(ဓာတ်ပုံ.. ဇော်တူး၊ ဒီမိုဝေယံ)
တက်ရောက်အားပေးသူ လူဦးရေ ၂သိန်းကျော် တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံတေးဂီတ ဖျော်ဖြေပွဲသမိုင်းမှာ မကြုံစဘူး အအောင်မြင်ဆုံး၊ အစည်ကားဆုံး ရံပုံငွေ ဖျော်ဖြေရေး ဂီတပွဲတော်ဖြစ်ပါတယ်...။ ဒေါ်အောင်စုကြည် တက္ကသိုလ် ကျောင်းသူဘဝမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ဘီတဲလ် တေးဂီတဖျော်ဖြေပွဲပြီးရင် အနှစ်လေးဆယ်ကျော်အတွင်း ပထမဦးဆုံး ပြန်လည်တက်ရောက် ဖြစ်ခဲ့တဲ့ ဂီတပွဲတော်ဖြစ်တယ်လို့ ဆိုပါတယ်....။ (ဓာတ်ပုံများ.. ဇော်တူး၊ ဒီမိုဝေယံ)
နာမည်ကျော် Acid အဖွဲ့ရဲ့ သရုပ်ဖော် ဝတ်ဆင်ဖျော်ဖြေမှု (ဓာတ်ပုံ အနဂ္ဂ)
နာမည်ကျော် Acid အဖွဲ့ရဲ့ သရုပ်ဖော် ဝတ်ဆင်ဖျော်ဖြေမှု (ဓာတ်ပုံ အနဂ္ဂ)
တက်ရောက် ဖျော်ဖြေသီဆိုကြတဲ့ ဂီတသမားများ အားလုံးစုပေါင်း လက်မှတ်ရေးထိုးထားတဲ့ တီရှပ်(၂)ထည်အနက် အမေစုအတွက် လက်ဆောင် တစ်ထည်နဲ့ ကျန်တစ်ထည်အား ကြမ်းခင်းဈေး သိန်း(၃၀)မှ စ၍လေလံပစ်ရာ သိန်း(၁၂၅)သိန်းနဲ့ ဗော်ဗိုကုမ္ပဏီက ဝယ်ယူသွားပါတယ်..။ (ဓာတ်ပုံ မြစ်မခ)


တကယ်စည်ကားပြီး အကျိုးရှိတဲ့ပွဲတစ်ပွဲပါ.....
ReplyDeleteဒီသတင်းလေးဖတ်ရတာနဲ့ တင် ရင်မှာကြည်နူး တယ်...
ReplyDeleteကိုယ်တိုင်မကြည့်နိင်ပေမဲ့  ခုလိုမြင်ခွင့်ရတာကို ပီတိဖြစ်မိတယ်
တကယ် ကြည်နူးဖွယ်ကောင်းတဲ့ ညီညွတ်ခြင်းရဲ့ မြင်ကွင်းလေးပါ... ညီညွတ်မှုရှိရင် အောင်မြင်တယ်ဆိုတာ ဒီပွဲလေးက သက်သေတခု စထူလိုက်ပါပြီ... တို့ ညီအကို မောင်နှမ တိုင်းရင်းသား အားလုံး ဒီလို စည်းလုံး ညီညွတ်မှုများနဲ့သာ လက်တွဲ လုပ်ဆောင်သွားကြမယ်ဆိုရင် မကြာခင်မှာ တိုးတက်လာဖို့ မလွဲပါဘူး.. ညီညွတ် မှုကို တကယ်မလုပ်ခဲ့လို့သာ ကွဲပြားနေကြတာပါ... ကိုယ်တိုင် ဦးဆောင် မလုပ်နိုင်ရင်တောင် ဦးဆောင်နိုင်သူ နောက်ကနေ ဖျက်လိုဖျက်ဆီး ကန့်လန့် မလုပ်ကြပဲ ဖြောင့်ဖြောင့်တန်းတန်းနဲ့ တိုင်းပြည်နဲ့ လူမျိုးအားလုံး တိုးတွက်ပြီး ကမ္ဘာ့ရင်ဘောင်တန်းနိုင်အောင် အားနည်းတဲ့ ဘက်ကို ကူညီ အားပေး ရိုင်းပင်းမှုများသာ ဒီလို ဆွဲကိုင် လုပ်ဆောင်သွားကြမယ်ဆိုရင် အောင်မြင်မှုက လက်တကမ်းမှာပါ...
ReplyDeleteစိတ်ဓာတ်မှန်တဲ့ လူတွေ ဦးဆောင်တဲ့အခါမှာ စိတ်ဓာတ်မှန်တဲ့ လူများကလဲ ပူးပေါင်းပါဝင်လာတာ သဘာဝ ပါပဲလေ...
နယ်စပ်ဒေသ တိုင်းရင်းသားညီအကိုများ အေးချမ်းပြီး အမြန်စည်ပင် တိုးတက်ပါစေလို့ နှစ်သစ်နဲ့အတူ ဆုတောင်းလိုက်ပါတယ်...
ဒီလုပ်ငန်းမျိုး အကျိုးရှိချက်ကတော့ မပြောနဲ့ဗျို့ ... ဒါက တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ရှေ့ရေးကိုပါ ကူညီရာ ရောက်တာပါ.... ဝမ်းသာလို့ မဆုံးဘူးဗျို့... နောက်ထပ် ဆက်တိုက် လုပ်ဆောင်နိုင်ကြပါစေ...
ReplyDeleteစိတ်ကောင်း စိတ်မြတ်ရှိသူတွေ ဦးဆောင်လုပ်တော့လဲ စိတ်ကောင်းစိတ်မြတ်ရှိသူတွေက ဝိုင်းဝန်း ရောက်လာကြပြီး ... အားလုံး ကောင်းတဲ့ အလုပ်တွေပဲ ဆက်တိုက်ဖြစ်လာတာပဲ... မကောင်းတဲ့ စိတ်ဓာတ် သမားများက ဘေးကျန်နေခဲ့မှာပါ...
တိုင်းရင်းသားမျိုးဆက်သစ်များ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုးတက်နိုင်ပါစေ။
ဟုတ်ဗျို့... ကြည်နူးဖွယ် ကောင်းလှသဗျာ...
ReplyDeleteနှစ်လေးငါးဆယ်အတွင်း မဖြစ်ဖူးတဲ့ ကြည်နူးမှုနဲ့ လုပ်ရပ်တွေ၊ မကြားဖူးတဲ့ ဖြစ်ရပ်တွေပါလား....
စေတနာနဲ့ မေတ္တာ ကရုဏာပိုင်ရှင်တွေကို တုန့်ပြန်လိုက်တဲ့ စေတနာ မေတ္တာပိုင်ရှင်တွေကလဲ အံ့မခန်း မကြားစဖူး အံ့လောက်ပါရဲ့ ... အော် မေတ္တာ စေတနာရဲ့ ရောင်ပြန်ဟာ ကြည်နူးမှု ပီတိသာမက ဘာနဲ့မှ နှိုင်း မပြနိုင်လောက်အောင်ပါလား...
အားလုံး ကျန်းမာရွှင်လန်း ညီညွတ်စွာနဲ့ ဆထက်တပိုး တိုးပြီး ဆောင်ရွက်နိုင်ပါစေဗျာ။
ဆက်ကြိုးစားကြတာပေါ့
ReplyDelete