အင်းစိန်ထောင်ရှေ့ မြင်ကွင်း ဓာတ်ပုံ AP
အားလုံး မျှော်လင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာမည်ဟူသော သတင်းကြောင့် အင်းစိန်ထောင်ရှေ့၌ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ၊ သတင်းမီဒီယာများ စောင့်မျှော်နေကြပါတယ်..။ နေ့လည် ၁နာရီမှာ အစိုးရ MRTVသတင်းဋ္ဌာနမှ မနက်ဖြန် သီးတင်းကျွတ် လပြည့်နေ့မှာ အကျဉ်းသာ ၆၃၅၉ဦးအား ၁၂ အောက်တိုဘာမှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဟု ကြားဖြတ်သတင်းကြေငြာလိုက်ပါတယ်..။ဗန်းမော်ထောင်မှာ ၂၀၀၅ခုနှစ် ၆လပိုင်းကစပြီး အနှစ်(၂၀) အကျဉ်းကျခံနေရတဲ့ အလုံမြို့နယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ) ဦးဘမြင့်ရဲ့ သားဖြစ်သူ အလုံအဖွဲ့ချုပ်လူငယ်တာဝန်ခံ ကိုလူမော်လတ်မှ အင်းစိန်ထောင်ရှေ့မှာ လူတွေများနေတော့ မနက်ဖန်လို့ ကြေငြာလူစုခွဲတာနေမယ် ဒီနေ့တော့ စောင့်ကြည့်ဦးမယ်လို့ သူအမြင်ကို ပြောဆိုသွားပြီး၊ အာဏာရှိ အဖွဲ့တခုကြောင့်နစ်နာနေတဲ့ နိုင်ငံကို ငြိမ်းချမ်းတဲ့နိုင်ငံလို့ ခေါ်လို့ မရဘူး မငြိမ်းချမ်းတဲ့နိုင်ငံမှာ ဒီမိုကရေစီထူထောင်နေတာ အချည်းအနှီးပဲလို့ပြောချင်တယ်။ ဗန်းမောင်ထောင်မှ ပြန်လည်လွတ်မြောက်လာမယ့် ဖခင်သတင်းတော့ ဘာမှ မကြားရသေးဘူးလို့ ပြောဆိုသွားပါတယ်..။
အရပ်သား အစိုးသစ် လက်ထက်တွင် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန် ကြေညာချက်ကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် MRTV 4 ရုပ်သံလိုင်း သတင်းအစီအစဉ်မှ တဆင့် ထုတ်ပြန် ကြေညာသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ထုတ်ပြန်သော ယင်းလွတ်ငြိမ်းချမ်းသာခွင့်တွင် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် ထိုက်သင့်သော ပြစ်ဒဏ်ကျခံခဲ့ရပြီး စည်းကမ်းနှင့် အညီနေထိုင်ခဲ့သော အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) မှစ၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။
အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။
ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်
The Voice Weekly
ရန်ကုန် အောက်တိုဘာ ၁၁အရပ်သား အစိုးသစ် လက်ထက်တွင် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန် ကြေညာချက်ကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် MRTV 4 ရုပ်သံလိုင်း သတင်းအစီအစဉ်မှ တဆင့် ထုတ်ပြန် ကြေညာသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ထုတ်ပြန်သော ယင်းလွတ်ငြိမ်းချမ်းသာခွင့်တွင် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် ထိုက်သင့်သော ပြစ်ဒဏ်ကျခံခဲ့ရပြီး စည်းကမ်းနှင့် အညီနေထိုင်ခဲ့သော အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) မှစ၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။
အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။

အဲဒီအထဲမှာ. နိုင်ငံရေးအကျဉ်းသား. အားလုံးပါဝင်ပါစေ။. မင်္ဂလာရှိသော
ReplyDeleteသတင်းဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသား အားလုံးပါဝင် ပါစေလို့ မျော်လင့်ပါတယ်..................
ReplyDeletehoping and wishing for the best
ReplyDeleteဒီမိုကရေစီ အစိုးရဟုတ်မဟုတ် ကိုကွဲပြားစေမယ့် ပထမဆုံး လက္ခဏာကြီး တစ်ခုလို့ဆိုနိုင်ပါမယ်
ReplyDeleteအားလုံးလက်တွေ ပြင်ထားပါ
မနက်ဖြန် သဘက်ဆို ဓါးကိုင်ရမှာလား သပြေခက်ကိုင်ရမှာလား အဖြေထွက်ပါမယ်
..ဖြစ်နိုင်ရင် ပြည်သူ့အစိုးရရယ်လို့ သပြေခက်ကိုကိုင် လက်ကမ်းကာ လှမ်းကြိုအတူ နွှဲခွင့်သာရ ချင်ပါရဲ့
ဟိဟိ ကိုမိုးထက်က ဒါး ကိုင်မယ်ဆိုပဲ သတ္တိလဲမရှိပဲနဲ့ :)
ReplyDeleteသတ္တိရှိတာပေါ့. မောင်းချဓါးလေ. ခဲတံချွန်မလို့. ဟီဟိ. ပီးတော့မှ. သွပ်
ReplyDeleteပြားက. သပြေခက်ကိုကိုင်မှာ။