ဓာတ်ပုံ SM အားကျေးဇူးတင်ပါသည်...
စာနာစိတ်
လွန်ခဲ့တဲ့နှစ် အနည်းငယ်က
တရုပ်အမျိုးသမီး တယောက်ကို
ပြစ်မှုတခုနဲ့ တရုပ်ရဲကဖမ်းတယ်။
အမျိုးသမီးက သူ့မှာ
လူမမယ် သမီးငယ်တစ်ယောက်
အိမ်မှာ ကျန်နေခဲ့ကြောင်း
ရဲကိုအကူညီ ပြန်တောင်းတယ်။
ရဲကအကြောင်း မပြန်ဘူး။
ရက်အတန်ကြာတော့
ရပ်ကွက်ထဲမှာ အနံ့ဆိုးတစ်ခုကြောင့်
အဲဒီအိမ်ကို သွားကြည့်တော့
ကလေးမလေးရဲ့ အလောင်းဟာ
ရုပ်ပျက်ဆင်းပျက်တောင် ဖြစ်နေပြီ။
ဟိုတစ်လောက
တရုပ်သားအမိနှစ်ယောက် ဈေးဝယ်ထွက်တယ်။
၂နှစ်အရွယ်သမီးငယ်ဟာ
မိခင်နဲ့ကွဲပြီး ဈေးအတွင်းက
ကားလမ်းပေါ် ရောက်သွားတယ်။
ဗင်ကားတစ်စီးက တိုက်မိပြီး ထိုးရပ်လိုက်ပေမဲ့
ပြီးတော့ ဆက်မောင်းသွားတယ်။
ကလေးငယ်ရဲ့ အောက်ပိုင်း ဖြတ်ကြိတ်သွားတယ်။
လမ်းအလယ်မှာ
ကားကြိတ်ထားတဲ့ ကလေးငယ်ဘေးက
လူ၁၈ယောက် ဖြတ်သွားကြတယ်။
ငဲ့စောင်းလို့တောင် ကြည့်မသွားဘူး။
နောက်ကားတစ်စီး ထပ်ကြိတ်အပြီးမှာ
အမှိုက်သိမ်းတဲ့ အမျိုးသမီးကြောင့်
ကလေးငယ် ဆေးရုံရောက်ပြီး
၂ရက်အကြာမှာ ကွယ်လွန်သွားတယ်။
ကမ္ဘာပေါ်မှာ
ဘယ်နိုင်ငံမှာမှ မရှိတဲ့
လူလူချင်းစာနာစိတ်နဲ့ ကူညီပေးကြဘို့ ဥပဒေကို
တရုပ်အစိုးရက
တရုပ်လူမျိုးတွေအတွက်
အဲဒီပြည်နယ်မှာ ထုတ်ပြန်လိုက်တယ်။
လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က
တင်တင်အေးလို့ခေါ်တဲ့မိဘမဲ့
၉နှစ်အရွယ် မိန်းကလေး တစ်ယောက်ကို
ဒိုက်ဦးက တရုပ်လင်မယားက
မွေးစားဘို့ ခေါ်သွားတယ်။
တရုပ်လင်မယား ပြည်ကြီးပြန်တော့
တရုပ်ညီအမ၃ယောက် လက်ကိုဆက်ပြီး အပ်ခဲ့တယ်။
အဲဒီအထဲမှာ အထက်တန်းပြ ကျောင်းဆရာမ
တစ်ယောက်တောင်ပါသေး။
မနှစ်ကတော့
အနှစ်လေးဆယ်ကျော် ကွဲကွာနေတဲ့ ညီမဖြစ်သူကို
သူ့အစ်ကိုက ပြန်ရှာတွေ့တော့
တင်တင်အေးဟာ မီးဖိုချောင်ကလွဲပြီး
ဘယ်မှမသွားတတ်ခဲ့ဘူး။
ငွေဆိုတာကို ဘာမှန်းမသိတတ်ခဲ့ဘူး။
မီးဖိုချောင်ဟာ သူ့ကမ္ဘာ
ထင်းရုံဟာ သူ့အိပ်ယာ
ညီအမ ၃ ယောက်အတွက်
ထမင်းချက် အဝတ်လျှော်
ကြမ်းတိုက် ပန်းကန်ဆေး
အိပ်ယာဝင်ချိန် နင်းနှိပ်ပေး
ဒါတွေနဲ့ ကျင်လည်ပြီး
ဒီလိုနဲ့ဘဲ သူ့အသက် ၅၀ ကျော်ခဲ့ရတယ်။
ဟိုတလောက
မန္တလေးကျောက်ဝိုင်းမှာ
ရန်ဖြစ်တဲ့ကိစ္စကို
အားလုံးက မှတ်ချက်ပေးတယ်။
ဧည့်သည်သည် အိမ်ရှင်ကို မစော်ကားသင့်။
ရေအားလျှပ်စစ် ရေနံ ဓာတ်ငွေ့ပိုက်လိုင်း
စတာတွေအတွက် စိနပြည်ကြီးကတော့
ကျုပ်တို့တိုင်းပြည်ကို
ထောင်သောင်းမက ရှဲ ရှဲ နီ ပါသတဲ့ဗျား။
နေရဲနီ


