မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (နိဂုံးပိုင်း)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
မြစ်ဆုံ ရေကာတာကြီး ပိတ်လိုက်အပြီး သမ္မတကြီးက တရုတ်ပြည်ဘက် ချစ်ကြည်ရေးခရီးမထွက်ဘဲ အိန္ဒိယဘက်ကို သွားခဲ့ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ လက်မှတ်ထိုး လာခဲ့ပါတယ်။ ကျနော်တို့ နိင်ငံအတွက် ရင်းနှီးမြုပ်နှံမှုများနှင့် တပါထည်း နည်းပညာ တိုးတက်မှုတွေပါ ရရှိလာမှာဖြစ်ပါတယ်။ န.အ.ဖ. လက်ထက် တရုတ်နဲ့ ချုပ်ဆိုထားမှု အားလုံးဟာ မြန်မာအလုပ်သမားတွေနဲ့ ပညာရှင်တို့ကို နည်းပညာ မျှဝေမှုမပါဘဲ မြန်မာက အလုပ်အကြမ်းတွေ၊ ဂိုဒေါင်စောင့်တွေ လုံခြုံရေးဝန်ထမ်းတွေ လောက်သာ ပါဝင်ခွင့်ရှိပါတယ်။ တရုတ်က သူ့အလုပ်သမား အင်အားအပြည့်နဲ့ လာခဲ့တာပါ ။
အာဖရိက နိုင်ငံတွေမှာ တရုတ်အလုပ်သမားတွေနဲ့ ဒေသခံ အလုပ်သမားတွေ အကြားမကြာခန ပြသနာဖြစ်ကြရပါတယ်။ သူတို့နိုင်ငံက တရုတ်ပြည်မကြီးနဲ့ ဝေးတော့ တရုတ်က အဲဒီနိုင်ငံတွေမှာ သိပ်မာရေ၊ ကြောရေ အပေါ်စီးက မလုပ်ပါဘူး။ န.အ.ဖနဲ့ ကျတော့ သန်းရွှေကို နိုင်ငံရေးအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗွီတိုအာဏာပါ သုံးပေးနေရ ပြည်သူလူထုကလဲ မုန်းနေသူဆိုတော့ လုပ်ငန်း ကန်ထရိုက်တွေမှာ တရုတ်လူမျိုးတို့၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားကို အကာအကွယ်ပေးရမည်ဟုပင် လူပါးဝထားတာ ခံရပါတယ်။
ရိုးတယ်ပြောမလား၊ ဆန်းတယ်ပြောမလား ၂၀၁၁ခုနှစ် ၁လပိုင်းကမြစ်ဆုံစီမံကိန်း လာရောက်ကြည့်ရှု ညအိပ်ရပ်နားပြီး နောက်တနေ့မှာ လုံခြည်အရောင်မဲ့နဲ့ မြင်တွေ့ရတဲ့ ဦးသိန်းစိန်..
