Pages

Friday, October 14, 2011

သမ္မတဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်သည့် ခရီးစဉ်အား ကန့်ကွက်ဆန္ဒပြပွဲ အခမ်းအနား(ဓာတ်ပုံ)



ဓာတ်ပုံ ရွှေဝါရောင် အရှင်နန္ဒာစရိယနှင့် ဇော်ရှန်အား ကျေးဇူးတင်ပါသည်...

8 comments:

  1. ကျနော့်အမြင်အရဆိုရင်ဦးသိန်းစိန်အစိုးရကအခုမှခြောက်လသားသာ၂လောက်ရှိသေးတာဗျ။နိုင်ငံတစ်ခုကိုပြုပြင်ပြောင်းလွဲဖို့ဆိုတာကအခုလုပ်၊အခုရတာမဟုတ်ဘူးလေ၊အချိန်ပေးရမယ်၊အခုလဲသူလုပ်နေတဲ့အနေအထားကအရင်ကထက်စာရင်ပြောင်းလဲလာတယ်၊တိုးတက်လာတယ်၊နီးကပ်လာတယ်လို့ပြောလို့ရပါတယ်။ချက်ခြင်းကြီးပြောင်းလဲဖို့ဆိုတာကသူလဲတန်ခိုးရှင်မဟုတ်တာသေချာတယ်။ဒီလူတွေဘာကိုဆန္ဒပြနေကြတာလဲဆိုတာကိုကျနော်တော့သဘောမပေါက်နိုင်ဘူး။

    ReplyDelete
  2. ဒုစရိုက်လုပ်တဲ့ လူတွေဟာ အမည်အမျိုးမျိုး ပြောင်းပြီး လုပ်ကြတာ သဘာဝပါ။

    လူတယောက်ရဲ့ အကျင့်စာရိတ္တက အမည်ပြောင်းရုံနဲ့ ပြောင်းမသွားနိုင်ပါဘူး။

    အခု အစိုးရအဖွဲ့အစည်းက နာမည်ဘဲ ပြောင်းသွားတာပါ။

    ဒီလိုလူတွေဆီက ဘာပိုထူးတဲ့ အခြေအနေကို ရနိုင်မှာလဲ။

    မြန်မာပြည်မှာ အစိုးရအပြောင်းအလဲ လုံးဝ မရှိသေးပါ။

    နာမည်ပြောင်းသွားတာပါ။

    ဒါကြောင့် အရပ်သားဟန်ဆောင် အစိုးရ သမတ သိန်းစိန် အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်တဲ့ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြပွဲ လုပ်ကြတာပါ။

    ReplyDelete
  3. ပြည်သူလူထု ဆန့်ကျင်ခဲ့သည့် ၂၀၀၈ အခြေခံဥပဒေနှင့် တရားမျှတမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲ အရ ပေါ်ထွက်လာသော အစိုးရဖြစ်၍ ပြည်သူကို ကိုယ်စားမပြုသည့် သမ္မတ ဦးသိန်းစိန် အစိုးရကို ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားမှုအတွက် အိန္ဒိယအစိုးရကို ကန့်ကွက်ခြင်း

    (သတင်း အပြည့်အစုံကို ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။)


    မြန်မာအစိုးရကို သတိထားရန် အိန္ဒိယရောက် အတိုက်အခံများ တိုက်တွန်း


    October 13, 2011


    မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ပြောင်းလဲခြင်းများ မမြင်ရသေးသဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် သတိဖြင့် ဆက်ဆံစေလိုကြောင်းအိန္ဒိယနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ စာပေးပို့ တိုက်တွန်း လိုက်သည်။

    သမ္မတဦးသိန်းစိန် အိန္ဒိယသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေစဉ် အိန္ဒိယရောက် မြန်မာအတိုက်အခံများ ဆန္ဒပြ နေကြစဉ် (ဓာတ်ပုံ - ဧရာဝတီ)

    သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရောက်ရှိနေစဉ် အိန္ဒိယ ဝန်ကြီးချုပ်ထံ ပေးပို့သော တိုက်တွန်းစာ၌ “မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းပြခြင်း၊ နိုင်ငံရေး အကျဉ်းသားအနည်းငယ်မျှကို လွှတ်ပေးခြင်း တို့သည် မြန်မာ့ ဒီမိုကရေစီရေးအတွက် ပြောင်းလဲမှုများ မဟုတ်သေး၍ အရှေ့မျှော်ဝါဒ ကျင့်သုံးနေသည့် အိန္ဒိယအစိုးရ အနေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ်နှင့် ဆက်ဆံရာတွင် သတိကြီးစွာ ထားရန်လိုအပ်သည်” ဟု ပါရှိသည်။

    ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်သည် ပြည်သူလူထု ဆန့်ကျင်ခဲ့သည့် ၂၀၀၈ အခြေခံဥပဒေနှင့် တရားမျှတမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲ အရ ဖြစ်လာသည့် အစိုးရဖြစ်သောကြောင့် ပြည်သူ့ကိုယ်စားပြုသည် အစိုးရမဟုတ်၍ နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်က စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သကဲ့သို့ပင် အကျိုးတစုံတရာ ရှိလိမ့်မည် မဟုတ်ကြောင်း ရေးသားထားသည်။

    “၁၉၉၂ ခုနှစ် ကတည်းက အိန္ဒိယရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ကျင့်သုံးနေတဲ့ အရှေ့မျှော် မူဝါဒအရ မြန်မာ အစိုးရနဲ့ လုပ်နေတာတွေဟာ နှေးကွေးလွန်းပြီး ဘာမှ ဖြစ်မလာတာ မြင်နေရတာပဲ။ ဒါကိုမှ ဦးသိန်းစိန်နဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ် ထပ်ထိုးနေလို့ကတော့ ဒီအတိုင်းပဲ လည်နေအုံးမှာပဲ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

    သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်နှင့် တိုက်ဆိုင်စွာ နိုင်ငံရေးအကျဉ်းသားတချို့တို့ကို ပြန်လွှတ်ပေးခြင်းမှာလည်း နိုင်ငံတကာမှ အစိုးရသစ်အပေါ် ထောက်ခံမှု ရရှိစေရေးအတွက် ဟန်ပြလုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း၊ ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေသည် နိုင်ငံတကာမှ သတိအလွန်ကြီးမားစွာဖြင့် စောင့်ကြည့်နေရမည့် အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် စစ်မှန်သော ပြောင်းလဲမှု ဖြစ်ပေါ်ရေးမှာ အစိုးရသစ် တခုတည်းအပေါ်တွင် မဟုတ်ဘဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေါ်တွင်လည်း မူတည်ကြောင်း သူကဆိုသည်။

    သူက “အိန္ဒိယအစိုးရဟာ အရင်အတိုင်းပဲ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တဘက်တည်း တွေ့တာမျိုး မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ထိုက်သင့်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သင့်တယ်” ဟု ဆက်ပြောသည်။

    ဒီမိုကရေစီ အင်အားကြီးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် ပြည်သူလူထုကို ကိုယ်စားမပြုသည့် သမ္မတ ဦးသိန်းစိန် အစိုးရအား ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားမှုအတွက် ကန့်ကွက်သည့် အနေဖြင့် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစု ၂၀၀ ခန့်က နယူးဒေလီမြို့ ပါလီမန် အဆောက်အအုံ အနီးရှိ ဂျန်တားမန်တားပန်းခြံတွင် ဆန္ဒပြခဲ့ကြသည်။

    (ဇာနည်မာန်၊ ဧရာဝတီ)


    http://burma.irrawaddy.org/?p=1125

    ReplyDelete
  4. "ကျနော်တို့ လိုချင်တာ အပြည့်အ၀ မရသေးရင် ရအောင် လုပ်ကြရမယ်" (ကိုဇာဂနာ)October 14, 2011 at 8:52 AM

    "ကျနော်တို့ တကယ် လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင် လုပ်ကြရမယ်။"


    "၈၈ တုန်းက ကျနော်တို့ ဘာကြောင့် လမ်းပေါ် ထွက်ခဲ့ကြလဲ။ ပျင်းလို့ ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။"


    (ကိုဇာဂနာ)


    (အလဲဗင်း - ကိုဇာဂနာနှင့် အင်တာဗျူးမှ ...)

