Pages

Monday, November 7, 2011

ခမရ (၃၂၁) လက်အောက်ခံ မို့ဘွမ်ရှေ့တန်းစခန်းမှ မတရားဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရတဲ့ ကချင်တိုင်းရင်းသူ ကလေးမိခင် ဒေါ်ဆွမ်လွတ်ရွယ်ဂျာရဲ့ နောက်ဆုံး သတင်းအခြေအနေ...

အဖွားဖြစ်သူမှာလည်း နေမကောင်းသည့်ကြားက စပါးကို သူမတဦးတည်း ရိတ်နေရသဖြင့် မြေးလေးကို သေချာဂရုမစိုက်နိုင် ဖြစ်နေပါသည်။

သို့ 

ဒီမိုဝေယံ သတင်းဌါန

ဖမ်းဆီးထိန်းချုပ်ခံထားတဲ့ ဒေါ်ဆွမ်လွတ်ရွယ်ဂျာနဲ့ ပတ်သက်ပြီး သတင်း ထည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒေါ်ဆွမ်လွတ်ရွယ်ဂျာကို ဖမ်းဆီးထိန်းသိမ်းထားတာ ဒီနေ့ နိုဝင်ဘာလ (၆)ရက်နေ့ထိ ဆိုရင် ဆယ်ရက်တိတိ ရှိပါပြီ။ ကျမတို့က ဒေသခံ အမျိုးသမီးတွေပါ။ သူမကိစ္စနဲ့ ပတ်သက်ပြီးစုံစမ်း၊ စောင့်ကြည့် လေ့လာနေသူတွေပါ၊ သူမရဲ့ အရိပ်အယောင်ကို နိုဝင်ဘာလ (၁)ရက်နေ့က စပြီးမတွေ့ ရတော့ပါဘူး။ အောက်တိုဘာလ (၃၁)ရက်နေ့  နောက်ဆုံးသူမကို စခန်းဝင်းတွင်းမှာ အဝေးကနေ တွေ့ခဲ့ရတာပါ။ 
ခမရ ၃၂၁ တပ်ရင်းရှေ့တန်း စခန်းဖြစ်တဲ့ မို့ဘွမ်တောင်စခန်း 
(ဆွမ်လွတ်ရွယ်ဂျာအား ဖမ်းဆီး ချုပ်နှောင်ထားသည့် တပ်စခန်းပုံ)
ထိုနေ့က သူမအပြင်မှာ ရပ်ပြီးသူမရဲ့ ရွာရှိတဲ့ဘက်မှာ မျှော်ကြည့်နေစဉ် စစ်သားလေးယောက် လာဆွဲခေါ်သွားပြီးသူမကို လှိုဏ်ခေါင်းထဲ ဆွဲခေါ်သွားတာကို နောက်ဆုံးကျမတို့ မျက်စိနဲ့ တပ်အပ်တွေ့မြင် ခဲ့တာပါ။ အခုဆိုရင် သူမသမီးလေးက နေမကောင်း ဖြစ်နေပါတယ်။ သမီးလေးက အမေကို တမ်းတမ်းတတ ခေါ်ရင်း ငိုလေ့ရှိတယ်ဆိုပြီး သူ့ကိုစောင့်ရှောက်နေတဲ့ အဖိုးနဲ့  အဖွားက ပြောပါတယ်။ စောင့်ရှောက်နေတဲ့ အဖိုးနဲ့အဖွားကလဲ အသက်ကလည်း ကြီးနေပြီ။ နေလည်း သိပ်မကောင်းကြပါ၊ ဆွမ်လွတ်ရွယ်ဂျာရဲ့ ခင်ပွန်းဖြစ်သူမှာသူမစိတ်နဲ့ ထမင်းလည်းမစားနိုင် တမိုင်မိုင်တငိုင်ငိုင်ဖြစ်ကာ စကားပြောရင် မတည်မငြိမ် တောင်ပြော၊ မြောက်ပြောဖြစ်နေပြီး သူနဲ့စကားပြောဆို အခက်အခဲဖြစ်ရသည် အထိဖြစ်နေပါသည်။