အခုသမ္မတကြီး ဦးသိန်းစိန်အစိုးရ မှာ အဲဒီတရုတ်အမျိုးသားများ၏ အသက်အိုးအိမ်အကျိုးစီးပွားဆိုတာ တရုတ်နိုင်ငံသား တရုတ်လူမျိုးတွေကို ဆိုလိုတာလား မြန်မာနိုင်ငံမွေး မြန်မာနိုင်ငံသား ခံထားသူ ဌာနေ တရုတ်လူမျိုးတွေကိုပါ ထည့်သွင်း သတ်မှတ်ထားတာလား ဆိုတာကို ယခုအစိုးရမှ တရုတ်အစိုးရနှင့် တိတိကျကျ ပြတ်ပြတ်သားသား မေးမြန်းပြီး မြန်မာနိုင်ငံသားအားလုံး သဘောတူညီမှုကို ရယူရပါမည်။ သန်းရွှေ လုပ်ခဲ့သမျှ ကျနော်တို့ တာဝန်ခံစရာမလိုပါဘူး။ တာဝန်ခံဖို့ မလိုဘူးဆိုတာ န.၀.တ တက်လာစဉ်ကတည်းက ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေမှာ အကြိမ်ကြိမ် အထပ်ထပ် ကျနော်တို့ဟာ (ယာယီ -ကြားဖြတ် အစိုးရတစ်ရပ်သာ) ဖြစ်ပါတယ်လို့ ကမ္ဘာသိ ကြေငြာထားပြီး ဖြစ်လို့ပါဘဲ။ ကျနော်တို့က ကြေငြာထားတာ မဟုတ်ဘူး။ တရုတ်တွေ ကျားကန်ပေးထားတဲ့ ဗိုလ်ချုပ်မှုးကြီးပါဘဲ။ ဟာသစကား အဖြစ်ဘဲ ပြောချင်လား။ ပြောချင်ရင်ဘာလို့ ဒီလူနဲ့ ထိုးထားတာကို ကျုပ်တို့က ဆက်လက် အတည်ပြုစရာ မလိုတော့ဘူးလေ။ တရုတ် ခေါင်းဆောင်တွေဟာ သန်းရွှေစကားကို အတည်ယူချင်ရင် ကိုယ်လိုချင်တာကိုတော့ ယူမယ် မလိုချင်တာ ပယ်တယ် လုပ်ချင်နေပုံ ရနေပါတယ်။ ၀မ်းနည်းပါတယ်။
ကချင်ပြည်နယ် အတွင်း တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ငပျောခြံလုပ်ငန်း အတွင်းမှ
ဖွတ်နဲ့ သင်းခွေချပ်ပါမချန် ဖမ်းဆီး သတ်ဖြတ် စားသောက်နေတဲ့ တရုတ်ခြံပိုင်ရှင်တစ်ဦး
(ရေးသားဖော်ပြပေးပါမယ် ဒီမိုဝေယံ)
(ရေးသားဖော်ပြပေးပါမယ် ဒီမိုဝေယံ)
အခုအထက်က ကျနော်တင်ပြခဲ့သလိုဘဲ မြစ်ဆုံရေကာတာကြီးဟာ မြန်မာနိုင်ငံ အနေနဲ့ဆိုင်တယ်။ ပိုင်တာက ကချင်လူမျိုးတို့ရဲ့ ပိုင်ဆိုင်မှု။ တရုတ်က ကချင်ကို န.အ.ဖ.အားကိုးနဲ့ လူရာတောင် မသွင်းခဲ့ပါဘူး။ နောက်ကချင်တို့ရဲ့ သမိုင်းအမွေအနှစ် ဆိုတာကို သိသိကြီးနဲ့ လူပါးဝပြတာပါဘဲ။ အခု မြစ်ဆုံနဲ့ ဆက်စပ်နေတဲ့ တခြား ရေကာတာတွေက ထွက်ရှိတဲ့ လျှပ်စစ်ဓါတ်အား ရောင်းချထားတဲ့ နှုန်းထားကို လက်ရှိ အစိုးရအနေနဲ့ နိုင်ငံတကာ ပျှမ်းမျှ ဈေးနှုန်း (norm) တွေနဲ့ ကိုက်ညီနေခြင်း ရှိမရှိ စီစစ်ရန် လိုအပ်နေပြီး တိုင်းပြည်ကို အမှန်ကိုချပြရန် တာဝန်ရှိနေပါတယ်။
