Pages

Saturday, December 31, 2011

မတရားသဖြင့် ခံစားနေရသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စစ်စစ်များမှ (တိုင်ကြားစာ)

လာပြန်ပြီ ရဲအုပ်အဆင့်တိုး စာမေးပွဲ

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲအုပ်အဆင့် တိုးစာမေးပွဲကို (၁၄. ၁.၂၀၁၂) ရက်နေ့မှာ ပြုလုပ်တော့မယ်။ အားလုံး အယောက် (၆၀၀၀) ထောင်ကျော် ဖြေပါမည်။ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ရာထူးရယူပြီး (၂၁.၄.၂၀၁၁) နေ့ဝန်ကြီး အစည်းအဝေး ခန်းမတွင် ဒုဝန်ကြီး၊ ရဲချုပ်၊ ရဲအရာရှိကြီးများကို ၀န်ကြီး၏ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ အများကြီး ချပြခဲ့ပါတယ်၊ ပြီးတော့ တနိုင်ငံလုံး ကြေညာချက်များ ထုတ်ခဲ့ပါတယ် အဓိက ကြေညာချက်မှာ ရဲအုပ်အဆင့် တိုးဖို့နဲ့ ဒုရဲအုပ်ဖြစ်ဖို့ ရဲတပ်ရင်းမှာ နေခဲ့ဖူးသူ၊ ရာထူးတိုးမယ်၊ ဒုရဲအုပ်သင်တန်း တက်ခွင့်ပေးမယ်တဲ့ (ငွေပေးမှရမယ်၊ ငွေဖြင့်လိုက်ရမည်ဆိုတဲ့ အကျင်ဟောင်း အကျင့်ဆိုးများကို ဖျောက်ဖျက်ရမယ်) ဆိုတဲ့လမ်းညွှန်ချက်ကို အလေးထားပြီး ညွှန်ကြားသွားပါတယ်။

ပြီးခဲ့တဲ့လ အထိ ရဲအုပ် ၆၀၀ ကျော် အောင်တယ်။ ရဲတပ်ရင်းက ၅ ယောက်ပြည့်အောင် မပါခဲ့ပါဘူး တက်နေတဲ့ ဒုရဲအုပ် နောက်ဆုံးသင်တန်မှာ ရဲတပ်ရင်းက ဆယ်ဂဏန်းကျော်ကျော် ပဲ ပါခဲ့ပါတယ်။ ရဲချုပ်က ၀န်ကြီးချမှတ်ထားတဲ့ မူဝါဒ ကို (၁ %) လောက်တောင် အကောင်အထည် မဖော်နိုင်တာ…. ၀န်ကြီးသိပါရဲ့လား? ၀န်ကြီးရော ဘာတွေလုပ်နေပါသလဲ? ဒုဝန်ကြီးတွေ၊ ရဲချုပ်တွေ က ဒါတွေကို စိတ်မ၀င်စားပါဘူး၊ တစ်နိုင်ငံလုံး ရဲတပ်ဖွဲ့ အဆောက်အဦးတွေ ဆောက်လုပ်နေတာ သိန်းပေါင်း သောင်း ဂဏန်းနဲ့ သူတို့ရဲ့ပါတနာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေရဖို့ အတွက် များစွာသော အလုပ်များဖြင့် ရှုပ်နေပါတယ်၊ ပွဲခကလည်း ဌာနအတွက် (၃%) တဲ့.. အိမ်အတွက်တော့ ဘယ်လောက်လဲမသိ ဘူး တွက်ကြည့်ကြပေါ့ဗျာ။

ရာထူးတိုး၊ နေရာပြောင်း စတဲ့ကိစ္စများကို တာဝန်ယူရတဲ့ ရဲမှူး စိုင်းသက်မွန် အဖွဲ့ကို စစ်ဆေးရေးအဖွဲ့က စစ်ကြတယ်။ (အသံတွေ ထွက်လာလို့လေ)… အနယ်နယ်အရပ်ရပ်က ရဲမှူး နာမည်နဲ့ ဘဏ်ကနေ တရားဝင်ငွေလွှဲတဲ့ ငွေများ သိန်း ၁၀၀၀ ကျော်နှင့် ကားတစ်စီး သိမ်းဆည်းပြီး ဆက်လက် စစ်ဆေးခဲ့ရာ အဆင့်အဆင့်သော အထက်လူကြီး နာမည်များပါဝင် လာသဖြင့် စစ်ဆေးမှုကို ရပ်စဲခဲ့ပြီး ရဲမှူး စိုင်းသက်မွန်ကို အလုပ်မှ ထုတ်ပယ်ခဲ့ကာ အမှုကို ဖုံးကွယ်ခဲ့ပါသည်။ အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များ ငွေ ၁ သောင်းလောက် ယူမိရင် ထောင် ၁ နှစ်လောက်ကျတဲ့ အရာရှိ ၀န်ထမ်းတွေမှာတော့ ထောင်ကျတာ ရာဂဏန်း မကတော့ပါဘူးခင်ဗျာ။

