Pages

Wednesday, November 23, 2011

ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအပေါ် စော်ကားပြောဆို ဝေဖန်မှုအပေါ် သတင်းသမားများ ကန့်ကွက် လက်မှတ်ရေးထိုး

ASEAN-Japan ဆွေးနွေးပွဲ (ဓာတ်ပုံ Reuters)

အကြောင်းအရာ...
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဌဦးခင်ရွှေမှ ပြည်တွင်းမီဒီယာများအား ပြင်းထန်စွာ ထိုးနှက်
ရန်ကုန်၊နိုဝင်ဘာ ၁၅
အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့၏ ဥက္ကဌအဖြစ် ခန့်ထားခံရသည့်အပြင် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ၄င်းစီစဉ်ကျင်းပသော Asean - Japan Business Meetingသတင်းအပါအ၀င် ၀န်ကြီးများရုံးအား ထိန်းသိမ်းသင့်သည့်ဟူသော သတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်းမီဒီယာများတွင် ဖော်ပြချက်များ ကို ပြင်းထန်စွာ ထိုးနှက်ပြောကြားလိုက်သည်။

ရန်ကုန်မြို့တော် ရှိ ယုဇနဂါဒင်းဟိုတယ်တွင် ( ၂၀၁၁ )ခုနှစ် နိုဝင်ဘာ ခရီးသွားလုပ်ငန်း အစည်းအဝေး၊ ခရီးသွားလုပ်ငန်းပြပွဲ၊ ဓါတ်ပုံပြပွဲများ ပုဂံတွင် ကျင်းပမည့် အကြောင်း သတင်းထုတ်ပြန်ခြင်း အခမ်းနားတွင် ၎င်းက အထက်ပါအတိုင်း ထိုးနှက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးခင်ရွှေ၏ လွှတ်တော် အမတ်ဆိုသည့် ဂုဏ်နှင့်ပင် မထိုက်တန်သည့် လူကြီးလူကောင်းမဆန် ငွေရှင်ကြေးရှင် ဆန်ဆန် စာနယ်ဇင်းသမားများအား စော်ကားချက်...

ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ခေါ်။ ကောင်းကောင်းမွန်မွန်ကျွေး။ ဆီဒိုးနားမှာခေါ်တယ်။ကျွေးတယ်။ စာအုပ်တွေပေးတယ်။ နေလည့်စာတွေကျွေးတယ်။ ဘယ်ဂျာနယ်မှာမှ အာဆီယံ - ဂျပန်ကို မရေးခဲ့ဘူး။ အာဆီယံနိုင်ငံတွေက လူတစ်ရာကျော် လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေ ရေးတယ် ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျစရာ ကောင်းပါတယ်။ ကောင်းတာမမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ နိုင်ငံတော်ကသွားနေတဲ့ ကောင်းတဲ့ လမ်းကြောင်းကို တစ်ဘက်သတ်မကောင်း အသိအမှတ်မပြုသလို ဖြစ်နေတယ် ဟုလည်း ၎င်းက ဆက်လက် စွပ်စွဲပြောကြားသည်။

မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော်စိတ်ပျက်တယ်။ ပြည်ပမီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ်သူ့လုပ်တာ။ ပြည်တွင်း မီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ်ရောင်းရတယ်ဆိုတဲ့ အိုင်ဒီယာရှိနေရင်တော့ အတွေးတွေမှားနေပြီ။ လွဲနေပြီ”ဟု ၎င်းက ဆိုသည်။

ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက ကျွန်တော်တို့ သတင်းသမားတွေက ဖြစ်ရင် ဖြစ်တဲ့အတိုင်းရေးမှာပဲ။ ပြောရင် ပြောတဲ့အတိုင်းရေးမှာပဲ။ စားဖို့သောက်ဖို့အတွက်တော့ ဘယ်သူမှ မလာဘူး။ သတင်းယူဖို့ပဲလာတယ်။ သတင်းသမားကတော့မေးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တောင် ပါတီမှတ်ပုံတင်ဖို့ကို မမေးပါနဲ့ဆိုတာတောင် မေးတာပဲ။ ဒါကတော့ သတင်းသမားပဲ။ နားလည်ပေးရမှာပေါ့ ဟု ယင်းအခမ်းနားတွင် ပြန်လည် တုံ့ပြန် ဆွေးနွေးခဲ့သည်။

