ကဗျာရှင် နေရဲနီ
အကိုကြီး အမကြီးတို့ရယ်
အကြွေလေးများပါရင်
ငါးပြား ဆယ်ပြားလောက်
မုန့်ဘိုးလေးများ ပေးခဲ့ကြပါ။
ဦးဦးဒေါ်ဒေါ်တို့ရယ်
အနုတ်လေးများရှိရင်
ငါးမူးတစ်ကျပ်လောက်
ထမင်းဘိုးလေး စွန့်ခဲ့ကြပါ။
ဘိုးဘိုးဘွားဘွားတို့ရယ်
သနားသဖြင့်
၅ကျပ်၁၀လောက်
သဒ္ဒါသမျှ ပေးခဲ့ကြပါ။
ဆရာ့ကို သွားအကြောင်းကြား ပေးတဲ့အတွက်
၅၀၊ ၁၀၀လောက်တော့
ဆေးလိပ်ဘိုးကွမ်းဘိုးလေး
ပေးခဲ့ဦးလေ။
စာရေးကြီးလက်မှတ်ခအတွက်
၅၀၀ ၁၀၀၀လောက်တော့
လ္ဘက်ရည်ဘိုးလေး
လုပ်ခဲ့ဦးလေ။
ဆရာ့အတွက်ကတော့
၅၀၀၀၊ ၁၀၀၀၀လောက်တော့
ပေးရလိမ့်မယ်။
ဆရာကပြောတယ်
case က ကြီးရင်ကြီးသလို
ငါးသောင်း တသိန်းလည်းဖြစ်သွားနိုင်တယ်တဲ့။
GM ကပြောတယ်
လိုင်စင်အတွက် ၅ပုံးနဲ့ ၁၀ ပုံးကြားမှာရှိတယ်
တန်ဘိုးအနိမ့်အမြင့်နဲ့
အကွက်အကြီး အသေးပေါ်မှာ မူတည်တယ်
အိမ်ကိုလာခဲ့ပါတဲ့။
ညွှန်ချုပ်ထောက်ခံ ပေးဖို့အတွက်
သူ့လက်မှတ် ထိုးရမယ့်ကိစ္စမှာ
၁၀ပုံးအထက်မှာ ရှိမယ်။
ဧရိယာအကျယ်ဝန်းပေါ်မှာ မူတည်တယ်။
ဆိုင်မှာပြောမယ်တဲ့။
အဘကပြောတယ်
ပါမစ်အတွက် ပုံး၁၀၀နဲ့ အထက်မှာရှိတယ်
အလုပ်ဖြစ်မယ်ဆိုရင် အိမ်ကမမနဲ့ ပြောရမယ်။
အဘကြီးကပြောတယ်
ဟိုလမ်းမပေါ်က အဆောက်ဦးကို
သူ့မြေးနာမည် ပြောင်းပေးရမယ်
သူမဆင်းခင်မှာ စိတ်ချသွားချင်တယ်
အဘကြီးသမီး၂ယောက်က
စက်မှုဇုံမှာ မြေဧက ၅၀ တောင်းထားတယ်
အမြန်ဆုံးလုပ်ပေးပါတဲ့။
အစည်းဝေးဆုံးဖြတ်ချက်
ယူနီဆက်မှ အကူညီများ ဆက်ပေးရန်တောင်းခံရန်
အီးယူမှ လူသားချင်း စာနာထောက်ထားသော အကူအညီများ ဆက်ပေးပါရန်တောင်းဆိုရန်
ဂျပန်နိုင်ငံမှ ODA အကူအညီများ ယခင်အတိုင်းပေးစေရန်အတွက် ထပ်မံတိုက်တွန်းတောင်းဆိုရန်
အမေရိကန်နိုင်ငံမှ ပိတ်ဆို့ထားမှုများရုပ်သိမ်းပေးရန်တောင်းဆိုရန်
အကျဉ်းချုပ်သော်
အထက်ပါပုဂ္ဂိုလ် အပေါင်းသည်
