Pages

Wednesday, November 23, 2011

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တောင်းစားနေကြသူများ... (တိုင်ကြားစာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဓာတ်ပုံ တိုင်ကြားသူ)
လေဆိပ်မှ အစဉ်အဆက် အကျင့်ပျက်ဝန်ထမ်းများ

ဘယ်လောက်ပဲ အထက်ကပြောင်းပြောင်း အောက်ခြေအဆင့်က လိုက်ပြောင်းဖို့ မစဉ်းစားကြ

နိုင်ငံခြားထွက်ဖူးသူတိုင်း. ပြန်လာမည့်သူကို ကြိုဖူးသူတိုင်းအတွက် ဘယ်နိုင်ငံမှာမှ မတွေ့ဖူးသော လေဆိပ်ထဲဝင်ရန် ဖောင်ဖြည့်ခိုင်းခြင်း စံနစ်ကတော့ မြန်မာနိုင်ငံတွင် မည်သည့်အခါမှ ပျောက်ဆုံးပါမည်လဲ။

တရားဝင်ဖောင်ဖြည့်လျှင် ၅၀၀ ကျပ်. 

ဖောင်မဖြည့်ချင်သော သူများက အပေါက်စောင့်ကို ၅၀၀ကျပ် ပေးကြသည်။ ရွာမှလိုက်ပို့သူ မလည်မ၀ယ် ပုံစံဆိုလျှင်တော့ ၁ထောင်ကျော် ၂ထောင်ကျော်လောက် အပေါက်စောင့်က လိုချင်သေးသည်။ ဧည့်လမ်းညွှန်များမှ ၁ထောင် ၂ထောင်လောက် အသာလေး မုန့်ဖိုးပေးသောအခါ အလွယ်တစ်ကူ မပေးသော အမြဲမြင်နေကြ ဧည့်လမ်းညွှန်ဆိုလျှင်တောင် ၀င်ခွင့်ဖောင် ဖြည့်ခိုင်းသေးသည်။ ၀င်ခွင့်ဖောင်သည် မည်သည့်အတွက်နည်း လေဆိပ်ရန်ပုံငွေအတွက်လား… လေဆိပ်လုံခြုံရေး အတွက်လား လေဆိပ်လုံခြုံရေး အတွက်ဆိုလျှင် စစ်ဆေးသည့် ကရိယာများ တပ်ဆင်ထားကြသည်။ လူကိုယ်တိုင် စစ်ဆေးသည် တော်ပီပေါ့။

ဒီကြားထဲ ချက်ကင် ကောင်တာ  လ.၀.ကနားအထိ လိုက်မည့်သူ ဆိုလျှင်တော့ မပြောနှင့်တော့ ဆိုက်ရောက် ဗီဇာပြုလုပ်မည့် ခရီးသွားကုမ္ပဏီများမှ တရားဝင်စာဖြင့် လာကြသည်။ လ.၀.ကသို့ အကြောင်းကြားသည့် စာနှင့် တစ်ကွ မှတ်ပုံတင်ပဲ ပေးလို့ကတော့ ခဏစောင့် ကဒ်မရှိသေးဟု ပြောကြသည်။ စာနှင့်တကွ ပိုက်ဆံ ၁ထောင်ခန့် ထည့်ပေးလျှင်တော့ ၀င်ခွင့်ကဒ် တစ်ကဒ် ထုတ်ပေးသည်။ ၃ ကဒ်လောက် လိုချင်လျှင်တော့ အနည်းဆုံး ၃၊ ၄ ထောင်ခန့်ပေးရမည်။