ပြည်ပမီဒီယာကြီးများသည် ပြောဆိုသည့်အတိုင်း ရေးသားကြသော်လည်း ပြည်တွင်းမီဒီယာများသည် အတွေ့ကြုံ နုသေးသည့်အတွက် ပြောသည့်အတိုင်း မရေးသောကြောင့် ကြောက်ရွံ့ကြောင်း ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်း ပြောကြားချက် အပေါ် ဒေါက်တာခင်ရွှေက ပြန်လည်ပြောဆိုသည်။

နိုင်ငံတော် သမ္မတကြီးသည် မီဒီယာအပေါ် အလေးအနက်ထား လျက်ရှိပြီး ပခုက္ကူရေဘေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော အလုပ်ကိစ္စများဖြတ်ကာ မီဒီယာများနှင့် အချိန်မှီ တွေ့ဆုံရန် ညွန်ကြားခဲ့ကြောင်း နေပြည်တော် အမှတ် (၂) စက်မှုဝန်ကြီးဌာနတွင် အောက်တိုဘာ (၂၆)ရက်နေ့က ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားထားသည်။

ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအပေါ် ပြောဆိုဝေဖန်မှုအပေါ် သတင်းသမားအားလုံး ကန့်ကွက် လက်မှတ်ရေးထိုး

ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအပေါ် ပြောဆိုဝေဖန်မှုအပေါ် ကန့်ကွက်ခြင်း လက်မှတ် ရေးထိုးခြင်းကို နိုဝင်ဘာ၂၂ရက်နေ့က သတင်းမီဒီယာ ပေါင်းစုံမှ သတင်းသမားများပါဝင် လက်မှတ် ရေးထိုး ခဲ့ကြပါသည်။

ယင်းသို့လက်မှတ်ရေးထိုးခြင်းကို ရာဗိုလ် လက်ဖက်ရည်ဆိုင်မှာ ဘားလမ်း အလယ်ဘလောက်၊ မြို့တော် ခန်းမနှင့် စီးတီးစတားဟိုတယ်အနီး၊ ရွှေအမြုတေမဂ္ဂဇင်းတိုက်အောက်၊ တွင်တည်ရှိသည် ဖုန်းနံပတ်မှာ- 384216။ အောင် လက်ဖက် ရည်ဆိုင်မှာ 38 လမ်းအထက်ဘလောက်နှင့် အနော်ရထာလမ်းထိပ်အနီး၊ ခရစ်ယာန်ကျောင်းကို မျက်နှာမူသည်ုဖုန်းနံပါတ် 374739။ ယင်းနှစ် နေရာများတွင်ပြုလုပ်ခဲ့သည်။ ယနေ့နောက်ဆုံး စာရင်းများအရ လက်မှတ် ရေးထိုးခဲ့သော သတင်းသမား (၁၆၃) ဦး ဖြစ်ပါသည်။