နည်းခြင်းနှင့် များခြင်း
အရှိန်အ၀ါ ရှိခြင်းနှင့်မရှိခြင်း
ဒီ၂ချက်ဘဲကွာသည်။
တာဝန်နှင့်ဝတ္တရားကို လျစ်လျူရှုပြီး
ပေးဆပ်ခြင်းကင်း၍
လူ့ဂုဏ်သိက္ခာကို တန်ဘိုးမထားဘဲ
အရှက်မရှိတောင်းနေကြသော
သူတောင်းစား များသာဖြစ်တော့သည်။
နေရဲနီ

Xရှက် မရှိတဲ့ကောင်တွေ။
ReplyDeleteမြန်မာနိုင်ငံမှာ လျှပ်စစ်မီးလုံလောက်တယ်ပြောလိုပြော၊ ဟိုအဆောက်အအုံရောင်းစားချင်၊ဒီအဆောက်အအုံငှားစားချင်နဲ့သူအမေလင်နိုင်ငံကျနေတာပဲ။
ချီးစားပြီး ပြောရင်တောင်ကလေးတောင် လျှပ်စစ်မီးလုံလောက်တယ်ဆိုတာ မယုံဘူး။
ရပ်ကွက်ထဲမှာ မီးမလာလို့ မီးလာတဲ့အချိန်မျှော်ပြီး မီးလာရင် "ရေး..မီးလာပြီ" လို့ပြောလို့မှမဆုံးသေးဘူး ပျက်သွာတာ ငါတို့ကိုအုပ်ချုပ်နေတဲ့သူတွေ စောက်သုံးမကျလို့ လို့ လူတိုင်း ကလေးတိုင်းသိနေကြပြီ။
လက်နက်နဲ့အုပ်ချုပ်၊ မဟုတ်မမှန်တွေပြော၊ ဘလောင်းဘလဲနဲ့ ဒါလုပ်မယ်ဟိုဟာလုပ်မယ်နဲ့ မိန်မလိုမိန်းမရနဲ့ ဖြောင်မျက်နှာပြောင်တိုက်ပြီး ပြည်သူက ရွေးချယ်လို့ တက်လာရတယ်ဆိုလိုဆို။
ပြည်သူတွေ ဆီကနေ ရသလောက် လည်ပင်းညစ်ပြီး သူတို့တွေ မြိုဆို့နေတာ တနေ့ကျရင် တမျိုးလုံး ဓါတ်လိုက်ပြီး သေကြစမ်းပါစေဗျာ.... ... ...မေတ္တာထားချက်များ ကမ်းကုန်ပါ၏. ..(ပြည်သူ့ သဘောထား)
အဲသလို %#! ရှက်မရှိတဲ့ မဲသူခိုးတွေ က ခပ်တည်တည်နဲ့ ပြည့်သူ့ အစိုးရ တဲ့။ ပိုနေလို့ ရောင်းစားတာတဲ့။ မ A ရိုး သန်းရွှေနဲ့ မိသားစု ဆွေမျိုးဆက် ဦးစော မိသားစု ခံစားတာထက် အဆ တသန်း ခံစား ရမယ်။ ဝတ်ဆိုတာ နောက်ဘဝ မကူးဘူး။
ReplyDeleteIt should be published in Journals, in Myanmar. This is the best poem and the true poem which I have ever read in my life.
ReplyDeleteရုပ်တွေမှာ အတွင်းစိတ်ပေါ်နေတယ်နော်..
