ကရင်ကျောင်းသာများရိပ်သာ ဖြစ်မြောက်ရေး (မော်လမြိုင် နည်းပညာတက္ကသိုလ်)
အနယ်နယ် အရပ်ရပ်မှ မော်လမြိုင် နည်းပညာတက္ကသိုလ် သို့လာရောက် ပညာသင်ကြားကြမည့် ကရင်လူမျိုး ကျောင်းသားလူငယ်များ နေထိုင်စားသောက်၊ ပညာသင်ကြားရေး အဆင်ပြေစေရန် အတွက် ရည်ရွယ်ပြီး ကရင်ကျောင်းသာများရိပ်သာ (မော်လမြိုင် နည်းပညာတက္ကသိုလ်)ကို အောက်ပါ အဖွဲ့အစည်း မှဦးဆောင်၍ ဆောက်လုပ်နေပါသည်။ အဆောက်အဦး ပြီးစီးပြီ ဖြစ်သော်လည်း အတွင်းပရိဘောဂ ကုတင်၊ စားပွဲ၊ ဘီဒို များလိုအပ်နေပါသေးသည်။ စေတနာရှင်များ ပါဝင်လှုဒါန်းနိုင်ပါသည်။
ကရင်ကျောင်းသာများရိပ်သာ ဖြစ်မြောက်ရေးကော်မတီ
မော်လမြိုင် နည်းပညာတက္ကသိုလ်
ကျနော်တို့ လဲမိမိတို့ ရဲ့ ကရင့် မျိုးဆက်သစ် လူငယ်တွေ ပညာရည် တိုးတက်စေဖို့ အတွက် ၀ိုင်းဝန်းထောက်ပံ့ကူညီကာအလှူငွေ များ ပါဝင်လှူဒါန်းရန်ဆန္ဒရှိပါသည်။ သို့ သော် တဦးတယောက်ထဲ လှူဒါန်းရန်မတတ်နိုင်ပါသဖြင့်  ပြည်တွင်းပြည်ပမှ ကရင်လူမျိုးများလည်းပါဝင်လှူဒါန်းကြစေချင်ပါသည်။ မှတ်ချက်။ ။ကရင်လူမျိုးတို့၏နာမည်များရှေ့ တွင် စောဆိုလျှင်စော မန်းဆိုလျှင်မန်း နန်းဆိုလျှင်နန်း နော်ဆိုလျှင်နော် ရေးသားခြင်းဖြင့်လုံလောက်ပါသည်။ ဦး တစ်လုံးထည့်သုံးရန်မလိုပါဟုထင်မြင်မိပါသည်။
ReplyDelete