အမေ့အိမ်ပညာရေးကွန်ယက်၏ လက်ဆင့်ကမ်းအလှူ
အမေ့အိမ် ပညာရေးကွန်ယက်၏ ပူးပေါင်းလက်တွဲ ဆောင်ရွက်ရေး အစီအစဉ်အရ အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ) မှ အခြားမြို့ နယ်များရှိ အမေ့အိမ်ပညာဒါန ကျောင်းများသို့ အလှုငွေနှင့် စာရေးကရိယာများ ထပ်ဆင့် လှုဒါန်းမှုကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျှက်ရှိပါသည်။ ပြီးခဲ့တဲ့ စနေနေ့ (၁၂.၁၁.၁၁ ) က အင်းစိန်မြို့ ပစ်တိုင်းထောင် ပညာဒါနကျောင်းနှင့် ရွှေပြည်သာမြို့ စာသင်ကျောင်းများသို့ အမေ့အိမ်(လှိုင်သာယာ) ပညာရေးကော်မတီဝင်များ သွားရောက် လှုဒါန်း ခဲ့ကြပါသည်။
အင်းစိန်မြို့ ပစ်တိုင်းထောင် ပညာဒါနကျောင်းတွင် သူငယ်တန်းမှ အဌမတန်းအထိ ကလေးငယ် (၁၄၉) ယောက်ကို စေတနာဆရာ ဆရာမ (၈) ယောက်တို့က ပညာသင်ကြားပေးလျှက်ရှိပါသည်။ ရွှေပြည်သာမြို့ အမေ့အိမ် စာသင်ကျောင်း တွင် သူငယ်တန်းမှ အဌမတန်းအထိ ကလေးငယ် (၈၀) ယောက် ကို စေတနာဆရာ ဆရာမ ( ၅ ) ယောက်တို့က ပညာသင်ကြားပေးလျှက်ရှိပါသည်။
လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ



We would like to know the full address of Mother's Home at Shwe Pyi Thar for donation directly.
ReplyDeleteအပေါ်က မိတ်ဆွေခင်ဗျား
ReplyDeleteဆက်သွယ်ရန် လိပ်စာတွေပါ..
(၁ )အမေ့အိမ် ပညာဒါန စာသင်ကျောင်း
အမှတ်( ၃၅၂) ရန်ကြီးအောင်လမ်း( ရ )ရပ်ကွက်၊ ရွှေပြည်သာ
ကျောင်းတာဝန်ခံ။ ဒေါ်ငြိမ်းတင်( အငြိမ်းစား ဆရာမကြီး )
Tel : C/O 661639
( ၂ ) ပစ်တိုင်းထောင် ပညာဒါနကျောင်း
အမှတ်( ၆၂ရ ) သီတာလမ်း၊ စဥ့်ငူရပ်၊ အောင်ဆန်း၊ အင်းစိန်မြို့ 
ကျောင်းတာဝန်ခံ ။ ဦးလှငွေ ၊ ကိုကျော်ဝဏ္က
Tel : C/O 09 4933 6270
ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