ပြည်အထိ သွားရောက် ကပြပြီး၊ တရုတ်ကုမ္ပဏီက ရုပ်သံဖိုင်ကိုပါ ဆင်ဆာပိတ်ခဲ့ပါတယ်..။ တရုတ်ပြည်အထိ ခြေလှမ်းကျယ်တဲ့  ငိုချုပ်ဆင်ကျော်ဆန်းရဲ့ ဆင်ဆာအဖွဲ့ (ခ)ဆင်ကြံအဖွဲ့  ကံဇာတာ ဂြိုလ်စီးပြီး  အင်ကြင်းပန်းတွေပဲ ခေါင်းပေါ်ကျမလား၊ ခါချဉ်ကောင်တွေပဲ ခေါင်းပေါ်ကျမလား၊ သွားလေသူ ဗိုလ်ချုပ်တွေလို ဘယ်တော့များ ဆင်နင်းပြီး မြင်းအကန် ခံရကိန်း ကျရောက်လာတော့မလဲ ဆိုတာကတော့ မကြာမှီ မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

10 comments:

  1. 08 September 2011 15:03


    ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် မီဒီယာလွတ်လပ်ခွင့် ရရှိရေး အဆိုကို ဖြေကြားရာတွင် ဘုရားအလောင်း ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို နာရီဝက်ကျော် ပြောဆို၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ကြောင်း သွယ်ဝိုက် ငြင်းဆိုသွားသည်။

    “ဆန္ဒန်ဆင်မင်းက သူရဲ့ မိဖုရားစူဠသုဘဒ္ဒါပေါ်ကို အင်ကြင်းပန်းတွေ ကျစေချင်လို့ လုပ်ခဲ့ပေမယ့် ခါချဉ်ကောင်တွေ ကျပြီး ခါချဉ်ကိုက်လို့ စူဠသုဘဒ္ဒါက ဆန္ဒန်ဆင်မင်းအပေါ်ကို ရန်ငြိုးဖွဲ့တယ်ဆိုတဲ့အကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ အင်ကြင်းပန်းကို ပေးချင်ပေမယ့် ခါချဉ်တွေကျလာရင် စေတနာက ဝေဒနာဖြစ်မယ် ဆိုတဲ့သဘော ပြောသွားတယ်” ဟု လွှတ်တော် တက်ရောက်နေသည့် ကိုယ်စားလှယ်က ပြောသည်။

    ဝန်ကြီးဦးကျော်ဆန်းက မီဒီယာလွတ်လပ်ခွင့်ကို ပေးချင်သော်လည်း ဝေဒနာဖြစ်မည်စိုးသောကြောင့် မပေးနိုင်သေးကြောင်းကို နာရီဝက်ကျော်ကြာအောင် သွယ်ဝိုက်ပြောဆိုသွားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

    ထို့အပြင် ၀န်ကြီးဦးကျော်ဆန်းက စာပေလွတ်လပ်ခွင့်ကို အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ရေစီးကြောင်းနှင့် နှိုင်းယှဉ်တင်ပြလိုက်ပြီး အရှိန်နှင့် စီးဆင်းနေသော မြစ်ရေချောင်းရေသည် မြစ်ချောင်းများ အတွင်း စီးဆင်းသွားပါက အကျိုးများမည် ဖြစ်သော်လည်း မြစ်ဘောင်ချောင်းဘောင်အတွင်း ရှိမနေဘဲ စည်းကမ်းမဲ့စွာ ပျံ့နှံ့စီးဆင်းသွားမည်ဆိုပါက လူသားတို့အတွက် အပြစ်ဆိုးကျိုးက ပိုမိုများပြားစေမည်ဟု ပြောသည်။

    (ဧရာဝတီ)


    http://www.bur.irrawaddy.org/index.php/news/7256-2011-09-08-08-07-30

    ReplyDelete
  2. ကျော်ဆန်း ပါးစပ်ကတော့ အဝေးပြေးဂိတ်နားက ပြည့်တန်ဆာမရဲ့ ရေမဆေးတဲ့ အဂါဇာတ် နဲ့ တူလာပြီ ဆိုပဲ။ အဲဒီ ဥပမာလေးကို သိတ်သဘောကျမိတယ်။
    ညစ်သည်ထက်ညစ် ယုတ်သည်ထက်ယုတ် နံသည်ထက်နံ လာပြီး ကြာရင် အနားကပ်မဲ့သူ ရှိမှာ မဟုတ်တော့ပါဘူး။

    ReplyDelete
  3. မသိကြဘူးလားဗျ ကျော်ဆန်း = ကြမ်းဆော် တဲ့ ကြမ်းလဲကြမ်းတယ် ဆော်လဲဆော်တယ် အဲ အော်ပဲအော်ဖို့ လိုတော့တယ်