တဆက်ထဲ ဧရာဝတီမြစ်ကြီးဟာ ဖျားနာနေတာ ကြာပါပြီ။ အမျှော်အမြင် အလွန်နည်းပါးပြီး ခိုးဖို့လောက် ၀ါးဖို့လောက်သာ တွေးတော ကြံဆနေတဲ့ သန်းရွှေလက်ထက်မှာ မြစ်ဧရာကြီး ဖျားနေပါတယ် သွားပြောရဲသူ ဘယ်ရှိမှာလဲ။ အခုမှ ဖွင့်ပြောကြရတာပါ။ ဧရာဝတီမြစ်ကြီးဟာ မြစ်ညာပိုင်းတွေကနေ ရွှေတူးသူတွေရဲ့ လောဘကြောင့် သဲသောင်တွေ မတရားထွန်းကားနေပြီး တချို့နှစ်တွေမှာ နွေရာသီမှာ တဖက်ကမ်းကို လမ်းလျှောက်ကူးလို့ ရတဲ့နေရာတွေ ရှိနေပြီဟု ပြည်တွင်းကမိတ်ဆွေ နှစ်ဦးက ပြောကြားလာပါတယ်။ ဒီလိုသဲသောင် ထွန်းနေတာကို ကုစားပါမှ မြစ်ရေကြီးမှုတွေကို ကာကွယ်နိုင်ပါမယ်။ ထိုင်းနိုင်ငံရဲ့ မြစ်ရေကြီးမှုကြောင့် ထိုင်းနိုင်ငံဟာ စီပွားရေးအရ ပျက်စီးမှုထက် လုပ်ငန်းများ ပြောင်းရွှေ့ပြောင်းမှု ကြုံနေပါပြီ။ မမြင်ရတဲ့ ဆုံးရှုံးမှုတွေ ကြုံနေပါပြီ။ အစိုးရအနေနဲ့ ထိုင်းနိုင်ငံရေကြီးမှုကို သင်ခန်းစာ ယူတတ်ရပါမည်။
ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းနဘေးက တရုတ်ရွှေတူး လုပ်ငန်းခွင်တစ်ခု..
တဆက်ထည်း ဥပဒေမဲ့ ရွှေတူးနေသူများကို ထိရောက်စွာ ဖမ်းဆီးထောင်ချ ပတ်ဝန်းကျင် ပျက်စီးမှုအထိ ဖြစ်စေပါက ပိုင်ဆိုင်မှုများ(အိုးအိမ်)ကို နိုင်ငံပိုင် သိမ်းယူသည်အထိ ပြင်းထန်စွာ အရေးယူသင့်ပါပြီ။ လူကိုလဲ ထောင်ဒါဏ် နှစ်များများချပြီး ထောင်က ပြန်လွတ်လ်ာလျှင်လည်း နယ်နှင်ဒါဏ်ခတ်တာမျိုး အထိ လုပ်ဆောင်သင့်ပါသည်။ ဧရာဝတီမြစ်ကြီးကို မြန်မာ တောင်သူလယ်သမား သန်းများစွာ မှီခိုနေရသော ရတနာ သွေးကျောကြီး ဖြစ်သောကြောင့် ဧရာဝတီကို ပျက်စီးစေသူကို လယ်သမားများရဲ့ ဝမ်းစာအိုးကို ဖေါက်ခွဲသူအဖြစ် သတ်မှတ်ရပါမည်။ တဆက်တည်းမှာလဲ ဧရာဝတီမြစ်ကြီးကို ကုစားဖို့ ပင်လယ်အပေါက်တွင် ထိုင်နေသော သဲများအား ကော့သောင်မှ သဲများ ရောင်းချနေသည်ကို ဧရာဝတီမြစ်ပေါက်က သဲများကို ရောင်းချခြင်းဖြင့် ကုစားသင့်သည်ဟု ယူဆမိပါသည်။ ပင်လယ်ပေါက်မှ ဧရာမ သဲသောင်ပြင်ကြီးကို ဖယ်ထုတ်နိုင်လျှင် ရေစီးလမ်းပွင့်သွားပြီး အထက်မြစ်ကြောင်း အတွင်းမှ သဲသောင်များ ပိုမိုရွှေ့လျား ကျဆင်းလာနိုင်ပါမည်။