ReplyDeleteနေဝင်း နဲ့ သန်းရွှေ နောက်လိုက် အောက်ဆွဲ လူတသိုက်ကြောင့် မြန်မာပြည်သူအပေါင်း ဆင်ရဲမွဲတေပြီး ဒုက္ခပေါင်းစုံကြုံတွေနေကြရတယ် ဒီကောင်တွေဟာ အာဏာယစ်မူးပြီး တိုင်းပြည်က ထွက်သမျှ ရောင်းချရသမျှတွေကို မိသားစုကြီးပွါးချမ်းသာရေး သားစဉ်မြေးဆက် ကောင်းစားရေးအတွက် ပြည်သူတွေဆီကနေ ခိုးခဲ့ကြတယ် ဓါးပြတိုက်ခဲ့ကြတယ် ဒီလို မတရားပိုင်ဆိုင်မူ့အားလုံးကို တိုင်းပြည်အတွက် ပြန်လည်သိမ်းဆည်း အရေးယူကြရမယ်
ReplyDeleteမကောင်းတဲ့အကျင့်ဆိုးတွေနဲ့ 
ReplyDeleteပိုးထိုးလောက်ကိုက်ခြစားနေတဲ့
သုံးမရမဲ့အတူတူ..
ကိုနေရဲနီရေ..
ပြည်သူ့ ဆန္ဒတောင်းခံပြီးအဲဒီလူတွေအကုန်လုံးကို
အပြုတ်ဖြုတ်ပြစ်ရမှာခင်မျာ
တိုင်းပြည်ကိုပါလက်ညိုးထိုးပြီး
ReplyDeleteရောင်စားနေတဲ့သူတောင်းစားကြီးအဖွဲ့ ကို
ကျူပင်ခုတ်ကျူငုတ်မကျန်အောင်ရှင်းထုတ်မှသာရမယ်ဗျို့ ..........
အဘတို့မိသားစု ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ReplyDeleteအဘကျေးဇူးများ ဆပ်၍မကုန်နိုင်ပါ။
အထူးလေးစားပါတယ် ခင်ဗျာ့။
သားတပည့် ဥာဏ်ထွန်း(မဟာဗျူဟာ လေ့လာရေးအဖွဲ့)
တိုင်းပြည်ငွေကို တိုးတက်အောင်ရှာဖွေပေးနေသော မိသားစုဖြစ်သဖြင့် ရိုသေစွာ ဂါရ၀ပြုသင့်ပါသည်။
ReplyDeleteမသေမချင်း သားရည်ကွင်းနဲ့ ပြစ်သတ်ချင်တယ်။
ReplyDeleteလူ့ဂုဏ်သိက္ခာကို တန်ဘိုးမထားဘဲ
ReplyDeleteအရှက်မရှိတောင်းနေကြသော
သူတောင်းစား များသာဖြစ်တော့သည်။ ဒိထက်ဆိုးတာက မဟန ဆရာတော်တွေကပါ စားကြ၀ါးကြတာဗျို့..။
ဦးနေ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)
ပညာမတတ်လို့တောင်းစားရတာ
ReplyDeleteသူတောင်းစားဆိုတာပညာမတတ်ဘူးလေ
အဲဒီအဖွဲ့ ထဲဝင်ချင်ရင်တော့တောင်းစားမှရမှာသိပြီးသားဘဲမဟုတ်လား..
သန်းရွှေက မင်းအမေလင်မို့လို့လားကွ ခွေးမသား ဥာဏ်ထွန်း ခွေးလောက် အသိမရှိတဲ့ကောင် မင်းက အရိုးအယွင်းကိုက်နေရလို့ အူသံပေးတာလား မင်းတို့ ချီး brain တွေနဲ့ မဟာဗျူဟာတွေလုပ်နေကြလို့ တိုင်းပြည်မွဲနေတာ ခွေးမသား !
ReplyDeleteမဆဲကြပါနဲ့ဗျာ တောင်းပန်ပါတယ် နိုင်ငံကြီးသားပီသကြပါ။ နေရဲနီ
ReplyDeleteကဒါရွှေ မင်းအလှည့်ရောက်တော့မယ်နော်။
ReplyDelete