Pages

Saturday, December 3, 2011

မိမိကိုယ်တိုင် မတရားပြုကျင့်ခံရ၊ မိခင်ကအသတ်ခံရ၊ ဖခင်က မတရားဖမ်းခံရပြီး ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုမေသော်ရဲ့ အမှုဖြစ်စဉ်...

မိမိကိုယ်တိုင် အသက်မပြည့်သေးခင် မတရားပြုကျင့်ခံရ၊ မိခင်ကအသတ်ခံရ၊ ဖခင်က မတရားဖမ်းခံရပြီး ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုဝေသော်ရဲ့ အမှုဖြစ်စဉ် အပြည့်အစုံနှင့် တိုင်ကြားစာနဲ့ ရုပ်သံဖိုင်ပါ...။ အလွန်မှ မတရားတဲ့ အဖြစ်အပျက်ပါ... အမှန်တရား ပေါ်ပေါက်ရေးဟာ အင်မတန်အရေးကြီးပါတယ်။  မျက်နှာမွဲ ပြည်သူတွေရဲ့ အဖြစ်အပျက် အသံတွေပါ။ 

ပြည်သူတွေရဲ့ အသံကိုနားထောင်မယ် ဆိုထားတဲ့ Good Government၊  Clean Government ဖြစ်ကြောင်း သက်သေပြဖို့နဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ယခုလို ငွေများတရားနိုင် အဖြစ်နဲ့ ကြုံတွေ့နေရတဲ့  ပြည်သူတွေရဲ့ တိုင်ကြားစာကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်..။ 

သက်ဆိုင်ရာမှ  အမှုမှန်ပေါ်ပေါက်ဖို့ အတွက် အဆိုပါမတရားမှုအား အသေအချာ စုံစမ်း ဖြေရှင်းပေးဖို့ နစ်နာသူ ရိုးသားတဲ့ သနားစဖွယ် မောင်နှမ၂ဦးကိုယ်စား မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်..။ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုဝေသော်ရဲ့ အမှုဖြစ်စဉ်...
Scribd File ဖတ်မရရင် ဒီမှာ ဒေါင်းလုပ်ယူပါ.. http://www.mediafire.com/?8ij49e77gz6m4zq
အမှုဖြစ်စဉ် ကာယကံရှင် မစုဝေသော်နဲ့ သက်သေများ ပြောကြားချက် ရုပ်သံဖိုင်

12 comments:

  1. မတရားမှုတွေကို များများဖော်ထုတ်ပေးတာဟာ လမ်းပေါ်ထွက် ဆန္ဒပြတာထက် ထိရောက်ပါတယ်။
    ခိုင်လုံသော သက်သေအထောက်အထားတွေနဲ့တကွ တင်ပြတော့ အာဏာပိုင်တွေဘက်က
    ဘူးကွယ်လို့ မရတော့ပါဘူး.
    စစ်အာဏာရှင်စနစ်ရဲ့ မတရားမှုကောက်ကျစ်ယုတ်မာမှုတွေဟာ ဖက်ဆစ်စနစ်လို လူသားထုအတွက် အန္တရယ်ပါ.

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. ပညာရေးကလည်းမပြည့်စုံ၊ လူတွေကလည်းအတော့ စော်ကေားခံရတာပေါ့။မွေးသက္ကရာဇ်တောင်မှန်အောင်မပြောတတ်ဘူး။

    ReplyDelete
  4. ပညာ ပြည့်စုံ မပြည့်စုံတာထက် ငွေရှိပြီး အကျင့် သိက္ခာမရှိတဲ့
    ပညာရှိပြီး သိက္ခာမရှိတဲ့ စစ်အာဏာရှင်တွေ၊ လက်ကိုင်တုတ်တွေ
    ဥပဒေကို ငွေနဲ့ပေါက်တဲ့ အာဏာရှင်လက်သစ်တွေထက်
    အပုံကြီးသာပါတယ်။

    စစ်ဗိုလ်ချုပ်တွေရဲ့ သမီးတွေ၊ အထက်ကရေးသူရဲ့ ဆွေမျိုးသားချင်းသာ ဖြစ်ခဲ့မယ်ဆိုရင်ဆိုတဲ့ အတွေးလေးနဲ့ ကိုယ်ချင်းစာကြည့်ပါ။
    တနေ့ အမှန်တရားက အောင်ပွဲခံမှာပါ။

    ReplyDelete
  5. ခုလိုအဖြစ်ဆိုးမျိုးတွေ ကြုံနေရတာရဲ့ အဓိက အကြောင်းရင်းက ပညာရေးနိမ့်ကျမှုပဲ ဖြစ်ပါတယ်။ ပညာရေးဘာလို့နိမ့်ရလဲ၊ ဆင်းရဲတွင်းနက်နေလို့ ၊ ပြောပြန်ရင်လဲ ဒီဘူတာပဲ ဆိုက်တာပါပဲ။ ကိုင်း ကိုရွှေမန်းတို့၊ ကိုသိန်းစိန်တို့ရေ၊ အပြောမဟုတ် အလုပ်နဲ့ သက်သေပြကြ ရအောင်လားဗျာ။

    ReplyDelete
  6. Agree with Anonymous above.
    Will it take one generation to change the situation?
    U Shawe Mann, please answer this question. You looks like good talker but can you walk the talk?