    ReplyDelete
  5. ဥိးမှတ်ဥာဏ်October 14, 2011 at 4:29 PM

    ဗိုလ်ချုပ်ကြီးနေဝင်းသည်. ၁၉၅၈. ခုတွင်စစ်တပ်သို့ပထမအကြိမ်. အာဏာ
    တ္တေအပ်နှံခြင်းကိုခံရပြီး. ထိုအာဏာဧ။်အရသာကို. သိသွားကာ. ၁၉၆၂. ခုတွင်
    မိမိဘာသာဖက်ဒရယ်မူကိုအကြောင်းပြပြီး. နိုင်ငံတော်
    အာဏာကို.ဒုတိယအကြိမ် ထပ်မံသိမ်းယူလိုက်ပြန်ပါသည်. ယခင်ပါလီမန်
    ဒီမိုကရေစီခေတ်မှ. စစ်တပ်ကိုဆန့်ကျင်သူမှန်သမျှ. အားလုံးထောင်ထဲထည့်
    ၁၉၇၄. ခုနှစ်အထိအသွင်ကူးပြောင်းရေးကာလ. ဆိုပြီးယူနီဖောင်းဝတ်ပြီးအုပ်
    ချုပ်. ၁၉၇၄. ကနေ. ၁၉၈၈ အထိက. ယူနီဖောင်းချွတ်ပြီးအုပ်ချုပ်။
    ကဲ. အခုရောဘာထူးလဲ? အာဏာသိမ်းပြီး. နောက်ပိုင်း. ပါတီနိုင်ငံရေး
    ကို. အောက်တန်းအကျဆုံး. စကားတွေနဲ့. မှိုချိုးမျှစ်ချိုးပြောခဲ့. ပီးတော့
    ကြံ့ဖွတ်အဖွဲ့ကို. လူမှုရေး. အဖွဲ့လိုလို. ဘာလိုလိုဖွဲ့. နိုင်ငံတော်ဘဏ်ဋာ
    ထဲက. ခပ်တည်တည်နဲ့. ရံပုံငွေ ယူသုံး၊. ဝန်ထမ်းတွေကို. မဝင်မနေရ
    လုပ်၊. ပြီးတော့မှ၁၉၉၀. ရွေးကောက်ခံ. လွတ်တော်ကိုယ်စားလှယ်. မပါတဲ့
    စစ်တပ်က. စိတ်ကြိုက်ရွေးထားတဲ့. သူတွေနဲ့. စစ်တပ်ကအာဏာ. တသက်လုံး
    တည်မြဲရေးအတွက်. စစ်တမတ်သားပြည်သူ့လွတ်တော်. အတွက်. နာဂစ်ဖွဲ့စည်း
    ပုံကိုရေး. ဝေဖန်တဲ့သူ. ထောင်ဒါဏ်. အနှစ်. ၂၀. ပြီးတော့. တခါးပိတ်
    အထုပ်ကြီးကူ. သတ်မှတ်ပြီးသားကိုရွေးသလိုလိုလုပ်။. ပြီးတော့. ၁၉၇၄တုံးကလို
    ဘောင်းဘီချွတ်. ပုဆိုးဝတ်. ဆရာကြီးနှစ်ယောက်က. အနောက်ကနေ
    နိုင်ငံတော်. ကာကွယ်ရေးနဲ့လုံခြုံရေး. ဆိုပြီး. အကြီးဆုံးခေါင်းစဉ်အောက်မှာ
    နာမည်ဝှက်နဲ့. ညွှန်ကြားနေ။. အာဏာကို. မထိခိုက်တဲ့ အထိ. အလဲ
    အလှယ်လုပ်ရင်း. ကိုယ်ကျိုးရှာလိုက်မယ်။. ဘာများပြောင်းလဲသွားလို့လဲ။
    အဆင်းရဲဆုံးနိုင်ငံကနေ. အကြွေးအထူဆုံးနိုင်ငံ. ဖြစ်အောင်ကို. စစ်တပ်
    အုပ်ချုပ်စဉ်ကာလ. အတွင်းမှာ. ပြောင်းလဲသွားတယ်။. ဒါလဲ. ငါ့စကားနွား
    ရ. ပြောခဲ့တယ်. မြန်မာနိုင်ငံကြီးဟာ. အေးချမ်းသာယာပြီး. စည်ပင်သာ
    ယာဝပြောနေပါပြီလို့။. အခုဖြစ်ခဲ့တဲ့. မြန်မာ့သမိုင်း. ကို. ကမ္ဘာတည်သရွေ့
    ဖျောက်ဖျက်ပစ်လို့မရတော့ဘူး။. ပြည်သူတွေက. အဲဒါ တွေကို. ခဏမေ့
    ထားပြီး. ဒီကစပြီး. ဦးသိန်းစိန်တို့. လိမ္မာလာရင်. ကောင်းမှာဘဲ. ဆိုပြီး
    ဝမ်းသာမလို့ကြံကာရှိသေး. နိုင်ငံရေးအကျဉ်းသားကို. အလဲအလှယ်အတွက်
    တကွက်ချန်။. ဇာတိကပြလာပါရော့လား။. ပြောမပြောချင်တော့ပါဘူးဗျာ။

    ReplyDelete
  6. နိုင်ငံရေးအကျဉ်းသား ၁၀ရာခိုင်နုန်းပဲလွတ်တယ်ဆိုတာ

    သိန်းစိန်နဲ့စစ်ဗိုလ်သူခိုးတွေက

    အမြဲတမ်း၁၀ရာခိုင်နုန်း တောင်းစား၊ခိုးစားနေကြ

    ဆိုတော့.အကျင့်ပါနေပီး.မခိုးရရင်ချေတုန်လက်တုန်ဖြစ်နေလို့.

    နိုင်ငံရေးအကျဉ်းသား.သားလွတ်တာတောင်အလွတ်မပေးဘူး.

    ၁၀ရာခိုင်နုန်းခိုးပီး.လွတ်ပေးလိုက်တာပါဗျာ..

    ReplyDelete
  7. <>

    လူ့ယဉ်ကျေးဒီမိုကရေစီဘက်တော်သားတွေပါဘဲ.လေးစားပါတယ်ခင်ဗျာ..

    ReplyDelete
  8. ကောင်းတယ် အားလုးံဝိုင်း ဆန္ဒ ပြ စို့..။
    စက်တင်ဘာဦးနေ ( အမှန်တရားကိုဘယ်သူအနိုင်ရဖူးလဲ)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။