Pages

Sunday, October 23, 2011

ရွှေညဝါဆရာတော်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေးတိုင်း)ရုံးမှာ ဟောကြားခဲ့တဲ့ ညီညွတ်ရေး တရားတော်... (ရုပ်သံ)

၂၀၁၁ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေးတိုင်း)ရုံးမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား၌ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်)ကြီး ဟောကြားခဲ့တဲ့ ညီညွတ်ရေးတရားတော်.. ရုပ်သံဖိုင်...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အခမ်းအနားသို့ အမှာစကား ဆက်သွယ် ပြောဆိုချက်ပါ ပါဝင်ပါတယ်..။

အမျိုးဘာသာ သာသနာအတွက်
ဘဝတစ်ခုလုံးထိုးကျွေးဖို့
ဘယ်တော့မှ ဝန်မလေးဘူး
ကြုံလာစမ်း၊ လောကဓံ
အညံ့မခံ အားမန်နဲ့
အမြဲတမ်းပဲ ရှင်သန်နေမယ်
မိုးပေါ်တက်မယ့် မီးပုံးပျံဆိုတာ
မှိုင်းဒဏ်လောက်တော့
ခံနိုင်ရမယ်....

ရွှေညဝါဆရာတော်...

တရားတော် (၃)ပိုင်း အစအဆုံး ဆက်တိုက် နာယူနိုင်ပါတယ်..။
ဗီဒီယိုဖိုင် အများကြည့်နိုင်အောင် ကူညီဖော်ပြပေးတဲ့ ညီငယ်ဇေယျာအား ကျေးဇူးတင်ပါသည်...

1 comment:

  1. ကပ္ပိယကိုကိုထွန်း(တိုကျို)October 25, 2011 at 11:02 AM

    သာသနာဆိုတာ. လူတွေကချီးမြှင့်ထောက်ပံ့မှ. စည်ပင်ပြန့်ပွားသလို. လူတွေရဲ့ဒုက္ခအပေါင်းမှ. လွတ်မြောက်ရာ. လွတ်မြောက်ကြောင်းကို. စွမ်းစွမ်းတမံ. ဆောင်ရွက်ပေးတဲ့. သာသနာ. အတွင်းကပုဂ္ဂိုလ်. တွေကို. သာသနာ့
    အာဇာနည်လို့. အမည်နာမတပ်ခေါ်လို့ရမယ်ထင်ပါရဲ့၊. ရိုသေမြတ်နိုး. ရှိခိုးပါဧ။်ဘုရား။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။