နယ်မှအမျိုးများ နိုင်ငံခြားထွက်မည့် မိမိတို့ဆွေမျိုးများအား လိုက်ပို့ချင်သည်။ လ.၀.က ကောင်တာနားအထိ လိုက်ကြည့်ချင်သည်။ ဘာမှမပြောနှင့် ၇ထောင်လောက်သာ ပေးလိုက် လိုက်ပို့ခွင့် ကဒ်၃ ကဒ်လောက်က အလွယ်တစ်ကူ ထွက်လာသည်။ ကုမ္ပဏီမှ လာကြိုမှ ထွက်လို့ရမည့် ဆိုက်ရောက်ဗီဇာဖြင့် လာမည့် ခရီးသွား ဧည့်သည်မှာ ပိုက်ဆံမပေးမိ၍ လ.၀.ကကောင်တာ နားအထိ ၀င်ခွင့်ကဒ် မရသေးသောကြောင့် အပြင်တွင် ရှိနေသေးသည့် ကုမ္ပဏီမှ လာကြိုသူကို စောင့်ပေဦးတော့။ ပေးလျှင်တစ်မျိုး မပေးလျှင်တစ်မျိုး ရုပ်ဆိုးစွာ ဆက်ဆံတတ်သော အကျင့်ပျက် ၀န်ထမ်းပေါင်းများစွာ စုစည်းရာ လေဆိပ်သည် နိုင်ငံတစ်နိုင်ငံ၏တိုးတက်မှုနှင့် အကျင့်ပျက်မှုအား နိုင်ငံမျက်နှာစာ မုခ်ဦးတံခါးဝ လေဆိပ်မှာပင် အလွယ်တကူ သိရှိနိုင်သော နေရာဖြစ်ပါသည်။
 (မဆင်မခြင် လာဘ်စားမှုများနဲ့ ပြည့်နှက်နေတဲ့ လေဆိပ် အတွင်းပိုင်း မြင်ကွင်း)
လေဆိပ်မှ အိမ်သာတွင် ဘိုထိုင်အိမ်သာ တပ်ဆင်ထားသောလည်း ရေအိမ်သုံး စက္ကူကားမရှိ ရေများက ပြည့်လျှက် အပေါက်စောင့်မူကား လာသမျှလူအား လုံခြုံရေးစစ်ဆေးဖို့အတွက် တစ်နေကုန် နေ့တွက်အတွက် ၀င်သမျှ ပိုက်ဆံလက်ကို မှောက်လျှက် (ဖြန့်ထားလျှင်ပေါ်တင်ကြီးကိုး) တောင်းရန် အသင့်စောင့်လျှက် ရှိနေပါသည်။ မိမိဧည့်သည် နိုင်ငံခြားသား တစ်ဦး လေဆိပ် အိမ်သာသို့ ဝင်ရာ အိမ်သာသုံး စက္ကူကမရှိ အပေါက်စောင့်က အိမ်သာသုံး စက္ကူအတွက် ၁ဒေါ်လာတောင်းသည်...။ ဒေါသဖြစ်ပြီး မပေးခဲ့ နိုင်ငံစုံ ရောက်ဖူးသည့် မည်သည့်လေဆိပ်မှာမှ အိမ်သာ စက္ကူဘိုး ငွေတောင်းတာ မကြုံဘူးသည့် အဆိုပါ မိတ်ဆွေ နိုင်ငံခြားဧည့်သည် လက်ဖျားခါသွားသည်... နောက်တခါလာဖို့ စဉ်းစားမည်တဲ့။

အိမ်သာမှ ဧည့်လာပေမည် အထက်က မည်မျှမိမိနိုင်ငံကို လာပါလည်ပါ.. မည်မျှကောင်းကြောင်း ပြောဆို ဖိတ်ခေါ်နေပါစေ... နိုင်ငံ၏ တံခါးဝ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဤအရပ်၌ ထိုထိုသော အကျင့်ပျက် ဝန်ထမ်းများကြောင့် ခရီးသွား ပြည်တွင်းနိုင်ငံသားများ စိတ်အနှောက်အယှက် ဖြစ်ရသလို ပြည်ပနိုင်ငံခြားသားများ အတွက် အရှက်ရစရာ၊ နိုင်ငံမျက်နှာ အိုးမည်းသုတ်စရာ ဖြစ်မနေပေဘူးလား။ များမကြာမှီ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက် လာတောမည့် အိမ်သာလို့ ဧည့်လာတော့မယ့် အခြေအနေ အခင်းအကျင်းများ အတွက် သက်ဆိုင်ရာမှ အသေအချာ ကွင်းဆင်းလေ့လာ စောင့်ကြည့်ပြီး အရေးယူပေးဖို့ အပြုသဘောဆောင် တိုင်ကြားလိုက်ရပါတယ်..။

လုပ်ငန်းရှင်တစ်ဦး..