    ReplyDelete
  4. မင်းညီမက အရင်ဆုံးအော်လိမ့်မယ်

    ReplyDelete
  5. မြန်မာဘုရင်တွေ လက်ထက်က ဒီလောက်လည်းရတနာပစ္စည်းတွေ ခေတ်မှီစက်ကြီးတွေနဲ့တူးဖော်လို့မရသေးဘူး ဒီလောက်လည်းသုံးစရာတွေ မရှိသေးလို့ ပဲ မသိခဲ့လေသလား ...နိုင်ငံကိုကြီးသည်ထက်ကြီးအောင် ချဲ့ထွင်ခဲ့တယ်။ စစ်တပ်အစိုးရလက်ထက်မှာတော့ နယ်မြေကိုကျဉ်းသထက်ကျဉ်းအောင်ရောင်းစားနေပါရော့လား

    နောက် ၁၀ နှစ်ဆိုရင် ယခုသူတို့လုပ်ချင်တိုင်လုပ်လို့ရနေတဲ့ စီမံကိန်းတွေ ကြောင့် မလိုအပ်တဲ့ဓါတုစွန့်ကုန်တွေကြောင့် ..

    မြစ်ေ၇တွေ ကောလို့ စားရေရိက္ခာတွေ ပိုပီးရှားလာမယ်။
    သစ်ပင်တွေ တအားခုတ်ထားလို့ ရာသီဥတုက ပိုပီး ဆိုးလာမယ်

    ရောဂါတွေ ထူ ..အစားရေစာငတ် ..နေဖို့မသင့်တော်တဲ့အခါကြရင်

    စစ်တပ်က လူကြီးတွေ နိုင်ငံခြားမှာ သွားနေကြလိမ့်မယ်.... မြန်မာပြည်သူပြည်သား မြန်မာလူမျိုးဆိုတာရှိပါတော့မလား .....

    အော် ...ပညာမဲ့ယုတ်ကမ်းတဲ့အစိုးရ .... ၀ိသမလောဘသား ကုန်သည်ကြားမှာ ..ပြည်သူပြည်သား ငတ်နေရှာကြပေါ့.....


    ချော ....

    ReplyDelete
  6. "ဂွတို ကျော်ဆန်း" သရုပ်ဆောင်ထားတဲ့ "ဥလုပွဲ" သီချင်း


    ဖျံကျရေး ဝံကြီး "ဂွတို ကျော်ဆန်း" ဟာ ဘီလူးက၊ မျောက်က များကို ကပြလေ့ရှိသူ အဖြစ် လူသိများနေရာမှ ငိုချင်းချတဲ့ ဇာတ်ကို ပြောင်းလဲ ကပြလာသူ ဖြစ်ပါတယ်။ ဒါပေမယ့် မုသားစကား၊ ခံစားမှုအတု၊ မိကျောင်းမျက်ရည်နဲ့ "ဂွတို ကျော်ဆန်း" ငိုချင်းချတာက ဇာတ်မနာဘဲ ဟာသ ဖြစ်နေတော့ ပရိသတ်တွေအတွက် ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရပါတယ်။ ပြည်သူ့ ငွေတွေကို ဒေါ်လာ သန်းပေါင်း ထောင်ချီပြီး ခိုးယူထာပြီး ဘီလျံနာ ဖြစ်နေတဲ့ "ဗိုလ်ချုပ်တွေက တိုင်းပြည်အတွက် အနစ်နာခံနေပါတယ်" ဆိုတဲ့ "ဂွတို ကျော်ဆန်း" ရဲ့ မုသားစကား ကတော့ အဆိုးဆုံး ပြက်လုံး ဖြစ်နေတော့တာပဲ။ "ဂွတို ကျော်ဆန်း" ဟာ ဆဒ္ဒန်ဆင်မင်း ဇာတ်ကို ပြောင်းလဲ ကပြရာမှာလည်း "တော်ပါတော့၊ ဆင်းပါတော့" လို့ ရွှေမန်းက တားယူရတဲ့အထိ ပြောစမှတ် ဖြစ်ခဲ့ရပါတယ်။



    အောက်က You Tube လင့်မှာ တေးသံရှင် "အရိုး" ရဲ့ "ဥလုပွဲ" သီချင်း (A War for an Egg) ကို "ဂွတို ကျော်ဆန်း" ရဲ့ မျောက်ကနဲ့ တွဲဘက် ရှုစားနိုင်ပါတယ်။

    http://www.youtube.com/watch?v=5zgvSUXYfGU



    "ဥလုပွဲ" သီချင်း (A War for an Egg)

