Pages

Friday, November 18, 2011

ဗြိတိန်ဝန်ကြီး၏ ထောက်ကြံ့စစ်သင်္ချိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲနှင့် လာမည့်လေးနှစ်တာ အတွင်း ဗြိတိန်နိုင်ငံမှ ပေါင်စတာလင် ၁၈၅သန်း ကူညီထောက်ပံ့ ပေးအပ်သွားမည့် အစီအစဉ်.. ကြေငြာချက်၊

မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိသျှပါလီမန်အမတ် အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး H.E. Mr.Andrew John Bower Mitchello သည် ယနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်၊ ထောက်ကြံ့စစ်သင်္ချိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားခဲ့သည့် မဟာမိတ်စစ်သားများအား ရည်စူး၍ လွမ်းသူပန်းခွေ ချခဲ့ပြီး သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ပါသည်။

သတင်း... ဇော်တူး
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဇော်တူး..
လာမည့်လေးနှစ်တာ အတွင်း ဗြိတိန်နိုင်ငံမှ ပေါင်စတာလင် ၁၈၅သန်းနှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ သန်း(၃၀၀)ပေးအပ်သွားမည့် အစီအစဉ်.. ကြေငြာချက်..
ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ ပါဝင်သည့် ဗြိတိန်နိုင်ငံ အစိုးရ၏ အဆိုပါကူညီ ထောက်ပံ့မှုများအား ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာ အုပ်စုများမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်..။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။