ဂျာနယ်တိုက်များသို့ လက်မှတ်ရေးထိုးရန် ပေးပို့ထားသော စာရွက်များ ပြန်လည် မရရှိသေးပါသဖြင့် နက်ဖြန်တွင် စာရင်း ထပ်ပေါင်းကာ ထပ်မံထုတ်ပြန် ပေးသွားပြီး မရောက်ရှိလာသေးသည့် စာရင်း များနှင့် ပေါင်းပါက သတင်းသမား (၂၀၀) ခန့် လက်မှတ် ရေးထိုးလိမ့်မည်ဟု ခန့်မှန်းရကြောင်း သတင်းသမားကွန်ရက်က သတင်းထုတ်ပြန်သည်။ မနက်ဖြန် နေ့လည်တွင် အရေးပေါ် ကွန်ရက်တွေ့ဆုံပွဲ ပြုလုပ်ပါမည်ဖြစ်ပြီး တွေ့ဆုံပွဲတွင် အများ သဘော တူ ဆုံးဖြတ်ချက်အပေါ် မူတည်၍ တိုင်ကြားရန်နှင့် ကြေငြာချက် ထုတ်ပြန်ရန် ကိစ္စများကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့၏ ဥက္ကဌ အဖြစ် ခန့်ထားခံရသည့်ဇေကမ္တာဦးခင်ရွှေသည် ၎င်းစီစဉ် ကျင်းပသောAsean - Japan Business Meeting သတင်းအပါအ၀င် ၀န်ကြီးများရုံးအား ထိန်းသိမ်း သင့်သည့်ဟူသော သတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင် ဖော်ပြချက်များ ကို ပြင်းထန်စွာထိုးနှက်ပြောကြားပြီးနောက် သတင်းသမားများက ကန့်ကွက်ရှုတ်ချရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် ရှိ ယုဇနဂါဒင်းဟိုတယ်တွင် ( ၂၀၁၁ )ခုနှစ် နိုဝင်ဘာလ ( ၁၅ ) ရက်နေ့က ကျင်းပ ခဲ့သော၂၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအစည်းအဝေး၊ ခရီးသွားလုပ်ငန်းပြပွဲ၊ ဓါတ်ပုံပြပွဲများပုဂံတွင် ကျင်းပမည့် အကြောင်း သတင်းထုတ်ပြန်ခြင်း အခမ်းနားတွင် ၎င်းကအထက်ပါ အတိုင်း ထိုးနှက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ခေါ်။ ကောင်းကောင်းမွန်မွန်ကျွေး။ ဆီဒိုးနားမှာ ခေါ်တယ်။ ကျွေး တယ်။ စာအုပ်တွေပေးတယ်။ နေလည့်စာတွေကျွေးတယ်။ဘယ်ဂျာနယ်မှာမှ အာဆီယံ - ဂျပန်ကို မရေးခဲ့ဘူး။ အာဆီယံနိုင်ငံ တစ်ရာကျော်လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေရေးတယ် ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျစရာကောင်းပါတယ်။ ကောင်းတာမမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။နိုင်ငံတော်ကသွားနေတဲ့ ကောင်းတဲ့ လမ်းကြောင်းကို တဘက်သတ် မကောင်းတာအသိ အမှတ်မပြုသလို ဖြစ်နေတယ်” ဟုလည်း ၎င်းက ဆက်လက် စွပ်စွဲပြောကြားသည်။ “မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော်စိတ်ပျက်တယ်။ပြည်ပမီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ်သူ့လုပ်တာ။ ပြည်တွင်းမီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ်ရောင်းရတယ်ဆိုတဲ့ အိုင်ဒီယာရှိနေရင်တော့ အတွေးတွေမှားနေပြီ။ လွဲနေပြီဟု ၄င်းက ဆိုသည်။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သည်။

ညီငယ် ဇော်တူးမှ ရေးသားပေးပို့ပါသည်..။

ယခုကဲ့သို့ ဇေကမ္ဘာဦးခင်ရွှေ၏ တရားလက်လွတ် ပြောဆိုမှုများဟာ ပြီးခဲ့တဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းအား အများပြည်သူမှ ကန့်ကွက်ခဲ့စဉ်က အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ မဆင်မခြင်၊ တရားလက်လွတ် စော်ကားပြောဆိုမှု ပုံသဏ္ဍာန်နှင့် အလားတူ နေပါတယ်..။

(မှတ်ချက်...) ၈၈အရေးအခင်း ကာလအတွင်း ထိုစဉ်က မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ယခုကြံ့ဖွတ်လွှတ်တော် အမတ် ဇေကမ္ဘာဦးခင်ရွှေဟာ ဆန္ဒပြပွဲ ကာလအတွင်း မြင်းစီးအဖွဲ့ချုပ်အနေဖြင့် ဆန္ဒပြပွဲများအား ရန်ကုန်မြို့တွင်း၌ မြင်းစီး၍လှည့်လည်ကာ ဆန္ဒပြမည်ဟု ထူးခြားဆန်းကျယ်သော အကြံဥာဏ်ပေးခဲ့မှုကြောင့် အများ၏ ကန့်ကွက်ခြင်းကို ခံခဲ့ရဘူးပါသည်..။

12 comments:

  1. ဦးခင်ရွှေပြောတာ နဲတောင်နဲသေးတယ်

    ReplyDelete
  2. ဟုတ်တယ် အပေါ်ကလူပြောတာ မှန်တယ် ဦးခင်ရွှေပြောတာ နဲသေးတာပေါ့၊ တကယ်ဆို ဦးခင်ရွှေတယောက် သတင်းထောက်တွေရှေ့မှာ ပုဆိုးချွတ်ဘောင်းဘီချွတ်ပြီး ကြမ်းပြင်ပေါ်ခြေဆောင့် လူးလှိမ့် အာဖြဲနားဖြဲအသံဗြဲနဲ့ ဘူးဟူးဟူး... ဝူးဝါးဝါး... အော်ငိုပြီး ဝန်ကြီးများရုံးကို တိုးရစ်အနှိပ်သည်ခန်းဖြစ်အောင် လုပ်ခွင့်မရခဲ့တာ မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်သင့်တယ်။ ဟုတ်တယ်မဟုတ်လား ကိုယ့်လူ။