အဖမ်းခံခဲ့ရာမှ ထွက်ပြေးလွတ်မြောက်လာသူအဖိုးဦးမရူဇေဒေါင်မှာလဲ ထွက်ပြေးစဉ်က ဒူးခိုက်မိပြီး လမ်းမလျှောက်နိုင်ဖြစ်နေသဖြင့် မြေးလေးအား သေချာဂရုမစိုက်နိုင် ဖြစ်နေပါသည်။
အားလုံးကို တောင်းဆိုချင်တာတော့ တတ်နိုင်တဲ့ဘက်ကနေ သူမအမြန်ဆုံး လွတ်လာနိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးကြဖို့ တောင်းဆိုချင်တယ်။ သူမအသက်ရှင်လျှက် ရှိနေပါစေလို့ ဆုတောင်းပါတယ်။ ယခုနှစ် အစိုးရစစ်တပ်က ကေအိုင်အေအပေါ် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ ယခုလို ဒေသခံအမျိုးသမီးများနှင့် ပြည်သူတွေရဲ့ ဘ၀ဟာ လုံခြုံမှုမရှိ။ မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ ပေါ်တာဆွဲပြီး ရက်ရက်စက်စက် လူမဆန်စွာ နှိပ်စက်ခံရခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ တချို့အမျိုးသမီးတွေဆိုရင် ယခုထက်ထိ အလောင်းတောင်မတွေ့ ဖြစ်နေတဲ့ အဖြစ်တွေ ရှိနေပါတယ်။ (မန်စီမြို့ နယ်၊ ရွာသစ်ကြီး ကုန်းစခန်းမှာ ဖြစ်တဲ့ကိစ္စ)။
ဆွမ်လွတ်ရွယ်ဂျာတို့ (၃)ယောက်အား ဖမ်းဆီးသွားခဲ့သည့် ယာတဲ။ ထမင်းပန်းကန်များတောင် မသိမ်းနိုင်ခဲ့ပါ...
သေချာကြည့်ရှု စောင့်ရှောက်မည့်သူမရှိ အမိရင်ခွင်မှ ရုတ်တရက် ဆွဲထုတ်ခြင်း ခံလိုက်ရတဲ့ ဆွမ်လွတ်ရွယ်ဂျာ၏ အပြစ်မဲ့သမီးလေး မရူလွမ်းနော၏ အဖြစ်
