ဤသို့ ပြုံးပြုံးရွှင်ရွှင် မြင်တွေ့ရစဉ်..
ကာကွယ်ရေးဦးစီးချုပ်ဟောင်း အဖွဲ့ချုပ်ခေါင်းဆောင် ဘဘဦးတင်ဦးအတွက် အမှတ်တရလက်ဆောင်အား သူရဦးရွှေမန်းမှ အမေစုမှတဆင့် ပေးအပ်ပါတယ်..
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံစဉ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ တွေ့ဆုံစဉ်
အများမျှော်လင့်နေတဲ့ (၆၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်အနှံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်လာပြီး၊ နယ်စပ်ဒေသတွေက ပြည်တွင်းစစ်မီးကြီးကို အစိုးမှ စေတနာစစ်စစ်၊ စေတနာသန့်သန့်နဲ့ ရပ်ဆိုင်းညှိနှိုင်းပေးမယ် ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား.. ကျွန်တော်တို့ ပြည်သူအားလုံး လှိုက်လှဲဝမ်းသာစွာနဲ့ ကြိုဆိုဖို့ စောင့်မျှော်နေကြပါတယ်..။
အမေစု လုံခြုံရေးလိုက်ပါလာတဲ့ ကိုဇေယျာသော်
ဓာတ်ပုံများ AP,GETTY IMAGES









ဒီမြင်ကွင်းများကို မြင်ရလို့ စိတ်ချမ်းမြေ့ရပါတယ်. တိုင်းရင်းသားညီအကိုများ အားလုံး ဒီလို ညှိနှိုင်းတိုင်ပင် ဆွေးနွေးကြပြီး ညီညွတ်စွာနဲ့ တိုင်းပြည်ကို တည်ဆောက်သွားမယ်ဆိုရင် တိုးတက်လာမှာ အမှန်ပါပဲ၊ လိုချင်တဲ့ ဟာကို လိုချင်တဲ့နေရာကနေ ဆွဲထုတ်ယူမှ ရမှာပါ၊ အတင်းအဖျင်း အပုတ်အဆွေးစကားတွေနဲ့ပဲ အဝေးကနေ ဆဲဆိုနေလို့ကတော့ ဘယ်သူကမှ အနားကပ်ခံမှာ မဟုတ်ပါဘူး၊ ပြည်သူတွေ နောက်ထပ် ဆင်းရဲကြပ်တည်းမှု တွေ ထပ်မံပြီး ရေရှည်မခံရလေအောင် မလုပ်ကြပါနဲ့တော့၊ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြမယ်ဆိုရင် လူမပြောနဲ့ တိရစ္ဆာန်တောင် လိုသလို ပုံသွင်းယူနိုင်ပါသေးတယ်၊ သူများကို ရန်သူအဖြစ်ပဲ ကြည့်နေရင် ကိုယ့် ကိုလဲ ရန်သူလို့ပဲ သူများက မြင်နေမှာပါ၊ ဒီမိုကရေစီ လိုလားသူအားလုံး လက်တွဲလုပ်ရင် အောင်မြင်မှာပါ၊ မလိုလားသူများကတော့ ဆန့်ကျင်နေဦးမှာပါ၊ ဒီထက် အောင်မြင်တိုး တက်အောင် အကောင်အထည် မြန်မြန် ဖော်နိုင်ကြပါစေဗျာ....။
ReplyDelete