Pages

Thursday, October 13, 2011

နောက်ဆုံးရ မနေ့က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၆ဦးစာရင်း အပြည့်အစုံ...

ဓာတ်ပုံ ဒီမိုကောင်းကင်
မတရားဖမ်းဆီးခံရပြီး မနေ့က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၆ဦးရဲ့
အမည်..၊ အဖွဲ့အစည်း၊ ထောင်ဒဏ်၊ ပုဒ်မ အသေးစိတ်စာရင်း ကြည့်ရန် Click
မှတ်ချက် Excel ဖိုင်တင်ထားမှ ဖွင့်ကြည့်လို့ရမှာ ဖြစ်ပါတယ်..

9 comments:

  1. အင်း. ၂၀၀၀ ကျော်မှာ. ၂၀၆. ယောက်ဆိုတော့. ဆယ်ခါလောက်. အလဲအလှယ်
    လုပ်ရအုံးမယ်၊. ခေတ်အဆက်ဆက်မှာ. အာဏာရှင်တွေဟာ. လွယ်လွယ်နဲ့စပယ်မပွင့်
    ဘူးဆိုတာတော့. အမြဲသတိနဲ့နေစေ့ချင်တယ်၊. သားသ္မီးယုံစုံလုံးကန်းဆိုလား. ကြားဘူး
    ပေမဲ့. အာဏာရှင်ကိုယုံရင်. အမျိုးပါတုံးလိမ္မယ်၊. ယုံကြည်မှုကိုဘယ်လိုလုပ်ပြီး. တည်
    ဆောက်ကြမလဲ?

    ReplyDelete
  2. ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဇာဂနာဝေဖန်

    2011-10-12


    ဒီကနေ့မနက် အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ဝေဖန်လိုက် ပါတယ်။

    “မနေ့တုန်းကထိတော့ ပြောင်းလဲတယ်လို့ ကျနော့်စိတ်ထဲမှာ ယေဘုယျ နည်းနည်းလေး စိတ်ထဲ ထင်မိတယ်ပေါ့နော် ။ ဒီကနေ့ မနက်ကျတော့ ဟုတ်ရော ဟုတ်ရဲ့လားလို့ သံသယ ပြန်ဝင်သွားတယ်။ ပြောင်းလဲတာမှ ဟုတ်ရဲ့လား မပြောင်းလဲသေးဘူး ထင်မိတာက ကျနော်တို့ သူငယ်ချင်းတွေ လွတ်မလာဘဲ ကျနော်တို့ လူနည်းနည်းလေး မစို့မပို့ပေါ့ဗျာ ဒါလေးပဲ လွတ်လာတဲ့ အခါကျတော့ တကယ် ပြေလည်ချင်တဲ့ ဆန္ဒရှိရဲ့လား အမျိုးသား သင့်မြတ်ရေး ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆိုတာကိုရော တကယ်ဖြစ်ဖို့အတွက် ဦးတည်တာမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယ ဝင်သွားတယ်။ ဒီသမ္မတကိုလဲ တိုက်ရိုက်မေးချင်တယ် ဘာလို့ တွန့်တို နေရတာလဲလို့ သူ့အိတ်ထဲက စိုက်ရတာမှ မဟုတ်ဘဲနဲ့”

    http://www.rfa.org/burmese/commentaries/current-political-trend-10022011050843.html

    ReplyDelete
  3. "ဒီထက် လိမ်ရရင် ပြတ်ရုံ ရှိတော့မပေါ့" ဆိုတာလေး ကြားဖူးကြသလား။

    ဗမာတွေ သိတ်ခက်တယ်။ ဦးသိန်းစိန် ဆိုတာ ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေပြီး ပုဆိုးပြောင်းဝတ် ခေါင်းပေါင်း ပေါင်းထားတာ။

    အော် မေ့မနေကြနဲ့ဦး ။ ကြံ့ဖွတ် ပါတီ ခေါင်းဆောင် ဆိုတာလေး ရော။

    အော်... တခု သတိရသွားတယ်။ တက်ကသိုလ် မက်ဂဇင်း ဟောင်းထဲက ကဗျာလေး....

    မြွေဆိုရင် မြွေလိုပဲမြင်... နိုင်ကြပါစေ။

    ReplyDelete
  4. ဒုစရိုက်လုပ်တဲ့လူတွေဟာအမည်အမျိုးမျိုးပြောင်းပြီးလုပ်ကြတာသဘာဝပါ။
    လူတယောက်ရဲ့အကျင့်စာရိတ္တကအမည်ပြောင်းရုံနဲ့ပြောင်းမသွားနိုင်ပါဘူး။
    အခုအစိုးရအဖွဲ့အစည်းကနာမည်ဘဲပြောင်းသွားတာပါ။
    ဒီလိုလူတွေဆီကဘာပိုထူးတဲ့အခြအနေကိုရနိုင်မှာလဲ။
    မြန်မာပြည်မှာအစိုးရအပြောင်းအလဲလုံးဝမရှိသေးပါ။
    နာမည်ပြောင်းသွားတာပါ။