မြန်မာပြည်ကအမျိုးကောင်းသ္မီးဖြင့်. တရုတ်ပြည်တွင်. ကပြားသားယောင်္ကျား. တဦးနှုံး. မွေးဖွားသည်။
ReplyDeleteလေးစားပါသည်နေရဲနီ၊. တင်ပြပုံရဲရင့်သည်။
ReplyDeleteလူ့ အခွင့်ရေးဆုံးရှုံးရခြင်းသည်
ReplyDeleteလူသားခြင်းစာနာထောက်ထားမှုမရှိ၍ဖြစ်သည်
လူဟာလူလိုသိဖို့ ရာလွယ်တယ်မထင်နဲ့ ဟု
ပြောဆိုဆုံးမလမ်းညွှန်ပေးခဲ့သောမိုးကုတ်ဆရာတော်ဘုရားကြီး၏
ဩ၀ါဒကထာအားကျေးဇူးတင်ထိုက်၏လိုက်နာရန်လိုအပ်၏
ဒီလို တိရိစ္ဆာန်စိတ်ရှိတဲ့ လူတွေများလာတဲ့အခါ ကမ္ဘာမှာ ကပ်တွေအမျိုးမျိုးဆိုက်ပြီး နောက်ဆုံး ကမ္ဘာပျက်မှာလို့ ဒို့ ဘုရားရှင်ကဟောကြားထားခဲ့တယ် တယုတ်ဆိုတာ တိရိစ္ဆာန်လိုပဲ လူ့အသိတရားခေါင်းပါးတဲ့ ကောင်တွေဖြစ်တယ် ပိုက်ဆံကို ငမ်းငမ်းတက် ရှာမယ် စားမယ် အိပ်မယ် ကာမဆက်ဆံမယ် ဒါကြောင့် ဒီကောင်တွေ လူဦးရေ အတောမသတ်နိုင်အောင် များပြားလာနေတာ
ReplyDeleteကဗျာရှင်နေရဲနီသို့ 
ReplyDeleteခံစားချက်အပေါ်မဝေဖန်ခြင်ပါ
အပြစ်မြင်သမျှပြောပြရလျှင်ဆုံးမည်မထင်ပါ
သမိုင်းအရထောက်ပြရပါလျှင်ဟိုင်လီသင်္ဘောဖြင့်ဗိုလ်ချူပ်တို့အားအမွိုင်သို့
ခေါ်ထုတ်သွားသူမှာတရုတ်လူမျိုးရေတပ်ကပတိန်တန်တင်ကီးဟုကြားသိဘူးပါသည်
ရုပ်ဝထ္ထု တိုးတက်မှု့တွေနောက်ကို ဆင်ခြင်နုံတရားကင်းမဲ့စွာနဲ့ ပြေးလိုက်နေသူတွေ ငွေ သာအဓိဆိုတဲ့ ခံယူချက်ထားသူတွေဟာ လူအဖွဲ့စည်းနဲ့ ပတ်ဝန်းကျင်ကို ဖျက်ဆီးမဲ့သူတွေ ဖြစ်တယ် လူသားချင်းထားရှိရမဲ့ စာနာစိတ် အသိစိတ်ပျောက်ကွယ်ပြီး လူ့ခန္ဒာနဲ့ တိရိစ္ဆာန်တွေဖြစ်တယ်
ReplyDeleteတလှေလုံးပုပ်နေတဲ့ တရုပ်ငါးလှေကြီးထဲမှာ ခပ်မျော့မျော့ ငါးတကောင်နှစ်ကောင်လောက်တော့ပါတာမဆန်းပါဘူး။နေရဲနီ
ReplyDeleteပြည်ကြီးတရုတ်တွေရဲ့ စိတ်ဓာတ်ကတော့အောက်တန်းကျသလားမမေးနဲ့....ကွန်မြူနစ်တွေလေသူတို့က...စာနာစိတ် ကူညီချင်တဲ့စိတ် လုံးဝမရှိ ..လူ့ အလိုက်ကမ်းဆိုးမသိတဲ့ကောင်တွေ..တကယ်ပါ...အသည်းနှလုံးမရှိတဲ့ကောင်တွေ....အသားဖြူပြီး စိတ်ဓာတ်မဲညစ်နေတဲ့ကောင်တွေ...အဲကောင်တွေကို စစ်အစိုးရ မိတ်ဖွဲ့နေတာတော့ အံ့ဩမိတယ်.....
ReplyDeleteတရုတ်ပြည်မှာလူတန်းစားညှိဖို့ ဘုံစနစ်ကိုကျင့်သုံးလိုက်လို့ မြန်မာပြည်ကို
ReplyDeleteထွက်ပြေးခိုလှုံလာပြီးဂုတ်သွေးစုပ်ခဲ့ကြလို.ဗိုလ်ချူပ်ကတရုတ်တွေမနေနိုင်
အောင်ပြန်တိုက်ထုတ်ဖို.ပြောခဲ့တာကြားဖူးနားဝရှိဘူးပါတယ်
အခုတော့တရုတ်တွေရဲ့ လူပါးဝမှုကိုခံရတော့ပါးကိုက်ရင်နားပြန်ကိုက်ရမှာဘဲလေ
မြန်မာဆိုတာငုံ့ မခံတတ်တဲ့လူမျိုးပါ