မနက်ဖြန် သောကြာနေ့မှာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်) ဆရာတော်ကြီးမှ တဦးတည်းသော သံဃာတပါးအနေနှင့် တွေ့ခွင့်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
မနက်ဖြန် သောကြာနေ့ မနက် ၁၁နာရီ ၁၅မိနစ်၌ ရန်ကုန်မြို့ အမေရိကန်သံရုံး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်နှင့် ရွှေညဝါဆရာတော်၊ ဦးကျော်သူ၊ ကိုဇာဂနာအပါအဝင်.. ပုဂ္ဂိုလ်(၁၀)ဦးတွေ့ခွင့်ရမည် ဖြစ်ကြောင်းသိရှိရပါသည်...။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇)ရက်နေ့ကတည်းက ရန်ကုန်မြို့အမေရိကန် သံရုံးမှလာရောက် ဖိတ်ကြားခဲ့ပြီး... အဆိုပါနေ့၌ ဆရာတော်ကြွရောက်မည့် ကားနံပါတ်မှ အစမှတ်သား သွားကြောင်း သိရှိရပါသည်..။ ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့ နယူးယောက်တိုင်းမ် သတင်းဋ္ဌာနမှလည်း လာမည့် ၃ရက်နေ့ စနေနေ့၌ ဆရာတော်နှင့် အင်တာဗျူးရန် ကမ်းလှမ်းထားကြောင်း သိရှိရပါသည်..။
ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ အမျိုးဘာသာ၊ သာသနာတော်အတွက် မေတ္တာစေတနာ ထားပြီးရဲရဲဝံ့ဝံ့ တရားတော်များအား ဟောကြားတော် မူသည့်အတွက် အာဏာပိုင်များမှ ပြည်တွင်း၌ တရားဟောခွင့် တနှစ်ပိတ်ထားခြင်း ခံရပါတယ်..။ လာမည့် ၂၀၁၂ခုနှစ် တရားဟောခွင့် ပြန်လည်ရရှိမည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် ဒီပဲယင်းမြို့၌ တရားဟောပြောရန် လက်ခံထားကြောင်း သိရှိရပါသည်..။
သတင်း.. ဒီမိုဝေယံ..
သတင်း.. ဒီမိုဝေယံ..

သာဓုဆ၇ာတော်က နအဖ ခေတ်က တိုင်းမှူးတွေ၊၀န်ကြီးတွေ ကျောင်းကို လာပေမဲ့ အထူးတလည် အရေးပေးဆက်ဆံတာမျိုးမလုပ်ခဲ့ပါဘူး။
ReplyDeleteနိုင်ကျဉ်းဟောင်းတွေကို
ဖေးမကူညီပြီး သူတို့ပင့်တဲ့တရားပွဲတွေကို ဓားမိုးအုပ်ချုပ်တဲ့ခေတ်မှာ
မကြောက်မရွံ့ဟောကြားခဲ့ပါတယ်.
တို့အကြောင်း.ဟုတ်တာတွေဟောပြောလို့ကတော့..
ReplyDeleteစွမ်းအားဖင်နဲ့ကြံ့လပြွတ်တွေ.လွတ်ပီးရိုက်ခိုင်းပြစ်လိုက်မယ်.
သူခိုးကွ.ခိုးတယ်ပြောရင်မကြိုက်ဘူး.
ဒမြစစ်တပ်ကွ.လူသတ်လာတာ.နှစ်ပေါင်းမနဲတော့ဘူး.
ပြောရဲရင်ပြောကြည့်.ဘုန်းကြီးတွေဘာတွေနားမလည်ဘူး.
ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်) အား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန် မှ တွေ့ ဆုံ ဂါရ၀ပြုလိုပါကြောင်း - လို့  ရေးပါကွာ။ ရေးလို့ မရဘူးလား။
ReplyDelete