    ReplyDelete
  7. သမ္မတကြီး ဦးသိန်းစိန် ခင်ဗျား
    မိမိလုပ်ပိုင်ခွင့်၊ မိမိအခွင့်အာဏာရှိနေသည့် အချိန်မှာ ပြည်သူတွေရဲ့ မတရားပြုကျင့် ခံနေရမှုတွေကို အမှန်တရားကို ဖေါ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။ ဒါဟာ သင့်ရဲ့ အခွင့်အရေးတခုဖြစ်ပါတယ်။ အချိန်ကို တန်ဖိုးထားဖို့ သတိပေးလိုပါတယ်။

    ReplyDelete
  8. ငွေရှိပြီး တရားမသိ၊ တရားသိပြန်တော့ ငွေမရှိနော် ခက်ပါဘိတယ်၊ အာဏာတွေရပြန်တော့ အာဏာကို တိကျ မှန်ကန်တဲ့ နေရာမှာ မသုံးမပြုတတ်ဘဲ၊ ဘာကြောင့် ဘယ်လို ခေါင်းဆောင်တွေဖြစ်လာပါလိမ့်၊ အများထက်တအားသိလို့ ခေါင်းဆောင်တင်ရင် ဟေဟေ့. ခေါင်းဆောင်က ခေါင်းရှောင် ၊ အပေါင်းအပါက ရောဖြောင် ဆိုတော့ကား ဟင်း...... မြန်မာပြည်တယ်မလွယ်ပါ့လား.. ချမှတ်တဲ့ ဥပဒေကို ထုံးလိုမွေရေလိုနှောက်ပြီး..လုပ်ချင်ရာလုပ်နေကြတယ်ပေါ့.. ငွေရှိပြီး လူလိုမသိတော့ခက်၊ ငွေမရှိလို့ ပညာမရှိလို့ အေးဆေးနေပြန်တော့ အာဏာတွေ ပါဝါတွေနဲ့ ၀ိုင်းဝန်း ဖိနိပ်ကြ၊နဲ့ ဘယ်လိုများ မြန်မာပြည်ထဲမှာ အသက်ရှင်ကြဦးမှာလဲ၊ ငွေလဲရှာကြပါ ပညာလည်းရှာကြပါ၊။ ပညာရှိငွေရှိရင် ပညာမဲ့သူတို့ကို ကူညီပံ့ပိုးထောက်ပံ့ပေးဖို့ပဲ လိုပါတော့. ပြီးတာလည်းပီးပါစေတော့ဗျာ... အမှားကို အမှန်ဖြစ်အောင်က လူတိုင်းစကားနုတ်ဖျားက ထွက်ပေါ်လာပါတယ်။ အမှန်ကို အမှားဖြစ်အောင်က အာဏာရှိသူကသာ လိမ်လည်တတ်ကြပါတယ် (ဆောင်ရွက်တတ်ကြပါတယ်)

    မှန်ကန်သော ဥပဒေကို လက်ကိုင်မထားရင်
    မမှန်ကန်သော ဥပဒေ မမှန်ကန်သော အာဏာပဲရှိပါလိမ့်မယ်။

    မှန်ကန်ခြင်းမရှိသော ဥပဒေသည်ကား တဦးတစ်ယောက်၏ အကျိုးစီးပွားဆုတ်ယုတ်ယုံတင်မက
    နိုင်ငံတနိုင်ငံလုံးပါ ပျက်စီးသွားပါမယ်။။

    မိမိသည်တရားခံဖြစ်ပါက ရဲရဲဝံ့ဝံ့ ၀န်ခံပါ။
    အမှားရှိထားရင်အမှားကို ၀န်ခံပါ။
    ခွေးဖြစ်မှာ ချီးစားရမှာ မကြောက်နေပါနဲ့..

    မိမိသည် အကြီးအကဲ ဖြစ်ပါက
    တရားမျှတသော လူပုဂ္ဂိုလ်များ ဖြစ်ကြပါစေ..

    ReplyDelete
  9. ပြောပြန်ရင်လဲပြောတဲံ့သူတွေပဲအပြစ်ဖြစ်တယ်။ဒီခွေးသားစစ်အစိုးရကြောင့်မြန်မာပြည်ကြီးတစ်ခုလုံးရစ၇ာမရှိတော့ပါဘူး။သူတို့သားသမီးတွေတစ်နေ့နေ့ဝဍ်လည်ပါလိမ့်မယ်။

    ReplyDelete
  10. သမ္မတကြီးခင်ဗျား....အမှန်တရားကိုဖေါ်ထုတ်ပေးပါခင်ဗျား။

    ReplyDelete
  11. အော်...
    လူတွေများခက်ပါတယ်
    မုဒိန်းမှုဖြစ်တာလဲ စစ်အစိုးရ ခေါင်းစဉ်တပ်နေပြန်ပါပြီ
    မှန်တာပြောတာနော်
    မကျေနပ်လဲ တတ်နိုင်ဘူး
    ကျုပ်မြင်တာ ကျုပ်ပြောတာ
    အမှုမှန်ကတော့ မပေါ်စရာမရှိပါဘူး
    တရားရုံးက အလုပ်မလုပ်သေးတာပါ
    လုပ်ထားရင်တော့ ခံရမှာပဲ

    ReplyDelete
  12. အမှန်တရား သည် ခရီးထွက်ဖို့ဖိနပ်စီးခိုက် မုသားဝါဒ သည် ကဘာတပတ် ပတ်ခဲ့ပြီးလေပြီ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။