အချုပ်အားဖြင့် ဧရာဝတီ မြစ်ဆုံရေကာတာကြီးကို သမ္မတကြီးမှ ယာယီသဘောရွှေ့ဆိုင်း ထားတာကို တတိုင်းတပြည်လုံး အမျှော်အမြင်ရှိရှိနဲ့ လုံးဝဖျက်သိမ်းသည်အထိ လုပ်ဆောင်ကြရန် အားမွေးထားကြရန် လိုနေပါသေးသည်။ တရုတ်ဘက်က လျှော်ကြေး တောင်းလာလျှင် နောင်တရုတ်နဲ့ ဘာလုပ်ငန်းမှ မလုပ်ဆောင် တော့ပါဘူးသာ ပြတ်ပြတ်သဘောထား ကြေငြာထားပါရန် သမ္မတကြီးကို ကျနော်တို့ အားလုံးဝိုင်းပြီး စာတင်ထားကြရန်လဲ လိုပါသည်။ ပွဲလန့်တုံးဖျာခင်းပြီး မောင်ဦး လုပ်ချင်တဲ့သူကို နောင်ကျဉ်အောင် ပညာပေးရန် လိုပါသည်။
ယုတ်ဆွအဆုံး လိုအပ်လျှင် အမေရိကန်နိုင်ငံနှင့် စစ်ရေးကာကွယ်မှု စာချုပ်အထိ ချုပ်ဆိုဖို့ ဆွေးနွေးသင့်နေပါပြီ။ တရုတ်က ဒီထက်ပိုမိုပြီး ပါဝါပြ အာဏာပြလာလျှင် ကျနော်တို့ ပြည်သူတွေက အမေရိကန်နဲ့ နှစ်နိုင်ငံလုံခြုံရေး စာချုပ်ချုပ်ဆိုဖို့ တောင်းဆိုတာ လုပ်သင့်နေပါပြီ။ ကဲကျနော်တိုတတွေ တရုတ်ကို နဂါးမှန်းသိအောင် အမေါက်ထောင်ပြဖို့ နည်းပေါင်းစုံ စဉ်းစားထားကြပါရန် တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
နော်ကတပတ်မှာ ဒလ စီမံကိန်း အကြောင်းတင်ပြရန် စဉ်းစားထားပါသည်။ ဒလ စီမံကိန်းကလည်း လက်ရှိ ထိုးတက်နေတဲ့ ရန်ကုန်မြေဈေးတွေနဲ့ ပတ်သက်ပြီး တနည်းတဖုံ ပွဲဆူစေတာမျိုး ဖြစ်ခဲ့လျှင် ပွဲဆူအောင် ရေးတာမဟုတ်ကြောင်း ကြိုတင်တင်ပြရင်း ရှောင်လွှဲမရနိုင်သော ဖြစ်ပေါ်လာတော့မဲ့ ပြောင်းလဲမှုတွေ အတွက်ပြည်သူတွေ အငိုက်မမိစေရန် တင်ပြခြင်းသာဖြစ်ကြောင်း ကြိုတင် မှာကြားထားပါရစေ..။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
ယခင်အပိုင်းများ ပြန်လည်ဖတ်ရှုလိုလျှင် Labels မှ ဒေါက်တာလှိုင်မြင့် ဆောင်းပါးမျာအားနှိပ်၍ ပြန်လည်ဖတ်ရှုနိုင်ပါသည်။




တရုတ် ကာလနဂါးကို.....မီးနဂါးမှန်းသိအောင်ပြရမှာပေါ့ ....ကွာ
ReplyDelete"ဒေါက်တာလှိုင်မြင့် နာမည် သုံးပြီး Myanmar Express ဘလော့မှာ တင်ထားတဲ့ ပို့စ်" ကို ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။
ReplyDeleteဆရာ ဦးလှိုင်မြင့် ခင်ဗျား
Myanmar Express ဘလော့ ဆိုတဲ့ စစ်တပ်အလိုတော်ရိ ပေါက်လွတ်ပဲစားဘလော့ မှာ ဆရာ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ထပ်ရေးနေတာကို ဆရာ သိရှိနိုင်ရန် အကြောင်းကြားပါတယ် ခင်ဗျာ။