15 comments:

  1. အမလေး ကွင်းဆင်းလေ့လာ အရေးယူလည်း ခဏတဖျောက်ပေါ့.... ခေါင်ကမလုံတော့ ရေယိုတာ မဆန်းပါဘူး... ရှက်စရာ ဒီအကျင့်ဆိုးကတော့ ပျောက်နိုင်မယ် မထင်တော့ပါဘူးဗျာ..........

    ReplyDelete
  2. မည်သည့် နိုင်ငံ မှ လဝက ကောင်တာ(Immigration counter) အထိ၊ ဥပဒေ(Rule and regulations) အရ ပို့ဆောင် ကြိုဆိုခွင့် မရှိပါ။ လဝက ကောင်တာ သည် လေဆိပ် လုံခြုံရေးနေရာAirport security area ဖြစ်ပါသည်။ Public အများတကာ သွားရောက်ခွင့်မရှိသော နေ ရာ ဖြစ်ပါသည်။

    မြန်မာပြည်မှ VIP ဆိုသော အကျင့်ပျက် အာဏာအလွဲသုံးစား သူများ၊ VIP ဖင်နားကပ်နေရသူများ က စတင် ပြီး၊ အများတကာ ထက် ကျောပြီး အခွင့်အရေး ပိုယူလိုမှု များ ကြောင့် စခဲ့ သော ၊ လဝက ကောင်တာ အထိ လိုက်ပို့ သော အကျင့်ကြီး ပေါ်ပေါက် ခဲ့ ခြင်းဖြစ်ပါသည်။ "VIP" ဆိုသူများ ဥပဒေ ကျော်လွန်ပြီး အခွင့်အရေး ပို ယူမှုကြောင့် အကျင့်ပျက်၊ ထောက်လှမ်းရေး၊ လုံခြုံရေး ဝန်ထမ်းမျာ၏ ငွေ "ဖန်" ရာ အကွက်ကြီး ဖြစ်လာ ရပါတော့ သည်။

    သို့သော် Check-in counter လေယဉ်လက်မှတ် ပြသောနေရာ နှင့် လေဆိပ် ကြိုပို့ခန်းမ ဧရိယာ Airport main Lobby သည် အများပြည်သူ နေရာ Public Area ဖြစ်ပြီး၊ မည်သည် ပုံစံဖေါင်(form) ဖြည့်စရာ မ လိုဘဲ၊ ပို့ဆောင်ကြိုဆိုသူ များ လွတ်လပ်စွာ ဝင်ထွက် သွားလာ နိုင်သော နေရာ ဖြစ်ပါသည်။ အခြားနိုင်ငံများသို့ ရောက်ရှိ ဘူး သူတိုင်း ဤအချက်ကို သိ မည်ဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင်မူ မဆလ လက်ထက်က စပြီး လုံခြုံရေး အကြောင်းပြ ကာ နိုင်ငံတကာ လေဆိပ်များတွင် ၊ အများပြည်သူ လွတ်လပ်စွာ ဝင်ရောက်ခွင့် ရှိ သော ၊ Public Area ဖြစ်သော၊ လေဆိပ်ခန်းမ ဝင်ရောက်ခွင့် သည် စစ်ထောက်လှမ်းရေး (MI) ၊ စသုံးလုံး(SB) အစရှိသည့်အဖွဲ့အစည်း များမှ အကျင့်ပျက် ဝန်ထမ်း များ၏ ပြည်သူလူထု ကို ငွေညှစ် အေးဓမြ တိုက် သော ၎င်း တို့ ၏ ငွေရှာကွက် ဖြစ်လာရပါသည်။