ယခုဆွမ်လွတ်ရွယ်ကိုလဲ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ အနေနဲ့ရော ခမရ (၃၂၁) တပ်ရင်းမှူးအထိ သွား၍ လွတ်ပေးဖို့ အသနားခံခဲ့ပြီး ဖြစ်ပါသည်။ နိုဝင်ဘာလ (၂)ရက်နေ့ လွတ်ပေးမည်၊ စုံစမ်းဦးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အမှန်တကယ်တော့ မလွတ်ပေးခဲ့ပါ။ သူမအားမတွေ့ ရတော့သဖြင့် ကျမတို့ အလွန် စိတ်ပူပန်လျှက် ရှိပါတယ်။ ကျမတို့အနေနဲ့ ပြည်သူ့တပ်မတော်ဟာ နိုင်ငံတော်အစိုးရရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်လာစေရန် ဝိုင်းဝန်းကြိုပမ်း နေမှုအပေါ် ဖျက်ဆီးနေတဲ့ တပ်မတော် မဟုတ်ဘူးဆိုရင်တော့ဖြင့် အပြစ်မရှိတဲ့ ဒီအမျိုးသမီး၊ နို့စို့အရွယ် ကလေးမိခင်၊ အရပ်သူ၊ တိုင်းရင်းသူ တဦးအား အသက်ဘေးမထိခိုက်ဘဲ ပြန်လွတ်ပေးဖို့ မျှော်လင့်ပါတယ်။
စစ်သားများယူသွားပြီး မချွေရသေးပဲ ကျန်နေသည့် ဆွမ်လွတ်ရွယ်ဂျာတို့ တောင်ယာတဲမှ ပြောင်းဖူးများ ခြွေပြီး အိမ်သယ်သွားမည့် သူမရှိတဲ့ မြင်ကွင်း..
သူမမှာ ဘာအပြစ်တွေရှိလို့ အခုထိ မလွတ်ပေးသေးသလည်း ဆိုတာလဲ သိချင်ပါတယ်။ သူမခင်ပွန်းကလည်း ကေအိုင်အေစစ်သား၊ ကချင်ပြည်သူ့စစ်လည်း မဟုတ်ပါဘူး။ သူမယောက္ခထီး ဦးမရူဇေဒေါင်ဆိုရင်လည်း ကေအိုင်အေစစ်သားလည်း မဟုတ်ပါဘူး။ မြန်မာ့တပ်မတော်သား စစ်မှုထမ်းဟောင်း တဦးသာ ဖြစ်ပါတယ်။ ယခင် မြန်မာ့တပ်မတော် စစ်မှုထမ်းဟောင်း တစ်ဦးရဲ့ မိသားစုဝင်တွေကို ကာကွယ်စောင့်ရှောက် ပေးစေလိုပါတယ်။ အခုလို ရက်ရက်စက်စက် လျစ်လျှူ မရှုသင့်ပါဘူး..။
မို့ဘွမ်တပ်စခန်းမှ သူမ၏ရွာရှိရာဘက်သို့ မျက်နှာမူလျှက် မတ်တပ်ရပ်နေသည့် ဆွမ်လွတ်ရွယ်ဂျာ၏ နောက်ဆုံး မြင်တွေ့ခဲ့ရသည့်ပုံ
သမီးလေးအား နိုဝင်ဘာလ(၄)ရက်နေ့က ရိုက်ထားတဲ့ ဓာတ်ပုံထည့်လိုက်ပါတယ်.။ မို့ဘွမ်စခန်းပုံနှင့် သူမမတ်တပ်ရပ် နေတဲ့ပုံလည်း ထည့်ပေးလိုက်ပါတယ်။ သူမအား စခန်းပေါ်မှ လှိုဏ်ခေါင်းအတွင်းသို့ စစ်သား(၄)ယောက် လာဆွဲသည့်ပုံမှာ ဘက်ထရီ အားကုန်သွားသဖြင့် မရိုက်လိုက်ရပါ။