http://www.myanmarexpress.net/2011/11/blog-post_10.html
ဒေါက်တာလှိုင်မြင့် နာမည်သုံးပြီး တင်ထားတဲ့ ပို့စ် ကိုဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။
ReplyDeletehttp://www.myanmarexpress.net/2011/11/blog-post_10.html
ဆရာဦးလှိုင်မြင့် ခင်ဗျား
စစ်တပ်အလိုတော်ရိ ပေါက်လွတ်ပဲစားဘလော့တခုမှာ
ဆရာ့နာမည်ကိုသုံးပြီး ထပ်ရေးနေတာကို ဆရာသိရှိနိုင်ရန် အကြောင်းကြားပါတယ်ခင်ဗျာ။
သန်းနိုင်
အတိုဆုံးနဲ့ အရှင်းဆုံး ပြောရရင် ကျုပ်တို့ တိုင်းပြည်နဲ့လူမျိုး အနာဂတ်အတွက် တယုတ်နဲ့ လုံးဝမပတ်သက် ဖို့လိုပါတယ်
ReplyDeleteကိုသန်းနိုင်ခင်ဗျာ...ကျနော် မသိလို့ အဲဒီဆိုဒ်ကိုတခါဝင်ဘူးပါတယ် ။ နောက်ကိုဒီမိုက ကျနော့်န့မည်သုံးထားတယ်ပြောလို့ တခါ ၀င်ဝေဖန်ဖူးတယ်။ နောက်တစ်ခေါက်ကျနော်ကိုပြန်အောက်တန်းကျကျပြန်ရေးထားတယ်။ ( ၃-ခါ ၀င်ကြည့်မိတာ ကို ကိုယ်ကိုကိုချီးတွင်းထဲ ဆင်းမိတယ်လို့ ခံစားရတယ် )။
ReplyDeleteဖြစ်နိုင်ရင်ခင်ဗျားတို့ လဲ ( လူလိုအသိရှိသူမှန်ရင်..မြန်မာစိတ်အပြည့်ရှိကြရင် ) ဒီလိုလူမျိုးရြ့ ဂုဏ်ကိုညျိုးစေတဲ့ ဆိုဒ်ကို ( လုံးဝ )မ၀င်ကြစေချင်ပါဘူး။
လောက်ကိုသတ်ချင်လို့  ချီးတွင်းထဲတော့မဆင်းနိုင်ဘူးဗျာ။ သန တယ်။ သူတို့ အသိမှာဖါးစားလို့ ရသေးတဲ့ခေတ်ကျန်သေးတယ်ထင်နေပုံရှိတယ်။
လှိုင်မြင့်
ဆရာလှိုင်မြင့် ဆောင်းပါးတွေကို မဖတ်ရတာကြာတော့လွမ်းတယ်။ အခုဖတ်ရတော့လည်း ရေးထားတာ နည်းတယ်။ ဒလ စီမန်ကိန်းအကြောင်းကို မျှော်နေပါမယ်။ ကျွှန်တော်က ဒလ ကလေ။ ဟဲဟဲ ...
ReplyDeleteကိုအောင်မြင့်ခင်ဗျား ကျနော်စာတွေကိုအားပေးတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ ကျနော်က တရွာလုံးနဲ့
ReplyDeleteဒို့ကြီးတော် နိုင်ငံရေးသမားပါ ။ တကယ်ကို နိုင်ငံအရေးမှာ ကျနော် ၀င်မပါချင်ဘဲ ပါပြန်တော့လဲ ထိပ်တိုက်တွေ ၀င်ဝင်ပါနေရတာ မလွှဲသာလွန်းလို့ ပါ ။ ပါရတဲကဏ္ဍပ်ကလဲ အသေခံရတာလဲရှိခဲ့  ။ အခုဆို ဖက်ဒရယ်မူစစ်ဆိုတာ တသက်လုံး လူမိုက်လုပ်တည်နေခဲ့ရတာပါ ။ ကိုအောင်မြင့်တို့ လို ကျနော်အမြင်လက်ခံသူတွေ ရှိလာတော့ အရမ်းအားရှိပါတယ် .