    ReplyDelete
  5. ဘုန်းကြီးကျောင်းသားOctober 13, 2011 at 8:56 PM

    မြစ်ဆုံကိစ္စ ရပ်ဆိုင်းလိုက်ကြောင်း သမ္မတက ကြေညာပြီးတဲ့နောက် အင်တာနက် စာမျက်နှာတွေပေါ်မှာ ပေးထားကြတဲ့ ကွန့်မန်တွေကို လိုက်ဖတ်လိုက်တဲ့အခါ ပြည်သူတွေက သမ္မတနဲ့ အစိုးရအပေါ် ထားရှိတဲ့ မေတ္တာတရားတွေကို တွေ့ရလို့ ဒီသမ္မတနဲ့ အစိုးရဟာ ပြည်သူ့မေတ္တာကို ဆက်ပြီး ရယူသွားနိုင်ကြမှာဘဲ လို့ မျှော်လင့်ခဲ့မိတာ။

    ခုတော့ တော်တော် စိတ်ပျက်စရာ ကောင်းတယ်ဗျာ။

    တိုင်းပြည်က ချွတ်ခြုံကျပြီး တစ်နေ့တခြား ပြည်သူပြည်သားတွေရဲ့ လူနေမှုဘ၀တွေ နိမ့်ကျ၊ အိမ်နီးချင်း တရုတ်ပြည်ကြီးကလဲ အကြီးအကျယ် လွှမ်းမိုးလာလို့ အားလုံး လက်တွဲပြီး တက်ညီလက်ညီ ကြိုးစားကြရမယ့် အစား သမ္မတနဲ့ အစိုးရအဖွဲ့က ပြည်သူတွေကို ဆက်လိမ်ဖို့၊ ဆက်ညာဖို့ ကြိုးစားနေကြတယ်။

    ဒီပုံအတိုင်းဆိုရင် ပြည်သူတွေရဲ့ ဒေါသနဲ့ တုံ့ပြန်မှုတွေဟာလဲ တစ်ချိန်ချိန်မှာ ပေါ်ထွက်လာဦးမှာပါ။

    ReplyDelete
  6. ပြောမယ်ဆိုရင်တော့လဲအပြစ်တွေကတောင်လိုပုံနေမှာပဲ..
    သမတကြီးဦးသိန်းစိန်တစ်ယောက်ထဲမပီးသေးဘူးလေနောက်မှာက
    ရှိနေသေးတယ်.ပူပူနွေးနွေး.မြစ်ဆုံရေကာတာစီမံကိန်းရပ်ပေးထာတာလေးလဲသတိရပေးကြပါဦး.သူတစ်ယောက်ထဲကိုတော့ဖိပြောလို့တော့မရသေးဘူး.
    နောက်ကတင်းမာတဲ့သူခိုးစစ်ဗိုလ်တွေနဲ့.ညှိနေတုံးနေမှာပါ.
    သမတကြီးဦးသိန်းစိန်ခင်ဖျား..
    ဘာမှကြောက်မနေနဲ့.အကုန်သာလွတ်ပေးလိုက်ပါဗျာ..ခင်ဗျားလဲနားအေး
    သွာတာပေါ့..

    ReplyDelete
  7. ကိုဇာဂနာ တော့လွတ်ပြီ..မင်္ဂံလာသတင်းဘဲ.. အော်..ဒါနဲ့လေဆိပ်ကနေ ကြိုဆိုကြတဲ့လူတွေထဲမှာ.ပုတ်သင်ညိုလား.ချေးခြောက်စားတဲ့ ကင်းလိပ်ရှောလားနိုင်ငံခြားကပြန်သွားတဲ့အကောင်တကောင်တွေ့မိကြသေးလား၊၊။။။။။။။။။။

    ReplyDelete
  8. နိုင်ငံရေး အကျဉ်းသားတွေ လွတ်တယ်လို့ ပြောလို့မရသေးပါဘူး ။
    စက်တင်ဘာဦးနေ ( အမှန်တရားကိုဘယ်သူအနိုင်ရဖူးလဲ)

    ReplyDelete
  9. ဦးလေးမင်းကိုနိုင်မလွတ်တော့စါတ်ထဲတော့မကာင်းဘူးပေါ့နော်သူကမျတကဲ့ပြည်သူအတွက်လုပ်ပေးမယ့်လူလိုထင်ပါတယ်၊ပြိးတော့သံဃာတော်တွေလဲအကုန်လါတ်ပေးသင့်တယ်လိုထင်ပါတယ်ကျနော်တို့ကဗုဒ္ဒဘာသာတွေပဲဟာသီတင်းကျွတ်လပြည့်နေဆိုငါးတွေစာကလေးတွေတောင်ဘေးမဲ့လွတ်ကျသေးတာပဲနိုင်ငံရေးအကျဉ်းသားတွေကိုအကုန်လွတ်ပေးလိုက်ပါဗျာကုသိုလ်တွေအများကြီးရမှာပါသမ္မတကြိးရယ်..........

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။