မမိုင်းဂျာ
ဒေသခံအမျိုးသမီးတဦး
မို့ဘွမ်တပ်စခန်း အောက်ခြေရှိ ခိုင်ဗန်ကျေးရွာသားများ၏ တောင်ယာနှင့် ဆက်လျှက်လယ်တောများ
မတရား ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် နို့စို့အရွယ် ကလေးမိခင် ဒေါ်ဆွမ်လွတ်ရွယ်ဂျာ
ထပ်မံစုံစမ်းလိုပါက
(၁) မိုင်းဂျာ ၀၀၈၆ ၁၅၃၆၈၉၆၉၃၇၆
(၂) အားပရီ ၀၀၈၆ ၁၃၅၇၈၂၇၁၉၆၀

ရိုးသားဖြူစင်တဲ့ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူမိသားစုတစ်စုရဲ့ ရင်နင့်ဘွယ် သတင်း အခြေအနေတွေပါ.. အဆိုပါဒေသက တပ်ရင်းမှူးနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ သားသမီးချင်း၊ မိဘချင်း စာနာထောက်ထားပြီး ဖြေရှင်းဆောင်ရွက် ပေးဖို့ မေတ္တာရပ်ခံ တောင်းဆို အပ်ပါတယ်...။

ယခင်စတင် မတရား ဖမ်းဆီးခေါ်ဆောင်ခံရစဉ် သတင်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/11/blog-post_04.html

8 comments:

  1. မင်းတို့ ကောင်တွေ ၀ဋ်လည်ကြမှာပါ။ ရှေ့တန်းမှာ အသေဆိုးနဲ့  သေတယ်ဆိုတဲ့ 
    သတင်းကြားရင် မင်းတို့ ကောင်တွေပဲ ဖြစ်မှာပဲ။

    ReplyDelete
  2. အေးပေါ့ကွာ မင်းတို့ကိုမွေးတဲ့သူက ခွေးပဲ ဖြစ်မှာပါ ဒါ့ကြောင့်လူကျင့်မကျင့်ပဲ ခွေးကျင့်ခွေးကြံလုပ်တာပေါ့
    ...ခွေးစိတ်နဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ သူရဲ့ လက်ကိုင်တုတ် ကလည်း ခွေးပါပဲ...ခွေးတပ်မတော်..ခွေးစစ်သား ပဲ

    ReplyDelete
  3. နေကော်စေးNovember 7, 2011 at 10:09 AM

    အောင်ဆန်းအော်ပိုရေးရှင်းဆိုတာကိုမမေ့ကြပါနဲ့ ကွိာုင်းရင်းသားညီအစ်ကိုတို့  ဗမာဆိုတာဗမာပါဘဲ ဒီလိုပြောရင်လူမျိုးခွဲခြားတယ်လို့ မဟာဗမာတွေပြောနေပါအုံးမယ် အောင်းဆန်းအော်ပိုရေးရှင်းလို့ ပြောလိုက်ရင် တော်တော်ျားများမှတ်မိကြမှာပါကွာ

    ReplyDelete
  4. ဒမြစစ်တပ်ကတော့ဒမြအလုပ်ပဲလုပ်မှာပဲ..ခွေးမသားတွေ.
    အပြောတမျိုးအလုပ်တမျိုး.မင်းတို့တနေ့ဂဒါဖီးနောက်လိုက်ရမဲ့ကောင်တွေ.