    တေးသံရှင် - အရိုး
    သရုပ်ဆောင် - ဂွတို ကျော်ဆန်း


    ဟိုဘက်ခြံက အကောင် ပုကွကွ
    စကားပြော ဘုကျကျ

    အတင်း ဝင်ကောက်တဲ့ ဟိုဘက်က ဂျပု
    မလွန်ခင် တူနဲ့ထု

    နှုတ်ခမ်းတွေ ကွဲလို့ ခေါင်းလဲဖု
    အငြိုးထားသွားတဲ့ ဂျပု

    လူပါးဝလွန်းတဲ့ ဂျပု မျက်ခွက်
    မျက်စေ့ထဲက မထွက်


    http://www.youtube.com/watch?v=5zgvSUXYfGU

    ReplyDelete
  7. မီဒီယာကို ဦးကျော်ဆန်း မျက်ရည်နဲ့ ပြောင်းတိုက်ပြီလား
    သတင်းဆောင်းပါးကို ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။

    http://www.irrawaddy.org/bur/index.php/articles/2-articles/7074-2011-08-16-10-44-07




    ဖျံကျရေး ဝံကြီး "ဂွတို ကျော်ဆန်း" ဟာ ဘီလူးက၊ မျောက်က များကို ကပြလေ့ရှိသူ အဖြစ် လူသိများနေရာမှ ငိုချင်းချတဲ့ ဇာတ်ကို ပြောင်းလဲ ကပြလာသူ ဖြစ်ပါတယ်။

    ဒါပေမယ့် ဇာတ်မနာနာအောင် မုသားစကား၊ ခံစားမှုအတု၊ မိကျောင်းမျက်ရည် နဲ့ မျက်ရည်ခံထိုးရင်း ငိုချင်းချတာက ဇာတ်မနာဘဲ ဟာသ ဖြစ်နေတော့ ပရိသတ်တွေအတွက် ငိုအားထက် ရယ်အားသန် ဖြစ်ရတော့တာပေါ့။

    လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်၊ သူခိုး ဗိုလ်ချုပ်တွေက ပြည်သူ့ ငွေတွေကို ဒေါ်လာ သန်းပေါင်း ထောင်ချီပြီး ခိုးယူထားပြီး ဘီလျံနာ ဖြစ်နေတာပါ။

    ဒါကို သူတော်ကောင်း ကြက်သူခိုး "ဂွတို ကျော်ဆန်း" က "ဗိုလ်ချုပ်တွေက တိုင်းပြည်အတွက် အနစ်နာခံနေပါတယ်" ဆိုပြီး ဗြောင်လိမ်ဗြောင်စား မုသားစကား ပြောလိုက်တာကတော့ အဆိုးဆုံး ပြက်လုံး ဖြစ်သွားတော့တာပဲ။

    "ဂွတို ကျော်ဆန်း" ဟာ အလွမ်းဇာတ်မှာ ငိုချင်းချပြီး မျက်ရည်ခံထိုးရင်း အရှက်ကွဲသွားပေမယ့် ဇွဲမလျှော့သေးဘဲ ဆဒ္ဒန်ဆင်မင်း ဇာတ်ကို ပြောင်းလဲ ကပြရာမှာလည်း " တော်ပါတော့၊ ဆင်းပါတော့" လို့ ရွှေမန်းက တားယူရတဲ့အထိ ပြောစမှတ် ဖြစ်ခဲ့ရပါတယ်။

    ReplyDelete
  8. တေးသံရှင် "အရိုး" ရဲ့ "ဥလုပွဲ" သီချင်းကို
    "ဂွတို ကျော်ဆန်း" ရဲ့ မျောက်က အပါအဝင် တေးသရုပ်ဖော် သရုပ်ဆောင်မှုများနဲ့ တွဲဘက် ရှုစားရန်
    ခေါင်းစဉ်ကို နှိပ်ပါ။

    http://www.youtube.com/watch?v=5zgvSUXYfGU




    "A War for an Egg"
    ("ဥလုပွဲ") သီချင်း

    တေးသံရှင် - အရိုး
    သရုပ်ဆောင် - ဂွတို ကျော်ဆန်း


    ဟိုဘက်ခြံက အကောင် ပုကွကွ
    စကားပြော ဘုကျကျ

    အတင်း ဝင်ကောက်တဲ့ ဟိုဘက်က ဂျပု
    မလွန်ခင် တူနဲ့ထု

    နှုတ်ခမ်းတွေ ကွဲလို့ ခေါင်းတွေဖု
    အငြိုးထားသွားတဲ့ ဂျပု

    လူပါးဝလွန်းတဲ့ ဂျပု မျက်ခွက်
    မျက်စေ့ထဲက မထွက်

    ReplyDelete
  9. ဒီ ဘုတို ကျော်ဆန်းကို တမြို့ထဲသား တကျောင်းထဲသား (ဗိုလ်ချုပ်)မောင်ဦး တို့ က သွားချေးကျော်ဆန်း လို့ နာမည်ပျက်နဲ့ ကွယ်ရာမှာခေါ်ဆိုပါကြောင်း ။

    ဒေါ်စု အနားမကပ်ရဲတာ ဘုတိုနေလို့ ပါ ။ ပြီးရုပ်ကလဲ နာ ။ ဘယ်ကပ်ဝံ့ပါ့ ။

    ReplyDelete
  10. ကျော်ဆန်းရေ ပိတ်တာတို့မျက်ရည်မြေမခရဘူးကွ.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။