    ReplyDelete
  3. ကောင်းတာလုပ်ရင် ကောင်းတာရေးကြမှာပေါ့ ... ပိန်းလိုက်တဲ့ ကြံ့ဖွတ်အမတ်

    ReplyDelete
  4. အောင်မြင့်November 23, 2011 at 4:14 PM

    ဦးခင်ရွေပြောတာ ဟုတ်ပါတယ်။ နေရာတကာ မီဒီယာသမားအလိုကျ လိုက်ဖို့ကတော့ အဟုတ်သေးဘူး။

    ReplyDelete
  5. စကား စကားပြောပါများ သည်အထဲမှ ဇာတိပြသည် တဲ့
    အားလုံးသိကြမှာပါနော်။
    တကယ်ဘဲမထိုက်တန်ပါ အပြည့်အ၀ထောက်ခံပါသည်၊
    သည်လိုအနေအထားတခုတွင် သည်ကဲ့သို့ မတုန့်ပြန်သင့်ပါ။
    စာနယ်ဇင်းအဖွဲ့အစည်းများ တရားမျှတတဲ့ ဥပဒေဘောင်အတွင်းမှာ စည်းကမ်းတကျပြန်လည်အောင်မြင်စွာ ရင်ဆိုင်နိုင်ပြီး တိုင်းပြည်အကျိုးယခုကဲ့သို့သယ်ပိုးဆောင်ရွက်နိုင်ပါစေ....
    .........သတင်းကိုသတင်းဖြင့် ကောင်း ကျိုးပြုမည်.....

    ............

    ReplyDelete
  6. စိတ်ချ ဖွတ်တွေရေ.. နောက်အလှည့် ၁၁၀ ရာခိုင်နှုန်း မဲခိုးတောင် မင်းတို့မနိုင်စေရဘူးကွ။

    ReplyDelete
  7. ဦးခင်ရွှေက ခေတ်ပျက်တုန်း သူဌေးဖြစ်လာပြီး ပိုက်ဆံရှာတတ်ရုံကလွဲလို့ သိပ်အမြော်အမြင် မရှိတဲ့လူတစ်ယောက်ပါ။ အန်ကယ် ဦးခင်ရွှေ ရေ ခေတ်ပြောင်းနေပြီ။ Please wake up.

    ReplyDelete
  8. He is low class,
    He made money from Public's funds and being sitting on no right place.

    ReplyDelete
  9. ဦးခင်ရွေကဒီလိုဘဲ ပေးလိုက်ကြွေလိုက်နဲ လုပ်နေတာကြာပြီ ဆိုတော့အကြင့်ပါနေပြီလေ
    သူပေးရင် သူကြွေးရင် သူပြောတဲ့အတိုင်းလုပ်မယ်ထင်နေတာ... သတင်းသမားတွေကို ဗိုလ်ချူပ်တွေလိုဆက်စံလို့မရတာကိုသူမသိဘူး

    ဒေါက်တာခင်ရွေရေ နောက်ထပ် ဒေါက်တာလက်မှတ်တွေဝယ်လိုက်အုန်း ...သတင်းသမားတွေကို လိုက်မှီအောင်လို့

    ReplyDelete
  10. ခငိရွှေဆိုတဲ့အင်ရွှေဟာ T.H.S စက်မူ့အထက်တန်းကျောင်းဆင်းပဲရှိပါတယ်.
    စက်မူ့ ၁ မှာ ကန်ထရိုက်ပေါက်စ စလုပ်ရာကနေ.ငတက်ပြားဇာတာပါလာတော့.
    သူ့ပထွေးစစ်ဗိုလ်တွေနဲ့ပေါင်းမိပီး.ဂွင်မိသွားတာပဲ.ငွေရမယ်ဆိုသမီးပေးပေါင်းတဲ့
    လူစားမျိုး.ဘယ်လိုကနေဘယ်လိုဒေါက်တာအင်ရွှေဖြစ်သွားလဲမသိပါးဘူးဗျာ..
    အရှက်မရှိတဲ့ကောင်.ဝန်ကြီးများရုံးတောင်.ခွက်စောင်းခုတ်တဲ့.မြီးကျက်မြီးစား.
    ခေါင်းကျက်ခေါင်းစားကောင်..

