ယခုနှစ်အတွင်း မြန်မာပြည်တဝှမ်းမှာ ရာသီဥတု ဖောက်ပြန်မူတွေကြောင့် လူတွေတော်တော်များများ စားဝတ်နေရေး အခက်အခဲ တွေဖြစ်ကြရပါတယ်။ ထိုအထဲမှာ မော်လမြိုင်မြို့လည်း အပါအဝင်ဖြစ်ပါတယ်..။ မိဘတွေကလည်း သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ အိမ်မှာ ရတာလေးနဲ့ ဖြစ်သလို စားသောက်ပြီး သားသမီးတွေကို ကျောင်းထား ပညာသင်စေခဲ့ကြရသလို ကလေးတွေ ကလည်း ခါတိုင်းနှစ်တွေနဲ့ မတူပဲ ဆိုးဝါးတဲ့ရာသီဥတုဒဏ်ကို အံတုပြီး ပညာသင်ယူဖို့ ကျောင်းကို သွားတဲ့အခါမှာ မိုးထဲလေထဲ ခက်ခဲစွာသွား လာကြရတယ်။ ဒီကြားထဲမှာ မြွေပူရာ ကင်းမှောင့်ဆိုသလို ကျောင်းဆောင်သစ် ဆောက်လုပ်ရန်ဆိုပြီး ဆရာတွေက ကလေးတွေကို အလှူငွေကောက်ခံရာမှာ ကလေးတွေ အလှူမထည့်ရင် မျက်နှာငယ်ပြီး ကျောင်းမသွားရဲ လောက်အောင် ဖြစ်ရတဲ့အထိပါပဲ။ လှူဒါန်းရာမှာလည်း စေတနာရှိသလောက်မဟုတ်ပဲ တော်ရုံမိဘတွေ တော်တော်အခက်အခဲဖြစ်လောက်တဲ့ ပမာဏဖြစ်နေတာကြောင့် တစ်ချို့မိသားစုတွေမှာ တော်တော်လေးကို အကြပ်ဖြစ်နေကြပါတယ်။
နိုင်ငံတော်အကြီးအကဲတွေ ချမှတ်ထားတဲ့ စာမတတ်သူ ပပျောက်ရေးနဲ့ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးဆိုတဲ့မူဝါဒကို ထိခိုက်စေပြီး မိဘများလည်း သား၊ သမီးပညာရေးအတွက် ကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုး ဖြစ်နေကြရပါတယ်။ ဒီအတိုင်းသာ ကျောင်းက ပြုလုပ်နေရင် အချို့မိဘတွေဟာ သားသမီးတွေကို ကျောင်းပြန်ထုတ် ရမလိုဖြစ်နေ ပါတယ်။ ဒီအတိုင်းသာ ဒီဝန်ထုတ်ဝန်ပိုးတွေကြောင့် ကျောင်းဆက်မထားနိုင်ရင် မိဘတွေအတွက်ရော၊ ကလေးတွအတွက်ရော၊ တိုင်းပြည်အတွက်ရော အင်မတန်မှ နစ်နာနိုင်ပါတယ်...။ ကလေးတွေဟာ ကျောင်းကို အလှူငွေမပါသွားရင် မသွားရဲ လောက်အောင် ဆရာမတွေ ဖိအားပေးနေတာကြောင့် မိဘတွေရော ကျောင်းသားတွေပါ ဒီအခက်အခဲတွေကို မော်လမြိုင်အ.ထ.က(၉)မှာ ရင်ဆိုင် နေကြရပါကြောင်း တိုင်ကြား အသိပေးလိုက်ရပါတယ်...။
အလှူဒဏ်ပိ ကျောင်းသားမိဘတစ်ဦး....
အလှူဒဏ်ပိ ကျောင်းသားမိဘတစ်ဦး....
ပြည်သူ့ ရင်သွေးပညာရေးအတွက်
ReplyDeleteပြည်သူ့ အစိုးရကတာဝန်ယူသင့်ပါတယ်
ဆရာ ဆရာမတွေကလည်း
မျောက်ပြဆံတောင်းငွေညှစ်တောင်းတာမဖြစ်သင့်ပါဘူး
တိုင်ကြားပါစာအရထိရောက်စွာအရေးယူပေးသင့်ပါသည်
ဆရာ ဆရာမတွေ လုပ်နေပီး.ဒီလိုမျိုးဒမြစိတ်ဝင်နေတာအတော်ကိုသိက္ခာမရှိဖြစ်နေတာပဲ.
ReplyDeleteမျောက်ပြဆံတောင်းငွေညှစ်တဲ့အောက်တန်းကျတဲ့စရိုက်တွေ.ဆရာ ဆရာမတွေဆီရောက်နေတာ.
တိုင်းပြည်ရဲ့အနာဂါတ်အတွက်အတော်မကောင်းတဲ့လက္ခဏာပဲ.အဲ့ဒီငွေတွေကရော.ကျောင်းဆောက်တဲ့
အထဲကိုရောက်မှာမဟုတ်ပဲ၊ဆရာ ဆရာမတွေကိုယ်ကျိုးအတွက်ဖြစ်ဖို့များတယ်.
အဲ့ဒီ ဆရာ ဆရာမတွေ ခင်ဖျားတို့ အဲ့ဒီ ခလေးတွေရဲ့နေရာကိုဝင်ကြည့်ပီးကိုယ်ချင်းစာပေးပါ.
မြန်မာပြည်ရဲ့ အနာဂါတ်ကတော့ ဖာနိုင်ငံဖြစ်သထက်ပိုဖြစ်၊ဖြစ်ပီးရင်းဖြစ်ပဲ.
အဓိကတရားခံကသူခိုးဒမြစစ်တပ်ပဲ.