    VIP ဆိုသော သူများ ၊ ၎င်းတို့ ဖင်နားကပ် နေသူများ အာဏာ အလွဲသုံးစား ပြုကာ ၊ အခွင့်အရေး ပိုယူလိုသော အကျင့်ဆိုးများ(ဗိုလ်ချုပ်အောင်းဆန်း ပြော ခဲ့တဲ့ သောက်ကျင့်တွေ) မပျောက် မချင်း၊ မြန်မာနိုင်ငံ လေဆိပ်မှာ ဒါတွေ ဆက်ဖြစ်နေ အုံးမည် ဖြစ် ပါ သည်။

    (ကျွန်တော်သည် မြန်မာနိုင်ငံ လေဆိပ်တွင် အနှစ် ၂၀ နီးပါး တာဝန်ထမ်း ဆောင်ခဲ့သော အရပ်သား ဝန်ထမ်းတဦးဖြစ် ပါသည်။)

    ReplyDelete
  3. အဂတိတရားကင်းစင်
    ပြည်ခွင်သာယာစေဘို့ 
    တိုင်ကြားစာအားလေးနက်ထားကာ
    အရေးယူဆောင်ရွက်ပေးပါဗျို့ ..။

    ReplyDelete
  4. ဘယ်နိင်ငံလေဆိပ်မှာမှ မဖြည့်ရတဲ့ဖောင်တွေ ဖြည့်နေရတာ ခရီးသည်တွေလဲ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ နိုင်ငံရဲ့မျက်နှာလဲ အရုပ်ဆိုးလှပါတယ်.
    အာဏာရှင်တွေ ဖျက်လို့ နေရာတိုင်းပျက်စီးနေတာကို သန့်ရှင်းသောအစိုးရက ပြုပြင်မည်ဟု ပြည်သူများက မျှော်လင့်နေပါသည်.

    ReplyDelete
  5. ပြည်ပကပြန်လာတဲ့ အလုပ်သမားတွေကို အမဲဖျက်သလို ၀ိုင်းပြီး ရသလောက်ပိုက်ဆံတောင်းနေတာတွေကို မြင်တိုင်း စိတ်ဆင်းရဲလှပါတယ်.ကိုယ်ချင်းစာတရားထားသင့်ပါသဗျာ.
    ပြီးတော့ တရားမ၀င် ပြည်ပကလူနဲ့ချိတ်ပြီး ပစ္စည်းမှောင်ခိုသွင်းနေတာကို လေဆိပ်ဝန်ထမ်းတွေက ထုတ်ယူနေတာကိုလဲ ခဏတိုင်းတွေ့ပါတယ်။

    ReplyDelete
  6. I had bad experience in Myanmar airport during my last visit to Myanmar in November. 3 Flights arrived almost same time in the morning and very long queue at immigration counters at arrival. 6 of 10 counters were opened for Foreigners and Diplomats. I was from 2nd flight and about 15 persons infront of me. Immigration officers work progress is very slow for all 6 counters. I queue almost 1 hour there to pass immigration counter. I observed all other foreigners were suprizing with slow progress of immigration officers. Everyone count how many minutes for one person clearance at immigration cunter because of too slow movement. Japanese, Taiwanese and many westerners at that days. They felt very unconfortable with this type of long queue and standing. I saw high rank immigration offices came out and see the situation but no further action was done. Once I passed to immigration counter, i saw more than 50 person were queueing for each counter and I believe they would have bad experience too at Myanmar international arrival. I was thinking that how Myanmar Immigration will handle if more flights arrive daily and more tourists come to Myanmar after few years. Myanamr Immigration Department really need to improve their clearance system at International Arrival otherwise that will be bad image for country. I saw good improvement with custom clearance in International Arrival. Every bags need to do X-ray check at customer counters but no more unnecessary check/search like before. No more asking money/cigarette or Bottle. Also found some impoovement for baggage trolley at arrival. Previous time, no trolley was allowed to push out from arrival bilding to outside and need to pay money for airport porter (just for 5 to 10 meter away from building inside to outside car park). Another improvement is that we can rent the GSM/CDMA sim cards (2 USD/day but need to put deposit 50 USD) at Yadanarpon Teleport counter that is just after customer counters and near to Money Changers. But please be careful that Yadanapon Teleport counter opens from morning 7 am and I had bad experience there again to wait from 6 am to 7 am to return the sim card and to refund USD deposit (my return flight was on 8 am and I needed to rush for check in after this. No contact information was there at Yadanapon Teleport counter and I really disappointed with them. At least they should leave some message/information, contact nummber or their operation hours and that should suitable with internation departure flights times.

