ယနေ့ မြင်တွေ့ရတဲ့ လုံခြုံရေး တင်းကြပ်ထားတဲ့ မြင်ကွင်း
ယနေ့ ရွှေတိဂုံစေတီတော်အရှေ့ဖက်မုဒ်ရှိ ကြေးသွန်းဘုရားကြီးရှေ့ မြင်ကွင်း..
(ဓာတ်ပုံ ဒီမိုကောင်းကင်၊ ဒီမိုဝေယံ)
၁၅ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ အပြီး ရန်ကုန်မြို့ ရွှေတိဂုံ အရှေ့ဖက်မုဒ်ရှိ ကြေးသွန်းဘုရားကြီး ရှေ့မှာ သံဃာတော်တွေ စုဝေးမယ်ဆိုတဲ့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်..။ ယနေ့ ၁၆ရက်နေ့မှာတော့ အဆိုပါသတင်းကြောင့် သက်ဆိုင်ရာမှ လုံခြုံရေးကို အထူးတင်းကြပ် ထားခဲ့ပါတယ်..။
ယနေ့ မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)က ငြိမ်းချမ်းရေး တရားပွဲ (၁၆၊ နိုဝင်ဘာ၊ ၂၀၁၁)
ကိုညိုကြီး ဖေ့စ်ဘွတ်မှ
ယမန်နေ့(၁၅၊ ၁၁၊ ၂၀၁၁)က မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် ဆရာတော် ဦးသောပါက အပါအ၀င် သံဃာငါးပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) ကျင်းပဆင်နွှဲခဲ့ပါသည်။
ပရိသတ် ...ဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး နေ့လည် ၁ နာရီက စတင်သည့် အဆိုပါ အခမ်းအနားသည် နေ့လည် ၂ နာရီတွင် ပြီးဆုံးခဲ့ပါသည်။
အခမ်းအနားကို မေတ္တာသုတ်သံပြိုင် ရွတ်ဖတ်ခြင်း၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေး အမှတ်တရ မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ပါသည်။
အခမ်းအနားအပြီးတွင် "သမ္မတကြီးအား တောင်းဆိုထားသော အချက်သုံးချက်ကို သဘောတူ ထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏ လက်မှတ်များ" အား ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံ ခဲ့သေးကြောင်း သတင်းရရှိပါသည်။
ညိုကြီး


ဒီလိုမျိုးနည်းတွေနဲ့ ဘယ်တော့မှငြိမ်းချမ်းရေးရမှာမဟုတ်ဘူး..
ReplyDeleteလူတွေဘာတွေဖြစ်နေသလဲ.ဘာတွေလိုချင်နေသလဲဆိုတာ.မသိချင်ယောင်ဆောင်
တဆိတ်ရှိဖမ်းမယ်.ထောင်ချမယ်.စစ်အင်အားတွေပြ.ဒါတွေခောတ်မရှိတော့ဘူး.
ထိပ်ပြောင်အနေနဲ့.ရပ်တန်းကရပ်ပါ.အမြန်ဆုံးငြိမ်ူချမ်းရေးရအောင်လုပ်ဖို့လိုနေပီ.
ကဒါဖီနောက်မှာလား.ဘဝကူးကောင်းအောင်လုပ်မလားဆိုတာ.စဉ်းစားပါ.