    ReplyDelete
  5. မြန်မာစစ်တပ်ဟာ အရည်အသွေးကျဆင်း အဆင့်အတန်းနိမ့်ကျ အာဏာရှင်အလိုကျ ခိုင်းတာလုပ်တဲ့ လက်ပါးစေ လက်ကိုင်တုတ် ဖြစ်နေတာ ကြာပါပြီ ... ပြည်သူ့အတွက်ဆိုပြီး လူကြားကောင်းအောင်ပြော သူခိုး ဓါးပြက သူတော်ကောင်း ယောင်ဆောင်သလိုပါပဲ ....
    စစ်သားများများရဖို့ အတင်းစုဆောင်း အသက်ပြည့်ပြည့် မပြည့်ပြည့် အကျင့်စာရိတ္တကောင်းကောင်း မကောင်းကောင်း အဓိက က အမိန့်ပေးစေခိုင်းရင် ခိုင်းတာလုပ်ဖို့ပဲလိုတယ် ဆိုပြီး ဖွဲ့ထားတာပါ ... အရာရှိ ဆိုပြီး မွေးထုတ်ထားတဲ့သူတွေ အများစုကလည်း ဒီလိုပါပဲ ခေတ်ပညာ အတန်းပညာတွေသင်ပေးပေမဲ့ အသိပညာမှာတော့ ခိုင်းတာလုပ်ဖို့ပဲသင်ပေးခဲ့တာ ဆိုတော့ ဒီလိုပဲဖြစ်တော့မှာပေါ့ ....
    အဆင့်အတန်း အရည်အသွေးရှိတဲ့ နိုင်ငံနှင့် ပြည်သူကို တကယ်ကာကွယ်စောင့်ရှောက်တဲ့ အားကိုးရမဲ့ တပ်မတော်ဖြစ်ဖို့ စစ်တပ်ဖြစ်ဖို့ အများကြီး ပြုပြင်ပြောင်းလဲပစ်ဖို့ လိုနေပါပြီ အစကနေ အသစ်ကနေ ပြန်လည်ပြုပြင် တည်ဆောက်ရဖို့ လိုအပ်ပါတယ် ...
    တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြတဲ့နိုင်ငံမှာ ယခုလို တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက် ဖမ်းဆီး သတ်ဖြတ် အဓ္ဓမပြုကျင့် စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်နေတဲ့အတွက် တိုင်းရင်းသားတွေက ဗမာ ဗမာစစ်တပ် စသဖြင့် လူမျိုးရေးမုန်းတီးမှုကို တိုးပွါးလာစေပါတယ် ....
    စစ်တပ်ထဲမှာ ဗမာတွေချည်း မဟုတ်ကြသလို ဗမာလူမျိုးအများစုရှိတဲ့ နိုင်ငံမှာ စစ်သားအများစုဟာ ဗမာဖြစ်နေတာ မဆန်းပါဘူး ... ဒါကို တိုင်းရင်းသားဆိုသူတွေက ခွဲခြားသိမြင်ဖို့လိုပါတယ် .... ဘယ်လူမျိုး ဘယ်နိုင်ငံသားမဆို ကောင်းကြတဲ့သူရှိသလို ဆိုးတဲ့သူရှိကြပါတယ် ... ဆိုးတဲ့သူဖြစ်ဖြစ် ကောင်းတဲ့သူဖြစ်ဖြစ် နည်းတာများတာတော့ ကွာခြားမှာပေါ့ အဲဒီလို မဟုတ်ဘဲ ဗမာတွေအနိုင်ကျင့်တယ်လို့ မြင်နေတာဟာ တကယ်တော့ မှားယွင်းတဲ့ အမြင်ရှိနေခြင်းပါပဲ .... ကောင်းတဲ့သူ အမှန်တရားကို ယုံကြည်မြတ်နိုးတဲ့သူ လေးစားတဲ့သူ ဒီနိုင်ငံရဲ့ကောင်းကျိုး ပြည်သူအများကောင်းကျိုးအတွက် လုပ်နေတဲ့သူကို မဟုတ်တာလုပ်နေတဲ့သူတွေနဲ့ တတန်းစားထဲ မသတ်မှတ်မိဖို့ လိုပါတယ် ....

