ရပ်၍ ရွေ့နေသူ
ကဗျာရှင် နေစကြာနိုင်
ချက် ချက် ချက် ချက်
ရွေ့လျားဂီတ စည်းချက်များနဲ့
နေထွက်လာတာ ငါမြင်တယ်။
အရောင်တွေတောက်ပစွာ ပျံသန်း
တက်ကြွတဲ့ခြေလှမ်းတွေ
တသောသောရွေ့နေရာကနေ ပြိုကျ၊
အလိုမကျတဲ့ ညည်းညူဂီတ
သံစဉ်များနဲ့ လေးတိလေးတွဲ့
နေ၀င်သွားတာ ငါမြင်တယ်။
အရိပ်တွေချည်း
တိတ်တဆိတ်ချွေးသိပ်လို့
အိပ်မောကြနေတုန်း၊
အိပ်မောကြနေတုန်း၊
ရှူရှိုက်ဂီတ လင်းပျပျနဲ့ ပြတင်းဝက
လထွက်လာတာ ငါမြင်တယ်။
ဝင်သူထွက်သူ ရှူသူရှိုက်သူ
ငိုသူပြိုသူ ထိုသူအားလုံး
လောကကြီးနဲ့ တခြမ်းစီ ရွေ့နေကြချိန်
ငါဒီမှာ ထိုင်နေတယ်။
ဒါပေမယ့်……………………..
ငါက အားလုံးထက်ပိုပြီး ရွေ့နေတယ်
နေစကြာနိုင်
(၁၈.၁၁.၁၁) နံနက်(၆:၂၈)

လာလည်သွားပါတယ်... ကျနော့် သီချင်းဆိုဒ်ဆီကိုလည်း လာပြီး အပန်းဖြေပါဦး..
ReplyDeleteMyanmar Online Mp3 Songs: http://www.myanmaronlinemusic.com
ကျေးဇူးပါ...