အားမရှိလဲ လိုအပ်ရင် ဆက်ချမဲ့သူပါ ။ အခုနိုင်ငံအရေးက အကောင်းဘက်ကို
(ဟန်ပြလားတော့မသိ) ပြောင်းစပြုနေပါပြီ။ ဟန်ပြဆိုရင်လဲ ကျနော်က ပြန်ကိုင်မှာဘဲ ။ အခု မကြာခင်ကျနော်လဲ ပြည်တော်ပြန်ပြီး တနိုင်ငံလုံး စီးပွားရေး ထောင်တက်လာအောင်လုပ်ပါတော့မယ် ။ ကျနော်က ဒီအတိုင်းတော့ပြန်လို့ မဖြစ်နိုင်သေးလို့  ...ကျနော်နဲ့နွှယ်ပြီး ဗိုလ်ချုပ်မြင့်ဆွေ ဗိုလ်မှုးကြီးအုံးကြိုင် စတဲ့ အရာရှိကြီးတွေ ၂၂-ယောက်အဖမ်းခံထာရတာရှိတော့ မလွယ်တော့မလွယ်ပါဘူး ။ ညှိနိုင်းလို့ရရင်ပေါ့လေ ။ သူတို့ ကိုမလွှတ်ပေးရင် ကျနော်လဲမပြန်ရဲဘူး ။ မပြန်သင့်ဘူး ။
ဒလ ဆောင်းပါးလဲရေးနေပါပြီ ။ အခုကျနော်က နိုင်ငံတခုမှာ ပင်လယ်ရေလှိုင်း / ဒီရေ / မြစ်ရေစီးကြောင်း / ပင်လယ်အောက်ရေစီးကြောင်းကြီးတွေကနေ ရေစိးအားကို လျှပ်စစ်ထုတ်လုပ်တဲ့ နည်းပညာမူပိုင်လျှောက်ထားနေပါတယ် ။ အော်ဇီမှာကဈေးကြီးလို့ ပါ ။ INTELLECTUAL PROPERTY PATENT မူပိုင်ကျဖို့တော ကြာဥိးမယ်ထင်တယ် ။ အဲဒါကျရင် ပြည်တော်ပြန်ပြီး နိုင်ငံတော်စီးပွားရေး ထောင်တက်လာအောင် စောက်ချလုပ်ပါတော့မယ် ။ နိုင်ငံရေးက ကျနော် ၀ါသနာမပါဘူး ။ မလွှဲသာလို့ ပါနေရတာပါ ။ မြန်မာတပြည်လုံး ကျေးရွာအားလုံး မီးထိန်ထိန်လင်းစေရပါမယ်ဗျာ ။
ကျနော့်နိုင်ငံရေး ပန်းတိုင်က မကြာခင် (၁၀-နစ်အတွင်း) ကျနော်တို့ မြန်မာတွေ ပြည်ပသွားတဲ့အခါ ဒီပတ်ပို့  အနီလေးကို ဟေ့ ငါမြန်မာကွ လက်မထောင် ကိုင်ပေါက်ပြနိုင်ရေး ဘဲဗျာ ။
အဲဒီလိုမကြာခင်ဖြစ်လာစေရပါမယ် ။ ဒလစီမံကိန်းကြီးလဲ မကြာခင်ပေါ်လာပါမယ် ။ ထားဝယ်လိုနီးနီး ဒလမြို့ တော်ကြီးဟာ ရန်ကုန်တဖက်ကမ်းကနေ ပင်လယ်အထိ တိုးမြစ်အထိ ကို ကျယ်တဲ့မြို့ တော်ကြီးဖြစ်လာပါတော့မယ် ။ ဧရာမလေယဉ်ကွင်းကြိးပါ ရောက်လာပါမယ် ။
လေးစားလျှက်
လှိုင်မြင့်