Pages

Sunday, October 23, 2011

ယနေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ " The Portrait Of Myanmar’s People Art Show " ပန်းချီပြပွဲ အခမ်းအနား (ဓာတ်ပုံ၊ သတင်း)

ကိုဋ္ဌေးကြွယ် လက်မှတ်ပါ.. ဓာတ်ပုံ...

ယနေ့ ၂၃ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခုနှစ် မနက် ၁၀ နာရီတွင် ရန်ကုန်တိုင်း၊ ရွှေဂုံတိုင်၊ အုတ်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ The Portrait Of Myanmar’s People Art Show အား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါပန်းချီပြပွဲ၌ ပန်းချီ အနုပညာရှင်များဖြစ်ကြသော WPM, Tin Aung Kyaw , Htin Lin Naing , Sandar Khine , Kyi Thar Aye , Kyaw Lin , Pho San တို့၏ ပန်းချီကား ၆၀ နီးပါးခန့် ပြသခဲ့ကြသည်။ အဆိုပါ ပန်းချီပြပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ NLD Youth များ၊ ဖိတ်ကြားထားသူများ၊ စာနယ်ဇင်းသမားများ၊ အနုပညာ ရှင်များ၊ စာရေးဆရာများ၊ ပန်းချီဝါသနာရှင်းများ လာရောက် ကြည့်ရှုခဲ့ကြသည်။

ထိုပန်းချီပြပွဲအား ၂၃ ရက်မှစ၍ ၂၅ ရက်အထိ ၃ ရက်ခန့် ပြသထားမည်ဖြစ်သည်။ ထိုပွဲ၍ ပြသထားသော ပန်းချီကားများအားလည်း ရောင်းချပေးလျှက်ရှိပါသည်။

သတင်း၊ ဓာတ်ပုံ
ခမိခဆဲ၊ ဒီမိုဝေယံ


ပြည်တွင်းမှ မိတ်ဆွေများ ဒီမှာ သွားရောက်ကြည့်ရှု နိုင်ပါသည်...
https://picasaweb.google.com/109255525006943086316/AmaySuuArtGallery
ဓာတ်ပုံများ ကူးယူ ဖြန့်ဝေနိုင်ပါသည်.. ကူးယူသည့် လင့်ခ်အား ပြန်လည် ဖော်ပြပေးပါရန်..

3 comments:

  1. ပြည်သူလူထုရဲ့ ရင်ထဲမှာရှိနေတဲ့
    ပြည်သူလူထုကမြတ်နိုးလေးစားရတဲ့
    ပြည်သူ့ ခေါင်းဆောင်ပုံရိပ်ပန်းချီကားချပ်တွေကို
    တွေ့ မြင်ရတာအရမ်းကိုဂုဏ်ယူဝင့်ကြွားမိပါတယ်
    အတိုင်းထက်အလွန်ပါဘဲ...

    ReplyDelete
  2. အ၇မ်းကောင်းပါတယ်။များများေ၇းနှိင်ပါစေလိုဆုတောင်းပေးပါတယ်။

    ReplyDelete
  3. နေခြည်(ပျဉ်းမနား)October 26, 2011 at 9:22 AM

    တန်ဘိုးရှိလိုက်တဲ့ပုံတွေဗျာ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။