ရဲတပ်ဖွဲ့ရဲ့ ရှင်းမရသော အမှုကြီး၏ အဓိက တရားခံမှာ ရဲမှူးကြီး ထွန်းအုံး ဖြစ်ပါတယ် အဲ့ဒီတုန်းကတော့ ရင်တမမနဲ့ပေါ့.. အခုတော့ သူ့ရာသီ၊ သူ့အကွက် ပြန်ရောက်လာပြန်တော့ တပ်ဖွဲ့များကို အကြောင်းကြားပါတယ် (ရဲမှူးမိန်းမများ ကြိုတင်အသံလွှင့်ချက်မှ တဆင့်) ရဲတပ်ဖွဲ့အားလုံး သူတင်ပေးမှ ရာထူးတိုးမယ် အဆင့်တက်မယ်တဲ့ သူတိုးပေးမှ ရမယ် ကဲသူ့ကို ဆက်သွယ်ကြဖို့ ကြေငြာပေးလိုက်ပါတဲ့။ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ခဲ့တဲ့ Good Government , Clean Government ကို အကောင်အထည် ဖော်နေတဲ့ ပြည်ထဲရေးဝန်ကြီးလည်း (အောင်ပါစေ)လို့ ရွှေမန်းတင်မောင်သီချင်းနဲ့ ဆုတောင်း ပေးလိုက်ပါတယ်၊ ဒုတိယအပိုဒ်ကလို.. (ထိုနည်း လည်းကောင်း… ထိုနည်းလည်းကောင်း..) ဆိုရင်တော့ မကောင်းသေးပါဘူးလို့ အကြံပြု တင်ပြလိုက်ပါတယ် ခင်ဗျား။

မတရားသဖြင့် ခံစားနေရသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စစ်စစ်များ

2 comments:

  1. good governance (ကောင်းမွန်သောအုပ်ချုပ်ရေး) ၊ချမှတ်ထားတဲ့ကျင့်ဝတ်စည်းကမ်းစနစ်ကောင်းမွန်မှု အမှန်တကယ်လိုက်နာယုံနှင့်မပြီးပါ ၊အမှန်တကယ်ကျင့်သုံးဘို့လိုအပ်လျှက်ရှိပါကြောင်း.၊အားလုံးလိုက်နာ
    မှုမရှိဘူးဆိုတာ ဒီတိုင်ကြားစာကသာဓက အဖြစ်မြင်မိပါရဲ့ ဗျာ..။

    ReplyDelete
  2. မြန်မာနိုင်ငံမှာ လာဘ်မစားသောဝန်ထမ်း လုံးဝ(လုံးဝ)မရှိပါ ဒါကို စဖတ်ပရိတ်သတ်များသိလြိမ့်မည်ထင်ပါသည် “ရဲအုပ်အဆင့် တိုးဖို့နဲ့ ဒုရဲအုပ်ဖြစ်ဖို့ ရဲတပ်ရင်းမှာ နေခဲ့ဖူးသူ၊ ရာထူးတိုးမယ်၊ ဒုရဲအုပ်သင်တန်း တက်ခွင့်ပေးမယ်တဲ့ (ငွေပေးမှရမယ်၊ ငွေဖြင့်လိုက်ရမည်ဆိုတဲ့ အကျင်ဟောင်း အကျင့်ဆိုးများကို ဖျောက်ဖျက်ရမယ်)” ဒါက စစ်တပ်ကပြောင်းလာတဲ့ရဲဆိုတဲ့လူတွေ ပြောစကားလား ကျနော့်ကိုယ်တွေ့ပါ ခွေးမျိုးသူတောင်းစားမျိုးမှ ပြောချင်ရာလျှောက်ပြောတာကို မယုံကြပါနှင့် ဗမာစစ်တပ်တွင်ပြေနေကြစကားတခုရှိပါသည် အရာရှိဟုခေါ်တွင်ပြီးအပွင့်ကိုပခုံးပေါ်တင်ချင်သူများ အာဏာရူးများ ဖြစ်ချင်ပါက(၁) စစ်တပ်အကြီးအကဲများနှင့်ဆွေမျိုးတော်ရမည် (၂) လာဘ်ထိုးတော်ရမည် ထိုသို့ဆိုပါက အို၊နာ၊ကျိုး၊ကန်း စိတ်မမှန် သောသူပင်လျှင် အရာရှိဖြစ်မည်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။