    ReplyDelete
  11. ဦးစိန်၊ ဂျပန်။

    ဇေကမ္ဘာ ဒေါက်တာ ခင်ရွှေ ဆိုတာ ”မဆလ” ခေတ်ကတဲက အာဏာရှိသူကို ဖားပြီးကြီးပွား လာတာ ”နဝတ” ခေတ်ရောက်တော့လဲ ဗိုလ်ခင်ညွန့် ကိုဖားပြီး ကြီးပွားပြန်ရော။ ဗိုလ်ခင်ညွန့် ပြုတ်တော့ ဗိုလ်သန်းရွှေ အလိုကျအောင် ဖန်တီးနှိုင်ခဲ့တယ်။ သူကဖါးသလို သူ့ကိုဖါးတာပဲ သူကြိုက်တာ၊ မေးခွန်းသွား ထုတ်တော့ နှာကောက်တာပေါ့။
    သတင်းသမားကြီးတွေခင်ဗျား.. ခင်ရွှေ ရခဲ့တဲ့ ဒေါက်တာဘွဲ့ ဆိုတာကြီးကို နှောင်းလူငယ် တွေ သိရ အောင် ပြန်အစဖေါ်ပေးဘို့ လိုအပ်လာပြီ၊  ဒီ ဒေါက်တာအတုဘွဲ့ ဆိုတာက သူဝယ်ယူခဲ့တာ မဟုတ် ဘူး..၊ သူ့ကိုညာ ပြီး ရောင်းသွားတာကို ခံလိုက်ရတာပါ။ ထိုစဉ်က သူ့ဆရာရင်း ဗိုလ်ခင်ညွန့်ကတောင်မှ သူတို့ မွေးတဲ့လူ(ခင်ရွှေ) ကလဲ ပြည်ပကပေးတဲ့ ဒေါက်တာ(ဒေါက်တာအတု)ဘွဲ့ ရတာကို ရှက်ရ ကောင်းမှန်းမသိ ဂုဏ်ယူဝင့်ကြွားလိုက်ပါသေးတယ်..။
    ဒီလူ့ရဲ့ ပင်ကိုယ် အရည်အချင်းကိုကြည့်ရအောင်…..၊ လွန်ခဲ့တဲ့ သုံးလေးလ လောက်က RFA မှာ သူကိုယ်တိုင်ဖြေသွားခဲ့တာ..။ ယ္ခု သူတည်ထောင်လုက်ကိုင်နေတဲ့ ဗုဓ္ဒဘာသာပြန့်ပွားရေး အသင်းဟာ ရာခိုင်နှုံးပြည့် NGO ဖြစ်ပါတယ်တဲ့ ၊ ပြည်ထဲရေး ဝန်ကြီး နဲ့ သာသနာရေး ဝန်ကြီး တို့လဲ အတူပါဝင်လုပ်ဆောင်ပါတယ် တဲ့။ ”NGO ဆိုတာအစိုးရနဲ့ မပတ်သက်တဲ့ လုပ်ငန်းဖြစ်လို့ သူလို လွတ်တော်အမတ်တို့ ဝန်ကြီးအဖွဲ့ ဆိုတာတို့ နဲ့ မပတ်သက်ပါဘူး” လို့ ဆိုတာလောက်မှ နားမလည်တဲ့ လူကြီး လူတတ်ယောင်ဆောင် လူငဖါး ကြီး၊ ဗုဓ္ဒသာသနာအရောင်ပြထားသော်လဲ မြေသိမ်း မြေခိုး ပြသနာ များစွာကို အာဏာအရှိန်နဲ့ မောင်ပိုင်စီး လုပ်ခဲ့တဲ့ သူ့ကို နေရာမှန် ရောက်အောင် အဖြစ်မှန်တွေ ပြန်ဖေါ်ဘို့ ဝိုင်းလုပ်ကြဖို့ လိုအပ်နေပြီ။

    ReplyDelete
  12. ဟေ့ကောင် ခင်ရွှေ ! မင်းပိုက်ဆံဘယ်လိုပုံစံနဲ့ ရှာခဲ့တယ်ဆိုတာ မင်းအသိဆုံးဖြစ်မှာပါ မင်းလို ဖေါ်လှန်ဖါးတွေလုပ် အခွင့်အရေးတွေယူ နောက်ဆုံး သမီးထိုးကျွေးတဲ့ အနေအထားလောက်နဲ့ ကိုယ့်ကိုကိုယ် ဟုတ်လှပြီမထင်နဲ့ မင်းက မတရားရတဲ့ငွေနဲ့ ပေးကမ်း ကျွေးမွေးပြီး လိုချင်တဲ့ပုံစံသွင်းတာ မင်းတို့ တိရိစ္ဆာန် အသိုင်းအဝိုင်းမှာပဲရမယ် ဟေ့ကောင်မှတ်ထား တစ်နေ့ မင်းအလှဲ့ရောက်လာမှာပါ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။