သာကေတမြို့နယ် (၇)ရပ်ကွက်ဈေး
ကိုဒီမိုရေ
ကျွန်မတို့ သာကေတမြို့နယ်(၇) အနောက်ရပ်ကွက်က ဈေးသူဈေးသားတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြတာကို ကိုဒီမိုရဲ့ဘလော့မှ တဆင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို တင်ပြပေးပါဦး။ သမ္မတကြီးရဲ့ပြုပြင် ပြောင်းလဲရေး မူတွေကိုလဲ အားပေးပါတယ်။ ဒါပေမဲ့ အပြောနည်းနည်းလျှော့ပြီး အလုပ်ကို ပိုလုပ်ပြပါလို့လဲ တဆက်ထဲ တောင်းပန်ချင်ပါတယ်။
သာကေတမြို့နယ်(၇) အနောက်ရပ်ကွက် ဈေးကြီးတွင် ဈေးတာဝန်ခံဦးထင်လင်းသည် ဈေးဆိုင်များကို အခွန်အခများအား နည်းမျိုးစုံ အကြောင်းပြ၍ အကြီမ်ကြိမ် ကောက်ခံနေပါသည်။ ပါမစ်နစ် (Permanent) ဆိုင်များဖြစ်သည့် ကျွန်မတို့ ဆိုင်ရှင်များသည် ပင်တိုင်လည်စင်းခံ နေရပါသည်။ ဈေးကောက်များနေ့တိုင်း ရရှိနိုင်ရန်အတွက် ပျံကျဈေးတန်းများကို အခိုင်အခံ့ ဆောက်လုပ်ပြီး၊ ထိုဆိုင်များကို တနေကုန် ရောင်းချခွင့် ပေးထားသောကြောင့် ကျွန်မတို့ဈေး ကြီးမှာဝယ်သူမရှိ၊ လာရောက်သူမရှိ ဖြစ်နေရပါသည်။ ကျွန်မတို့ပါမစ်နစ် ဈေးဆိုင်များ၏ အခွန်များမှာ နိုင်ငံတော်အခွန်ငွေ အဖြစ်ဝင်ပြီး၊ ပျံကျဈေးတန်းများ၏ ဈေးကောက်များမှာ ဈေးတာဝန်ခံများအား ပေးသုံးထားသောကြောင့်၊ ပျံကျဈေးတန်းများကို ဈေးတိုင်းတွင် တွေ့မြင်နေရခြင်း ဖြစ်ပါသည်.။
ကျွန်မတို့မှာ ဈေးဆိုင်ခန်းခ၊ အလုပ်သမားခ၊ အခွန်မျိုးစုံ၊ လတိုင်းထွက်ငွေသာရှိပြီး ၀င်ငွေမရှိသည့်အပြင်၊ ၀ါယာရှော့ဖြစ်ပြီး မီးလောင်မည်ကိုလဲ ရင်တမမဖြစ်နေရပါသည်။ လုံခြုံရေးအခွန်များ ပေးဆောင်ကြရပြီး ဈေးစောင့်ရှိသော်လည်း ဈေးအတွင်းမကြာခဏ ဆိုင်ခန်းများ ဖောက်ထွင်းခံရခြင်းများလဲ ဖြစ်ပွားနေပါသည်။ ဈေးတာဝန်ခံကို ဖြေရှင်းပေးရန် ပြောသော်လည်း မချေမငံ ပြန်ပြောပြီး၊ တိုင်ချင်တဲ့ နေရာတိုင်ဟု ပြောပါသည်။ ကျွန်မတို့မှာ ဆိုင်ခန်းများရှိနေ၍ ဈေးဆိုင် မထွက်၍လည်းမဖြစ်၊ ဈေးရောင်း၍လဲမကောင်း၊ အခွန်အခများကိုလဲ မဆောင်၍မဖြစ်၊ အစစဒုက္ခများနေ၍ ဘယ်လိုမှ မလှုပ်သာအောင် ဒုက္ခ ရောက်နေရပါသောကြောင့် ကျွန်မတို့ ဈေးသူဈေးသားများ ဒုက္ခကို ကူညီဖြေရှင်းပေးပါရန် တိုင်ကြားလိုက်ရပါသည်။
သာကေတမြို့နယ်(၇)ရပ်ကွက်ဈေးသူဈေးသားများ


(၇)ဈေးသူဈေးသားများရဲ့စာကို ဖတ်ရတဲ့အခါ (၇)ဈေးသာမဟုတ် အခြားရန်ကုန်တိုင်းအတွင်းရှိဈေးများ
ReplyDeleteကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်ကြည့်ကြပါဦး။ကြောက်စရာအကောင်းဆုံးက မြန်မာပြည်
မှာဈေးတွေပဲ မီးလောင်နေတယ်ဆိုတာ အဓိကကတော့ လျှပ်စစ်မီးကြိုးတွေ ဟောင်းနွမ်းနေတဲ့အတွက်
ဝါယာရှော့ ဖြစ်တာကပိုများပါတယ်။မီးပေါ့ဆမှုကနည်းပါတယ်။အချို့ဈေးသည်တွေဆိုရင် နေ့ပြန်တိုးချေး
ပြီးမှ ဈေးရောင်းကြရတယ်လို့ သိရတဲ့အတွက် ဈေးရောင်းစားတဲ့ဈေးသည်တွေအားလုံးကို တပြေးတညီ
ထဲဖြစ်စေချင်ပါတယ်။မကြာခင်တုံးကလည်း (၇)ဈေးမှာဝါယာရှော့ဖြစ်တယ်လို့ ကြားလိုက်သေးတယ်။
တို့အစိုးရက.သူခိုးဒမြအစိုးရကွ.
ReplyDeleteဘာမှကောင်းတာလုပ်တာမဟုတ်ဘူး.မင်းတို့ငတ်သေလေတို့က
အကြိုက်ပဲ.သန်းရွှေကွ.ဘာမှဂရုမစိုက်ဘူး..