ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး လာမည့် တပေါင်းလမှာ ပြုလုပ်မယ့် နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေးမှာ ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား အားလုံးစုံညီ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရှိရပါသည်...။
လောလောဆယ် ဆိုင်းငံ့ထားစဉ်ကာလ၌ ရွှေညဝါပညာ့ဗိမ္မာန် ကျောင်းတိုက်၌ ရွှေညဝါဆရာတော်ကြီး ဆက်လက်သီတင်းသုံး နေထိုင်လျှက်ရှိပါတယ်...။ ဗုဒ္ဓတက္ကသိုလ်အားလည်း ဆက်လက်ဖွင့်လှစ် ထားရှိပါတယ်..။ ထိုသို့ ဆက်လက် ဖွင့်လှစ်ထားကြောင်း အသိပေး အကြောင်းကြားစာအား မနက်ဖြန်မှာ လာပို့ရန် သံဃမဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားလိုက်ကြောင်း လက်ထောက် ဆရာတော် ဦးသူရိယမှ မိန့်ကြားသွားပါတယ်...။
ဒီဇင်ဘာလ(၂၁)ရက်နေ့က ဘီဘီစီမြန်မာပိုင်း အစီအစဉ် (သံဃာတော်များအပေါ် ပိတ်ပင်တားဆီးမှု) အသံလွှင့်ထုတ်ချက်ပါ ..ရွှေညဝါဆရာတော်ကြီးနဲ့ ပါဝင်ဆွေးနွေးသူများ၏ ဆွေးနွေးပြောဆိုချက်များအား မဟန ဆရာတော်ကြီးများ အပါအဝင် ပြည်တွင်းမှ အထူးစိတ်ဝင်စားစွာ နားဆင်ကြကြောင်း သိရှိရပါတယ်..။ ဘီဘီစီ ဆွေးနွေးချက် ပြန်လည် နားဆင်ချင်ရင် Click
ရွှေညဝါဆရာတော် ဆရာတော်ကြီးအား ၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ပါ..။ အောက်ပါအချက် (၃)ချက်မှာ (က)နဲ့(ဂ) အချက်အား လက်ရှိအနေအထားအရ ဆိုင်းငံ့ထားပြီး။ (ခ)အချက်ပါ ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး လာမည့် တပေါင်းလ စုံညီ အစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်..။ ယနေ့အထိ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ထုတ်ပြန်ကြေငြာချက်အား ရပ်ဆိုင်းပေးရန် လက်မှတ်ရေးထိုး တောင်းဆိုကြသူ ၅သောင်းနီးပါး ရရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်..။
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးနဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးတို့ရဲ့ အမှတ်တရ ဓာတ်ပုံတွေပါ...။ ဗန်းမော်ဆရာတော်ကြီးမှ တပည့်ဖြစ်သူ ရွှေညဝါဆရာတော်ကြီးအား ရဲရင့်တည်ကြည်တဲ့ "ခြင်္သေ့ကြီး" ဆိုပြီး အမြဲခိုင်းနှိုင်း အမည်နာမ သမုတ် ခေါ်တော်မူပါတယ်..။
သတင်း၊ ဓာတ်ပုံ .... ဒီမိုဝေယံ
ဒီဇင်ဘာ ၁၂ရက်နေ့က နိုင်ငံတော် သံဃမဟာနာယက ၄၇ပါးစုံညီ ထုတ်ပြန်ချက်...
အကြောင်းအရာ.... ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန်ကိစ္စ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၈ရက် ၁၁လ ၂၀၁၁ခုနှစ်၌ ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်..။
ဆုံးဖြတ်ချက်....
ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍
(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်..။
(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။
(ဂ) နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။
သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၁)ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်း ဒေသကြီး သာသနာရားသို့ ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြား လျှောက်ထားအပ်ပါသည်..။
ဘဒ္ဒန္တဝါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်
အင်မတန် မဂ်လာရှိတဲ့သတင်းပါပဲဗျာ
ReplyDeleteအပြီးတိုင်ရပ်ဆိုင်းပါစေလို့ ဆုတောင်းနေပါတယ်
Very good news.I'm very glad to hear that news.Otherwise we have to oppose MaHaNa team.
ReplyDeleteအဲဒါကြောင့်ပြောတာပေါ့၊မဟနဆရာတော်ကြီးတွေရဲ့နာမည်ကိုအလွဲသုံးစား
ReplyDeleteလုပ်နေတဲ့သာသနာရေးဝန်ကြီးဌာနဆိုတာကိုဖျက်သိမ်းပစ်၊ဒါမမဟုတ် မဟန
ရဲ့လက်အောက်ကိုပို့ဘို့ သံဃစည်းမျဉ်းကိုပြန်ပြင်၊သံဃစည်းမျဉ်းဆိုတာကလည်း
"ခိုင်မာသောဖွဲ့စည်းပုံအခြေခံဥပဒေ" လိုဘဲတသက်လုံးပြင်လို့မရအောင်၊သံဃာ
တော်တွေကိုဝန်ကြီးကအာဏာစက်နဲ့အုပ်ချုပ်လို့ရအောင်ရေးထားလေသလား?
၄၇ပါးစုံညီစည်းဝေးဆိုတာမမှန်ပါဘူး၊၄၇ပါးမပြည့်ပါဘူး၊ခွင့်ပျက်ကွက်မဟုတ်ပါဘူး၊
မဟနဆရာတော်ကြီးတွေဟာမလိမ်ပါဘူး၊အာဏာစက်နဲ့စာကိုလိမ်ပြီးထုတ်ခဲ့
တာကတော့သာသနာရေးဝန်ကြီးဌာနကမဟနကိုအုပ်ချုပ်နေတဲ့လူတွေဘဲဖြစ်ပါ
တယ်။
သံဃာ့ကိစ္စဖြစ်လို့ဘာမှမပြောလိုပါ ဒါပေမဲ့လို့ဆရာတော်ကြီးများ၏ အကျင့်သီလကို အကြည်အညိုပြက်အောင်ရေးသားထားတာတွေကတော့ အတော့ကိုစိတ်မကောင်းဖြစ်မိပါတယ် မိမိကိုယ်ကိုအကုသိုလ်မဖြစ်အောင်စိတ်ထား ထားကြပါလို့
ReplyDeleteယခုအခါ၌ နိုင်ငံတော်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များ အားလုံး၏ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့သဖြင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သာသနာတော်သည်လည်း အဓမ္မ၀ါဒ တည်းဟူသောဆီးနှင်း, မြူ, တိမ်, သူရိန်, မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့် တက်သစ်စ နေ၀န်း, ထွန်းသစ်စလ၀န်းကဲ့သို့ သန့်ရှင်းစင်ကြယ် ခဲ့ရပါပေသည်။
ReplyDelete