    KP@SG

    ReplyDelete
  7. အေးခိုင် အေးအေးခိုင်posted in စစ်အစိုးရဆန့် ကျင်ရေး. ရန်ကုန်/နယ်စပ်တာဝန်ကျများအနက်တန်စိုးလက်ဆောင်၊ ရိုက်ကြေး၊မှောင်ခို
    by Nyan Winthet on Saturday, April 23, 2011 at 3:01pm

    အေးခိုင်

    အေးအေးခိုင်posted in စစ်အစိုးရဆန့် ကျင်ရေး.

    ရန်ကုန်/နယ်စပ်တာဝန်ကျများအနက်တန်စိုးလက်ဆောင်၊

    ရိုက်ကြေး၊မှောင်ခိုblackကြေး၊လ္ဘက်ရည်ဖိုး၊ဂိတ်ကြေး၊ခွဲ

    တမ်း၊လုပ်သွားအုံး၊ကြည်.ကျက်လုပ်၊အပိုကြေးတောင်းလို.

    ၊ဓါတ်ဆီဆိုင်မှာတရားဝင်ဟုဓါတ်ဆီခိုးခွငိ့ရလို.အများဆုံး

    ရနေသူ၊လာဘ်ငွေတောင်းမှုမှပြန်ရုံးထွက်၍လွတ်မြောက်

    လာသူများသည်"စစ်အစိုးရအားဘိနပ်တိုက်၊ခိုးလို.၊အပို

    ကြေးတောင်းလို.ရတဲ.တဝက်ကျော်ကိုဆက်ကြေးခွဲ

    တမ်းပေး၊ကန်တော.၊ဦးတိုက်ဝတ်ပြုခွင်.ရသူ/ဝတ်ပြုနေ

    သူ/အာဏာ၇ှင်ကြီးအကြိုက်အောက်ပေးကောင်းသူ(

    မိန်းကလေး)/စစ်အစိုးရနအဖမဆလအာဏာရှင်ကြီး၏အ

    မျိုးရင်းများသာသီးသန်.ဖြစ်"၍၄င်းတို.နေ.စဉ်အလုပ်ပြီးချိန်

    အိပ်ဆောင်ပြန်နားစားသောက်အပျော်အပါးသွားသည်.အ

    ချိန်နေရာမှာအဲနှီးကုတ်နှင်.ထု,ခုံ/ဒုတ်နှင်.ရိုက်,သုတ်သင်

    ရှင်လင်းဖျောက်ဖျက်နိုင်သူအားဆုငွေ/ပစ္စည်းမြောက်များ

    စွာပေးမည်ဟုလက်ကမ်းကြော်ငြာစာ/လှုံ.ဆော်စာများ

    နယ်စပ်တလျှောက်တွင်နှင်.တရုတ်ပြည်/စင်္ကာပူတွင်ဖြန်.

    ဝေနေကြောင်း၊ဤသတင်းမန္တလေးနှင်.နယ်မျြိ.ကြီးများ

    တွင်လျှို.ဝှက်ပျံ.နှံ.နေ၍အထူးစိတ်ပါဝင်စားတက်ကြွနေ

    နေကြကြောင်းကြားသိရပါသည်။(အေးအေးခိုင်)

    Sent at 10:41 AM on Saturday
    Like · · Unfollow Post · Share · Delete

    Write a comment...