    ReplyDelete
  6. ခွေးတွေ

    ReplyDelete
  7. ငြိမ်းချမ်းရေး….ငြိမ်းချမ်းရေး…ငြိမ်းချမ်းရေး..ဆိုတာဟာ ပြည်သူတိုင်းအတွက် အလိုအပ်ဆုံးပါ။ အနိုင်ကျင့် စော်ကားမှုဆိုတာ ကူးစက်ရောဂါတခုလိုပါဘဲ ကိုယ့်ကိုမထိသေးလို့ လစ်လျှူရှု ထားလျှင် ကိုယ့်ကိုထိ လာ တဲ့ အခါကျလာရင် ကာကွယ်နှိုင်စွမ်း မရှိတော့ပါဘူး။
    ၁၉၉၅ ခုနှစ် ပီကင်းမှာ ကျင်းပခဲ့တဲ့ ”ကမ္ဘာ့အမျိုးသ္မီးများ” ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မှ လျှို့ဝှက် ပေးပို့တဲ့ ဗီဒီယိုကို ကမ္ဘာက မြင်ခွင့်ရခဲ့ပါတယ်၊ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် မှပြောခဲ့တာက.. ” စစ်ပွဲတခုဖြစ်ပြီဆိုရင် အဲ့ဒီဒေသက အမျီုးသ္မီးနဲ့ ကလေးများဟာ ဦးဆုံးဒုက္ခရောက် ရသူတွေ ဖြစ်တယ်…ဒါ့ကြောင့် ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေးကိစ္စ တွေမှာ အမျိုးသ္မီးတွေ ဦးဆောင်ပါဝင် ဘို့လိုတယ်”လို့ဆိုခဲ့ပါတယ်။
    ဒီနေ့ မြန်မာပြည်တွင်း ပြည်တွင်းစစ်သက်ဆိုး ရှည်ဆဲ ဒေသတွေမှာ ဒုက္ခရောက်ကြရတဲ့ အမျိုးသ္မီးနဲ့ ကလေးတွေကတော့ အများအပြားပါဘဲ၊ ဒီနှိပ်စက်ခံရမှု ကတဆင့် နာကျည်း မုန်းတီးမှု တွေဟာ ဒီစစ်ပွဲ တပွဲ အနိုင်ရသည့်တိုင်အောင် နောက်ထပ် ဆင့်ပွားစစ်ပွဲသစ်တွေ ဖန်တီးစေခြင်း ဖြစ်လို့မို့ ညှိနှိုင်းဖြေရှင်းမှု ကလွဲလို့ တခြား ဘယ်လမ်းကမှ ငြိမ်းချမ်းရေးကို မဖန်တီးနှိုင်ပါဘူး။
    ပြီးတော့ ဒီနေ့ တပ်မတော် ဆိုတာကလဲ နိုင်ငံတော်ကို ကာကွယ်ရမဲ့အစား နိုင်ငံကို ပိုင်းဖြတ်ရောင်းစား နေတဲ့ စစ်ခေါင်းဆောင်တွေကို ကာကွယ်နေတဲ့ တပ်မတော်ဖြစ်တယ်ဆိုတာ မြင်နေရလို့ ရဲဘော်တို့ရဲ့ သက်စွန့် ကြိုးပန်းရမှုက တန်ဘိုးလဲထားလို့မရ။ သူများကိုလဲ ဒုက္ခပေး ကိုယ်လဲ ဒုက္ခရောက် တိုင်းပြည်ကြီးလဲ မငြိမ်းချမ်းလို့ မတိုးတက်ရ.. ။ ဒီနေ့ခေတ်က စစ်နဲ့ အနိုင်ယူ တည်ဆောက်လို့ မရတော့ဘူး အသိဥာဏ်နဲ့ တည်ဆောက်ရတဲ့ ခေတ်ဖြစ်နေပြီ ဆိုတာလောက်တော့ စစ်ခေါင်းဆောင်တွေ နားလည်သင့်နေပြီ….၊
    ဦးစိန်၊ဂျပန်။

    ReplyDelete
  8. မြန်မာ့တပ်မတော်ရဲ့ အတုမယူသင့်သော လုပ်ရပ်များ (ဓါတ်ပုံများ)
    ခေါင်းစဉ်ကို နှိပ်ပြီး ကရင်ပြည်နယ်မှာ လက်နက်မဲ့၊ အပြစ်မဲ့ ရွာသားတွေကို အရပ်သား အယောင်ဆောင် သိန်းစိန် အစိုးရ အာဏာတည်မြဲရေးအတွက် စစ်အုပ်စုခေါင်းဆောင် လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်၊ သူခိုးကြိးတွေရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာစစ်တပ်က ရက်ရက်စက်စက် ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။


    မြန်မာစစ်တပ် ရဲ့ လုပ်ရပ်တွေဟာ လူစိတ်မရှိတဲ့ စစ်ခွေးစစ်စစ်တွေသာ လုပ်လေ့ရှိတဲ့ (သေဒဏ်ထိုက်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေ) ဖြစ်ပါတယ်။


    နှလုံးရောဂါ ရှိသူများ၊ သွေးလန့်တတ်သူများ အနေနဲ့ ခေါင်းစဉ်ကို နှိပ်ပြီး လင့်ကို ဖွင့်မကြည့်ပါရန် ကြိုတင် သတိပေးပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။