    ReplyDelete
  8. ၁ဒေါ်လာတောင်းတာ အီးပါကုန်းပေးမလို့နေမှာပါ အထင်မလွဲပါနဲ့

    ReplyDelete
  9. ရွံရှာဖွယ်၊ စက်ဆုပ်ဖွယ် လဒ်စားကြသည့် ကိစ္စများပင် ဖြစ်ပါသည်။

    ReplyDelete
  10. အဲဒါကတော့ဟုပ်တယ်ဟေ့ကျနုတ်ကိုယ်တိုင်ကိုတွေ့ပါဗျလေဆိပ်မှာchack out ၀င်တော့ဒေါ်လာတစ်ဆယ်ပေးရတယ်ဘာအတွက်ဆိုတာမသိပါနောက်ပြီးအပေါ်ထပ်တက်တော့passport စစ်တဲ့ကောင်တာမှာpassport တုံးထုနေချိန်မှာမှတ်ပုံတင်ပြခိုင်းတယ်လေpassport စာအုပ်ဆိုတာမှတ်ပုံတင်သန်းခေါင်စာရင်းပုံစံ၁၇ ပုံစံ၁၉အားလုံးစုံအဆင့်ဆင့်စစ်ဆေးပြီးမှရခဲ့တာမဟုတ်လာဗျာနောက်ဆုံးလေယာဉ်ပေါ်တက်ခါနည်းဆဲဆဲများမှတ်ပုံတင်စစ်သေးတယ်ဘယ်သူကယူလာမှာလဲနိုင်ငံခြားမှာသုံးလို့မှမရတာအဲဒါမှတ်ပုံတင်မပါတဲ့သူတစ်ယောက်ကိုမြန်မာငွေ၃၀၀၀၀ကျပ်ပေးခဲ့ရပါတယ်ဗျာကိုယ်တွေ့ပါမယုံမရှိနဲ့သုငယ်ချင်းဒို့ရေ

    ReplyDelete
  11. နိုင်ငံခြားတွင်ကျွန်ခံပြီးပြန်အလာလေဆိပ်အရောက်တွင်ဘယ်နိုင်ငံမှာမှမရှိသောယူနီဖောင်းဝတ်သူတောင်းစားဒါးမြ(လ.၀.က၊အကောက်ခွန်၊လုံခြုံရေး)တို့၏တရားဝင်ဓါးမြတိုက်မှုအကြောင်းလေးလဲအပြည့်အစုံဖေါ်ပြပေးစေလိုပါတယ်ဗျာ...""""ဘာပါလဲ၊ပါတာပေးခဲ့၊မပေးဘူးလား၊အကုန်ဖွင့်စစ်မယ်၊အခွန်ဆောင်စာရွက်ပြ၊ညီလေး လက်ဖက်ရည်ဖိုးလေးလုပ်လေကွာ.ဟာမင်းက..၁၀..ထဲလား..ချောကလက်ပါပေးခဲ့..အော်မင်းက'စ'လုံးကပြန်လာာဆိုတောစလုံး၅၀လောက်ပေး။။ပါတိတ်ပါရင်ပေခဲ့ပါဦး""""စသည်ဖြင့်ပေါ့

    ReplyDelete
  12. တစ်ချို့က ယဉ်ကျေးပါတယ်
    " ညီလေး...အကိုဒို့အတွက် ဘာမှလုပ်မပေးတော့ဘူးလား" တဲ့
    အဟက်....

    ReplyDelete
  13. နှစ်ယောက်ဆိုရင်လည်း နှစ်ယောက်စာလုပ်ထားခဲ့ပါဟုပေါ်တင်တောင်းစားနေသော သူတောင်းစားကြီးများ.....

    ReplyDelete
  14. အင်း...
    ဘယ်တော့ မှ ပြီးဆုံးပါ့ မလဲ။
    ဗြုရိုကရက် ယန္တယားကြီးနဲ့  ခြစားနေတဲ့  ဝန်ထမ်းတွေ...။

    ReplyDelete
  15.ိအရပ်ကတို့ရေ d form ကြီးပြနေတာတောင် d form တင်တုန်းက ဘဏ်ချလန် မပြလို့တဲ့. ပိုက်ဆံတောင်းသေး ( ယူနီဖောင်း အခန့်သားဝတ်ပြီး တောင်းစားတာ )

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။